Tuesday, February 2, 2016

SimpleFX Review

SimpleFX Review
ကျွန်တော် အခုတစ်လော Facebook မှာ ကျွန်တော်တို့ ဂရုကအဖွဲ့တွေရော ကျွန်တော့် Friends တွေပါ စိတ်ဝင်စားဖို့ကောင်းပြီး အကျိုးလည်းရှိစေမယ့် MT 4  နဲ့ Trade လုပ်တာကို ကျွန်တော်ကိုယ်တိုင် Trade လုပ်ပြရင်း Facebook မှာ တင်ပေးနေခဲ့ပါတယ်။ လိုက်လုပ်တဲ့သူတွေ အကျိုးအမြတ် ရကြတာကိုလည်း တွေ့ နေရပါတယ်။ ဒီမတိုင်ခင် ဘလော့မှာ အရင်ပိုစ့်တွေနဲ့ အကောင့်ဖွင့်ပုံတွေ Trade လုပ်ပုံတွေကို တင်ပေးခဲ့ပေမယ့် အခုမှ Facebook မှာ တွေ့ပြီး လိုက်လုပ်တဲ့သူ တွေက အကောင့်ဖွင့်ပုံတွေ Trade လုပ်ပုံတွေကို ပြန်ပြီးမေးနေလို့ ဒီပိုစ့်ကို ထပ်ပြီး ရေးပေးလိုက်ပါတယ်။ လိုအပ်တာတွေကိုလည်း ဖြည့်စွက်ရင်းပေါ့။ ပိုစ့်ရှည်နေမှာစိုး လို့ မလိုဘူးထင်တာတွေကိုတော့ ဖြုတ်ထားခဲ့လိုက်တယ်။
ဒီပိုစ့်ကို ရေးနေတဲ့အချိန်မှာ ကျွန်တော်တို့တိုင်းပြည်အတွက် ပြောင်းလဲမှုတစ် ခုမက ဖြစ်လာစေနိုင်တဲ့ လွှတ်တော်အသစ်ကြီးလည်း စတင်ကျင်းပတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတော့ အခုပြောပြမယ့် တစ်ချို့ကိစတွေဟာ နောက်ဆို လိုချင်မှတောင် လိုတော့မှာပါ။
SimpleFx Trading Platform ကိုမှ ကျွန်တော် ဘာလို့ ညွှန်းရသလဲ?
Trade လုပ်လိုတဲ့ သူတွေအားလုံးဟာ Trading Platform တစ်ခုခုမှာ အကောင့်တစ်ခု ဖွင့်ရတယ် ဆိုတာ Trade လုပ်ချင်သူတိုင်း သိကြမှာပါ။ သူများတိုင်းပြည်က လူတွေအတွက် ဒီလိုအကောင့်တစ်ခုဖွင့်ဖို့ ထမင်းစား ရေသောက်လို လွယ်ကူပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက်တော့ တရားဝင်အကောင့်တစ်ခုရဖို့ ခက်လှပါတယ်။ Passport, Bank Account, ငွေအထုတ် အသွင်းလုပ်ဖို့ Master/Visa Card, ဖုန်း၊ ရေ၊မီး ခွန် ဆောင်ထားတဲ့ အိမ်လိပ်စာတွေ တင်ပြဖို့အတွက် ကျွန်တော်တို့ တိုင်းပြည်က ကမာမှာ မရှိတဲ့ တိုင်း ပြည်လို့တောင်ထင်ရအောင် တင်ပြလို့မရတဲ့ အဖြစ်တွေပါ။ ထရိတ်လုပ်တတ်ရင် တစ်ကယ်အကျိုးရှိတာကြောင့် အပေါ်မှာ ပြောပြခဲ့တဲ့ အခက်အခဲတွေနဲ့ ကင်းပြီး ကျွန်တော်တို့တိုင်းပြည်က Trade လုပ်လိုတဲ့ Email အကောင့်ရှိတဲ့ မည်သူမဆို အကောင့်တစ်ခုကို အလွယ်တကူဖွင့်နိုင်ပြီး စိတ်ချလက်ချ Trade လုပ်နိုင်တဲ့ SimpleFX ဆိုတဲ့ Trading Platform တစ်ခုကို ကျွန်တော် ညွှန်ပြရတာပါ။
ဘာတွေကောင်းလဲ?
SimpleFx Trading Platform ဟာဆိုရင် -
