Thursday, January 7, 2016

Chart Diagram နဲ့ Indicators များကို တွဲဖက်ခြင်း

CHART DIAGRAM ANALYSIS
        နှစ်အစမှာ ကျွန်တော် Forex Trading အကြောင်းကို Techanical Analysis နဲ့ စပြီး ရှင်းပြခဲ့တယ်။ တစ်ခါထဲရေးပြီးမှ အားလုံးကို တင်လိုပေမယ့် ပိုစ့်လေးရေး လိုက် ကိုယ့်အလုပ်လေး ကိုယ်လုပ်လိုက်နဲ့ကြောင့်က တစ်ကြောင်း၊ တစ်ချို့ အချက်အလက်တွေကို ရေးတဲ့နေရာမှာ မူလအဓိပာယ်နဲ့ လွဲပြီး နားလည်မှုလွဲသွား မှာကို မလိုလားတာကြောင့် ဖတ်စရာရှိတာလေး ရှာဖတ်ရတာ တစ်ကြောင်းကြောင့် ဖတ်ရတဲ့သူတွေ အားမလို အားမရ ဖြစ်ကြတယ်ဆိုရင် နားလည်ပေးဖို့ ပြောလိုပါ တယ်။
                Chart Diagram တွေကို လေ့လာပြီး ဈေးကွက်တစ်ခုရဲ့ ဝယ်လိုအား၊ ရောင်းလိုအား တွေကို သိနိုင်သလို၊ ဈေးကွက်ရဲ့ ဦးတည်ရာကို ခန့်မှန်းရာမှာလည်း ဒီ Chart တွေကိုဘဲ အဓိကထားပြီး အသုံချကြရတယ်။ Chart ရဲ့ Pattern လေးတွေကို လေ့လာရာမှာ နည်းလမ်းတွေအများကြီး နဲ့ စနစ်တကျ လေ့လာနိုင် တော့ အသုံးများတဲ့ နည်းတွေကို ရှင်းပြသွားပါ့မယ်။
Symmetrical Triangle
        သူ့ရဲ့ သဘောက ဈေးကွက်တစ်ခုဟာ တောက်လျှောက် ထောင်တက်လာနေ ခဲ့ပြီ အမှတ်တစ်ခုကို ရောက်တဲ့အချိန်မှာ ဈေးဆက် ပြီးမတက် တော့ဘဲ ဘေးတိုက် ရွှေ့လျှားမှု စတင်လာမယ် ပြီးတော့ Symmetrical Triangle လို့ခေါ်တဲ့ ပုံစံ ဖြစ်လာ ခဲ့မယ် ဆိုရင် ဒီနေရာမှ ဈေးကွက်က ရုတ်တရက် ထိုးတက်သွားတာ၊ ထိုးဆင်းသွား တာတွေ ဖြစ်တတ်တယ်လို့ သိထားရမယ်။
အများအားဖြင့် ဈေးကွက်က တောက်လျှောက်တက် လာမယ် Symmetrical Triangle ပုံစံဖြစ်လာမယ် ဆိုရင် ဒီဈေး ကွက်က ထိုးတက်တော့မှာ မို့ အရှိန်ယူတဲ့သ ဘောကို ဆောင်တယ်။ ပုံကိုလေ့လာကြည့်ပါ။ ပုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာ ကာလက USD/BTC ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။


ဒီလိုဘဲ ဈေးကွက်ဟာ တောက်လျှောက် ကျလာမယ် ငြိမ်သွားမယ် Symmetrical Triangle ပုံစံဖြစ် လာမယ်ဆိုရင် ဒါ ရုတ်တရက် ထိုးဆင်းတော့မယ် အခြေနေဘဲ။ ပုံမှာ လေ့လာကြည့်ပါ။ မနေ့က USD/JPY ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။



ဒါပေမယ့် Symmetrical Triangle ပုံစံဖြစ်လာနေလို့ အခုလိုတော့ တရားသေ မမှတ်သင့်ဘူး။ ဘယ်လို ချင့်ချိန်မလဲ?  အရှေ့မှာ ပြောပြခဲ့တဲ့ Indicators တွေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချ တာကမှ အမှန်နဲ့ ပိုနီးစပ်နိုင်မယ်။
ဥပမာ - ဈေးကွက်တစ်ခုက တောက်လျှောက်တက်လာခဲ့ပြီး အမှတ်တစ် ခုမှာ ငြိမ်သွားမယ်၊ ဘေးကို Symmetrical Triangle ပုံစံနဲ့လည်း ရွေ့နေပြီ၊ ဒါဆိုရင် အောက်မှာပြထားတဲ့ Indicator တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချရမယ်။
-      SMA Indicator မှာ (20) days Line က (50) days Line ကိုလည်းဖြတ်ပြီး အပေါ်ကို တက်စပြုနေပြီ၊
-      RSI Indicator မှာ 30 ကိုထိနေရာကနေ အပေါ်ကို ထောင်တဲ့ပုံကိုစနေပြီ၊
-      Parabolic SAR ရဲ့ အစက်လေးတွေကလည်း ရောက်နေတဲ့ ဈေးကွက်ရဲ့ အောက်နားမှာ ကပ်လာပြီး တစ်ချက် တစ်ချက် ပေါ်ဘက်ကို ပြောင်းနေပြီ၊
-      MACD Indicator မှာ အပြာရောင်လိုင်းနဲ့ အနီရောင်လိုင်းက (0) ရဲ့အထက်မှာ ရှိ နေပြီး အပြာရောင်လိုင်းက အနီရောင်လိုင်းကို ဖြတ်ပြီး အပေါ်ကို ထောင်စ ပြုပြီ၊
-      Slow Stochastic Oscillator မှာ (20) နဲ့ (50) ကြားမှာ ရှိနေရာကနေ (50) နားကိုကပ်စပြုနေပြီ။
အခုရှင်းပြခဲ့တဲ့ ပုံစံအတိုင်း စစ်ဆေးပြီးရင်တော့ ဒါဟာသေချာပေါက် ဈေး ကွက် ထိုးတက်တော့မယ်ဆိုတာ သုံးသပ်လို့ ရနိုင်တယ်။ မျက်စိတွေလည်၊ ခေါင်းတွေ နောက်ကုန်ပြီလား။
အောက်ကပုံမှာ လက်တွေ့ စဉ်းစားကြည့် လိုက်ဦးဗျာ။ အခုလက်ရှိ USD/BTC ဈေးဘာဖြစ်လာမလဲလို့ Indicators ငါးမျိုးလုံး ထည့်ပေးထားတယ်။


         ဆက်ပြီး ရှင်းပြမယ့် အကြောင်းအရာတွေကို မစခင်မှာ ဒီ Forex Trading လုပ်ငန်းကို လုပ် ကိုင်ကြမယ့် သူတွေ သတိထားရမယ့်၊ သိထားရမယ့် အရေးကြီးတဲ့ အချက်အချို့ကို ထပ်ပြီး ပြောပြလိုပါတယ်။
        Forex Trading အလုပ်ဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု မဟုတ်သလို၊ လောင်းကစား လုပ်ငန်းလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်က ဘာမှမလုပ်ရဘဲ ကွန်ပျူတာအရှေ့မှာ ထိုင် နေယုံနဲ့ ပိုက်ဆံတွေ အလိုလိုရလာမယ့် လုပ်ငန်းလည်း မဟုတ်ပါဘူး။ ကျွန်တော့် အယူအဆနော်။ Forex Trading အလုပ်ကို လုပ်တယ်ဆို တာ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုကို သင်ယူပြီး ကိုယ်တိုင် လုပ်ကိုင်ရ တဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ Forex Trading နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင် ဟာ Institute တစ်ခုလို့ယူဆရင် Trading ပညာရပ်ကို သင်ယူတတ်မြောက်လာတာဟာ Forex Degree တွေ Forex Bachalor တွေကို ရယူပြီး အဲဒီ့ ပညာရပ်နဲ့ စီးပွားရှာ လုပ်ကိုင်တာဘဲ။
        နောက်တစ်ခု…. ဘွဲ့ရသူတိုင်းလည်း အောင်မြင်တဲ့ သူဖြစ်မလာသလို၊ Forex Trading ကို လေ့ လာသူတိုင်းလည်း Trade လုပ်ပြီး ချမ်းသာလာမှာ မဟုတ်ပါဘူး။ အောင်မြင်ချင်ရင် ဘယ်လိုပတ်ဝန်းကျင်မှာဘဲ ဖြစ်ဖြစ် အမြဲတန်း သင်ယူပြီး၊ အမြဲ တန်းလေ့လာပြီး၊ ဦးတည်ချက်တစ်ခုထဲကို စိုက်လိုက်မတ်တက် လုပ်နိုင်မှ အောင် မြင်တဲ့သူ တစ်ယောက် ဖြစ်လာမှာပါ။
        ကျွန်တော့ လုပ်ငန်းနယ်ပယ် (Civil Engineer) မှာ ကျောင်းဆင်းကာစ အင် ဂျင်နီယာ လေးတွေ တစ်ချို့ဆိုရင် စာတော်လို့၊ မိဘက အင်ဂျင်နီယာ ဖြစ်စေချင်လို့၊ အင်ဂျင်နီယာတွေ သာ ဖြစ်လာကြတယ်။ တစ်ကယ့် လုပ်ငန်းခွင်ထဲလည်း ရောက် ရော သူတို့ထင်ထား တဲ့ အင်ဂျင်နီယာဘဝနဲ့ တစ်ခြားစီဖြစ်တော့ သူတက်လာတဲ့ ပညာရပ်နယ်ပယ်ကနေ မအောင်မြင်ဘဲ ထွက်ခွာသွားကြရတယ်။ တစ်ချို့က အင်ဂျင်နီယာဆိုရင် ကြော့ကြော့လေးနေ၊ အခန့်သားထိုင်ပြီး လက်ညှိုးထိုးခိုင်းတဲ့ သူတွေလို့ ထင်တာ၊ အထင်နဲ့ ကွာတော့ သွားကြတာပေါ့။ သင်လို့ မတတ်တာ မဟုတ်ဘူး။ တတ်အောင် မသင်ချင်တာ။
        ဒါကြောင့် Forex Trading ဆိုတဲ့ လုပ်ငန်းကို လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ရင်၊ အဲဒီ့လုပ်ငန်းနဲ့ မိသားစုဝင်ငွေ ကို ကောင်းကောင်းရှာနိုင်သလို၊ ဆုံးရှုံးလာမယ့် ထွက်ငွေလည်း ရှိတယ်ဆိုတာ သိထားရမယ်။ အဓိကကျတာက အရှုံးနည်းပြီး အမြတ်များအောင် လုပ်နိုင်ဖို့ဘဲ။ စိတ်ရှည်ရမယ်၊ များများလေ့လာနိုင်ရမယ်၊ ဆုံးဖြတ်ရဲရမယ်။
        ကဲ…. ရေးရင်းနဲ့ ခေါင်းခြောက်လာပြီဗျ။ ကွမ်းယာလေး ထွက် ဝါးဦးမယ်ဗျာ။ နောက်ပိုစ့်မှဘဲ အပေါ်ကြေးသမားတွေ နဲ့ အောက်ကြေးသမားတွေ အကြောင်း ဆက်ရှင်းတော့မယ်။ (ဘောလုံးပွဲ စကားနဲ့ ပြောတာပါ)။ Forex အခေါ်နဲ့တော့ Bulls နဲ့ Bears တွေအကြောင်းပေါ့။

Cloud Mining ကြော်ငြာကဏ္ဍ -
BTC Mining လုပ်ဖို့ စိတ်ချရတဲ့ Site တွေကို ညွှန် ပေးပါလို့ ပြောကြတယ်။ Mining လုပ်ငန်းက ရည်ရှည် ရင်းနှီးမြှုပ်နှံရတဲ့ လုပ်ငန်းတစ်ခုပါ။ စပြီးရင်း နှီးမြှုပ်နှံမှုလုပ်လိုက်တာနဲ့ အနည်းဆုံး (၃) နှစ်ဘဲ။ တစ်ချို့ က (၅) နှစ်။ နောက်ပိုင်းမှာ (၁၅) နှစ်နဲ့ Life Time ဆိုပြီးတော့တောင် ထွက်လာသေးတယ်။ အမှန်တကယ်စိတ်ချရပါတယ်လို့ ယူဆလို့ရတဲ့ Site တွေက ပြန်ရတဲ့ ပမာဏနည်းတယ်။ အနည်းဆုံး မိမိရင်းနှီးငွေက (၁) နှစ်လောက်နေမှ ကြေပြီး ကျန်တဲ့သက်တန်းကမှ အမြတ်ရမယ်။ တစ်ချို့ Site တွေကတော့ မိမိရဲ့ ရင်းနှီးမတည်ငွေ (၃) (၄) လလောက်နဲ့ ပြန်ရပြီး ကျန်တဲ့သက်တန်းက အမြတ်ပေါ့။
နေ့မြင်၊ ညပျောက် Online လောကကြီးမှာ စိတ်ချရတာ ဘာရှိနိုင်မှာလဲ။ စိတ်မချရ ဆုံးတွေထဲကမှ စိတ်ချရတဲ့ Site ကို ရွေးကြရတာဘဲ။ ကျွန်တော်ကို မေး ကြတယ်။ ဒီဘလော့ စာမျက်နှာမှာ ကြော်ငြာထားတဲ့ Hashocean က ကျွန်တော်ထောင်ထားတာ လားတဲ့။ မဟုတ်ဘူးပါဘူး။ ကျွန်တော်ကိုယ်တိုင် အဲဒီ့ မှာ Cloud Mine တူးနေတာ။ (၃) (၄) လအတွင်းမှာ ကိုယ့်အရင်းပြန်ရတာရယ် (High ROI)၊ Site က အခုချိန်အထိ Stable ဖြစ်တာရယ်၊ ကျွန်တော်ကိုယ်တိုင် (၁) နှစ်နီးပါးလောက် လုပ်လာတာရယ်ကြောင့် ကျွန်တော်စိတ်တိုင်းကျတာနဲ့ တင်ပေး ထားတာ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် Mining လုပ်တယ်။ ဒီမှာမဟုတ်ဘူး။ မဲဆောက်မှာ။ Site တော့မထောင်ဘူး။ မဲဆောက်မှာ အင်တာနက်ခက စိတ်ကြိုက် သုံး တစ်လမှ (၆၀၀) ဘတ်။ မီးမပျက်ဘူး။ ကျွန်တော်တို့ တိုင်းပြည်နဲ့ ယှဉ်ကြည့်။
ကျွန်တော်တင်ပေးထားတဲ့ ပိုစ့်တွေကို သတိထားဖတ်ကြည့် မြန်မာပြည်ကနေ လုပ်လို့ရတဲ့ အကြောင်းအရာတွေကိုဘဲ တင်ထားတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ပြည်တွင်းကလူတွေ အတွက် Mining ကိုစိတ်ဝင်စားရင် Cloud Mining က အသင့်တော်ဆုံးဘဲ။ အင်တာနက် နဲ့ လျှပ်စစ်မီး ကိစကိုဘဲ စဉ်းစားကြည့်လိုက်။ စိတ်သာချ ဒီနိုင်ငံမှာ အင်တာနက်နဲ့ လျှပ်စစ်မီး ကောင်းရင် ကိုယ်တိုင် လုပ်ချင်တဲ့သူတွေအတွက် အကူအညီတောင်းရင် ကျွန်တော်ကိုယ်တိုင် ပစ္စည်းတွေ မှာပေးမယ်။
နောက်တစ်ခုက Site (၃) (၄) ခုလောက်လုပ်ချင်ကြတာ။ တစ် Site သွားရင် တစ် Site ကျန်နေမယ်ဆိုတဲ့အတွေး။ မမှားပါဘူး ဒါပေမယ့် မှန်တယ်လို့လဲ မပြောနိုင်ဘူး။ Cloud Mining လုပ်ငန်းက နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းရတဲ့ အမျိုးအစားထဲမှာ မပါဘူး။ အချိန်အများကြီး ပေးရမယ်။
အဲဒီ့တော့ …. ကျွန်တော် Cloud Mining လုပ်နေတဲ့ Site တွေကို အရင်က ပိုစ်တွေမှာ ပြောပြခဲ့ပြီးပြီ။ ထပ်ပြောပြပေးပါ့မယ်။ Referal Link နဲ့ မဝင်ချင်ရင် လိပ်စာကို တိုက်ရိုက် ရေးပြီး ဝင်နိုင်ပါတယ်။
(၁)    ဘလော့မှာ ကြေငြာထားတဲ့ Hash Ocean
သူက (၃) (၄) လအတွင်း အရင်းကြေတယ်။ သက်တမ်း (၅) နှစ်။ ကျွန်တော့ ရင်းနှီးမြှုပ်နှံမှုရဲ့ ၇၀% က အဲဒီ့ဆိုဒ်မှာ။ မြန်မာငွေနဲ့ တွက်ပြရရင် (၁၅၀၀၀၀) လောက် ရင်းထားရင် နေ့စဉ် (၁၃၀၀) (၁၄၀၀) လောက် (၅) နှစ် ပုံမှန်ရနေမယ်။
(၂)    Zeushash
သူက (၁) နှစ်ကျော်မှ အရင်းကြေတယ်။ သက်တမ်းက Life Time။ ကျွန်တော့ ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၀% က အဲဒီ့ဆိုဒ်မှာ။ 1 GH/s ကို တစ်နေ့ (0.00000200 btc) လောက်ပြန်ရမယ်။ 
(၃)    e-obot
သူက (၁) နှစ်လောက်နေမှ အရင်းကြေမယ်၊ သက်တမ်းက (၅) နှစ်။ လုပ်လက်စမို့လို့ ဆက်လုပ်နေတာ။
(၄)    CLD mining
သူကလည်း (၃) (၄) လအတွင်း အရင်းကြေတယ်။ သက်တမ်း (၅) နှစ်။ လုပ်လက်စမို့လို့ ဆက်လုပ်နေတာ။ ဘယ်တော့ လစ်သွားမလဲဘဲ ထုတ်ရင်း စောင့်ကြည့်နေတယ်။
(၅)    My hash case
သူကလည်း (၃) (၄) လအတွင်း အရင်းကြေတယ်။ သက်တမ်း (၅) နှစ်။ လုပ်လက်စမို့လို့ ဆက်လုပ်နေတာ။ ဘယ်တော့ လစ်သွားမလဲဘဲ ထုတ်ရင်း စောင့်ကြည့်နေတယ်။
(၆)    Cryptominerlife.com
သူက ကျွန်တော်တို့ တိုင်းပြည်က အသစ်။ ပြည်တွင်းကို အပြီးရွှေ့လာရင် အဲဒီ့ ဆိုဒ်မှာဘဲ လုပ်တော့မယ်။
        ယိုးဒယားက ထောင်တဲ့ ဆိုဒ်အသစ်တစ်ခုတော့ရှိတယ်။ စိတ်ဝင်စားရင်တော့ ချကြည့်။ (၁၅) GH/s ဘောနပ်တော့ ရမယ်။ လင့်က hash ocean အောက်ကပါဘဲ။ Referal link နဲ့မဝင်လိုရင် ဆိုဒ်အမည်ကိုဘဲ ရိုက်ပြီးဝင်နိုင်ပါတယ်။

No comments:

Post a Comment