Saturday, February 6, 2016

Trade မှာ ကိုယ်ဖွင့်လိုက်တဲ့ ဈေးအတိုင်းမပွင့်လို့

        အခုတစ်လော အမေးများလာကြတယ်။ MT4 Platform ပေါ်မှာ Buy Position ဖြစ်ဖြစ်၊ Sell Position ဖြစ်ဖြစ် ဖွင့်လိုက်တဲ့အချိန်မှာ Trade က ကိုယ်ယူ လိုက်တဲ့ဈေးနဲ့ မပွင့်တဲ့ကိစပါဘဲ။ ပထမတော့ တစ်ချို့တွေကို ရှင်းပြပါသေးတယ်။ ကိုယ်ကဘဲ အရှင်းမတော်တာဖြစ်လိမ့်မယ် သူတို့နားမလည်ကြလေသတည်း ဆို တော့ ရှင်းရင်းနဲ့ ရှုပ်လာတော့တာဘဲ။ ဖြေပေးနေရတာက Chart Box ။ မေးသူက သုံးလေးဦး။ မေးနေတဲ့သူတော့မသိဘူး ကျွန်တော့မှာ အတော်ခွကျတော့တာဘဲ။ ဒါနဲ့ ဘလော့မှာ ဒီပိုစ့်တင်ပေးဖြစ်တာ။
        ကျွန်တော်ရဲ့ ပိုစ့်တွေမှာ MT4 Plateform ပေါ် Trade လုပ်တဲ့ကိစတွေကိုဘဲ တင်ဖြစ်နေတာက MT4 Platform ကို Forex Trading Website တော်တော်များ များသုံးကြတော့ သူကဘုံပိုင်လိုဖြစ်နေတယ်။ Forex Trading Website တွေက အများကြီးရှိကြတော့ တစ်ဆိုဒ်နဲ့ တစ်ဆိုဒ်က အဝင်အထွက်တွေဆို နည်းနည်းဆီ ကွာကြတယ်ဗျ။ ဒါကိုလိုက်ရှင်းရရင် ပြီးမှာ မဟုတ်တော့ဘူး။ ပြီးတော့ ကျွန်တော် ကိုယ်တိုင် ဖုန်းပေါ်မှာဘဲ MT4 နဲ့ Trade လုပ်နေတော့ ကျွန်တော် ကျွမ်းကျင်တာ ကိုဘဲ အသားပေး ရှင်းနေရတာ။ ဒါကြောင့် ကျွန်တော်ရှင်းပြ၊ ရေးပြနေတဲ့ Trading Website တစ်ချို့ကလွဲရင် တစ်ခြား Website တွေအတွက်တော့ မိမိကိုယ်တိုင် တတ်နိုင်သလောက် လေ့လာကြစေချင်ပါတယ်။
        အခု Trade မှာ ကိုယ်ကဖွင့်လိုက်တဲ့ဈေးနဲ့ ပွင့်လာတဲ့ဈေး မတူတာကို ကျွန်တော် သိသလောက် ပြောပြမယ်။ ဘယ် အတွဲဘဲ ဖြစ်ဖြစ် အခုပြောသွားမယ့် သဘောတရားဘဲ။ MT4 ပေါ်မှာ ပြထားတဲ့ Buy/Sell အတွက် အနီရောင် နဲ့ အပြာရောင်ကို နမူနာထားပြီး ရှင်းသွားမယ်။
        ကိုယ်က Trade လုပ်မယ်ဆိုပြီး အတွဲတစ်တွဲကို ဈေးကွက်မှာ ဝင် Trade ပြီဆိုပါတော့။ ဈေးတက်တော့မယ်ထင်လို့ အတက် (Buy) ကိုယူပြီး ဖွင့်လိုက်ရင် Platform မှာ ကိုယ့်ကို သူက (Sell) ဈေးနဲ့ ဖွင့်ပေးလိုက်တယ်။ အဲဒီ့မှာ တစ်ချို့အတွက် ပြနာစတာဘဲ။ ဥပမာ - ငွေကြေးအတွဲတစ်ခု ဆိုပါတော့ ဈေးက ၁၀၀ မှာရှိနေမယ်ဆိုရင်တောင် မှာ အနီရောင်အတွက် ဈေးက တစ်မျိုးပြမယ်။ အပြာရောင်အတွက် ဈေးက တစ်မျိုးပြမယ်။ အဲဒါ ဝယ်ဈေး/ရောင်းဈေး ပေါ့။ အပြာရောင်လိုင်းက ၁၀၀ ကိုပြနေရင် အနီရောင်လိုင်းက ၉၈ လည်းပြရင်ပြမယ် ၉၇ လည်းဖြစ်ချင်ဖြစ်မယ်။ အဲဒီ့တော့ ထရိတ်တစ်ခု မဖွင့်ခင်မှာ သတိထားကြည့်ရတယ် တစ်ခါတစ်လေ အပြာရောင်လိုင်းက ၁၀၀ မှာ ငြိမ်နေပေမယ့် အနီရောင်လိုင်းမှာ လှုပ်နေတာကို တွေ့ရလိမ့်မယ်။ ၉၈၊ ၉၇၊ ၉၅ အဲဒီ့လို လှုပ်နေတာ။ အပြာလိုင်း  ၁၀၀ ကတော့ ငြိမ်နေတယ်။ အဲဒီ့အချိန် ကိုယ်က အတက်ဆိုပြီး ဖွင့်၊ ၁၀၀ ထက်ပို တဲ့ဈေးနဲ့ သူကဖွင့်ချပေးမှာ။ MT4 မှာ ကိုယ်ကဈေးကွက်ဖွင့်လိုက်တဲ့ အချိန်မှာ သေချာပြီလားဆိုပြီး သူကမေးတဲ့ Box တစ်ခုပေါ်လာသေးတယ်။ ကိုယ်က Done ဆိုပြီး နှိပ်လိုက်မှ စပွင့်တာ။ အဲဒီ့ခဏလေးမှာ အနီလိုင်းက ဘယ်အထိပြောင်းမယ် ဆိုတာ ကိုယ်ကမသိနိုင်ဘူး။ ဈေးကွက်အတက်အကျ တစ်အားမြန်နေတဲ့အချိန်ဆို ပိုဆိုးတတ်တယ်။ မယုံဘူးလား။ တစ်ခါတစ်လေများ ၁၀၀ လောက်ရှိနေတဲ့ဈေးက ၁၃၀ လောက်ကို တစ်ခါထဲ ခုန်တက်သွားတာမျိုး၊ ပြီးတာနဲ့ ၁၀၃ လောက်ကို ချက်ခြင်းပြန်ဆင်းတာ။ စကန့်ပိုင်းဘဲကြာတယ်။ Binary Trade လုပ်တဲ့သူဆိုပို သတိထားမိမယ်။ အဲဒါဘာလို့လဲ Spread လို့ခေါ်တယ်။ အလွယ်ပြောရရင် ဈေးကွာ ခြားချက်ပေါ့။ အဲဒီ့ Spread က Trading Platform တွေမှာ တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် မတူကြဘူး။ နောက်ပြီး Currencies တွေမှာလည်း တစ်မျိုးနဲ့ တစ်မျိုး Spread မတူကြဘူး။ အခုရှင်းပြသွားတာက ကိုယ်က ဈေးကိုကြိုက်လို့ တစ်ခါတည်း တန်းဖွင့်ရင် ကြုံတွေ့ရတာဘဲ။ Direct Open Position ဆိုပါတော့။
        Open Order နဲ့သွားတဲ့သူကတော့ အဲဒီ့ပြနာနဲ့ နည်းနည်းကင်းတယ်။ ကိုယ်က ဈေး ၁၀၀ မှာ တက်မယ်ဆိုပြီး Buy Position ကို  Open Order Buy Limit နဲ့ သွားထားမယ်၊ လက်ရှိရောက်နေတဲ့ ဈေးက ဘယ်လိုဖြစ်နေနေ။ အဲ ကိုယ်မှန်းထား တဲ့ ၁၀၀ နားကပ်လာပြီး ပွင့်ခါနီးပြီဆိုရင် MT4 မှာ ဘေးက အစိမ်းတန်းလေး ပေါ်လာတယ်။ သတိထားကြည့်။ ဒါတောင် တစ်ခါတစ်လေ ၁၀၂ လောက်နဲ့ ပွင့်လာတာမျိုး၊ ၉၈ နဲ့ ပွင့်လာတာမျိုး ကြုံရတတ်ပါတယ်။ ဈေးက တစ်အားလှုပ် နေတဲ့အချိန်မျိုးမှာ ဖြစ်တတ်တယ်။
