Tuesday, February 9, 2016

Trade လုပ်တဲ့အချိန်မှာ ထားနေကြတဲ့ စိတ်

          ကျွန်တော် ဒီတစ်ခေါက် ဆောင်းပါးကို Trader သမားရဲ့ စိတ်ထားနဲ့ ပတ်သက်ပြီး ရေးပြချင်တယ်။ အခြေခံအကြောင်းက ဒီတစ်လော Facebook မှာ ကျွန်တော်နဲ့ အတူ တစ်ချို့ Friend တွေ လိုက်ပြီး Trade နိုင်အောင် ဘယ်အချိန်မှာ ဘာကို Trade ရမယ်ဆိုပြီး ပိုစ့်တွေတင်ပေးနေခဲ့တယ်။ ရည်ရွယ်တာက အွန်လိုင်းမှာ ငွေရှာကြတဲ့ လမ်းတွေထဲက အသင့်တော်ဆုံး (ကျွန်တော်ထင်တဲ့) လမ်းကြောင်းကို အကျိုးရှိရှိ လျှောက်တတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ပေးခဲ့တယ်။
          အဲဒီ့မှာ ဘာကိုသတိထားမိလည်းဆိုတော့ Trade လုပ်တဲ့အချိန်မှာ ထားနေကြတဲ့ စိတ်ကို ကျွန်တော်သွားတွေ့တယ်ဗျ (တစ်ချို့ Friend တွေပါ)။ Forex Trading E-book တွေမှာတော့ ရေးထားပါတယ်။ ကျွန်တောကတော့ ကျွန်တော့် အယူအဆကိုဘဲ ရေးမှာ။ Trade လုပ်တဲ့အချိန်မှာ စိတ်ကိုဘယ်လိုထားသင့် တယ်လို့ ရေးပြမှာ မဟုတ်ဘူး။ ဖြစ်တတ်တာ၊ လက်ရှိဖြစ်နေကြတာကို ရေးပြမှာ။ ဒါမှလည်း ကိုယ်က Trade လုပ်နေတဲ့အချိန်မှာ စိတ်ကို ဘယ်လို ထားရမယ်ဆိုတာ ကိုယ်တိုင် သုံးသပ်လို့ရမယ်။
          Trade လုပ်တဲ့သူတွေ (ကျွန်တော်နဲ့အတူ လိုက် Trade တဲ့သူတွေနော်) ဈေးကွက်တစ်ခုကို စပြီး ဖွင့်လိုက်တာနဲ့ ကိုယ့်မှာ ရှုံးနေရင်(အနီရောင်ပြနေရင်) လူက ဂနာမငြိမ်ကြတော့ဘူး။ ဒီလိုဘဲ မြတ်နေပြန်တော့လည်း(အပြာရောင်ပြနေရင်) ရတဲ့အမြတ်နဲ့ ပိတ်ဖို့ကိုဘဲ တစ်ပြင်ပြင်ဖြစ်နေပြီ။ ဘယ်လောက်မြတ်ရင် ယူမယ်ဆိုတာမျိုးကို မဆုံးဖြတ်ထားတာ တွေ့နေရတယ်။ ကိုယ့်မှာ အရင်းအလုံအလောက်မရှိတာလည်း ပါတာပေါ့လေ။ အဆိုးဆုံးကတော့ မိမိဖွင့်ထားတဲ့ အနေအထားကနေ ဗြောင်းပြန်ဖြစ်နေတာ အချိန်နည်းနည်း ကြာလာတာနဲ့ ဆန့်ကျင်ဘက်ယူပြီး ဈေးကွက်ကို ထပ်ဖွင့်ချလိုက်တာဘဲ။
          ဈေးကွက်ရဲ့သဘောကတော့ အများအားဖြင့် တက်လိုက်၊ ကျလိုက် အမြဲဖြစ်နေမှာဘဲလေ။ တစ်ခါတစ်လေတော့ တစ်ရှိန်ထိုးတက်၊ တစ်ရှိန်ထိုးကျ ဖြစ်ပေမယ့် အများအားဖြင့်တော့ တက်လိုက်ကျလိုက် ဖြစ်နေမှာဘဲ။ အဓိကကျတာက ကိုယ်တိုင် သေချာလို့ ဈေးတစ်ခုကို စဖွင့်တာနဲ့ ကိုယ်ရွေးလိုက်တဲ့ လမ်းကြောင်းကို တဲ့တဲ့ဘဲကြည့်သင့်တယ်။ ဒီနေရာမှာ ကိုယ်က ဈေးကွက်ကို သူများကပြောလို့ဘဲဖြစ်ဖြစ်၊ ကိုယ်တိုင် လေ့လာပြီး ဆုံးဖြတ်တာဘဲဖြစ်ဖြစ် ရွေးပြီးတဲ့နောက်မှာ နည်းနည်းဆန့်ကျင်ဘက်ကို ရောက်တာနဲ့ ကိုယ်ရွေးခဲ့တဲ့ လမ်းကြောင်းကို စိတ်မချတာဟာ ယုံကြည်ချက် ပျောက်တာဘဲ။ ကိုယ်တိုင် ရွေးခဲ့တာကို ကိုယ်တိုင် မယုံကြည်တာ။ အဲဒါ အရမ်းကြောက်စရာကောင်းတဲ့ အဖြစ်ဘဲ။
          Trade မလုပ်ခင် ကြိုတင်ပြင်ဆင်သင့်တာတွေနဲ့ စပြောရအောင်။
          (၁)     Trade လုပ်ရင် ကိုယ့်အတွက် အမှန်တစ်ကယ်အကျိုးရှိနိုင်လားဆိုတာကို အရင် ဆန်းစစ်ကြည့်ပါ။ အမှန်တစ်ကယ်ကို ယုံကြည်စိတ်မရှိသေးရင် လေ့လာသင်ယူတာတွေ အရင်လုပ်ပါ။ မေးမြန်းပါ။
          (၂)     ကိုယ်က ယုံကြည်စိတ်လည်း အပြည့်ရှိပြီး Trade ကို စလုပ်တော့မယ်ဆိုရင် စတင်ရင်းနှီးဖို့ မိမိငွေကို ဘယ်လောက်ပမာဏနဲ့ စမယ်ဆိုတာကို သတ်မှတ်ပါ။
          (၃)     မိမိရဲ့ စတင်ရင်းနှီးငွေနဲ့ သင့်တော်မယ့် အဆ (Leverage) ကိုရွေးပါ။ Leverage ရွေးတဲ့နေရာမှာ မိမိရင်းနှီးငွေက မိမိ Trade လုပ်မယ့် ငွေပမာဏထက် အနည်းဆုံး (၃) ဆ အထက်မှာ ရှိနေရမယ့် Leverage ဖြစ်သင့်ပါတယ်။ ဥပမာ - ဒေါ်လာ ၂၅ ဒေါ်လာဖိုးလောက်ကို ၁း၂၀၀ နဲ့ စပြီး Trade မယ်ဆိုရင် ၁၀၀ ဒေါ်လာလောက် မိမိအကောင့်မှာ ထည့်ထားသင့်ပါတယ်။ (နမူနာအနေနဲ့ ပြောတာပါ။)
          (၄)     Trade စလုပ်မယ်လို့ ပြင်တာနဲ့ ဈေးကွက်မှာ ဖြစ်နေတဲ့ အတက်/အကျ အခြေအနေကို အရင်လေ့လာပြီးမှ ကိုယ် Trade လုပ်မယ့်အတွဲကို အရင်ရွေးချယ်သင့်ပါတယ်။ ရွေဖို့ဘဲ ပြောတာပါ။ စပြီး Trade မလုပ်သင့်သေးပါဘူး။
          (၅)     မိမိစပြီး Trade လုပ်ဖို့အတွက် အဓိက ဈေးကွက်ကြီးတွေရဲ့ Trade Hour ကို သတိထားကြည့်သင့်ပါတယ်။ ကမ္ဘာ့ဈေးးကွက်ကြီး (၄) ခုရဲ့ ဖွင့်ချိန်၊ ပိတ်ချိန်၊ ဈေးကွက်ဖွင့်ချိန်ထပ်နေတာ တွေကိုပြောတာပါ။
          (၆)     အကယ် ၍ ကိုယ်ရွေးထားတဲ့ Trade လုပ်မယ့်အမျိုးအစားဟာ ဈေးကွက်ထဲမှာ အတက်/အကျ အရမ်းမြန်နေစဉ်မှာ Trade မလုပ်ဘဲ စောင့်ကြည့်သင့်ပါတယ်။

          ကဲ... အခုဆို ကိုယ်က ဈေးကွက်အတွဲတစ်ခုကို စပြီး Trade လုပ်လိုက်ပြီ ဆိုပါတော့။ မိမိအတွက် အမြတ် ဘယ်လောက်ရရင် ရပ်မယ်ဆိုတာကို သတ်မှတ်ထားသင့်သလို ဘယ်လောက်ပမာဏမှာ အရှုံးခံမယ်ဆိုတာကိုလည်း သတ်မှတ်ထားသင့်ပါတယ်။ နည်းနည်းမြတ်လာတာနဲ့ ကိုယ်က ရတာဘဲယူမယ်ဆိုပြီး အမြတ်နဲ့ ပိတ်ဖို့ စဉ်းစားမနေသင့်ပါဘူး။ ကျွန်တော်ဆို ကိုယ်ထရိတ်လိုက်တဲ့ ပမာဏအတွက် ၅၀% ကို အမြတ်ယူမယ်ထားပြီး (၂၅%) ကို အရှုံးခံမယ့်ပမာဏအဖြစ်သတ်မှတ်လေ့ ရှိပါတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ အခြေအနေကို စောင့်ကြည့်ပြီး အပြောင်းအလဲ လုပ်တာလည်း ရှိတာပေါ့။
          အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခုကတော့ မိမိရွေးလိုက်တဲ့ ဈေးကွက်ရဲ့ လားရာဟာ မိမိမှန်းသလိုမဖြစ်လာဘဲ ဆန့်ကျင်ဘက် အခြေအနေ ကိုရောက်တာနဲ့ နောက်ထပ်ဈေးကွက်အသစ်တစ်ခုကို ဆန့်ကျင်ဘက်လိုက်ဖွင့်တာပါဘဲ။ အဲဒီလိုလုပ်ရင် ကိုယ်က ရှုံးသွားဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ ဥပမာအနေနဲ့ ပြောရရင် ငွေကြေးအတွဲတစ်ခုကို ကိုယ်က ဈေးအတက်နဲ့ ဖွင့်လိုက်တယ်။ အဲဒီ့မှာ ဈေးကွက်က မတက်လာဘဲ ကျသွားတာကို တွေ့တာနဲ့ အကျဘက်ကိုလိုက်ပြီး အသစ်တစ်ခု ထပ်ဖွင့်သလိုမျိုးပေါ့။ အဲဒီ့ပုံစံက Leverage များရင် များသလို အရှုံးကြီးတတ်ပါတယ်။
          နောက်ဆုံးတစ်ခုအနေနဲ့ ပြောလိုတာက ဈေးကွက်ကိုဖွင့်တဲ့နေရာမှာ ထီထိုးသလိုမျိုး ဘာမှမလေ့လာဘဲ ဖွင့်လိုက်တာမျိုးပါ။ Trade လုပ်တာဟာ ကံစမ်တာမဟုတ်တဲ့အတွက် လုံးဝမလုပ်သင့်ပါဘူး။ မိမိဥာဏ်နဲ့ လေ့လာမှုကို ခြေခံပြီး လုပ်သွားရတာပါ။
          နဲနဲမြတ်တာနဲ့ ပိတ်ဖို့ စဉ်းစားနေကြတဲ့၊ နဲနဲရှုံးတာနဲ့ ဆန့်ကျင်ဘက်ယူပြီး အသစ်ဖွင့်ဖို့ ပြင်နေကြတဲ့ Facebook ပေါ်က Friends များအတွက် ရည်ရွယ်ရင်း။
အားလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment