Tuesday, January 26, 2016

BTC ဈေးငြိမ်နေလို့

        တစ်ခြားနေရာတွေမှာတော့ မသိဘူး ကျွန်တော်အခု ခဏရောက်နေတဲ့ မော် လမြိုင်မှာတော့ မနေ့ညထဲက ထူးထူးဆန်းဆန်း လေကြမ်းတွေနဲ့အတူ ပါလာတဲ့ အအေးဓာတ်က ကျွန်တော်နေခဲ့တဲ့ တောင်ကြီးမြို့ကို ပြန်ရောက်နေသလိုဘဲဗျို့။
        အဲဒီအအေးဓာတ်ကြောင့်များလားဘဲ BTC ဈေးကလည်း အလုပ်ဖြစ်လောက် အောင်မလှုပ်လေတော့ ကျွန်တော့မှာ နေ့တွက်လေးကိုက်အောင် NMCUSD ဆိုတဲ့ အတွဲဘက် ကို လှည့်ပြီး Trade လုပ်နေရတယ်ဗျ။ မဆိုးပါဘူး အခုထိတော့ နေ့ တွက်ခ ရနေတယ်ဆိုပါတော့။ NMC ဆိုတာ Name Coin ကိုပြောတာပါ။ Platform ကတော့ btc-e မှာပါဘဲ။
        အဲဒီ့သဘောကို ရှင်းပြရင်တော့ တစ်ခါတစ်လေမှာ ကိုယ်က Trade လုပ်ဖို့ ရွေးချယ် လိုက်မိတဲ့ အတွဲဟာ အကြောင်းတစ်ခုကြောင့် အတက်/အကျ မပြောင်းလဲ ဘဲ ရှိနေခဲ့ရင် Trader တစ်ယောက်အနေနဲ့တော့မသိပေမယ့် ကျွန်တော်ကတော့ တစ်ခြား လှုပ်ရှားမှုရှိနေတဲ့ အတွဲတွေကို လိုက်ရှာပြီး Trade လေ့ရှိတယ်ဗျ။
        ကျွန်တော်က Trade လုပ်တာကို တစ်နေ့ ငါ ဘယ်လောက် ရမှလို့ သတ်မှတ် ချက်မရှိပေမယ့် တစ်ခြားအထွေအထူး လုပ်စရာမရှိရင်တော့ လိုက်ရှာပြီး Trade လေ့ ရှိတယ်ဗျ။
        ဒီဘလော့မှာ ကျွန်တော်က အခုချိန်အထိ Crypto တွေကိုဘဲ Trade လုပ်တဲ့ အကြောင်း ရှင်းပြ/ရေးပြ ပေးနေရတာက ကျွန်တော်ကိုယ်တိုင် အခုနောက်ပိုင်း Crypto တွေကိုဘဲ အဓိကထားပြီး Trade နေတာရယ်။ တစ်ပတ်မှာ တစ်ပတ်လုံး ပိတ်ရက်မရှိ Trade လုပ်နိုင်တာရယ်ကြောင့်လည်းပါသလို တစ်ခြား National Currencies တွေကို Trade လုပ်တဲ့ အကြောင်းတွေကို Facebook မှာ တစ်ချို့ ရှင်းပြ/ရေးပြ နေကြတာတွေ တွေ့နေရလို့လည်းပါတယ်။
        ဒီနေ့ MT4 Platform ပေါ်မှာ BTCUSD ဈေးရဲ့ ဖြစ်နေပုံက Buy Position သမားအတွက်ရော Sell Position သမားအတွက်ပါ ဘာမှ မလုပ်နိုင်တဲ့/ မလုပ်သင့် တဲ့ အနေအထားဘဲဗျ။ BTC ကို 385~390 မှာ Buy Position ယူထားနိုင်ခဲ့တဲ့ သူတွေဆိုရင် ဒီအချိန်မှာ မြတ်တယ် လို့ဆိုနိုင်ပေမယ့် အမြတ်ယူပြီး ပိတ်လိုက်ဖို့ လည်း မသင့်တဲ့အနေအထားဘဲ။ 0.01 lot ကို စဖွင့်လိုက်တာနဲ့ Trade Fee က 0.05 mBtc စလျော့ထားပြီဆိုတော့ အနည်းဆုံး BTC 2 $ လောက်ဈေးကွာမှ ကိုယ့်အရင်းဘဲ ရှိနေဦးမှာကိုး။ ဒါ့ကြောင့် ကျွန်တော်လုပ်သလို လိုက်လုပ်ချင်တဲ့သူ တွေအတွက် ရေးတင်ပေးရတာပါဘဲ။
        NMCUSD ကတော့ ဈေးကွက်စဖွင့်တာနဲ့ 10 units ကိုဖွင့်ဖို့ default ပေးထား တယ်။ Trade Fee ကတော့ 10 units အတွက် 0.05 mBtc ပါဘဲ။ ဥပမာ- 0.400 ဈေးကနေ 0.401 ကိုဈေးကွာသွားတာနဲ့ 0.03 mBtc ကွာမယ်။ ဆိုလိုတာက point 0.002 ကွာမှ မိမိ Trade Fee ကစကျေမယ်။ (position ယူတာမှန်မှနော်)။
        ဒီနေ့ တစ်နေ့လုံးနီးပါး NMCUSD ဈေးက 0.395 နဲ့ 0.400 ကြားမှာ ငြိမ်နေတာကို တွေ့လို့ Indicator တွေကို လေ့လာလိုက်တော့ 0.395 မှာ Buy Position ကိုယူသင့်တယ်ထင်ပြီး ဆော်ထဲ့လိုက်တာ။ အခုဒီပိုစ့်ရေးတဲ့အချိန်မှာ 0.411 ကို ပြန်တက်လာခဲ့တာဘဲ။
        ဒါကြောင့် ကျွန်တော့် ဘလော့မှာ လာဖတ်ကြတဲ့သူတွေ အကြိုးရှိစေဖို့ နောက်ထပ် အပိုဝင်ငွေရနိုင်မယ့် နည်းလမ်းလေး မျှဝေပေးလိုက်ရကြောင်းပါ။
        လက်တို့ပြီးတော့ ပြောရဦးမယ် - ဒီနေ့ည မြန်မာ (13း0 နာရီ) ပတ်ဝန်းကျင် လောက်မှာ Trading Platform မှာရှိတဲ့ ဈေးကွက်တွေရဲ့ အခြေအနေတွေကို ပြောင်းလဲစေနိုင်တဲ့ သတင်းထူး ထွက်လာဖို့ ရှိတယ်ဗျ။ ပမာဏများများနဲ့ လုပ်ထားတဲ့ သူတွေများရှိရင် သတိထားရအောင်လို့ပါ။ ရုတ်တရက် ဈေးထိုးတက် တာမျိုးဖြစ်နိုင်သလို ဈေးထိုးကျတာမျိုးလည်းဖြစ်လာနိုင်တဲ့ အခြေအနေဆိုပါတော့။
        BTC ဈေးကွက်အနေနဲ့ကတော့ 350 အောက်ကို ဆင်းဖို့ မရှိနိုင်ပေမယ့် 400 အောက်မှာ Sell Position ကို မယူသင့်ဘူးထင်ပါတယ်။ Simplefx မှာ Leverage များများနဲ့ Trade လုပ်လိုသူများကတော့ 370 လောက်ကိုရောက်မှ Buy Position ကို စသင့်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment