Tuesday, January 5, 2016

Forex Trading အတွက် Technical Analysis

ကျွန်တော် နားလည်သလောက် ရှင်းပြမယ့် Technical Analysis (TA) အကြောင်း
          အခု နှစ်အစကနေစပြီး ကျွန်တော်က Forex Trading Platform အတွက် သိထားသင့်၊ နားလည်ထားသင့်တဲ့ အကြောင်းအရာတွေကို ကျွန်တော်သိထားသလောက် ရှင်းပြပေးသွားပါ့မယ်။ စနစ်ကျကျလေ့လာလိုသူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်ပါ။ နောက်ပိုင်း ပိုစ့်တွေမှာ ကျွန်တော် အပိုင်း (၂) ပိုင်းစီ ခွဲပြီး ရှင်းလင်းသွားပါ့မယ်။ ပထမအပိုင်းက Theory ကိုအခြေခံပြီး ရှင်းပြတဲ့အပိုင်းဖြစ်ပြီး။ ဒုတိယအပိုင်းကတော့ လက်တွေ့ လေ့လာတဲ့နည်းဖြစ်မှာပါ။ ကျွန်တော်ကိုယ်တိုင်က လက်တွေ့နည်းကို ပိုသဘောကျတယ်ဗျ။
          အသိပညာ၊ အတတ်ပညာတစ်ခုက သိပ်ပြီးမြန်မြန်လေ့လာပြန်တော့လည်း မကောင်းသလို သိပ်ပြီးအခြေခံကျကျ လေ့လာပြန်တော့လည်း တစ်ခါတစ်လေမှာ အချိန်ဆိုတာကြီးကို ထဲ့တွက်ရမယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အင်ဂျင်နီယာဘဝအစမှာAutoCad နဲ့ ပုံဆွဲဖို့ စလေ့လာတော့ သင်တန်းတစ်ခုသွားတက်ခဲ့တယ်ဗျ။ (၂) ရက်ဘဲကြာတယ် စိတ်မရှည်တော့ပါဘူး သွားလည်းမတက်တော့ဘူး။ ဘာလို့လဲ? ကျွန်တော်တို့ကျောင်းသားဘဝမှာ ကွန်ပျူတာဆိုတာ မြန်မာပြည်မှာ မရှိသေးမရောက်သေးဘူးလို့တောင် ပြောရင်ရတဲ့ အခြေအနေဆိုတော့။ ကိုယ်တွေက ၁၉၉၅ ကျောင်းပြီးတဲ့အချိန် လုပ်ငန်းခွင်ထဲရောက်နေပြီ Computer AutoCad က စ ခေတ်စားလာပြီ။ အလုပ်တစ်ဖက်နဲ့ ကျောင်းသားတွေလို မလုပ်နိုင်ပါဘူး။ ဒါနဲ့ဘဲ ကိုယ်တိုင် စာအုပ်တွေဖတ်၊ လေ့လာ၊ လက်တွေ့ လုပ်ငန်းတွေမှာ လိုက်ကြည့်ပြီးတော့ သွားလိုက်တာ အခုဆို 3D ပုံဆွဲပြီး ရောင်းစားတဲ့အခြေအနေတောင်ရောက်လာခဲ့တာဘဲ။
Technical Analysis (TA)
          TA ဆိုတာ နိုင်ငံတကာငွေကြေးအတွဲ (Currencies Pair) တွေ၊ ရွှေ (Gold)၊ ငွေ (silver)၊ ရေနံ (Oil) စတဲ့ (Commodity) တွေ၊ Stock Share တွေကို ဘယ်လိုအချိန်မှာ ဝယ်ပြီး ဘယ်အချိန်မှာ ပြန်ရောင်းမယ်  ဆိုတာကို ခန့်မှန်းဖို့အတွက် အသုံးပြုတဲ့ စနစ်တစ်ခုလို့ သိထားသင့်ပါတယ်။
          Chart တွေဟာ TA အတွက် အခြေခံအကျဆုံး သိရှိနားလည်ထားရမယ့် တစ်ခုပေါ့။ ဈေးကွက်တစ်ခုရဲ့ ဝယ်လိုအားတွေ၊ ရောင်းလိုအားတွေ နဲ့ စုစုပေါင်း ရောင်းဝယ်မှုပမာဏတွေကို Chart တွေကတစ်ဆင့် လေ့လာပြီး အဲဒီ့ဈေးကွက်က အကျဘက်ကိုသွားမှာလား?/ အတက်ဘက်ကိုသွားမှာလား? ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အဲဒီ့ Chart တွေကို အသုံးပြုဖို့ နည်းစနစ်တွေ (Indicator ဆိုပါတော့) အများကြီးရှိတဲ့အထဲက အသုံးအများဆုံး စနစ်တွေကို ပြောပြသွားပါ့မယ်။
          SMA ( Simple Moving Average) -     ဈေးကွက်တစ်ခုရဲ့ ပိတ်သွားပြီးခဲ့တဲ့ ရက်တွေက အပိတ်ဈေးတွေကိုပေါင်းပြီး နေ့ရက် အရေအတွက်နဲ့ စားလို့ ရလာတဲ့ ပျမ်းမျှခြင်းကို ယူထားတဲ့ Chart Line ကို SMA လို့ သိထားရမယ်။ ဥပမာ - SMA(10) ဆိုတာ ဈေးကွက် တစ်ခုရဲ့ လွန်ခဲ့တဲ့ (၁၀) ရက်စာ အပိတ်ဈေးတွေကို ပေါင်းပြီး (10) နဲ့ စားထားတဲ့ ရွှေလျားမှုပြ Graph ဘဲ။ ကိုယ်တိုင် တွက်စရာမလိုပါဘူး။ မိမိသုံးနေတဲ့ Chart မှာ ပါပါတယ်။ ကိုယ်က Setting မှာ ချိန်ပြီး ကြည့်ရင် ရပါတယ်။ အောက်ကပုံမှာ ကျွန်တော် SMA(10) နဲ့ SMA(20) ကို အရောင်တွေနဲ့ ချိန်ပြထားတယ်။


          ဟုတ်ပြီ.. SMA ဆိုတာတော့ သိပြီ .. ဘယ်လိုကြည့်မလဲ? အကြမ်းဖျင်းဆိုရင် Candlestick (အတုံး) လေးတွေက အဲဒီ့ SMA line  ရဲ့ အပေါ်မှာဘဲ ရှိနေရင် ဈေးကွက်က (Buy position) အတက်ဘက်ကို ဦးတည်နိုင်တယ်လို့ ယူဆနိုင်တယ်။ အကယ် SMA line ရဲ့အောက်မှာ Candlestick တွေရှိနေခဲ့ရင်တော့ ဈေးကွက်ဟာ ကျရိပ်သမ်းနေပြီ (Sell position) ကိုယူတော့လို့ ယူဆနိုင်တယ်။ SMA Line တွေကို (20) နဲ့ (50) အထိ ချိန်ပြီး လေ့လာရင် ဈေးကွက်တစ်ခုရဲ့ လားရာကို အတော်အသင့် ခန့်မှန်းနိုင်တယ်ဆိုပေမယ့် အဲဒီ့ ဈေးကွက်နဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး တွေ ထူးခြားပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်လာခဲ့ရင်၊ သတင်းထူးတွေထွက်ပေါ်လာခဲ့ရင်တော့ အခုလိုခန့်မှန်းမှုဟာ ဗြောင်းပြန်လည်း ဖြစ်သွားနိုင်တာကို သိထားရပါမယ်။
          Relative Strength Index (RSI)  -     ကတော့ ဈေးကွက်တစ်ခုရဲ့ ပြောင်းလဲနေတဲ့ အမြန်နှုန်းကို တွက်ချက်ထားတာပါ။ သူ့ဇယားကွက်ကိုတော့ 0 ကနေ 100 ကြားမှာ ထားလေ့ရှိကြတယ်။ ပုံမှာ ကျွန်တော်ပြထားတယ်။


          အဲဒီ့ RSI က 30 အောက်ကိုရောက်နေချိန်မှာ အဲဒီ့ဈေးကွက်က ရောင်းလိုအား မြင့်နေတဲ့အချိန်လို့ သတ်မှတ်ပြီး၊ RSI က 70 အထက်ကို ရောက်နေချိန်မှာ ဝယ်လိုအားမြင့်ချိန်လို့ သတ်မှတ်တယ်။
          သူ့ကိုကော ဘယ်လိုအသုံးချမလဲ? အပေါ် Bar chart မှာဈေးကွက်တစ်ခုက အတက်ဘက်ကိုပြနေပြီး ဆက်ပြီးတက်နေမယ်ဆိုပါတော့ RSI မှာတော့ ဈေးမြင့်နေရာကနေ အကျဘက်ကို ပြသွားပြီဆိုရင် သိပ်မကြာခင်မှာ အဲဒီ့ဈေးကွက် မြင့်ရာကနေ ထိုးကျတော့မယ်ဆိုတဲ့ လကဏာဘဲ။ နောက်ထပ် အယူအဆတစ်ခုက RSI မှာ ဈေးကွက်တစ်ခုက 30 အောက်ရောက်နေရာကနေ ပြန်တက်လာပြီး 30 အကျော်နားမှာ တစ်ပြေးတည်းသွားနေရင်းနဲ့ 50 နားကိုကပ်သွားပြီဆိုရင်တော့ ဒါဟာ Buy position ကိုပြတာဘဲ ဈေးတက်တော့မယ် ဝယ်တော့ပေါ့။ ဗြောင်းပြန်ပြန်ယူမယ်.... ဈေးကွက်က 70 ကိုကျော်ရာကနေ ပြန်ကျလာပြီး 70 အောက်နားမှာ တန်းနေမယ်။ ပြီးတော့ 60 နားကိုညွှန်နေပြီဆိုရင်...... အဲဒါ Sell position ကိုပြတာဘဲ။ ဒါကြောင့် RSI က ဈေးကွက်တစ်ခု ရုတ်တရက် ထိုးတက်/ထိုးဆင်း မယ့်ဖြစ်ရပ်တွေအတွက် အသုံးဝင်တဲ့ Indicator တစ်ခုလို့ ဆိုရမယ်။
          ကဲ.. ဒီပိုစ့်မှာ ဒီလောက်နဲ့ ခဏဖြတ်ထားလိုက်မယ်။ ဆက်ရေးရင် ပိုစ့်လဲရှည်မယ်။ ဖတ်နေတဲ့သူတွေလည်း ခေါင်းကိုက်လာမယ်ထင်လို့။ နောက်ပိုစ့်ရောက်မှ ဈေးကွက်တစ်ခုအတွက် ဘယ်အချိန်မှာ Sell လုပ်မယ်၊ ဘယ်အချိန်မှာ Buy လုပ်မယ်ဆိုတဲ့ ဈေးကွက်ကို ခန့်မှန်နိုင်တဲ့ Parabolic SAR အကြောင်း နဲ့ Chart Pattern အကြောင်းကို လေ့လာကြည့်တော့။
         အားလုံးဘဲ .... Online ပေါ်မှာ လိမ်ညာခံရခြင်းကင်းကင်းနဲ့ အပိုဝင်ငွေ ရှာနိုင်ကြပါစေ။

စာကြွင်း   -     ကျွန်တော်နဲ့ Hashocean မှာ mining လုပ်ကြတဲ့ သူတွေအားလုံး mining ကရလာတဲ့ BTC တွေထဲက တစ်ဝက်ကို ပြန်ရင်းဖို့ စုထားစေချင်ပါတယ်။ Exchange Wallet တစ်ခုခုမှာ USD ပြောင်းပြီး သိမ်းထာပါ။ နှစ်ခါစာ ထုတ်ပြီးမှ KH/s ထပ်ဝယ်ချင်ရင် တစ်ခေါက်ထပ်ဝယ်ပါ။ ယူထားတဲ့ တစ်ဝက်ထဲကမှ တစ်ဝက်ကို Trade လုပ်စေချင်ပါတယ်။ ကျန်တစ်ဝက်ကို သုံးပါ။ ကျွန်တော်လုပ်နေတဲ့ စနစ်ပါ။ ကြော်အောင် ညာနေတာတွေကြည့်ပြီး မိမိငွေ မပွန်းပါစေနဲ့။

No comments:

Post a Comment