Sunday, January 10, 2016

ကျွန်တော် နားလည်သလောက် ရှင်းပြမယ့် Forex Trading For Beginner အကြောင်း

ကျွန်တော် နားလည်သလောက် ရှင်းပြမယ့်
Forex Trading For Beginner အကြောင်း
          အခု နှစ်အစကနေစပြီး ကျွန်တော်က Forex Trading Platform အတွက် သိ ထားသင့်၊ နားလည်ထားသင့်တဲ့ အကြောင်းအရာတွေကို ကျွန်တော်သိထားသ လောက် ရှင်းပြပေးသွားပါ့မယ်။ စနစ်ကျကျလေ့လာလိုသူတွေအတွက် တစ်ဖက် တစ်လမ်းကနေ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်ပါ။ နောက်ပိုင်း ပိုစ့်တွေ မှာ ကျွန်တော် အပိုင်း (၂) ပိုင်းစီ ခွဲပြီး ရှင်းလင်းသွားပါ့မယ်။ ပထမအပိုင်းက Theory ကို အခြေခံပြီး ရှင်းပြတဲ့ အပိုင်းဖြစ်ပြီး။ ဒုတိယအပိုင်းကတော့ လက် တွေ့ လေ့လာတဲ့နည်းဖြစ်မှာပါ။ ကျွန်တော် ကိုယ်တိုင်က လက်တွေ့နည်းကို ပိုသ ဘောကျတယ်ဗျ။
          အသိပညာ၊ အတတ်ပညာတစ်ခုက သိပ်ပြီးမြန်မြန်လေ့လာပြန်တော့လည်း မ ကောင်းသလို သိပ်ပြီး အခြေခံကျကျ လေ့လာပြန်တော့လည်း တစ်ခါတစ်လေမှာ အ ချိန်ဆိုတာကြီးကို ထဲ့တွက်ရမယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အင်ဂျင်နီ ယာဘဝ အစ မှာ AutoCad နဲ့ ပုံဆွဲဖို့ စလေ့လာတော့ သင်တန်းတစ်ခု သွားတက်ခဲ့တယ်ဗျ။ (၂) ရက်ဘဲကြာတယ် စိတ်မရှည်တော့ပါဘူး သွားလည်းမ တက်တော့ဘူး။ ဘာလို့လဲ? ကျွန်တော်တို့ ကျောင်းသားဘဝမှာ ကွန်ပျူတာဆို တာ မြန်မာပြည်မှာ မရှိသေး၊ မ ရောက်သေးဘူးလို့တောင် ပြောရင်ရတဲ့ အခြေအနေ ဆိုတော့။ ကိုယ်တွေက ၁၉၉၅ ကျောင်းပြီးတဲ့အချိန် လုပ်ငန်းခွင်ထဲရောက်နေပြီ Computer AutoCad က စ ခေတ်စား လာပြီ။ အလုပ် တစ်ဖက် နဲ့ ကျောင်းသားတွေလို မလုပ်နိုင်ပါဘူး။ ဒါနဲ့ဘဲ ကိုယ်တိုင် စာအုပ်တွေ ဖတ်၊ လေ့လာ၊ လက်တွေ့ လုပ်ငန်းတွေမှာ လိုက်ကြည့်ပြီးတော့ သွားလိုက်တာ အခုဆို 3D ပုံဆွဲပြီး ရောင်းစားတဲ့အခြေအနေတောင်ရောက်လာခဲ့တာဘဲ။
Technical Analysis (TA)
TA ဆိုတာ နိုင်ငံတကာငွေကြေးအတွဲ (Currencies Pair) တွေ၊ ရွှေ (Gold)၊ ငွေ (silver)၊ ရေနံ (Oil) စတဲ့ (Commodity) တွေ၊ Stock Share တွေကို ဘယ်လိုအချိန်မှာ ဝယ်ပြီး ဘယ်အချိန်မှာ ပြန်ရောင်းမယ်  ဆိုတာကို ခန့်မှန်း ဖို့အတွက် အသုံးပြုတဲ့ စနစ်တစ်ခုလို့ သိထားသင့်ပါတယ်။
Chart တွေဟာ TA အတွက် အခြေခံအကျဆုံး သိရှိနားလည်ထားရမယ့် တစ်ခု ပေါ့။ ဈေးကွက်တစ်ခုရဲ့ ဝယ်လိုအားတွေ၊ ရောင်းလိုအားတွေ နဲ့စုစု ပေါင်း ရောင်းဝယ်မှု ပမာဏတွေကို Chart တွေကတစ်ဆင့် လေ့လာပြီး အဲဒီ့ဈေး ကွက်က အကျဘက်ကို သွားမှာလား?/ အတက်ဘက်ကိုသွားမှာလား? ဆိုတာ ခန့် မှန်းနိုင်ပါတယ်။ အဲဒီ့ Chart တွေကို အသုံးပြုဖို့ နည်းစနစ်တွေ (Indicator ဆိုပါ တော့) အများကြီးရှိတဲ့အထဲက အသုံးအများဆုံး စနစ်တွေကို ပြောပြသွားပါ့မယ်။
SMA (Simple Moving Average)
ဈေးကွက်တစ်ခုရဲ့ ပိတ်သွားပြီးခဲ့တဲ့ ရက်တွေက အပိတ်ဈေးတွေကို ပေါင်း ပြီး နေ့ရက် အရေအတွက်နဲ့ စားလို့ ရလာတဲ့ ပျမ်းမျှခြင်းကို ယူထားတဲ့ Chart Line ကို SMA လို့ သိထားရမယ်။ ဥပမာ - SMA(10) ဆိုတာ ဈေးကွက် တစ်ခုရဲ့ လွန်ခဲ့တဲ့ (၁၀) ရက်စာ အပိတ်ဈေးတွေကို ပေါင်းပြီး (10) နဲ့ စားထား တဲ့ ရွှေလျားမှုပြ Graph ဘဲ။ ကိုယ်တိုင် တွက်စရာမလိုပါဘူး။ မိမိသုံးနေတဲ့ Chart မှာ ပါပါတယ်။ ကိုယ်က Setting မှာ ချိန်ပြီး ကြည့်ရင် ရပါတယ်။ အောက်ကပုံမှာ ကျွန်တော် SMA(20) ကို အပြာရောင် နဲ့ SMA(50) ကိုအညိုရောင် ချိန်ပြထားတယ်။

