Monday, January 25, 2016

S/L ကိုဘာလို့ထားပြီး၊ T/Pကိုပဲဘာလို့မယူတာလဲပေါ့

ဒ်ီနေ့ အတွက် အမေးအဖြေ။


 ဒီပိုစ့်ကို ရေးနေတဲ့အချိန်အထိတော့ BTCUSD ဈေးက ၃၉၅ နဲ့ ၄၀၀ နားမှာ တဝဲလည်လည် ပေါ့။ ညက CB မှာ မေးလာတဲ့မေးခွန်းအတွက် တစ်ခြားသူတွေ လည်း သူ့လို သိချင်မှာဘဲလို့ထင်လို့ ဒီဘလော့မှာ ဖြေပေးလိုက်ပါတယ်။
(၁) ပထမမေးခွန်းအတွက်ကတော့ မျက်စိပွင့်လို့သာ ကျွန်တော့ စာတွေဖတ် နိုင်တာပေါ့။ နည်းနည်းဘဲပွင့်တယ်ဆိုတာတော့ ဖတ်ရင်းနဲ့ အိမ်များငိုက်နေသလား ဘဲ။ နောက်တာပါ။
ကျွန်တော်ရေးပေးထားတာတွေကိုဘဲ ဖတ်ပြီး ကျေနပ်မနေပါနဲ့။ Facebook မှာ သူများတွေ ရေးပြထားတာတွေလည်းဖတ်၊ Trading Platform တွေကနေ ပေး တဲ့ Ebook တွေကိုလည်း လေ့လာ၊ ကိုယ်ပိုင် လမ်းလည်း ဖောက်ပြီး လျှောက်သင့် ပါတယ်။ Trading အတွက် နည်းစနစ်တွေအားလုံးဟာ၊ အယူအဆတွေအားလုံးဟာ ဒီဈေး ကွက်ကိုဘဲ အခြေခံပြီးမှ တွေ့ရှိလာတာတွေကို လက်တွေ့မှာ ပြန်အသုံးချကြ တာပါ။ အဲဒီလို ပြန်အသုံးချတဲ့နေရာမှာ အနီးစပ်ဆုံးခန့်မှန်းနိုင်တဲ့ တွေ့ရှိချက်တွေက အသုံးများပြီး နာမည်ကြီးလာတာဘဲပေါ့။ မောင်ဖြူဆိုတဲ့ လူတစ်ယောက်က သူတွေ့ ထားတဲ့နည်းလမ်းဟာ အမြဲနီးစပ်တယ်ဆိုပါစို့။ ဒါဆို Mg Phyu Indicator ဆိုပြီး အများသုံးလာကြမှာပေါ့။
(၂) ဒုတိယမေးခွန်းအတွက် ကတော့ အမြှီးကို စဆွဲမိပြီဆိုရင်တော့ ဆွဲပြီးပြေး ပေတော့ဘဲဗျို့။ ဘာလို့လည်း။ ပြန်လွှတ်လိုက်တာနဲ့ အကိုက်ခံရဖို့က ၉၀% ဘဲ။
Trade တစ်ခုကို စဖွင့်မိပြီဆိုရင်တော့ မျက်နှာလွှဲထားဖို့မသင့်ပါဘူးလို့ ပြော ချင်တာပါ။ ဈေးကွက်တစ်ခုဟာ အချိန်နဲ့အမျှ ပြောင်းလဲနေနိုင်တယ်လေ။ မျက်ခြေမ ပျက်ကြည့်နေခြင်းကြောင့် ကိုယ့် Position ကို လိုသလိုပြောင်းလဲလို့ ရတာပေါ့။ နောက်တစ်ခုက Trade အလုပ်ဟာ ထီထိုးသလို ပေါက်ချင်ပေါက်၊ မပေါက်ရင်နေ ဆိုပြီး လုပ်လို့ရတဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။ အဲဒီလိုယူဆပြီး လုပ်မယ်ဆိုရင် ရနိုင်ပေမယ့် အဲဒီလိုလုပ်တဲ့သူဟာ အောင်မြင်တဲ့ Trader တစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ် ဘူးဆိုတာ သိထားသင့်ပါတယ်။
(၃) တတိယမေးခွန်းအတွက်ကတော့ Stop Loss နဲ့ Take Profit ကို ချိန်တဲ့ နေရာမှာ မိမိရဲ့ သဘော အတိုင်း ချိန်နိုင်အောင် Broker တွေကလုပ်ထားပေးတယ်။ ချိန်လည်းရသလို မချိန်လည်းရတာဘဲ။ ဒါတွေကို မချိန်ဘဲ လုပ်ထားတာဟာ အပေါ် မှာပြောခဲ့သလို ထီထိုးထားတာနဲ့ တူသွားပြီလေ။ Trader တစ်ယောက်လို့ ပြောလို့မ ရတော့ဘူး။
ဥပမာဗျာ အခုအချိန် ရေနံဈေးကိုဘဲကြည့်ရအောင်။ အများစုက ရေနံဈေးကို ပြန်တက်လာမှာဘဲလို့ မျှော်လင့်ပြီး Buy Position ကိုယူထားတယ်ဆိုပါတော့။ အခု ထိကို ကျမလာနိုင်ဘူးဖြစ်နေပြီ။ ကိုယ်က Stop Loss ကိုမချိန်ထားလို့ Position က အရှုံးနဲ့ဘဲ ဆက်ရှိနေမှာ။ ဒါဆိုဘာလုပ်မလဲ။ အမြတ်ရလာမယ့်အထိ ဆက်စောင့် သင့်သလား။ Trading Platform မှာ Open Position တစ်ခုဟာ (၆) လထက်ပိုပြီး ဖွင့်ထားခွင့် မပေးထားဘူးဗျ။ နောက်ပြီး Rollover Fee လို့ခေါ်တယ် အဲဒီ့ Fee က အချိန်ကြာလာတာနဲ့အမျှ တက်လာနေမှာ။ တစ်ချို့ Platform တွေက rollover fee ကို တစ်နေ့ထဲအတွက်တော့ မရှိပေမယ့် (၁)ပတ်ကျော်လာတာနဲ့ စကောက်တော့ တာဘဲ။ Trader တစ်ယောက်က အရှုံးနဲ့ ဈေးကွက်ကို ပိတ်ရမှာ မကြောက်ရဘူးဗျ။ အရှုံးနဲ့ပိတ်လိုက်ရတဲ့ အကြိမ်အရေအတွက်ထက် အမြတ်နဲ့ပိတ်ရတဲ့ အကြိမ်အရေ အတွက်က ပိုများဖို့သာ အဓိကဘဲ။
နောက်ထပ်ဥပမာတစ်ခုပေးပါ့မယ်။ ကိုယ်တွေ့ပါ။ လွန်ခဲ့တဲ့ (၆)လပတ်ဝန်း ကျင်က USD/JPY ဈေးဟာ 102~104 ပတ်ဝန်းကျင်မှာဘဲ ရှိနေခဲ့တယ်ဗျ။ အဲဒီလို ရှိနေရာကနေ 110 အထိ ရုတ်တရက် ထောင်တက်သွားခဲ့တယ်။ အဲဒီ့မှာ ကျွန်တော် 112 နဲ့ Sell Positionကို ယူခဲ့တယ်ဗျ။ ဒါပေမယ့် ဈေးကွက်က ပြန်ကျမလာဘဲ တောက်လျှောက် ဆက် တက်တာ 124 ကိုတောင် ကျော်သွားခဲ့တာဘဲ။ အခုဆို ပြန် ကျတယ်ဆိုပေမယ့် 116 ပတ်ဝန်းကျင်မှာဘဲရှိနေသေးတယ်။ ကျွန်တော် (၁) လနီး ပါးလောက် စောင့်ကြည့်အပြီးမှာ အရှုံးနဲ့ပိတ်ပြီး တစ်ခြား ဈေးကွက်တစ်ခုကို ပြောင်းလိုက်တယ်။ ခင်ဗျားတို့ဆိုရင်ကော ကိုယ်မှန်းတဲ့ ကျလာမယ့်ဈေးအထိ ထိုင်စောင့်မလား။ Stop Loss ကို ကိုယ့်မှာ အရံငွေရှိတိုင်း ထားချင်သလိုထားနိုင် ပေမယ့် အချိန်နဲ့ Rollover Fee ကိုတော့ ဘယ် Professional မှ မတားနိုင်ဘူးလေ။ တော်ကြာနေ မနေ့ကပိုစ့်ထဲက ဘရုတ်ကာကြီးရဲ့ အတိုးနဲ့ အမြတ်မထွက်ဘဲ အမ်ပီ တီပွတ်တာဘဲခံလိုက်ရမယ်။
ဒီနေ့အတွက်တော့ -
BTCUSD ဈေး 400 အောက်ကို ပြန်သွားဦးမယ်မှန်းတယ်ဗျ။
Buy Position လုပ်ချင်သူတွေအတွက် 390 မှာလုပ်သင့်ပြီး
Sell Position လုပ်ချင်သူတွေအတွက်တော့ 415~420 ပတ်ဝန်းကျင်မှာ ယူ သင့်တယ်။
Buy Position အတွက် Stop Loss က 325~350 ထားသင့်ပြီး
Sell Position အတွက် Stop Loss ကို 450~460 ပတ်ဝန်းကျင်မှာ ထားသင့် ပါတယ်။ ဒါပေမယ့် Sell Position သမားများအတွက် Open Position ကိုကြာ ကြာမဖွင့်ထားသင့်ပါဘူး။

အားလုံးအစဉ်ပြေကြပါစေ။

No comments:

Post a Comment