(၁)    Bitcoin (BTC) ကိုဘဲ Deposit/Withdraw လုပ်ပြီး Trade လုပ်မယ့် သူအတွက် Account Verify လုပ်စရာ မလိုပါဘူး။
(၂)    မိမိ Deposit လုပ်လုပ်၊ Withdraw လုပ်လုပ် အထုတ်အသွင်း Free ပါဘဲ။
(၃)    BTC ကိုဘဲ Deposit လုပ်ထားလို့ BTC နဲ့ ပါတ်သက်တာဘဲ Trade လုပ်ရတာမဟုတ်ပါဘူး။ Hard Currencies လို့ခေါ်တဲ့ တစ်ခြား နိုင်ငံတကာသုံး ငွေကြေးအတွဲတွေကိုပါ Trade လုပ်ခွင့် ပေးထားပါတယ်။ မိမိ BTC ကို ဒေါ်လာ အဖြစ် ပြန်ပြောင်းစရာ လိုပါဘူး။
(၄)    Trade လုပ်တဲ့နေရာမှာလည်း ပထမ (၇) ရက်စာအတွက် Fee မပေးရပါဘူး။
ခြုံပြောရရင် BTC ကိုဘဲ Trade လုပ်ရတာကလွဲရင် တစ်ခြား Forex Trading Platform တွေနဲ့ အတူတူပါဘဲ။ ကျွန်တော်တို့ တိုင်းပြည်က Trade လုပ်မယ့်သူတွေအတွက် Account Verify လုပ်စရာမလိုတာက ကျွန်တော် ညွှန်းရတဲ့ အဓိကအကြောင်းပါဘဲ။ BTC ကို Withdraw ပြန်လုပ်တဲ့နေရာမှာလည်း Instant ပါဘဲ။
အခုမှ Trade စလုပ်ကြမယ့် သူတွေအတွက်ရော အရင်လူတွေအတွက်ပါ SimpleFx Trading Platform နဲ့ပတ် သက်ပြီး အရေးကြီးတဲ့ အချက်တစ်ခုကို ပြောသွားပါ့မယ်။ အဲဒါကတော့ SimpleFx မှာ Leverage အမျိုးမျိုးနဲ့ Real Account (၁၀) ခုအထိ ဖွင့်ထားလို့ ရတဲ့အကြောင်းပါ။ မိမိမှာ Account တစ်ခုထဲထားပြီး Leverage ကိုအမျိုးမျိုး ပြောင်းလို့ရနိုင်ပေမယ့် တစ်နေ့ထဲမှာ Account တစ်ခုဟာ Leverage ကို အမျိုးမျိုး ပြောင်းခွင့် မပေးထားပါဘူး။
Leverage အမျိုးမျိုးနဲ့ အကောင့် (၃)(၄) ခု ဘာကြောင့် လုပ်ဖို့လိုသလဲ။ ကိုယ်က Trade လုပ်တဲ့နေရာမှာ သိပ်မကျွမ်းကျင်သေးရင်တော့ ဒီလိုလုပ်ထားဖို့ လိုပါတယ်။ Leverage များများနဲ့ Trade လုပ်တာဟာ အမြတ်များများကို မြန်မြန်ရနိုင်တယ်ဆိုပေမယ့် တစ်ဖက်ကလည်း မိမိရဲ့အရင်း မြန်မြန်ရှုံးနိုင်တယ်ဆို တာ ထည့်စဉ်းစားထားရမယ်ဗျ။ ကဲ အကောင့်ဖွင့်ပုံ စလိုက်ရအောင်။
SimpleFx မှာ အကောင့်မရှိသေးတဲ့သူကတော့ ဒီဘလော့စာမျက်နှာရဲ့ အပေါ်ဆုံး ခေါင်းစဉ်အောက်က လင့်ကို နှိပ်ပြီး အကောင့်သွားဖွင့်နိုင်ပါတယ်။
အောက်မှာပြတားတဲ့ပုံကတော့ SimpleFx ရဲ့ Log in လုပ်ရမယ့် ပုံပါ။ အခုမှ အကောင့်စဖွင့်မယ့်သူတွေလည်း ဒီစာမျက်နှာက CREATE ACCOUNT ဆိုတဲ့နေရာ ကနေ ဝင်ရမှာပါ။ အခုမှအကောင့်စလုပ်မယ့်သူတွေအတွက်တော့ အသေးစိတ်ကို မ ရှင်းပြတော့ပါဘူး။ ဘာမှမခက်လို့ပါ။ ကိုယ်တိုင်လုပ်ကြည့်ပါ။

အောက်မှာပြထားတဲ့ပုံကတော့ LOG IN ဆိုတာက်ုနှိပ်လိုက်ရင် တွေ့ရမယ့် ပုံပါ။


အခုပုံကတော့ Log in လုပ်ပြီးတဲ့အခါမှာ တွေ့ရတဲ့ပုံပါ။ ပုံမှာ မြှားပြထားတဲ့ မိမိရဲ့ အကောင့်အမည်ဘေးကို နှိပ်လိုက်ရင် Setting, Accounts နဲ့ Affiliates ဆိုတာကိုတွေ့ ရပါ့မယ်။

အခုပုံကတော့ Setting ကိုနှိပ်ပြီးရင် တွေ့ရမယ့်ပုံဖြစ်ပါတယ်။ အဲဒီ့နေရာမှာ BTC ကို BIT အဖြစ် ပြောင်းတာကိုဘဲ အဓိကထားပြီးပြသွားပါ့မယ်။ ကျန်တဲ့အပိုင်း တွေကိုတော့ မိမိကိုယ်တိုင်လေ့လာပါ။


အခုပုံကတော့ Account ဆိုတာကိုနှိပ်ရင် တွေ့ရမယ်ပုံပါ။ ဒီပိုစ့်အတွက် အဓိက ရှင်းပြမယ့် အပိုင်းဆိုပါတော့။ ပြထားတဲ့ပုံမှာ ကျွန်တော်အမြဲသုံးတဲ့ Leverage 1:500 နဲ့ Leverage 1:200 ဆိုတာကို တွေ့ရပါ့မယ်။ မြှားပြထားတဲ့ Add Account ဆိုတာကို နှိပ်ပြီး မိမိတို့အတွက် လိုအပ်တဲ့ အကောင့်ကို အဲဒ်ီနေရာမှာ လုပ်ရပါ့မယ်။ တကယ့် BTC နဲ့ Trade လုပ်မှာကြောင့် Live Accounts ဆိုတာရဲ့ အောက်မှာဘဲ လုပ်ရပါ့မယ်။


အခုပုံကတော့ Add Account ဆိုတာကိုနှိပ်ရင် ပေါ်လာတဲ့ပုံပါ။ ပုံမှာပြထားတဲ့အတိုင်း နှိပ်လိုက်ပါ။


အခုတွေ့ရတဲ့ပုံအတိုင်းပေါ်လာရင် မိမိသုံးမယ့်ငွေအမျိုးအစားနဲ့ မိမိ MT4 Platform မှာဝင်ရမယ့် Password ကိုထည့်ပေးရပါမယ်။ ဒီနေရာမှာ ကျွန်တော်တို့က BTC ကိုဘဲ Deposit လုပ်မှာဖြစ်လို့ BIT ဆိုတာကိုဘဲ ရွေးပေးရပါ့မယ်။ အားလုံးချိန်ပြီး သွားရင် Create Account ဆိုတာကိုနှိပ်လိုက်ပါ။


အခုပုံကတော့ မိမိရဲ့ အကောင့်အသစ်တစ်ခုကို MT4 နဲ့ Trade လုပ်ဖို့ ဖွင့်ပြီးကြောင်းပြတဲ့ ပုံပေါ်လာပါ့မယ်။ ပေါ်လာတဲ့ပုံမှာ MT4 Platform အတွက် နံပါတ်ကို မှတ်ထားရပါ့မယ်။ OK ကိုနှိပ်လိုက်ပါ။


အခုပုံကတော့ မိမိအတွက် MT4 Platform မှာ Trade လုပ်နိုင်ဖို့ Apk မရှိရင် Download လုပ်နိုင်ဖို့နဲ့ MT4 Platform ပေါ်မှာ ထည့်ပေးရမယ့် Broker အမည်ဖြစ်ပါတယ်။


အခုပုံကတော့ Leverage ရွေးဖို့ မိမိအကောင့်ဘေးမှာရှိတဲ့ ခဲတံပုံကို နှိပ်ရင် တွေ့ရမယ့်ပုံပါ။ Leverage အမြင့်ဆုံး 1:500 ကနေ 1:100 အထိ ချိန်ထားလို့ရ ပါတယ်။ သက်ဆိုင်ရာ Leverage တွေရဲ့ ဘေးမှာပြနေတာကတော့ ဆိုင်ရာ Leverage အတွက် ထည့်ထားရမယ့် BIT ပမာဏပါ။ ရွေးပြီးရင် Change Leverage ဆိုတာကို နှိပ်လိုက်ပါ။