ဟုတ်ပြီ.. SMA ဆိုတာတော့ သိပြီ .. ဘယ်လိုကြည့်မလဲ? အကြမ်းဖျင်းဆိုရင် Candlestick (အတုံး) လေးတွေက အဲဒီ့ SMA line  ရဲ့ အပေါ်မှာဘဲ ရှိနေရင် ဈေးကွက်က (Buy position) အတက်ဘက်ကို ဦးတည်နိုင်တယ်လို့ ယူဆနိုင်တယ်။ အကယ် SMA line ရဲ့အောက်မှာ Candlestick တွေရှိနေခဲ့ရင်တော့ ဈေးကွက် ဟာ ကျရိပ်သမ်းနေပြီ (Sell position) ကိုယူတော့လို့ ယူဆနိုင်တယ်။ SMA Line တွေကို (20) နဲ့ (50) အထိ ချိန်ပြီး လေ့လာရင် ဈေးကွက်တစ်ခုရဲ့ လားရာကို အတော်အသင့် ခန့်မှန်းနိုင်တယ်ဆိုပေမယ့် အဲဒီ့ ဈေးကွက်နဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး တွေ ထူးခြားပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်လာခဲ့ရင်၊ သတင်းထူးတွေထွက် ပေါ်လာခဲ့ရင်တော့ အခုလိုခန့်မှန်းမှုဟာ ဗြောင်းပြန်လည်း ဖြစ်သွားနိုင်တာကို သိ ထားရပါမယ်။ (အခုကာလ မှာ တရုတ်ရဲ့Stock Share ဈေးကွက် ဖရိုဖရဲ ဖြစ်နေတာကို သတိထားကြည့်။) 
Relative Strength Index (RSI)
RSI ကတော့ ဈေးကွက်တစ်ခုရဲ့ ပြောင်းလဲနေတဲ့ အမြန်နှုန်းကို တွက်ချက် ထားတာပါ။ သူ့ဇယားကွက်ကိုတော့ 0 ကနေ 100 ကြားမှာ ထားလေ့ရှိကြတယ်။ ပုံမှာကျွန် တော် ပြထားတယ်။

