Saturday, March 5, 2016

ဖယောင်းတိုင် တစ်တိုင်စာလေး ပါဘဲ။

ကျွန်တော် WUHLAN ထရိတ်တဲ့ နည်း
ထရိတ် မူကြိုတန်း
(ကျားသေး ခြေရာ သေး လေးများအတွက်သာ)
        အတတ်ပညာ တစ်ခုကို နည်းစနစ်ကျကျ လေ့လာသင်ယူတာ အကောင်းဆုံး ပေါ့။ ဒါပေမယ့် ကလေးများကို ဆေးတိုက်ရသလို အချိုလေး ကျွေးပြီးမှ ဆေးခါးပေး တော့ အဝင်မဆိုးလှသလိုပေါ့။ ငွေရလွယ်တဲ့ လမ်း လိုက်ချင်တဲ့ သူတွေကို ထရိတ် လမ်းဘက်လျှောက်အောင် ထရိတ်လုပ် ချင်တဲ့ ပိုးလေးထည့်ပေးမှာ ဆိုတော့ သီအိုရီတွေ ခဏ ဖယ်ထားလိုက်မယ်။ အမြတ် လေး မြင်လာမှ ထရိတ်ချင်စိတ်လေး တွေ ဖြစ်လာအောင်ပါ။
        အခုပြောမယ့် နည်းလမ်းကို လက်တွေ့လည်းစမ်းပေါ့ အမြဲတော့ မသုံးကြပါနဲ့ လေ့လာရမယ့် စနစ်တွေ (TA , Indicators) ကိုလည်း ဆက်လေ့လာကြပေါ့။
        ဒါတွေပြင်ထား -
        (၁)    မနက်ပိုင်း (၇း၀၀) ဝန်းကျင်၊ နေ့လည် (၃း၀၀) နာရီ နဲ့ ည (၇း၀၀) နာရီ ဝန်းကျင်မှာ လုပ်သင့်တယ်။ ညပိုင်းဆို ညလယ် (၂း၀၀) နာရီ ပတ်ဝန်းကျင်ပေါ့။
Forex Calendar ကိုကြည့်ပြီး ထူးခြား သတင်းတွေ ထွက်လာမယ့် အချိန်တွေကို မှတ်ထားရင် ပိုကောင်းတယ်။
        (၂)    Short Term ထရိတ်ဘဲ လုပ်သင့်တယ်။ ထရိတ်လုပ်နေတဲ့ အချိန်မှာ ထိုင်ကြည့်နေသင့်တယ်။
        (၃)    1 Hour Chart ကိုသုံးပြီး Zoom ကို အကြီးဆုံး ချဲ့ထားပြီး ကြည့်ရမယ်။
(၄)    Leverage ကို ၁း၂၀၀ နဲ့ဘဲ ထရိတ်သင့်တယ်။ အရင်းကို အနည်းဆုံး ၀.၀၃ ဘီတီစီ လောက် ထည့်ပြီး သုံးပေါ့။ (ကျွန်တော်က ဘီတီစီ နဲ့ဘဲ ထရိတ်လုပ် ရတာ သဘောကျနေလို့ ဘီတီစီ ပမာဏနဲ့ဘဲ နမူနာပေးသွားမယ်။ ဒေါ်လာနဲ့ ထရိတ်လိုတဲ့ သူကတော့ ကိုယ်တိုင်တွက် ယူပေါ့။)
(၅)    ၀.၀၁ ယူနစ်ကိုဘဲ ထရိတ် နှစ်ခုလုပ်သင့်တယ်။ ပိုမလုပ်နဲ့။

