Tuesday, January 5, 2016

နှစ်သစ်လက်ဆောင်

          ကျွန်တော်လည်း နှစ်သစ်အကူး ရုံးပိတ်ရက်ကာလတွေနဲ့အတူ ဘလော့ရေးတာကိုလည်းနားထားခဲ့လိုက်တာ အခုမှဘဲ ပြန်ရေးဖြစ်ပါတော့တယ်။ ပထမတော့ နှစ်ကူးတဲ့နေ့ မှာ ပိုစ့်အသစ်ရေးတင်ပေးမယ်စိတ်ကူးခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။
          ကျွန်တော့ ဘလော့ကို သိစရာ၊ မှတ်စရာ တစ်ခုခု ရလိုရငြား အချိန်ပေးပြီး လာလေ့လာကြတဲ့ သူတွေအတွက် ဒီပိုစ့်မှာ Forex Trading (Currencies) အတွက် Trade လုပ်ရမယ့် အချိန်ဇယား၊ Trade လုပ်ရမယ့် Currencies Pairs တွေနဲ့ Trade လုပ်မယ်ဆိုရင် မဖြစ်မနေ သိထားသင့်တယ်လို့ ကျွန်တော်ယူဆတဲ့ အကြောင်းအရာတွေကို ပြောပြပေးသွားပါ့မယ်။ မသိသေးတဲ့သူတွေအတွက်ပါ။
          အရင်ရေးထားပြီးခဲ့တဲ့ ပိုစ့်တွေမှာ MT 4 ပေါ်မှာ Trade လုပ်ဖို့ အသေးစိတ်ရေးပြထားခဲ့ပြီးတာကြောင့် Trade လုပ်ပုံလုပ်နည်းတွေကိုတော့ မသိသေးတဲ့သူများက အရင်ပိုစ့်တွေမှာ ပြန်ရှာပြီး ဖတ်ပေးပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ဒီပိုစ့်မှာ Currencies Pairs တွေကို Trade လုပ်ဖို့အကြောင်းဘဲ အဓိကထားပြီးရှင်းပြမှာဖြစ်လို့ BTC နဲ့ Crypto Currencies တွေကို Trade လုပ်တဲ့ကိစ္စနဲ့တော့ သိပ်မဆိုင်ဘူးလို့ ကြိုပြောပါရစေ။
Trade လုပ်ကြတဲ့ အချိန်
          Forex Trade အတွက် အဓိကကျတဲ့ ဈေးကွက်ကြီး (၄) ခုရှိပါတယ်။ SYD လို့ခေါ်တဲ့ သြစတေးလျက ဆစ်ဒနီ ရုံးဖွင့်ချိန် ၊ TKO ဂျပန်နိုင်ငံက တိုကျိုရုံးဖွင့်ချိန် ၊ LON အင်္ဂလန်နိုင်ငံက လန်ဒန်ရုံးဖွင့်ချိန် နဲ့ NYSE အမေရိကန်နိုင်ငံ နယူယောက်ရုံးဖွင့်ချိန် တွေပါ။ ကျွန်တော်တို့ နိုင်ငံကနေဆိုရင် အရှေ့ ရော အနောက်မှာပါ ရှိနေတဲ့ ဈေးကွက်တွေဖြစ်တာကြောင့် ကျွန်တော်က နိုင်ငံတကာသုံး GMT ဆိုတဲ့ စနစ်နဲ့ ပြောပေးသွားပါ့မယ်။ GMT ကို ဘယ်လိုရှာရမလဲဆိုရင်တော့ Android ဖုံးအားလုံးရဲ့ Setting Time မှာ GMT ကိုဘဲချိန်းချိန်း၊ World Clock Apk ကိုဘဲ Google Play storeမှာ Download ချပြီး သုံးသုံး ရပါတယ်။
          ဒါပေမယ့် Sydney နဲ့ Tokyo က ကျွန်တော်တို့ အာရှကဖြစ်လို့ ဈေးကွက်ဖွင့်ချိန်ကလည်း သိပ်မကွာပါဘူး (၂) နာရီပတ်ဝန်းကျင်လောက်ရှိပါတယ်။ အောက်ကပုံမှာ ဇယားကိုကြည့်ပြီး မှတ်ထားလို့ရပါတယ်။


          အလွယ်ပြောရရင် မှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ (၂၄) နာရီ လုပ်လို့ရတယ်ပေါ့ဗျာ။ ရုံးတစ်ခုက ထမင်းစားနားပိတ်ထားချိန်မှာ တစ်ခြားရုံးကဖွင့်တော့ တစ်ပတ်လုံး မှာ Trade ကအသက်ဝင်နေတာပေါ့။ Trade ကို သေသေချာချာလေ့လာပြီး လုပ်မယ့်သူအတွက်ကတော့ ဒီအချိန်တွေကို သိဖို့ လိုပါတယ်။ ဘာလို့လဲ?  ဈေကွက်ကြီးတစ်ခုရဲ့ ဖွင့်ချိန်/ပိတ်ချိန် တွေမှာ Market က အပြောင်းအလဲ ဖြစ်တတ်လို့ပါဘဲ။ ယူတတ်ရင် အဲဒီ့အချိန်ကြားကာလလေးက မိမိရဲ့အမြတ်ငွေကို သိသိသာသာပြောင်းလဲသွားစေတယ်ဗျ။
          TKO တိုကျို၊ ဂျပန် ရုံးဖွင့်ချိန်
          တစ်ပတ်တာအတွက် တနင်္လာနေ့ မှာ (ကျွန်တော်တို့ နာရီနဲ့ဆို မနက် (၃း၃၀) ပတ်ဝန်းကျင်မှာ) ကမ္ဘာ့ငွေကြေးဈေးကွက်ရဲ့ ၂၀% လောက်ရှိတဲ့ ရောင်းဝယ်မှုဗဟိုတစ်ခုဖြစ်တဲ့ တိုကျို စတော့အိတ်ချိန်းဈေးကွက် စတင်ဖွင့်ပါတယ်။ အဲဒီ့အချိန်ကာလမှာ JPY ဂျပန်၊ AUD သြစတေးလျ နဲ့ NZD နယူးဇီလန် ငွေကြေးတွေနဲ့ သက်ဆိုင်တဲ့ အတွဲတွေ စတင် လှုပ်ရှားတယ်ဆိုပါတော့။ နောက်ပြီး ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံကလည်း ဒီအချိန်မှာ သူ့နိုင်ငံရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေထွက်ချိန်ဖြစ်တော့ JPY နဲ့ဆိုင်တဲ့ငွေကြေးအတွဲတွေနဲ့ AUD ငွေကြေးအတွဲတွေက အရောင်းအဝယ်လုပ်ဖို့ ကောင်းတဲ့အချိန်လို့လည်း မှတ်ယူနိုင်ပါတယ်။

          LON အင်္ဂလန်၊ လန်ဒန် ရုံးဖွင့်ချိန်
          တိုကျိုရုံး ခဏနားချိန်ရောက်ဖို့ တစ်နာရီလောက်အလိုမှာတော့ လန်ဒန်စတော့ အိတ်ချိန်းဈေးကွက် စတင်ဖွင့်လာပါတော့တယ်။ (ကျွန်တော်တို့ နာရီနဲ့ဆို မနက် (၇း၃၀) ပတ်ဝန်းကျင်မှာ)။ ကမာ့္ဘ ငွေကြေးဈေးကွက်ရဲ့ ၃၀% လောက်ရှိတဲ့ ဒီဈေးကွက်ဖွင့်ချိန်မှာတော့ EUR ဥရောပနိုင်ငံတွေဖြစ်တဲ့ GBP အင်္ဂလန်၊ CHF ဆွစ်ဇလန် စတဲ့နိုင်ငံတွေ ရဲ့ ငွေကြေးအတွဲတွေ လှုပ်ရှားတဲ့ အချိန်ပေါ့။ 
          NYSE အမေရိကန်၊ နယူးယောက် ရုံးဖွင့်ချိန်
          ဥရောပငွေကြေးဈေးကွက်က ထမင်းစားနားချိန်လောက်မှာ တော့ ကမာ့္ဘအကြီးဆုံးသော ငွေကြေးအရောင်းအ၀ယ်ဈေးကွက်ကြီး စတင်ဖွင့်လာပါတော့တယ်။ ငွေကြေးဈေးကွက်အားလုံးရဲ့ ၅၀%လောက်ပမာဏရှိပြီး USD ရဲ့ ၈၅%လောက်ကို ဒီအချိန်မှာ အရောင်းအဝယ်လုပ်ကြတယ်လို့လဲ ဆိုလို့ရပါတယ်။ (ကျွန်တော်တို့ နာရီနဲ့ဆို နေ့လယ် (၁၁း၃၀) ပတ်ဝန်းကျင်မှာ)။ အမေရိကန်၊ ကနေဒါ စတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးသတင်းတွေကလည်း အဲဒီ့အချိန်မှာ ထွက်လေ့ရှိပါတယ်။ USD နဲ့ CAD အတွဲတွေ ဈေးကွက်လှုပ်ရှားကြပါတယ်။ အထူးသဖြင့် ဥရောပ နဲ့ အမေရိကန် ရုံးတွေ ဖွင့်ချိန်ထပ်နေတဲ့ အချိန် (ကျွန်တော်တို့ နာရီနဲ့ဆို ည (၇း၃၀) ကနေ (၁၁း၀၀) ပတ်ဝန်းကျင်မှာ) မှာ ငွေကြေးဈေးကွက် အတက်/အကျကြမ်းတတ်ပြီး အရောင်းအဝယ်လုပ်ဖို့လည်း ကောင်းတဲ့အချိန်ဖြစ်ပါတယ်။
Trade လုပ်သင့်တဲ့ အချိန်
          လုပ်သင့်တဲ့အချိန်အကြောင်းကို မရှင်းပြခင်မှာ ကျွန်တော်တစ်ခုကြားဖြတ်ရှင်းပြချင်ပါတယ်။ ကျွန်တော်ရေးသားတဲ့ ပိုစ့်တွေကို လာဖတ်ကြတဲ့သူတွေထဲမှာ ခရီးပေါက်နေတဲ့သူတွေရှိသလို အခုမှ ဒီခရီးကိုစမယ့် သူတွေလည်းရှိပါတယ်။ ကျွန်တော့ပိုစ့်တွေဟာ ဒီ  Online making money ဆိုတဲ့ ခရီးကို စထွက်ကြမယ့်သူတွေအတွက် ပိုပြီးရည်ရွယ်တာပါ။ ကျွန်တော်တို့ ကျောင်းသားတွေဘဝမှာ သင်ခဲ့ရတဲ့ အသိပညာတွေကို လက်တွေ့ဘဝတွေမှာ အသုံးချပြီး လက်တွေ့ကျကျ ဘဝကိုဆက်လျှောက်ကြရတာပါ။ ဒီတော့ ကျွန်တော် သိသမျှကိုအိပ်သွန်ဖာမှောက် ရှင်းပြရင်လည်း ပိုရှုပ်ပြီး နားမလည်ဖြစ်နိုင်တာကြောင့် အသေးစိတ်တွေ မရှင်းပြထားပါဘူး။ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုဆိုတာ စာတွေ့သက်သက်နဲ့ တော့ အလုပ်မဖြစ်ဘူးလေ။ လက်တွေ့ တွေများများကြုံလာမှ အဲဒီ့ပညာရပ်နဲ့ ရပ်တည်နိုင်မှာပါ။ ကျွန်တော်တို့ နိုင်ငံက ဘယ်တက္ကသိုလ်ကမှ ဘွဲ့မပေးတဲ့ ဒီ Forex Trading ဆိုတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်က တကယ်တတ်ကျွမ်းလာတဲ့အချိန်မှာ မိမိဘဝ၊ မိမိ မိသားစုဘဝ နဲ့ မိမိပတ်ဝန်းကျင်အတွက်ပါ သိသာတဲ့ အကျိုးသက်ရောက်မှု ရှိတာကြောင့် လေ့လာ၊ လေ့ကျင့်၊ မှတ်သားရမှာပါ။ ဥပမာလေးပြောပြပါ့မယ် - ကျွန်တော့တုန်းက မူးတင်း၊ ပဲတင်းတောင် နားမလည်ဘဲ အင်ဂျင်နီယာတဲ့လို့ လက်သမားက မကြားတစ်ကြားပြောတာခံခဲ့ရဘူးပါတယ်။ ကျောင်းမှာ မသင်ခဲ့ရဘူးလေ။ အရေးလည်း ကြီးတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် အပြောခံရတယ်ဗျ။
          ကဲ .... ပြန်ဆက်ရအောင်။ Forex Trade လုပ်ဖို့ သင့်တဲ့ ကောင်းတဲ့အချိန်တွေကတော့ တစ်ရုံးနဲ့ တစ်ရုံး ဖွင့်ချိန်ထပ်နေတဲ့ အချိန်တွေပါဘဲ။ (၁) အာရှဈေးကွက်ပိတ်ခါနီး လန်ဒန်ရုံးဖွင့်တဲ့အချိန် (၂) လန်ဒန်ရုံးဖွင့်ချိန် နဲ့ နယူးယောက်ရုံးဖွင့်ချိန်ထပ်နေတဲ့ ကာလ။ ဒီအချိန်ပိုင်းနှစ်ခုမှာ ငွေကြေးဈေးကွက်ရဲ့ % တော်တော်များများ ဟာ ရောင်းနေ/ဝယ်နေ ကြတဲ့အတွက် Currencies Pairs တွေကို Trade လုပ်ဖို့ ကောင်းတဲ့အချိန်တွေလို့ မှတ်လို့ရပါတယ်။ အထူးသဖြင့် လန်ဒန်-နယူးယောက် ရုံးထပ်ချိန်မှာ ပိုပြီး ရောင်း/ဝယ် လုပ်လို့ ကောင်းပါတယ်။
          အချိန်တွေပြီးတော့ နေ့ရက်တွေပေါ့။ တစ်ပတ်အတွက် တနင်္လာနေ့မနက်စောစောမှာ စဖွင့်တဲ့ ဈေးကွက်ဟာ လေ့လာစောင့်ကြည့်ဖို့သင့်တာကလွဲရင် ရောင်းဖို့/ဝယ်ဖို့  သိပ်မကောင်းလှပါဘူး။ နေ့တစ်ဝက်လောက် ဈေးကွက်ရဲ့ အခြေအနေကို အရင်လေ့လာပြီးမှ ရောင်းဖို့/ဝယ်ဖို့ကို စဉ်းစားသင့်ပါတယ်။ ဆိုလိုတာက တနင်္လာနေ့မှာ လေ့လာတဲ့အလုပ်ကိုဘဲ လုပ်သင့်တယ်။ သောကြာနေ့ ည သန်းခေါင်ချိန်ပြီးရင် ဈေးကွက်တွေအားလုံး ပိတ်ကြတော့မှာဖြစ်တော့ နေ့တစ်ပိုင်းလောက်ကစပြီး ငွေကြေးဈေးကွက်တွေဟာ ငြိမ်စပြုလာကြပြန်ပါတယ်။ ဒါကြောင့် ဒီကာလမှာတော့ ဈေးကွက်အသစ်မဖွင့်တော့ဘဲ ရှိပြီးသား/ဖွင့်ထားပြီးသားကိုဘဲ ပိတ်သင့်တာပိတ်၊ Stop Loss နဲ့  Take Profit ကို ပြင်သင့်တာပြင်ဖို့ဘဲ လုပ်သင့်ပါတယ်။ ဒါဆိုရင် အင်္ဂါ၊ ဗုဒ္ဓဟူး နဲ့ ကြာသပတေးနေ့ တွေမှာ Currencies Pairs တွေကို Trade လုပ်ဖို့ ကောင်းတဲ့ ရက်ဆိုတာ နားလည်လောက်ရောပေါ့။
တက်မလား ကျမလား ခန့်မှန်းမယ်
         Currencies Pairs တွေရဲ့ အတက်/အကျကို ခန့်မှန်းဖို့ဆိုရင် အဓိကအားဖြင့် အချက် (၃) ချက်ပေါ်ကို အခြေခံပြီး ခန့်မှန်းလေ့ရှိကြပါတယ်။ (၁) Fundamental Analysis တဲ့ ငွေကြေးတစ်ခုရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေရဲ့ အခြေအနေတွေကို လေ့လာပြီး ခန့်မှန်းခြင်း၊ (၂) Technical Analysis တဲ့ အတွေးအခေါ်ပညာရှင်ကြီးတွေ၊ သင်္ချာပညာရှင်တွေကနေ လူတွေရဲ့ အမူအကျင့်နဲ့ သင်္ချာနည်းပညာတွေကို အသုံးပြုပြီးဖော်ထုတ်လေ့လာချက်တွေ နဲ့ ခန့်မှန်းခြင်း (၃) Sentimental Analysis က လက်တစ်လော အရောင်းအဝယ်လုပ်နေကြတဲ့ ကုန်သည်တွေရဲ့ ပြုမူပုံကိုလေ့လာပြီး ခန့်မှန်းခြင်း ဆိုပြီးရှိပါတယ်။
          Fundamental Analysis က နိုင်ငံတစ်ခု ဒါမှမဟုတ် ကုပဏီတစ်ခုရဲ့ တိုးတက်မှု/ ဆုတ်ယုတ်မှုတွေ ကို လေ့လာရတော့ တစ်ကယ်တန်း ဈေးကွက်အပေါ် အကြိုးသက်ရောက်မှုက တစ်ခါတစ်လေမှာ ကာလတစ်ခုလောက်အထိ ကြာတတ်လေတော့ Long Term Trader မဟုတ်ဘူးဆိုရင် အရေးကြီးတယ်လို့တော့ ပြောလို့ မရနိုင်ပါဘူး။
          Technical Analysis ကိုတော့ အသေးစိတ်မဟုတ်တောင်မှ အတော်အသင့် နားလည်အောင် လေ့လာထားရမယ့် အချက်လို့ ဆိုချင်ပါတယ်။ Forex Trading Platform တွေတိုင်းလိုလိုမှ TA အတွက် Tutorial Video တွေ E-book တွေကို Free Download ပေးထားပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်နားလည်သလို နောက်ပိုစ့်မှာ Sentimental Analysis  အကြောင်းနဲ့အတူ အသေးစိတ် ရှင်းပြပါ့မယ်။ သူ့တို့အကြောင်းရှင်းရရင် ကျွန်တော်လည်း တစ်ချို့ အခေါ်အဝေါ်တွေအတွက် မြန်မာမှုပြုရအောင် စုလိုက်ပါဦးမယ်။
Passive Income
          ကျွန်တော် ဒီပိုစ့်ကို Passive Income ဆိုတဲ့ သက်တောင့်သက်သာနဲ့ ရသောဝင်ငွေလို့ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အဆုံးသတ်ချင်ပါတယ်။ အင်တာနက်သုံးရင်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာလို့ရတာဟဒီ Passive income လို့ ဆိုရမှာပေါ့။ မှန်ပါတယ်။ တစ်ကယ်လည်း ရကြတဲ့သူတွေရှိကြသလို ဒီ online making money ကြောင့်ဘဲ စီးပွားပျက်သွားကြတဲ့သူတွေရှိတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်တိုင် ရွေးချယ်လိုက်တဲ့ လမ်းပေါ် မူတည်ပြီး ပြောင်းလဲသွားတာပါ။ ဒီအချက်တွေကို စဉ်းစားကြည့်ပါ- 
(၁) အင်တာနက်မှာ ငွေကိုလွယ်လွယ်နဲ့ ရှာလို့သာ ရနေမယ်ဆိုရင်၊ လူတိုင်း ဘာမှမလုပ်ကြတော့ဘဲ ဒီအင်တာနက် အလုပ်ဘဲ ထိုင်လုပ်ကြတော့မယ်ဆိုရင်၊ လူမှုပတ်ဝန်းကျင် ဘယ်လိုတွေ ဖြစ်သွားမလဲ စဉ်းစားဘူးပါသလား။
(၂) အင်တာနက်မှာ ငွေနည်းနည်းဘဲ ရင်းလိုက်တာနဲ့ မိမိဘဝကို ချမ်းသာသွားနိုင်မယ့် ငွေတွေရမယ်ဆိုရင် ကိုယ်က ယူတဲ့သူဘက်ကမနေဘဲ ပေးတဲ့သူဘက်ကနေကြည့်ပြီး ဘာကြောင့် ပေးမှာလဲလို့ စဉ်းစားဘူးပါသလား။
          ကျွန်တော့်အတွက်တော့ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရတာတွေကို အခြေခံပြီး ဒီဘလော့မှာ ပိုစ့်တွေရေးတင်ပေးနေတဲ့ အကြောင်းတွေက အခုမှ Online Making Money ကို စစိတ်ဝင်စားကြသူတွေ အတွက် လမ်းကြောင်းမှန်သာလျှောက်ရင် အမှန်တစ်ကယ် ငွေရှာနိုင်တယ်ဆိုတာရယ်၊ အဲဒီ့လမ်းမှန်ဆိုတာကလည်း မိမိရဲ့ ကိုယ်ပိုင် ဥာဏ်၊ စဉ်းစားဥာဏ်၊ ဆုံးဖြတ်နိုင်မှုတွေနဲ့ လုံ့လစိုက်ပြီး အင်တာနက်ပြင်ပမှာပါ အသုံးချနိုင်တဲ့ အတတ်ပညာကို အင်တာနက်ကနေဘဲရယူပြီး ဆင့်ပွားစေချင်တာရယ် ဖြစ်ပါတယ်။
          အားလုံးဘဲ အင်တာနက်မှာ အပိုဝင်ငွေကို လိမ်ညာခံရခြင်းမှ ကင်းဝေးပြီး ရှာနိုင်ကြပါစေ။

စာကြွင်း     -   
Mining သမားများအတွက် - 
ကျွန်တော့ဘလော့မှာ ကြော်ငြာထားတဲ့ Hashocean mining ကို Register ဝင်တဲ့သူတွေဟာ 15 Kh/s ကို Free Bonous ရတာဖြစ်ပေမယ့် (၁) လအတွင်း အနည်းဆုံး 20 Kh/s ကို မဝယ်ရင် bonus က Cancel လုပ်ခံရမှာဖြစ်ပါတယ်။ အကြမ်းဖျင်း မိမိမှာ 300 Kh/s  ရှိရင် (၅) ရက်ကို 0.012 Btc  ပြန်ရပါတယ်။ ၃-လ ကနေ ၄-လ အတွင်းမှာ မိမိအရင်းကျေပါတယ်။ ကျန်တဲ့ (၄) နှစ် ကျော်က အမြတ်ပါ။

Exchange သမားများအတွက် -
ကျွန်တော့ဘလော့မှာ ကြော်ငြာထားတဲ့ exchange မှာ ငွေလဲတဲ့သူများခင်ဗျာ website မှာ Register Account မလုပ်ဘဲ ငွေလဲလို့ရပေမယ့် Account လုပ်ပြီး လဲရင် အမြဲတန်းလဲတာနဲ့အမျှ ကော်မရှင်ခ သက်သာလာမှာဖြစ်လို့ Register လုပ်ပြီးမှ လဲစေချင်ပါတယ်။ ငွေလဲသူများအတွက် အမြဲ လဲလေ ငွေပိုရလေဖြစ်မှာကြောင့်ပါ။

No comments:

Post a Comment