အဲဒီ့ RSI Line က 30 အောက်ကိုရောက်နေချိန်မှာ အဲဒီ့ဈေးကွက် က ရောင်းလိုအား မြင့်နေတဲ့အချိန်လို့ သတ်မှတ်ပြီး၊ RSI က 70 အထက် ကို ရောက်နေချိန်မှာ ဝယ်လိုအားမြင့်ချိန်လို့ သတ်မှတ်တယ်။
          သူ့ကိုကော ဘယ်လိုအသုံးချမလဲ? အပေါ် Bar chart မှာဈေးကွက်တစ်ခုက အတက်ဘက်ကိုပြနေပြီး ဆက်ပြီးတက်နေမယ်ဆိုပါတော့ RSI မှာတော့ ဈေးမြင့်နေ ရာကနေ အကျဘက်ကို ပြသွားပြီဆိုရင် သိပ်မကြာခင်မှာ အဲဒီ့ဈေးကွက် မြင့်ရာကနေ ထိုးကျတော့မယ်ဆိုတဲ့ လကဏာဘဲ။ နောက်ထပ် အယူအဆတစ်ခုက RSI မှာ ဈေးကွက်တစ်ခုက 30 အောက်ရောက်နေရာက နေ ပြန်တက်လာပြီး 30 အကျော် နားမှာ တစ်ပြေးတည်းသွားနေရင်းနဲ့ 50 နား ကိုကပ်သွားပြီဆိုရင်တော့ ဒါဟာ Buy position ကိုပြတာဘဲ ဈေးတက်တော့မယ် ဝယ်တော့ ပေါ့။ ဗြောင်းပြန် ပြန်ယူ မယ်.... ဈေးကွက်က 70 ကိုကျော်ရာက နေ ပြန်ကျလာပြီး 70 အောက်နားမှာ တန်း နေမယ်။ ပြီးတော့ 60 နားကို ညွှန်နေပြီဆိုရင်...... အဲဒါ Sell position ကိုပြတာဘဲ။ ဒါကြောင့် RSI က ဈေးကွက်တစ်ခု ရုတ်တရက် ထိုးတက်/ထိုးဆင်း မယ့်ဖြစ်ရပ် တွေအတွက် အသုံးဝင်တဲ့ Indicator တစ်ခုလို့ ဆိုရမယ်။
Parabolic SAR (Stop And Reversal)
SAR က ဈေးကွက်တစ်ခုကို ကိုယ်က စဝင်တော့မယ်လို့ ဆုံးဖြတ်ဖို့ (တနည်း) ဈေးကွက်တစ်ခုကို ဝယ်ဖို့/ရောင်းဖို့ ဆုံးဖြတ်ဖို့ ဆိုရင် SAR Indicator က အရေးပါတဲ့၊ နီးစပ်မှုရှိတဲ့ အခြေအနေကို ဖော်ပြပေးနိုင်တဲ့ Indicator တစ်ခုပါ။ SAR Line ကအစက်လေးတွေဟာ Market တစ်ခုရဲ့ အပေါ်ကနေရှိနေပြီဆိုရင် ဒါဟာ ဈေးကျတော့မယ် Sell position ကိုယူသင့်ပြီလို့ ယူဆနိုင်တယ်။ ဒီလိုဘဲ SAR Line က Market ရဲ့ အောက်ကရှိနေရင်တော့ Buy position ကို ယူတော့လို့ မှတ်ပေါ့။
ဒီနေရာမှာ SAR Line အတွက် အစက်တွေကို ချိန်ထားရာမှာ မိမိစိတ်ကြိုက် ချိန်ထားလို့ရတယ်ဆိုပေမယ့် အစက်တွေရဲ့ အကွာအဝေးကို 0.01 ထက် လျှော့ပြီးလည်း မချိန်ထားသင့်ဘူးဗျ။ နောက်ပြီး 0.2 ထက်လည်း ပိုပြီးမချိန်သင့်ဘူး။ ကျွန်တော့်အထင်နော်။ 0.2 ထက်ပိုတဲ့ အကွာအဝေးကို ချိန်ထားရင် ဈေးကွက်ကို ခန့်မှန်းတဲ့နေရာမှာ Reversal ပိုများတော့ ခန့်မှန်းရလည်း ခက်သွားတယ်။ မနီးစပ်တော့ဘူးပေါ့။ ပုံမှာကျွန်တော် အစိမ်းရောင်အစက်တွေနဲ့ ပြထားပေးတယ်။

          နောက်ထပ် အသုံးများတဲ့ Indicator နှစ်ခုကတော့ MACD ( Moving Average Convergence Divergence) နဲ့ SSO (Slow Stochastic Oscillator) တို့ပါဘဲ။ ဒီနှစ်ခုရဲ့ ကြည့်ပုံက တော်တော်တူနေလို့ ကျွန်တော်က နှစ်ခုကို ပေါင်းပြီး ရှင်းပြသွားမယ်။

MACD ( Moving Average Convergence Divergence)
ဈေးကွက်တစ်ခုရဲ့ ပြီးခဲ့တဲ့ (12) ရက်စာနဲ့ (26) ရက်စာ ကို နှိုင်းယှဉ်ပြီး တွက်ထားတာကို ပြတာ MACD ဘဲ။ ပုံမှာ ကျွန်တော်က အနီရောင်လိုင်းနဲ့၊ အပြာရောင်လိုင်း ဆိုပြီး ပြထားပေးတယ်။ ဒီနေ့အတွက် BTC/USD အတွဲရဲ့ အခြေအနေပါ။တကယ်တန်းဆိုရင် MACD က SMA ထက်ပိုပြီး ဈေးကွက်ကို ခန့်မှန်းတဲ့ နေရာမှာ ပိုတိကျတဲ့ Result ကို ရနိုင်တယ်။

        ဘယ်လိုသုံးမှာလဲ? …. အဲဒီ့လိုင်းတွေ နှစ်ခုစလုံး (0) ရဲ့အထက်မှာ ရှိနေပြီဆိုရင် Buy position ကိုယူဖို့ ညွှန်နေပြီး (0) ရဲ့အောက်မှာရောက်နေရင် Sell position ကိုယူတော့လို့ ပြနေတယ်လို့ မှတ်သင့်တယ်။ နောက်တစ်ခုက အပြာရောင်လိုင်း သူကအနီရောင်လိုင်းကိုဖြတ်ပြီး အပေါ်ကိုဦးတည်ပြီဆိုရင် ဈေးတက်တော့မယ် Buy ဝယ်တော့ပေါ့။ အောက်ဘက်ကို ဦးတည်ပြီဆိုရင်တော့ ဈေးကျတော့မယ် Sell ပေါ့။

