ဒီတစ်ပတ်
ပိုစ့်ရဲ့ အဖွင့်ကတော့ Pip ဗျ။ ဒီ Pip အပေါ်မှာ Lot တွေ တပ်တော့ နဂိုက မှ
ရှုပ်နေကြတာ ပိုရှင်းမရတော့ဘူးဖြစ်ကုန်ရော။
ဒီလိုမှတ်ကြည့်ရအောင်….
1
BTC = 400 USD ဈေးနဲ့ ဝယ်
1
BTC = 420 USD ဈေးမှာပြန်ရောင်း
ဘယ်လောက်မြတ်မလဲ
ဖြေကြည့်။
20
USD မြတ်တယ်လေလို့ ဖြေရင် အဲဒီ့လူ ငတုံး ဘဲ။
နဲနဲစဉ်းစား
…… ကော်မရှင်ခဆိုတာလေ။ ပေါက်ဈေးက ၄၂၀ ဒါပေမယ့် ကိုယ် က ရောင်းလို့ ၄၁၈
လောက်ဘဲရမယ်လေ။ တစ်ချို့ Exchange တွေက ၀.၂% ကော်မရှင်ပါ ယူသေးတယ်။ ကဲ အခုရလာတဲ့
၄၁၈ ကို ကိုယ့်လက်ထဲရောက်အောင် ထုတ်ကြည့်ရအောင်။
418
USD ရတယ်လေလို့ဖြေရင် အဲဒီ့လူ သုံးမရတော့ဘူး။
ငွေလွှဲခ
ဆိုတာရှိသေးတယ်လေ။ ထရန်စစ်ရှင်းဖီးဆိုလား ဘာလား။ နောက် ဆုံး လက်ထဲရောက်လာမှာ ၄၁၅
လောက်ရရင်ကံကောင်း။
နဲနဲထပ်စဉ်းစား
….. ၄၀၀ တန်ကိုဝယ်ဖို့ ငွေပို့တော့ ကိုယ်က ၄၀၀ အတိ ပို့ လိုက်ရ လားဆိုတာ။ ဟဲ..ဟဲ..
ထရန်စစ်ရှင်းဖီးဆိုလား ဘာလား ပေးရသေးတယ် နော့်။ ၄၀၅ လောက်တော့ ချောသွားမယ်။
နောက်ပြီး ဖုန်းတွေကို ပိုပိုပွတ်လို့ အမ်ပီ တီပါထဲ့တွက် ပေါ့။
သူဌေးတွေက နားမလည်ကြဘူး
တကယ်တော့ ….. MT 4 သမားများဟာ ….. ဆင်းရဲသားတွေပါ ……။
လခစားသမားတစ်ယောက်။
လကုန်ခါနီး ပိုက်ဆံပြတ်လို့။ ၁၀ တန် ပစ္စည်းကို လပေးနဲ့ဝယ်တဲ့ အဖြစ်ကို …’’ သူဌေးတစ်ယောက်၊ သူ့နားပေါက်အောင်၊
ဘယ်မောင် လာရှင်းပြနိုင်မလဲ “….. ဆိုသလိုပေါ့။
၄၀၀
တန်ပစ္စည်း တစ်ခုကို ဈေးတော့
တက်လာလိမ့်မယ်မှန်းပြီး ဝယ်ထားချင် တော့ ကိုယ့်မှာက ၄၀၀ ကမရှိ၊ ရှိတာက ၄ ကျပ်။
၎
ကျပ်ဖိုးနဲ့ဘဲ ရသလောက်လေးဝယ်ဖို့ကလည်း အားမရ။ တစ်ခုလုံးဘဲ လို ချင်။ သြော် …
လောဘ…လောဘ…။ ဘယ်လိုလုပ်မလဲ။
လ ပေး
ရောင်းတဲ့သူဆီ ပြေးရတာပေါ့။ အဲဒါ ….. အဲဒါ …. အဲဒါ…. ဘဝသံသ ရာ။ ဟာ… ရှုပ်ကုန်ပြီ သီချင်းဘက်ရောက်သွားလို့။
အဲဒါ ဘရုတ်ကာ တဲ့။ သူ့အိမ်က အမ်တီဖိုး ရပ်ကွက်မှာ။
ဘရုတ်ကာဆီရောက်တော့
သူကမေးတယ်။ ကဲ … ဘာလုပ်မှာလည်းပြော တဲ့။
မိမိ - ၄၀၀
တန် လိုချင်တယ်။ ၄ ကျပ်ဘဲရှိတယ်။
ဘရုတ်ကာ - အင်း..
ရတယ်လေ။ ဘာလုပ်ဖို့လည်း။
မိမိ - ဈေးတက်လာမှာ
မို့လို့။
ဘရုတ်ကာ - ဘယ်အထိတက်မှာမို့လဲ။
မိမိ - ၄၂၀
ဘရုတ်ကာ - အင်း..ရတယ်လေ။
ပေး ၄ ကျပ်။ ၄၂၀ ဈေး ရောက်လာ ရင် အမြတ်လာယူ။ ၃၈၀ ဈေးရောက်သွားရင်တော့
ပြန်မလာနဲ့တော့။ ရော့။
ဆိုပြီး
စာရင်းစာရွက်လေး တစ်ရွက် ပေးလိုက်တယ်။
သိပ်မကြာဘူး
၄၁၅ လောက်ရောက်လာတော့ မနေနိုင်တော့ဘူး ဘရုတ်ကာ ဆီသွားပြီး သူပေးထားတဲ့
စာရွက်လေးသွားပြန်ပေးတော့
ဘရုတ်ကာ - ကဲ….ဆို…ဘာလုပ်မလဲ
မိမိ - ၄၂၀
အထိမစောင့်တော့ဘူး ဗျာ အခုဈေး ၄၁၅ နဲ့ဘဲပြန် ရောင်းလိုက်တော့မယ်။
ဘရုတ်ကာ - ရတယ်လေ။
ရော့ ဒါကမင်းအရင်း ၄ ကျပ်။ ရော့ ဒါက အမြတ် ၈ ကျပ်။
မိမိ - ဟင်…
ကျုပ်မြတ်တာ ၁၅ ကျပ်မဟုတ်ဘူးလား။
ဘရုတ်ကာ - ဘယ်ရမလဲကွ… မင်းကပြန်ရောင်းတော့ ၄၁၂ ဈေးဘဲ
ရမှာပေါ့။ နောက်ပြီး မင်း လိုတဲ့ပိုက်ဆံကို ငါကစိုက်ထားပေးထားတာအတွက် ကျန် တာ
ငါ့အတိုးလေ။ ဒါတောင် မင်းကိုသနားလို့ အမ်ပီတီနဲ့ ထဲ့မပွတ်ထားဘူးကွ။ တဲ့
အဲဒါဘဲ။
သူဌေးတွေ နားလည်ပါ့မလား။
ဇာတ်ပေါင်းတော့ -
လခစားသမားက - အကောင့်ပိုင်ရှင်လေးတွေ
ပေါ့
ဘရုတ်ကာကြီးက - Trading
Platform တွေလေ။
ရပ်ကွက်က - MT4 ဆိုတာဘဲ။
၄၀၀
တန်ကို ၄ ကျပ်နဲ့ ယူတာ ၁ အချိုး ၁၀၀ အဆ နဲ့ Leverage လို့ မှတ်။ ပုံပြင်လေးကတော့ ဒါပါဘဲဗျာ။
ဘာဘဲပြောပြော ကျွန်တော်တို့ အမ်တီဖိုး သမား
ဆင်းရဲသားတွေက ပျော်ပါ တယ်။ ၄၀၀ ရှိမှ သာ ရနိုင်မယ့် အမြတ်တစ်ခုကို ကျေးဇူးရှင် ဘရုတ်ကာကြီးကြောင့်
၎ ကျပ်နဲ့ လုပ်နိုင်တော့ အတိုးလေးပေးပြီး ပျော်ပျော်ကြီး ဆက်လုပ်နေရဦးမှာ။
ဒီတစ်ပတ်ထဲမှာ (24~25 . 01 . 2016)
BTCUSD ကို MT4 Platform ပေါ်မှာ Trade လုပ်ဖို့
အတွက်
btc-e မှာ Leverage 1:3
Open order Rate - 375 ~ 380
Position - Buy
Position
Stop Loss - 325 ~ 335
Take Profit - 425 ~ 430 (or) more
Simplefx မှာ Leverage 1:100
Open order Rate - 370 ~ 380
Position - Buy
Position
Stop Loss - 315 ~ 325
Take Profit - 400 ~ 410 (or) more
No comments:
Post a Comment