        နောက်တစ်ခုက ကိုယ်ရွေးလိုက်ပြီး Trade လုပ်တော့မယ့် အတွဲမှာ spread ကဘာမှ မကွာတာကိုပြနေမယ် ဆိုလိုတာက အပြာလိုင်း(Buy) နဲ့ အနီလိုင်း(Sell) က ဘာမှမကွာဘူးဆိုပါတော့ ဒါပေမယ့် ကိုယ်က ဈေးကွက်ကို ဖွင့်လိုက်တဲ့အချိန်မှာ အနီပြပြီး စရှုံးနေပြီ။ အဲဒါဘာကိုပြောတာလဲဆိုတော့ Pip ကွာတာ။ Trading Platform တွေမှာ Pip ကွာခြားချက်က တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် မတူကြဘူးဗျ။ ဒီလိုဘဲ ဈေးကွက်အတွဲတွေကလည်း Pip ကွာခြားချက်က တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဥပမာဗျာ - SimpleFx မှာဆိုရင် EURUSD အတွဲအတွက်က 10 pip ကွာတယ်။ USDBTC ဆိုရင် 150 pip လောက်ကွာတယ်။ ကိုယ်ရွေးလိုက်တဲ့ Leverage ပေါ်မူတည်ပြီးတော့လည်း အဲဒီ့ Pip က ကွာသေးတယ်ဗျ။
        ရှုပ်ကုန်ကြပြီလား? USDBTC နဲ့ ဥပမာပြောပြမယ်။ BTC ဈေး ၄၀၀ မှာ ကိုယ်က တက်မယ်ဆိုပြီး Buy Position ကို ယူရင် သူက ၃၉၈.၅ နဲ့ ဈေးကိုစဖွင့်ပေးလိမ့်မယ်။ အဲဒီ့မှာတင် ကိုယ်က 150 Pip စာအတွက် အရှုံးစပြလို့ Balance မှာ နီနေမယ်ဗျ။ မှန်းတဲ့အတိုင်း ဈေးတက်လာပါပြီတဲ့ BTC ဈေး ၄၀၁.၅ ကိုရောက်မှ ကိုယ်က Balance 0 ၊ မြတ်လည်းမမြတ်သေးသလို ရှုံးလည်းမရှုံး သေးဘူး။ ၄၀၁.၅၁ ကိုရောက်မှ 1 Pip စာအတွက် အမြတ်စရလိမ့်မယ်။
        တစ်ကယ်တော့ဗျာ သိချင်တဲ့သူ ရှိလို့သာ ရှင်းပြရတယ်။ သိထားတော့ ကောင်းပေမယ့် အဲဒီ့ ကွာခြားချက်ကိစက လက်တွေ့ လုပ်ရင်းနဲ့မှ ပိုနားလည်မယ်လို့ ထင်တယ်ဗျ။ ကျွန်တော်တုန်းက စာလည်းဖတ်တာဘဲ သဘောမပေါက်ဘူး။ လက် တွေ့ Trade နေရင်းမှ တဖြည်းဖြည်း သဘောပေါက်လာတာ။ ကျွန်တော်ကတော့ ခပ်တုန်းတုန်းဆိုတော့ လက်တွေ့မှဘဲ သိတော့ပေမယ့် စာဖတ်သူတွေကတော့ ကျွန်တော် ရှင်းပြတာနဲ့တင် တစ်ခါတည်း သဘောပေါက်သွားမယ့်သူတွေဆိုတာ ကျွန်တော် ယုံပါတယ်။
        ကဲ … ကျွန်တော်တော့ သိသလောက်ရှင်းပြခဲ့ပြီဗျာ။ ဖတ်ပြီးနားမလည်ရင် တော့ ကျွန်တော် ညံ့လိုဘဲဖြစ်မှာပါ။ အားလုံး ကျန်းမာကြပါစေ။

No comments:

Post a Comment