Slow Stochastic Oscillator
သူကတော့ MACD ရဲ့ (0) လိုင်းကို ကြည့်ရမယ့်နေရာမှာ (50) Line ကို မူတည်ပြီးကြည့်ရတာကလွဲရင် ကျန်တဲ့ သဘောတရားက အတူတူပါဘဲ။ သူ့မှာ ကြည့်ရမှာက (80) ထက်ကို ကျော်နေပြီဆိုရင် ဝယ်လိုအားသိပ်များနေပြီဆိုတာ သဘောပေါက်ရတော့မယ်။ နောက်ပြီး (20) အောက်ကို ရောက်နေပြီဆိုရင်လည်း ရောင်းလိုအားတွေ သိပ်များနေပြီဆိုတာ သိရတော့မယ်။
        ရှုပ်ကုန်ကြပြီထင်တယ်။ တစ်ခု၊ နှစ်ခုဆို တော်ရောပေါ့ … အခုတော့ တစ်မျိုးပြီး၊ တစ်မျိုးတိုးလာနေတယ်လား?
        ကျွန်တော်တို့ (စက်မှု) ကျောင်းသားဘဝက C အုပ်စုတွေ (Currencies မဟုတ်ဘူးနော် Civil တွေ) ညဘက် အဆောင်မှာစုပြီး P လုပ်ကြတယ် (Profit မဟုတ်ဘူး ဖဲခိုးရိုက်ကြတာ)၊ ဆရာမတွေလာဖမ်းမှာစိုးလို့ အစီအမံ (Indicator) (၄) ခုထားပြီးချတာ။ (S) စောင့်ကြည့်ကင်းထားတယ်၊ (M) မီးပိတ်ပြီးဖယောင်း တိုင်ထွန်းတယ်၊ (S) စောင်နဲ့ကာထားတယ်၊ (R) အော်ပြီးသတိပေးဖို့ (အဆောင်ပြင်မှာ စာကျက်နေသူကို) မှာထားတယ်။ ဒါပေမယ့်ဗျာ ဘယ်လိုဖြစ်တယ်မသိဘူး ဖဲမဲ မဲနေကြတာ အဆောင်အဝင် တံခါးဝကနေ ‘ ဟေ့ ကောင်တွေ …. တစ်ကောင်မှ မပြေးနဲ့ ’ ဆိုတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ အသံကြားမှဘဲ ဝရုန်းသုံးကားနဲ့ အားလုံး ထွက်ပြေးဖို့ လုပ်တော့ ပြူတင်းပေါက်တွေဘက်မှာလည်း ဆရာမတွေနဲ့ ဆိုတော့ ပြာကုန်ပြီ။ ဒါနဲ့ အုပ်စုထဲကတစ်ယောက်က နောက်ဆုံးကြံရာမရဖြစ်ပြီး ‘ ဟေ့ ကောင်တွေ မျက်နှာကိုဘဲမှတ်မိတာ ဒါကိုတော့ မမှတ်မိနိုင်ဘူးကွ ‘ လို့ အော်ပြီး ဝတ်ထားတဲ့ ပုဆိုးကို အောက်ကနေ အပေါ်ဆွဲလှန်ပြီး မျက်နှာကိုအုပ်၊ နောက်ဆုံးလက်နက်ဖြစ်တဲ့ (P) နဲ့ ပြေးကြတာ အားလုံးလွတ်လာတော့တာဘဲ။ လာဖမ်းကြတာက ဆရာမတွေကြီးဘဲလေ။ ပြီးတော့ ကျောင်းမှာ ဆရာက နှစ်ယောက်ဘဲရှိတာ။
        ခေါင်းတွေခြောက်မှာစိုးလို့ ပေါ့ပေါ့ပါးပါး ကိုယ်တွေ့ ရယ်စရာလေး ပြန်ပြောပြတာပါ။ ပြန်ဆက်ရအောင် -
Technical Analysis (TA) အတွက် Indicators တွေနဲ့ Market တစ်ခုကို ဘာဖြစ်လာနိုင်မလဲလို့ ခန့်မှန်းရင် အပေါ်မှာပြောခဲ့တဲ့ Indicator တွေကို တစ်ခုထဲကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ ပြောချင်တာ အဓိကဘဲ။ ဖြစ်နိုင်ရင် Indicator (၅) မျိုးလုံးကို ကြည့်ပြီးမှ (၄ - ၅) ခုရဲ့ Signical က Buy ကိုပြနေပြီဆိုမှ Buy လုပ်ပြီး၊ (၄ - ၅) ခုရဲ့ Signical က Sell ကိုပြနေပြီဆိုမှ Sell လုပ်တာဟာ Market တစ်ခုအတွက် ၈၅% မှန်အောင် ခန့်မှန်းနိုင်မှာဘဲ။ ဒါတောင် ၁၅% ကျန်နေသေးတယ်နော်။
        မှတ်ထားဖို့က အသုံးများတဲ့ Indicator က (၅) ခုနော်။
        (၁)    SMA (Simple Moving Average)
        (၂)    RSI (Relative Strength Index)
        (၃)    Parabolic SAR (Stop And Reversal)
        (၄)    MACD ( Moving Average Convergence Divergence) နဲ့
        (၅)    SSO (Slow Stochastic Oscillator) တို့ကို Chart Diagram တွေနဲ့အတူ ဆက်ကြတာပေါ့။
       
CHART DIAGRAM ANALYSIS
        Chart Diagram တွေကို လေ့လာပြီး ဈေးကွက်တစ်ခုရဲ့ ဝယ်လိုအား၊ ရောင်းလိုအား တွေကို သိနိုင်သလို၊ ဈေးကွက်ရဲ့ ဦးတည်ရာကို ခန့်မှန်းရာမှာလည်း ဒီ Chart တွေကိုဘဲ အဓိကထားပြီး အသုံချကြရတယ်။ Chart ရဲ့ Pattern လေးတွေကို လေ့လာရာမှာ နည်းလမ်းတွေအများကြီး နဲ့ စနစ်တကျ လေ့လာနိုင် တော့ အသုံးများတဲ့ နည်းတွေကို ရှင်းပြသွားပါ့မယ်။
Symmetrical Triangle
        သူ့ရဲ့ သဘောက ဈေးကွက်တစ်ခုဟာ တောက်လျှောက် ထောင်တက်လာနေ ခဲ့ပြီ အမှတ်တစ်ခုကို ရောက်တဲ့အချိန်မှာ ဈေးဆက် ပြီးမတက် တော့ဘဲ ဘေးတိုက် ရွှေ့လျှားမှု စတင်လာမယ် ပြီးတော့ Symmetrical Triangle လို့ခေါ်တဲ့ ပုံစံ ဖြစ်လာ ခဲ့မယ် ဆိုရင် ဒီနေရာမှ ဈေးကွက်က ရုတ်တရက် ထိုးတက်သွားတာ၊ ထိုးဆင်းသွား တာတွေ ဖြစ်တတ်တယ်လို့ သိထားရမယ်။
အများအားဖြင့် ဈေးကွက်က တောက်လျှောက်တက် လာမယ် Symmetrical Triangle ပုံစံဖြစ်လာမယ် ဆိုရင် ဒီဈေး ကွက်က ထိုးတက်တော့မှာ မို့ အရှိန်ယူတဲ့သ ဘောကို ဆောင်တယ်။ ပုံကိုလေ့လာကြည့်ပါ။ ပုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာ ကာလက USD/BTC ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။


ဒီလိုဘဲ ဈေးကွက်ဟာ တောက်လျှောက် ကျလာမယ် ငြိမ်သွားမယ် Symmetrical Triangle ပုံစံဖြစ် လာမယ်ဆိုရင် ဒါ ရုတ်တရက် ထိုးဆင်းတော့မယ် အခြေနေဘဲ။ ပုံမှာ လေ့လာကြည့်ပါ။ မနေ့က USD/JPY ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။


ဒါပေမယ့် Symmetrical Triangle ပုံစံဖြစ်လာနေလို့ အခုလိုတော့ တရားသေ မမှတ်သင့်ဘူး။ ဘယ်လို ချင့်ချိန်မလဲ?  အရှေ့မှာ ပြောပြခဲ့တဲ့ Indicator တွေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချ တာကမှ အမှန်နဲ့ ပိုနီးစပ်နိုင်မယ်။
ဥပမာ - ဈေးကွက်တစ်ခုက တောက်လျှောက်တက်လာခဲ့ပြီး အမှတ်တစ် ခုမှာ ငြိမ်သွားမယ်၊ ဘေးကို Symmetrical Triangle ပုံစံနဲ့လည်း ရွေ့နေပြီ၊ ဒါဆိုရင် အောက်မှာပြထားတဲ့ Indicator တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချရမယ်။
-      SMA Indicator မှာ (20) days Line က (50) days Line ကိုလည်းဖြတ်ပြီး အပေါ်ကို တက်စပြုနေပြီ၊
-      RSI Indicator မှာ ကိုထိနေရာကနေ အပေါ်ကို ထောင်တဲ့ပုံကိုစနေပြီ၊
-      Parabolic SAR ရဲ့ အစက်လေးတွေကလည်း ရောက်နေတဲ့ ဈေးကွက်ရဲ့ အောက်နားမှာ ကပ်လာပြီး တစ်ချက် တစ်ချက် ပေါ်ဘက်ကို ပြောင်းနေပြီ၊
-      MACD Indicator မှာ အပြာရောင်လိုင်းနဲ့ အနီရောင်လိုင်းက ရဲ့အထက်မှာ ရှိ နေပြီး အပြာရောင်လိုင်းက အနီရောင်လိုင်းကို ဖြတ်ပြီး အပေါ်ကို ထောင်စ ပြုပြီ၊
-      Slow Stochastic Oscillator မှာ (20) နဲ့ (50) ကြားမှာ ရှိနေရာကနေ (50) နားကိုကပ်စပြုနေပြီ။
အခုရှင်းပြခဲ့တဲ့ ပုံစံအတိုင်း စစ်ဆေးပြီးရင်တော့ ဒါဟာသေချာပေါက် ဈေး ကွက် ထိုးတက်တော့မယ်ဆိုတာ သုံးသပ်လို့ ရနိုင်တယ်။ မျက်စိတွေလည်၊ ခေါင်းတွေ နောက်ကုန်ပြီလား။
အောက်ကပုံမှာ လက်တွေ့ စဉ်းစားကြည့် လိုက်ဦးဗျာ။ အခုလက်ရှိ USD/BTC ဈေးဘာဖြစ်လာမလဲလို့ Indicators ငါးမျိုးလုံး ထည့်ပေးထားတယ်။


အပေါ်ကြေးသမား နဲ့ အောက်ကြေးသမားများ (Bull and Bears)
        ကျွန်တော်က ဘောလုံးပွဲစကားနဲ့ ပြောတာပါ။ တစ်ကယ်တော့ Forex Market မှာ အုပ်စု နှစ်ခုရှိတယ်ဗျ။ ပထမအုပ်စုက Market ကို ဈေးတက်မယ်လို့ ယူဆတဲ့ အုပ်စု (သို့) Market ဈေးကို ဆွဲတင်တဲ့ အုပ်စု ဆိုပါတော့ (Bulls) လို့ သူတို့ကို ခေါ်တယ်။ ဒုတိယအုပ်စုကတော့ Market ဈေးကျမယ်လို့ ယူဆတဲ့ အုပ်စု (သို့) Market ဈေးကိုဆွဲချတဲ့ အုပ်စု သူတို့ကို (Bears) တွေလို့ ခေါ်မယ်။
        Market မှာ ဈေးတက်တော့မယ်ဆိုရင် Forex Trader သမားတွေက (Bullish) ဖြစ်တယ်လို့ ခေါ်ပြီး။ ဈေးကျတော့မယ်ဆိုရင်တော့ (Bearish) ဖြစ်တယ်လို့ သုံးနှုန်းကြတယ်။ ဒါဆို သူတို့ ကို ဘယ်လိုသိပြီး၊ ဘယ်နေရာမှာ ဘယ်လိုအသုံးချကြမလဲ။
        Indicator Tool တွေမှာ သူတို့ အတွက် ပါတယ်ဗျ။ သူများတော့ မသိဘူး။ ကျွန်တော်ကတော့ ဈေးကွက်မှာ တက်မလား/ကျမလား၊ ဘယ်အုပ်စုက အားသာနေလဲဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဲဒီ့ ကိုသုံးတယ်ဗျ။ ပုံမှာ Bull တွေကို အစိမ်းရောင်နဲ့ ပြထားပြီး၊ Bear တွေကို အဝါရောင်နဲ့ ပြထားပေးတယ်။


ဥပမာနဲ့ သွားရအောင်။ ဈေးကွက်တစ်ခုမှာ ဝယ်လိုအားအုပ်စု(Bulls)တွေက များနေပြီး ရောင်းလိုအားအုပ်စု(Bears)က နည်းနေတယ်ဆိုပါတော့။ ခင်ဗျားတို့ ဘာလုပ်မလဲ။ (Bulls) တွေနောက်လိုက်ပြီး ဝယ်မလား၊ (Bears)တွေနောက်လိုက်ပြီး (Sell position)ကို ယူမလား။ အပေါ်မှာ ရေးပြခဲ့တဲ့ Tools တွေနဲ့ ချိန်ရမှာပါ။ Market မှာ ဈေးတစ်ခုက အကြောင်းမရှိဘဲ တက်ချင်တိုင်း တက်လို့ မရဘူးဗျ။ Limit ရှိတယ်။ break ရှိတယ်။ Group မှာ အလံရှုးဆိုပြီး ပိုစ့်တစ်ခု တင်ပေးဘူးတယ်။ ဖတ်လိုက်ရတဲ့သူက သိမှာ။ Bull တွေက ဈေးကို တက်စေချင်တာကိုး။ လိုက်ဝယ်တယ်။ ဈေးကလိုက်တက်လာပြီ။ ၁၀၀ တန်ကို ၁၂၀ ပေးပြီးဝယ်တယ်။ ဈေးတက်ပြီ လိုက်ဝယ်ကြပြီ။ ဘယ်သူတွေလိုက်ဝယ်မယ်ထင်လဲ။ Trading လောကမှာ Professionals တွေနဲ့ ရိုးရိုးသာမန် အလယ်အလတ် တန်းသမား ဘယ်သူပိုများမလဲ အရင်တွေးကြည့်လိုက်။
        Bull တွေက သူတို့ ဝယ်ခဲ့တဲ့ Item တစ်ခုအတွက် ထိုက်သင့်တဲ့ အမြတ်လည်းရလာပြီ ဆိုတာနဲ့ ပြန်ချရောင်းတော့တာဘဲ။ အဲဒီ့မှာ Market ဆက်တက် လာနိုးနဲ့ ပြန်မရောင်းသေးဘဲ ဆက်ပြီးစောင့်နေတဲ့ အုပ်စုက ကျန်ခဲ့တယ်။ ဈေးက တော့ အလုံးအရင်းနဲ့ ရောင်းလို့ ခွေးကျ၊ ဝက်ကျ ကျပြီ။ ပိုက်ဘောမိတဲ့ အုပ်စုကတော့ နေနှင့်ဦးပေါ့ နောက်တစ်ခါ ပြန်တက်လာရင် ရောင်းမယ်ဆိုပြီး စောင့်နေကြမယ်။ Bulls တွေက သူတို့လက်ထဲမှာ သူတို့ကစားတဲ့ Market Item လက်ထဲမရှိတော့တဲ့အချိန်မှာ ပြန်ဝယ်ဖို့ စောင့်မယ်။ တန်ပြီထင်တာနဲ့ နဲနဲခြင်းစီ ပြန်ဝယ်မယ်။ ဒီလိုနဲ့ သံသရာ လည်ကြရာဝယ်ပေါ့။
        Bull အုပ်စုဘက်ကနေပြီး ရှင်းပြသွားတာပါ။ Bears တွေဘက်ကလည်း ဒီသဘောအတိုင်းဘဲ။ ပြောင်းပြန်ပြန်တွေး ကြည့်ပေါ့။
        ကိုယ်တွေက Bull တွေ Bear တွေ အသာထား ဝက်ဝံသားလည်းမစားနဲ့၊ ကျွဲသားလည်း မခါးနဲ့ ဆိုသလိုဘဲ Market တစ်ခုကို ကိုယ်ကBuy တဲ့အချိန် Buy ရင်၊ Sell တဲ့အချိန်မှာ Sell ရင် အမြတ်ရဖို့ အဓိကဘဲလေ။
        ဒီအဆင့်လောက်ဆိုရင် သာမာန်မီးကျိုး၊ မောင်းပျက် အဆင့်ထက်သာတဲ့ ရိုက်ဖယ်လောက်အဆင့် လက်နက်တွေ ရပြီဆိုတော့ Forex Trading စစ်ပွဲကို နဲနဲတော့ ဝင်တိုက်လို့ ရပြီထင်ပါတယ်။
        သတိတော့ ပေးလိုက်မယ်နော် …. ကျွန်တော်ရေးထားတာတွေကို ဖတ်ပြီး Forex Trade ကိုဝင်ကြတဲ့သူတွေ လူဦးရေ (၁၀၀) မှာ (၁၀၀) လုံး အရှုံးနဲ့ တွေ့ကြမှာဆိုတာ မမေ့နဲ့။ မနောက်ဘူး တစ်ကယ်ပြောတာ။ အရှုံးက နည်းပြီး အမြတ်များရင် အောင်မြင်တာဘဲ။ ကိုယ်ဘယ်လောက်အထိ အရှုံးခံနိုင်မလဲဆိုတာ ကို အရင်စဉ်းစား ပြီးမှ တိုက်ပွဲဝင်သင့်တယ်။ အခုတော့ ဒီလောက်ဘဲဗျာ။ ခင်ဗျားတို့အတွက် အဆင်ပြေ တယ်ဆိုရင် ထပ်ရေးပေးပါ့မယ်။

မှတ်ချက်     -       ကျွန်တော်ရေးထားသော Forex Trading For Beginner အတွက် မည်သူမဆို ကူးယူခြင်း၊ အသုံးချခြင်း၊ ထပ်ဆင့်ပွားခြင်း နှင့် မိမိသဘောဆနအတိုင်း လုပ်ချင်သလိုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ရေးသူ                        -       တကူ့ညေ (wuhlan)
                                (မြန်မာဖောင့် မပြောင်းမိဘဲ အင်္ဂလိုစာရိုက်မိတဲ့ ကျွန်တော့နာမည်။)

အကိုးအကား        -       ရှာလို့တွေ့သမျှ အားလုံးနှင့် ကျွန်တော့ Trade ပုံမှ။

No comments:

Post a Comment