Thursday, March 3, 2016

ကျွန်တော် WUHLAN ထရိတ်တဲ့ နည်း

ကျွန်တော် WUHLAN ထရိတ်တဲ့ နည်း
အခုတစ်လော ဘလော့မှာ ဆောင်းပါးတွေ မတင်ပေးတာ အကြောင်းရှိလို့ပါ။ Face Book မှာ ထရိတ်နဲ့ ပတ်သက်ပြီး Signal ပုံစံနဲ့ ပုံမှန်တင်ပေးလာသူတွေ ရှိလာသ လို နည်းပညာပိုင်းအတွက် တင်ပေးလာတာတွေ တွေ့လာရတော့ ကျွန်တော့်အနေနဲ့ ဘယ်လို့ ရှုထောင့်ကနေ ဝင်ပေးရမလဲ တွေးရင်း စောင့်ကြည့်နေခဲ့ပါတယ်။
အခုတော့ သုံးသပ်လို့ ရပြီ။ Online ကနေ Trading နဲ့ပတ်သက်တာတွေ ဘာ သာပြန်ချက်၊ ( e-book တွေကို ကိုးကားတာပေါ့)၊ Indicator တွေကို လေ့လာချက် (ဒါလည်း ကိုးကားတာပါဘဲ) အဲဒီ့လမ်းကနေ သွေဖယ်တာကို မတွေ့မိသေးပါဘူး။
အခု ကျွန်တော့် လက်တွေ့ကို ရှင်းပြသွားမယ်။ ကျွန်တော့ နည်းလမ်းဟာ ကျွန် တော်ကိုယ်တိုင် အဆုံးအရှုံး ခံပြီးမှ ရလာတာကြောင့် ဖတ်လို့ နားမလည်တဲ့သူတွေ အတွက်တော့ ကိုယ်တိုင် နားလည်အောင် ကြိုးစားပါလို့ဘဲ တိုက်တွန်းလိုပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် သင်တန်းပုံစံ ဖွင့်တော့မှာ ဆိုတော့ ကျွန်တော့ သင်တန်းနဲ့ ပတ်သက်ပြီး ရည်ရွယ်တာဘဲ တင်ပေးပါတော့မယ်။ စာဖတ်သူအားလုံးကို လိုက် လုပ်ပါလို့ ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်တိုင် လေ့လာကြည့်ပြီး စိတ်ပါမှ လိုက်လုပ် မယ့်သူတွေအတွက်ပါ။
ကဲ …. လိုရင်းစလိုက်ရအောင်….
ကျွန်တော့ရဲ့ ထရိတ်တဲ့ ပုံစံကို လိုက်လုပ်မယ့် သူအတွက် အောက်မှာ ဖော်ပြ ထားတဲ့ အချက်တွေ လိုလိမ့်မယ်။
(၁)    လိုချင်လောဘ နဲ့ ထရိတ်မလုပ်ရပါဘူး
(၂)    လုံလောက်တဲ့ အရင်း ပမာဏ ရှိရပါ့မယ်။
(၃)    ထရိတ်လုပ်နေစဉ်မှာ အချိန်ပြည့် စောင့်ကြည့်နိုင်ရပါ့မယ်။
        တစ်ချက်ခြင်းစီ ရှင်းပြမယ်။
        နံပါတ် (၁) အတွက် လိုချင်စိတ် သိပ်များတဲ့သူအတွက် ဆုံးဖြတ်ချက် မှားနိုင် တယ်။ ထရိတ်မှာ ရွေးစရာ လမ်းနှစ်ခုဘဲ ရှိနေတာကို ကိုယ်ရွေးလိုက်တဲ့ လမ်းက စ စခြင်း မှားပြီဆိုတာနဲ့ ကိုယ့်ရွေးချယ်မှုကို စွန့်ဖို့ကြိုးစားပြီး အသစ်ပြောင်းဖို့ လုပ်တဲ့သူ (သို့) မိနစ်ပိုင်းလောက်တောင် သည်းခံပြီး အချိန်ကိုမ စောင့်လိုတဲ့သူဟာ သူ့စိတ်ထဲမှာ လောဘစိတ် ကပ်နေပြီလို့ ကျွန်တော် ထင်တယ်။ အဲဒီ့လို သူအတွက် ကျွန်တော့ နည်း ဟာ အဆင်ပြေမှာ မဟုတ်ဘူး။
နံပါတ် (၂) အတွက် အရင်းကို နည်းနည်းနဲ့ ထရိတ်လုပ်ပြီး အမြတ်ကို များများ လိုချင်တဲ့သူပေါ့။ အဲဒါ မသိစိတ်မှာ လောင်းကစားစိတ်ဓာတ် ရှိနေတဲ့သူဘဲ။ သေချာ တယ် ရှုံးလိမ့်မယ်။ စီးပွားရေးတစ်ခု လုပ်သူတောင် ကိုယ့်အရင်းကို အဆနဲ့ ချက်ခြင်း ပြန်ရ စေရမယ်လို့ မတွေးဘဲ အချိန်တစ်ခုကိုယူပြီး အလုပ်လုပ်ရတာဘဲ။ ၁၀၀ ရင်းတဲ့ သူက (အမြတ် + အရင်း) ၁၁၀ ဖြစ်လာရင် စီးပွားရေးသမားက ပျော်တာဘဲ။ ၉၀ မဖြစ်သွားဖို့က အဓိကပေါ့။
နံပါတ် (၃) အတွက်ကတော့ ကျွန်တော့ နည်းလမ်းအတွက် အဓိကအကျဆုံး အချက်ဘဲ။ ထရိတ်တာကို ထီထိုးထားသလို အတွေးနဲ့ ဈေးကွက်ကို ဖွင့်ပြီး ပစ်ထား လိုက်ရင်။ ကိုယ်တိုင် တွေးကြည့်ပါ။
ကျွန်တော် Indicator တွေအားလုံးကို ၂၀% ဘဲ ယုံကြည်တယ်။ ၂၀% စာ လောက်ဘဲ အသုံးပြုတယ်။ အဲဒါကလည်း အရင်ဖြစ်ခဲ့တဲ့ ဈေးကွက်ရဲ့ အခြေအနေကို သုံးသပ်ဖို့ပါဘဲ။ ဆက်ဖြစ်လာမယ့် အခြေအနေအတွက် လုံးဝ အားမကိုးပါဘူး။
ကျွန်တော် Signal တွေအားလုံးကို ပယ်တယ်။ ဗေဒင်ဆရာများလိုပေါ့။ တကယ် တန်း မှန်းချက်လွဲခဲ့ရင် ဆုံးရှုံးသွားမှာ Indicator တွေမဟုတ်ဘူးလေ။ ကိုယ်တိုင်ဘဲ။
ကျွန်တော် ၈၀% ကို သတင်းအချက်အလက်တွေကို ဈေးကွက်ခန့်မှန်းတဲ့ နေရာ မှာ အသုံးပြုတယ်။ Indicator မျိုးစုံက ဈေးကွက် ကို buy position ယူသင့်တယ်လို့ ညွှန်းနေပေမယ့် သက်ဆိုင်ရာ ငွေကြေးပိုင် နိုင်ငံတွေက စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခု ထုတ်ပြန်တဲ့အချိန်မှာ ဈေးကွက်က မဘိုင်လိုက်ဘဲ ဆဲသွားတဲ့ ဖြစ်ရပ်တွေက (၃)(၄) နှစ်စာလောက် ကျွန်တော့ကို ပညာတွေပေးသွားခဲ့တယ်။
 ကျွန်တော့ နည်းကတော့ စထရိတ်တော့မယ်ဆိုတာနဲ့ တစ်နေ့တာအတွက် အမြင့်ဆုံး နဲ့ အနိမ့်ဆုံး ရောက်နိုင်ချေကို 1 day ဇယားနဲ့ အရင် ကြည့်တယ်။ ကဲ… စထရိတ်မယ်။
ဈေးကွက် အတွဲ တစ်ခုကို ကျွန်တော် 0.01 unit နဲ့ buy position ယူလိုက်တယ် ဆိုပါတော့။ ကျွန်တော် ယူပြီးမှ ကျသွားတယ်။ ရတယ်။ ကျွန်တော် sell position ကို 0.01 unit နဲ့ ထပ်ဖွင့်လိုက်တယ်။ (ကြိုက်မှ လိုက်လုပ်နော် လုပ်ပါလို့ အတင်း မတိုက် တွန်းဘူး)။  နမူနာနဲ့ ရှင်းမယ်။ ၁၀၀ မှာ အတက် ဖွင့်လိုက်တယ် မတက်ဘဲ ၉၀ ဖြစ်သွားပြီ ဒါကြောင့် ၉၀ မှာ အကျ ဖွင့်လိုက်တယ်။ ကဲ ကျွန်တော် အဲဒီ့ ဆန့်ကျင်ဘက် နှစ်ခုကို ဖြေမယ်။ (ရူးတယ်လို့ ထင်ချင်ထင် ကျွန်တော့အတွက်တော့ အဲဒီ့နည်းလမ်းသုံးတဲ့ အချိန်ကစလို့ နေ့တိုင်းအမြတ်ရှိတယ်။ ဆိုလိုတာက အရှုံးနဲ့ အမြတ်မှာ အမြတ်က အမြဲ ပိုနေခဲ့တယ်။)
ပြန်ဆက်မယ်။ ကျွန်တော်ရွေးခဲ့တဲ့ ဈေးက ၁၁၀ အထိ ပြန်တက်သွားတယ်ဆို ပါစို့ အဲဒီ့ ၁၁၀ မှာ အကျနဲ့ 0.01 unit ထပ်ဖွင့်ချလိုက်တယ်။ သုံးခုဖွင့်ထားပြီနော်။ ၁၀၀ နဲ့ အတက် အတွက် အမြတ်ဘဲရှိပေမယ့် ၉၀ နဲ့က အရှုံးပြနေမယ်။ ၁၁၀ နဲ့ အသစ် ဖွင့်တာလည်း  အရှုံးပြနေမယ်။
ကျွန်တော် စောင့်ကြည့်နေမယ်။ ဈေးက ၈၅ ပြန်ရောက်တယ်ဆိုပါစို့။ ကျွန်တော် ၉၀ နဲ့ အကျဖွင့်ခဲ့တာကို အမြတ်နဲနဲလေးနဲ့ ပိတ်တယ်။ ဘာလို့လဲ။ ၁၁၀ မှာ အကျနဲ့ တစ်ခုရထားပြီလေ။ အဲဒီ့မှာ အတက်နဲ့ 0.01 unit ကို ထပ်ဖွင့်တယ်။ စောင့်ကြည့်တယ်။ ဈေးက ၁၀၀ကိုနည်းနည်းပြန်ကျော်တာနဲ့ အတက်ဈေး ၁၀၀ ကို အမြတ်နဲနဲနဲ့ဘဲ ပိတ်လိုက်တယ်။
သဘောကတော့ လှေခါးထစ်တွေကို အတက်အဆင်း လုပ်တဲ့ ပုံစံပါဘဲ။ Forex ရဲ့ Currency Trade မှာ တစ်ခါတည်း ထိုးပြီးတက် ထိုးပြီးဆင်းက အကြိမ်ရေ နည်းပါတယ်။ အများအားဖြင့် လှိုင်းလိုသွားနေတာ။
အဲဒီ့ပုံစံနဲ့ ထရိတ်တာဟာ နဲနဲစီ ရလာတဲ့ အမြတ်တွေက ကိုယ့်ရဲ့ Margin Level (%) ကို တိုးလာသလို Balance မှာလည်း တိုးလာတာကို တွေ့ရလိမ့်မယ်။
တစ်နေ့တာ ထရိတ်ကို ပိတ်ရအောင် တစ်နေ့လုံး ရှေ့တိုး နောက်ဆုတ် လုပ်လာတာ ဥပမာ Sell position နဲ့က ၁၈၀ လောက်မှာ ရထားပြီး buy position နဲ့က ၆၀ လောက်မှာ ရထားတယ်ဆိုပါတော့။ ကိုယ်ပိတ်မယ့် အချိန်မှာ ဈေးက အဲဒီ့နှစ်ခုရဲ့ အလယ်ကြားမှာ ရှိနေခဲ့ရင် ကိုယ့်အမြတ်များတဲ့နေ့ဘဲမှတ်။ ဒါမှမဟုတ် တစ်ဖက်ဖက် ကို ကျော်နေရင် နဲနဲဘဲမြတ်မယ်။ ဥပမာ ပိတ်မယ့်အချိန်ဈေးက ၂၀၀ လောက်မှာဆိုရင် ၁၈၀ နဲ့ ဖွင့်ခဲ့တဲ့ Sell position က ၃၀ ပွိုင့်စာတော့ ရှုံးမယ်။ ၆၀ နဲ့ Buy position ကတော့ ၁၄၀ ပွိုင့်စာ မြတ်နေလိမ့်မယ်။ အားလုံးကိုပိတ်လိုက် တော့။ အနားယူတော့ပေါ့။ တစ်နေ့တာအတွက် အရှုံးတော့ ရှိတယ်။ အမြတ်က ပိုများတယ် တော်ပြီပေါ့။ မယုံဘူးလား လက်တွေ့ လုပ်ကြည့်။
အကယ် မပိတ်သင့်ဘဲ ချန်ထားသင့်တဲ့ ဈေးရှိသေးတယ်။ အဲဒါက ဈေးကွက်အနေအထားအရ ထပ်ပြီး မကျနိုင်/ မတက်နိုင်တော့ဘူးလို့ သတင်းတွေက ပြောလာတဲ့ အခါမှာ ပေါ့။
Leverage 1:500 မှာ ၅ ဒေါ်လာလောက်နဲ့  Broker တွေက ထရိတ်ခွင့်ပေးထား တာဘဲ။ မလုပ်ပါနဲ့ ကုန်သွားမယ်။ ၉၉% ဘဲ။ ကိုယ့်မှာ ၂၅ ဒေါ်လာလောက်ရှိမှ ချ။ ဒါ အနည်းဆုံးကို ပြောထားတာ။ အပေါ်က ကျွန်တော် ရှင်းပြခဲ့တဲ့ နည်းကို သုံးမယ်ဆိုရင် ၁၀၀ ဒေါ်လာလောက် ထည့်ထားမှ ဖြစ်မယ်။ ဒါတောင် ကိုယ် ထရိတ်နေတဲ့ အချိန်မှာ ရုတ်တရက် ထိုးဆင်း/ ထိုးတက် ဖြစ်လာရင် ရင်ပူနေရဦးမယ်။ ဒါကြောင့် လုံလောက်တဲ့ အရင်းပမာဏရှိရမယ်လို့ ဆိုခဲ့တာပေါ့။
ကျွန်တော် ဘယ် Indicator ကိုမှ အားမကိုးဘူး။ ဘယ် Signal မှလည်း မယုံ ဘူး။ သတင်းတွေဖတ်ပြီး ထရိတ်တယ်။ အတွေ့အကြုံအရ ဖယောင်းတိုင်လေးတွေ ပြောပြနေတာကို နားထောင်တယ်။ အဲဒီ့တော့ တစ်နေ့တာမှာ အရှုံး အမြဲရှိတယ်။ ဒါပေမယ့် အမြတ်က အရှုံးထက် အမြဲပိုနေလို့ ကျွန်တော့အတွက်တော့ အဆင်ပြေ တယ်ဗျ။
ကိုင်း….. ဘာလုပ်မလဲ။
အားလုံး အဆင်ပြေကြပါစေဗျာ။

WUHLAN

မော်လမြိုင်မှာ သင်တန်းဖွင့်မယ်ဗျာ။
(၁)    သင်တန်းကာလ (၃) လ
(၂)    တစ်ပတ်ကို ၃၀,၀၀၀ ကျပ် ကျွန်တော်ကပြန်ပေးမယ်။ ဒါပေမယ့် သင်တန်းစ တက်တဲ့အချိန်မှာ ကျွန်တော့ကို ၅၀၀,၀၀၀ ကျပ် ပေးထားရမယ်။ သင်တန်းပြီးတာနဲ့ အဲဒီ့ ပေးထားတဲ့ ၅၀၀,၀၀၀ ကိုပြန်ယူ။
(၃)    ကျွန်တော် ပေးတဲ့ တစ်ပတ် ၃၀၀၀၀ ကိုတော့ ထရိတ်လုပ်ရမယ်။


စိတ်ဝင်စားတဲ့ မော်လမြိုင်ကလူတွေ လူစုပြီး နေရာလုပ်လိုက်ပေါ့။ 

No comments:

Post a Comment