အခုပြထားတဲ့ ပုံအတိုင်း ပေါ်လာမှာပါ။ Change Leverage ဆိုတာကို ဆက်နှိပ်ပေးလိုက်ပါ။


အခုပြထားတဲ့ပုံကတော့ လက်တွေ့ပြရင်းဖွင့်ပြခဲ့တဲ့ Leverage 1:100 ဆိုတဲ့ အကောင့်အသစ်တစ်ခု ကျွန်တော့မှာ ထပ်တိုးလာတာကို တွေ့နေရတာပါ။ ပုံမှာ မြှားနဲ့ ပြထားတဲ့ Internal Transfer ဆိုတာကတော့ မိမိမှာ ရှိနေတဲ့ Leverage အမျိုးမျိုးနဲ့ အကောင့်တွေအချင်းချင်း BIT ကို လွှဲဖို့ပါ။
ဒီလောက်ဆိုရင် SimpleFx မှာ Leverage အမျိုးမျိုးထားပြီး အကောင့်တွေဖွင့် တတ်လောက်ပြီ ထင်ပါတယ်။ အကောင့်တွေ သုံးလေးခုလောက်ဖွင့်တာတော့ ဟုတ်ပါ ပြီ။ ဘယ်လိုအသုံးချရမှာလဲလား။ Trading မှာ Leverage များလေ အမြတ်လည်း များ များရလေဆိုပေမယ့်။ ကိုယ့်ရဲ့ခန့်မှန်းချက်က အမှားမခံပါဘူး။ ခန့်မှန်းချက် မှန်ရင် ကိစ မရှိပေမယ့် မှားခဲ့ရင် Leverage များများထားတဲ့အတွက် မိမိရင်းနှီးမှုဟာ မြန်မြန်ပါသွား နိုင်ပါတယ်။
ဒါကြောင့် ကျွန်တော့အတွေ့အကြုံအရ Leverage များများနဲ့ Trade ဖို့အတွက် ဆိုရင် သေချာလောက် တဲ့ဈေးကွက်အနေအထားရောက်မှ လုပ်သင့်ပြီး၊ သိပ်မသေချာ ရင်တော့ Leverage နဲနဲ နဲ့ Trade နေတာပိုသင့်တော်မယ်ထင် ပါတယ်။
တစ်ခုဖြည့်ပြောချင်တာက ကျွန်တော့ကို Cb ကနေ Friend တစ်ယောက် မေးလာတဲ့ အကြောင်းလေးပါ။ Trade ကို Investment Site လို တစ်နေ့ဘယ်လောက်အနည်းဆုံး ရှာလို့ ရနိုင်မယ်လို့ ပုံသေတွက်လို့ မရပါဘူး။ မိမိရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ရတဲ့လုပ်ငန်းအမျိုးအစားပါ။ Trade မှာလည်း မိမိငွေ ဆုံးရှုံးနိုင်ပါတယ်။ သူများကလိမ်သွားလို့ ဆုံးရှုံးတာတော့ မဟုတ်ပါဘူး။ မိမိရဲ့ ဆုံးဖြတ်ချက်အမှားကြောင့်ဘဲဖြစ်ပါတယ်။ သေသေချာချာလေ့လာရင် ပိုသဘောပေါက်လာမှာပါ။ Facebook မှာ ကျွန်တော် ပထမဦးဆုံးအကြိမ် Trade လုပ်ပြတုန်းက ဆာတိုရှီ ၅၀၀၀၀၀ နဲ့ ရင်းပြီး လုပ်ပြခဲ့ပါတယ်။ အဲဒီ့နေ့က ကျွန်တော် ဆာတိုရှီ ၃၀၀၀၀၀၀ ကျော်အသားတင်မြတ်ခဲ့ပါတယ်။ လိုက်လုပ်ခဲ့တဲ့ သူတစ်ယောက်က ၇၀၀၀၀၀၀ ကျော်မြတ်သွားခဲ့ပါတယ်။ တစ်ညနေထဲနဲ့ပါ။ လိုက်လုပ်တဲ့သူခြင်း ၅၀၀၀၀၀ လုံး ဆုံးရှုံးသွားသူလည်း ရှိပါတယ်။ ဒါကြောင့်  Trade ကို Trade လိုဘဲတွေးရင် ပိုကောင်းပါတယ်။ နေ့စဉ်ပုံမှန်ရမယ့်ပုံစံမျိုးဆိုရင် Trade ကိုမစဉ်းစားပါနဲ့။ Investment Site တွေ Bitcoin Cloud Mining Site တွေမှာဘဲ လုပ်ပါလို့ အကြံပြုရင်း....
အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment