Thursday, January 28, 2016

ကိုက်စားလို့မရတဲ့ BITCOIN

ကိုက်စားလို့မရတဲ့ BITCOIN
Bitcoin နဲ့ပတ်သက်လို့ ရောင်းနေ ဝယ်နေကြတဲ့ သူများအတွက်၊ နောက်ပြီး Online မှာ Bitcoin ကို ရှာဖွေ စုဆောင်းသူတွေအတွက် ကျွန်တော့အမြင်ကို ရေးသားပေးလိုက်ပါ တယ်။
ကျွန်တော် ပြောလိုတာက ကျွန်တော်တို့နိုင်ငံက Bitcoin ကို ရှာကြသူတွေ ဟာ Bitcoin ထက် ငွေကို ရှာတယ်လို့ ထင်ပါတယ်။ ရှာလို့ရလာတဲ့ Bitcoin ကို ပြန်ရောင်းပြီး ငွေအဖြစ် ပြောင်းမှသာ ကျွန်တော်တို့ရဲ့ နေ့စဉ် ငွေကြေးသုံးစွဲမှုအတွက် အမှန်တကယ် အထောက်အကူ ဖြစ်မှာပေါ့။ ပုံသာန်မျိုးစုံနဲ့ ပိတ်ဆို့မှုခံထားရတဲ့ ကျွန်တော်တို့ ပြည်တွင်းက လူတွေအတွက် Bitcoin ဟာ ကောင်းကျိုးတွေ အမြောက်အများ ပေးတယ်ဆိုတာကို Bitcoin ရှာနေကြသူတိုင်း သိကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ရှာနေတဲ့ Bitcoin ဟာ သူ့ရဲ့တန်ဖိုးအားဖြင့် အမြဲ ပြောင်းလဲနေလေတော့ သူ့တန်ဖိုး တက်နေတဲ့အချိန်မှာ ခပ်ပြုံးပြုံးနဲ့ နေနိုင်ကြ ပေမယ့် သူ့တန်ဖိုးများ ကျလာတဲ့အချိန်မှာ တစ်ချို့တွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေ ကြတာ တွေ့နေရပါတယ်။
ကျွန်တော့ အတွေးပြောကြည့်မယ်နော် …. Bitcoin က ကိုက်စားလို့ မရဘူး ဗျ။ အခြေခံစားကုန်တွေကိုလည်း သူနဲ့ ပေးချေပြီး ဝယ်ဖို့က လောလော ဆယ်မှာ မ လွယ်သေးဘူးလေ။ ဒီတော့ မိမိရှာလို့ ရလာတဲ့ Bitcoin ကို ဘက်စုံသုံး ဒေါ်လာ (ဒါမှမဟုတ်) ရွှေ နဲ့ ပြောင်းလဲထားလိုက်တာက ပိုပြီး သင့်တော်မယ် ထင်ပါတယ်။ အထူးသဖြင့် ဘယ်လိုအမျိုးအစားတွေ ဘယ်လောက်ဘဲ တက်တက်၊ ကျကျ ဒေါ်လာနဲ့ အခြေခံပြီး သတ်မှတ်ကြတာကြောင့် ရလာတဲ့ Bitcoin ကို ဒေါ်လာနဲ့ ပြောင်းသိမ်းထားတာဟာ အသင့်တော်ဆုံးဘဲ လို့ ကျွန်တော်ယူဆတယ်။ ဒီအယူ အဆက Bitcoin ကို တက်ရောင်း၊ ကျဝယ်လုပ်တဲ့ Trade သမားတွေနဲ့တော့ မဆိုင်ဘူးပေါ့။
ဒါဆို အဲဒီ့အတွေးဟာ အခုတလော Facebook မှာ သုံးနှုန်းနေတဲ့ Dead wallet လိုပါဘဲ။ ဘယ်နေရာမှာ သိမ်းကြမလဲ? ပြန်စဉ်းစားကြည့်ပါ။ Bitcoin ကို အသုံးပြုကြ သူတိုင်း Exchange Site တွေနဲ့ မကင်းကြပါဘူး။ စိတ်ချရတဲ့ Exchange Site တွေလည်း လက်ဆယ်ချောင်းစာမက ရှိနေကြပါတယ်။ Exchange တစ်ခုခုမှာ ဖွင့်ထားတဲ့ မိမိ အကောင့်ထဲမှာ Bitcoin ကို  USD နဲ့ ပြောင်းသိမ်း ထားလို့ ရပါတယ်။ Bitcoin လိုအပ်လာတဲ့ အချိန်မှ ပြန်ဝယ်ပြီး သုံးပေါ့။
Online မှာ Bitcoin ကို အသုံးများကြတာက Cloud Mining အတွက် ငွေပေးချေတာရယ်၊ Investment Site တွေအတွက် ရယ် နဲ့ နောက်ပိုင်း Phone Bill အတွက်ဆိုပြီး အသုံးများပါတယ်။ Game တွေဝယ်ဖို့လည်း သုံးလာကြတယ်ဗျ။ တစ် ခြားအမျိုးအစားတွေအတွက်ထား Cloud Mining အတွက် Power ကို Bitcoin နဲ့ ပေးချေရတဲ့ ပုံစံကို ကြည့်ရအောင်။ ၉၀% သော Bitcoin Cloud Mining Site  တွေက သူတို့ရဲ့ Mine Power ကို ဒေါ်လာနဲ့ဘဲ အခြေခံတွက်ပြီး တောင်းလေ့ရှိသ လို ပြန်ပေးတဲ့အခါမှာလည်း ဒီဒေါ်လာ ဈေးနဲ့ဘဲ ပြန်ချိန်ပေးတာ သတိထားကြည့်ရင် တွေ့ရမှာပါ။ အခုတလောမှာ Dogecoin ကို Cloud Mining တူးတဲ့သူတွေ သတိထားကြည့်။ Dogecoin ဈေး တအား ထိုးတက်လာတော့ အရင် တစ်နေ့ 1000 DOGE လောက် ကိုယ့် Mining Power နဲ့ ရနေတဲ့သူတွေ အခု ဘယ်လောက်ရသလဲလို့။ Mining Power ကျလို့ အရနည်းသွားတယ်လို့ ထင်သ လား။
ကျွန်တော်အခု ပြောပြတာတွေက Bitcoin ကို Trade လုပ်ကြတဲ့ သူတွေအ နေနဲ့တော့ မဆိုင်ပါဘူး။ အထူးသဖြင့် MT4 Platform နဲ့ Trade လုပ်တဲ့ သူတွေဆို ဈေးတက်လည်း အမြတ်ကိုရှာလို့ရသလို၊ ဈေးတက်လည်း ရှာလို့ရနေတာကြောင့်ပါ။
ကဲ.. ဒီတော့ ကျွန်တော်တို့ ရလာတဲ့ ကို ဒေါ်လာနဲ့ ပြောင်းသိမ်းထား။ လိုအပ် သလောက် ပြန်ဝယ်သုံး၊ မိမိငွေလိုလို့ ထုတ်သုံးမယ်ဆိုလည်း ပေါက်ဈေးအတိုင်း ပြန်ပြောင်းပြီးလွှဲရင် နစ်နာမှုမရှိဘူးလို့ မထင်ဘူးလား။ ဒေါ်လာ ၁၀၀ ဖိုးလောက် ရလာတဲ့ Bitcoin ကို ဒေါ်လာအနေနဲ့ ပြောင်းသိမ်းထားကြည့်၊ Bitcoin ဈေး မိုးပေါ်ဘဲထောင်ထောင် မြေထဲဘဲ ဆင်းဆင်း ၁၀၀ ဒေါ်လာသုံးချင်လို့ ကိုယ့်ဆီ လွှဲ ထုတ်ရင် ၁၀၀ က ၁၀၀ ပါဘဲဗျာ။ ငွေလွှဲခလေးတော့ လျှော့မှာပေါ့။
အားလုံးဘဲ အဆင်ပြေကြပါစေ။

No comments:

Post a Comment