Saturday, January 9, 2016

လိုရင်း၊ တိုရှင်း၊ Bitcoin Mining

လိုရင်း၊ တိုရှင်း
Cloud Mining အကြောင်း
          Cloud Mining အကြောင်း Crypto mining group Admin ကလည်း သူ့ဘ လော့မှာ အသေးစိတ်ရှင်းပြထားပါ တယ်။ သူ့ ကိုယ်ပိုင် Cloud Mining ဆိုဒ်လည်း ရှိတယ်။

သူ့ဘလော့လိပ်စာ                -     http://www.mmbitcointips.xyz/     

သူ့ Cloud mining လိပ်စာ      -     http://www.cryptominerlife.com/

        ကျွန်တော့ ဘလော့မှာလည်း အရင်ပိုစ့်တွေမှာ ရှင်းပြထားတယ်။ ဘေးဘက် Drop Box မှာ ရှာဖတ်ကြည့်ပါ။ ဘယ်လိုဆိုဒ်တွေမှာ လုပ်သင့်တယ်လို့လည်း ရှင်းပြ ထားတယ်။
        အဲဒါတွေမှ အားမရသေးရင် အခု ကျွန်တော် လိပ်စာတွေ စုပေးလိုက်တယ်။ ဘယ် ဆိုဒ်တွေက ဒီနေ့အထိ ပေးပြီး၊ ဘယ်ဆိုဒ်တွေက မပေးတော့ဘူးဆိုတဲ့ စာရင်း တွေ၊ ဘယ်လောက် ဝယ်ရင် တစ်ရက်မှာ ဘယ်လောက်ရပြီး၊ ဘယ်လို အမျိုးအစားတွေ ဘယ်လောက်ရမယ်ဆိုတာတွေအတွက်- အောက်ကလိပ်စာ မှာ သွားကြည့်ပြီး တွက်လို့ ရတယ်။ ရွေးလို့ ရတယ်။ လိပ်စာက -
ဘယ်ဆိုဒ်တွေက ဒီနေ့အထိပေးနေတယ်ဆိုတာအတွက်


http://www.cmmonitor.com

ဘယ်လောက်ရလဲ တွက်ဖို့က


ကိုယ်ပိုင် Mining လုပ်ဖို့ စက်ဝယ်ချင်ရင် အောက်က လိပ်စာမှာ သွားကြည့်ပြီး ရွေးလို့ရ တယ်။

https://www.bitcoinmining.com/bitcoin-mining-hardware/

ဒါမှ သွားမဖတ်ချင်ဘူး ဆိုရင် ဘေးဘက်မှာ ကျွန်တော် တင်ပေးထားတယ် Hash ocean, Cryptominingfarm နဲ့ Zeushash ဘဲ။ Hashocean မှာ Register လုပ်ပြီး Hashocean KH/s (300) လောက် ဝယ်ထဲ့ပြီး တူးတော့။ မြန်မာငွေ တစ်သိန်းခွဲ ကျော်လောက် တော့ ရှိမယ် တစ်ရက်ကို မြန်မာငွေ (၁၃၀၀ နဲ့ ၁၄၀၀ ကြား) နေ့တိုင်း ပြန်ရမယ်။ (၅) နှစ် သက်တမ်း၊ Register လုပ်တာနဲ့ (၁၅) KH/s ကို (၁) လ Free ပေးထားတယ်။ အဲဒီ့ကရလာတဲ့ တွေကိုမှ တစ်ဝက်ကို ကိုယ်လုပ်ကြည့် ချင်တဲ့ ဆိုဒ်တွေမှာ လိုက်စမ်းသပ်ပေါ့။ Cryptominingfarm က (၁၅) နှစ်သက်တမ်း၊ Register လုပ်တာနဲ့ (၁၀) GH/s, Free  တစ်လ ပေးတူးထားတယ်။။ Zeushash က တစ်သက်လုံး။ သူကတော့ 1 GH/s ကို 0.00000200 btc လောက်ဘဲ ပြန်ရမယ် အရနည်းတယ်။ Bonus တော့မရှိဘူး။
ကဲ… ဒီလောက်ဆိုရင် အဆင်ပြေကြမယ်ထင်တယ်။ ကျန်တာတော့ ကိုယ်တိုင် ဆုံးဖြတ်ကြပေတော့။

No comments:

Post a Comment