အထူးသတိပေးလိုတာက လောဘ ဘဲ။ ကျွန်တော်အခုပြောပြမှာ ပါးပါးလေး ယူပုံကိုပြမှာ တော်ပြီလေ တစ်နေ့တာအတွက် ကိုယ်ရင်းထားတဲ့ ပမာဏရဲ့ ၃% လောက်ကို ရရင်။ လောဘတတက်ချင်ရင်တော့ ဈေးကွက်ရဲ့ သတင်းတွေ နည်းစနစ်တွေ အရင်လေ့လာပြီးမှ တက်တော့ပေါ့။
ဖယောင်းတိုင် တစ်တိုင်စာလေး ပါဘဲ။
အတက်အကျ ပုံမှန်လိုဖြစ်နေတဲ့ Forex Trade မှာ ဈေးကွက်ကြီးတွေ တစ်ခုနဲ့ တစ်ခု ဖွင့်ချိန်/ပိတ်ချိန် ထပ်တဲ့ ကာလနဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် စီးပွားရေး သတင်း တွေ ထွက်တဲ့အချိန်တွေမှာ (အပေါ်မှာ ပြောခဲ့တဲ့ အချိန်) အဲဒီ့ ဈေးကွက်ကို ပြနေတဲ့ ဖယောင်းတိုင်ပုံလေးတွေက လှုပ်ရှားမှု ပြင်းထန်တတ်ပါတယ်။ တနင်္လာ နေ့ကနေ သောကြာ နေ့ ကြားမှာ နေ့တိုင်းလိုလို ရှိတယ်။ စောင့်ကြည့်ပြီး လေ့လာရင် တွေ့ရ လိမ့်မယ်။ မကြုံဘူးသေးရင် ကြုံဖူးသွားအောင် ထရိတ်မလုပ်ဘဲ အရင်စောင့်ကြည့် ကြည့်ပါ။
အခုပြောမယ့် ပါးပါးလေးထရိတ်ရမယ့် အချိန်ဟာ အပေါ်မှာ ပြောခဲ့တဲ့ ဖယောင်းတိုင် လှုပ်တဲ့ အချိန်ဘဲ။ အဲဒီ့အချိန်မှာ ဝင်ပြီး ထရိတ်ရမှာ။ နေ့စားခ ရှာတဲ့အချိန်ဆိုပါတော့ (မိမိ ရင်းနှီးလိုက်တဲ့ ပမာဏရဲ့ ၁% ကျော်လောက်တော့ ခဏလေးနဲ့ ရနိုင်ပါတယ်) (၁% စာ ရှာဖို့အတွက်ဘဲနော် ဒီ့ထက်ပိုလိုချင်လို့ ဆက်ရှာရင်တော့ အာမမခံဘူး)
ဖယောင်းတိုင်လေးကပြနေတဲ့ ဈေးနှုန်းဟာ ပုံမှန် အပေါ် ၁၀ ပွိုင့် အောက် ၁၀ ပွိုင့် လောက် ပုံမှန်လေးပြနေရာကနေ အပေါ်မှာပြောခဲ့တဲ့ အချိန်တွေမှာ ပွိုင့် ၅၀ / ၁၀၀ လောက်ကို ရုတ်တစ်ရက် အတက်အကျ ဖြစ်လာတတ်ပါတယ်။ ဥပမာ အတက်ကိုပြတဲ့ အချိန်မှာ ပွိုင့် ၁၅၀ (သို့) ၂၀၀ လောက်အထိ မနှေးမမြန်ဘဲ တက်သွားတာမျိုးကြုံရင် Sell position ကို ယူပြီးဖွင့်ချကြည့်လိုက်ပါ။ ဒီလိုဘဲ အကျကိုပြတဲ့ အချိန်မှာ ပွိုင့် ၁၅၀ (သို့) ၂၀၀ လောက်အထိ မနှေးမမြန်ဘဲ တက်သွားတာမျိုးကြုံရင် Buy position ကို ယူပြီးဖွင့်ချကြည့်လိုက်ပါ။ ကြိုတော့ပြင်ထားရမှာက ၀.၀၁ ယူနစ်ကို Sell မလား  Buy မလား နှိပ်ရမယ့် အခြေအနေအထိပေါ့။
ဖွင့်ပြီးတာနဲ့ T/P ကို ၁၅၀ ပွိုင့်လောက်ဖြစ်ဖြစ်၊ ၂၀၀ လောက်ဖြစ်ဖြစ် ချိန်ထားလိုက်ပေါ့။ မချိန်လိုလည်း စောင့်ကြည့်ပေါ့ဗျာ ပြာလာရင်တော့ ပိတ်ဖို့ မမေ့နဲ့။
သိပ်သတ္တိကောင်းရင်တော့ အဲဒီ့ ၁၅၀ ပွိုင့်လောက် ပြန်အကျလာမှာ အတက်နဲ့ နောက်ထပ် ၀.၀၁ ယူနစ်ကို ထပ်ဖွင့်လိုက်ပေါဗျာ။
(သစာစကား        -       အကျိုးအမြတ် ရစေလိုတဲ့ စေတနာသန့်သန့်နဲ့ အကြံပေးခဲ့တာပါ။ လိုက်လုပ်ကြည့်လို့ ဆုံးရှုံးသွားကြပါစေဆိုတဲ့ ရည်ရွယ်ချက် (လုံးဝ) မရှိပါ။ မှန်ကန်သော ရည်ရွယ်ချက်ကြောင့် Forex Trade လမ်းကြောင်းကို လေ့လာသူ လူငယ်များ တိုးပွားလာကြပါစေ။)
အားလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment