Tuesday, February 9, 2016

Trade လုပ်တဲ့အချိန်မှာ ထားနေကြတဲ့ စိတ်

          ကျွန်တော် ဒီတစ်ခေါက် ဆောင်းပါးကို Trader သမားရဲ့ စိတ်ထားနဲ့ ပတ်သက်ပြီး ရေးပြချင်တယ်။ အခြေခံအကြောင်းက ဒီတစ်လော Facebook မှာ ကျွန်တော်နဲ့ အတူ တစ်ချို့ Friend တွေ လိုက်ပြီး Trade နိုင်အောင် ဘယ်အချိန်မှာ ဘာကို Trade ရမယ်ဆိုပြီး ပိုစ့်တွေတင်ပေးနေခဲ့တယ်။ ရည်ရွယ်တာက အွန်လိုင်းမှာ ငွေရှာကြတဲ့ လမ်းတွေထဲက အသင့်တော်ဆုံး (ကျွန်တော်ထင်တဲ့) လမ်းကြောင်းကို အကျိုးရှိရှိ လျှောက်တတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ တင်ပေးခဲ့တယ်။
          အဲဒီ့မှာ ဘာကိုသတိထားမိလည်းဆိုတော့ Trade လုပ်တဲ့အချိန်မှာ ထားနေကြတဲ့ စိတ်ကို ကျွန်တော်သွားတွေ့တယ်ဗျ (တစ်ချို့ Friend တွေပါ)။ Forex Trading E-book တွေမှာတော့ ရေးထားပါတယ်။ ကျွန်တောကတော့ ကျွန်တော့် အယူအဆကိုဘဲ ရေးမှာ။ Trade လုပ်တဲ့အချိန်မှာ စိတ်ကိုဘယ်လိုထားသင့် တယ်လို့ ရေးပြမှာ မဟုတ်ဘူး။ ဖြစ်တတ်တာ၊ လက်ရှိဖြစ်နေကြတာကို ရေးပြမှာ။ ဒါမှလည်း ကိုယ်က Trade လုပ်နေတဲ့အချိန်မှာ စိတ်ကို ဘယ်လို ထားရမယ်ဆိုတာ ကိုယ်တိုင် သုံးသပ်လို့ရမယ်။
          Trade လုပ်တဲ့သူတွေ (ကျွန်တော်နဲ့အတူ လိုက် Trade တဲ့သူတွေနော်) ဈေးကွက်တစ်ခုကို စပြီး ဖွင့်လိုက်တာနဲ့ ကိုယ့်မှာ ရှုံးနေရင်(အနီရောင်ပြနေရင်) လူက ဂနာမငြိမ်ကြတော့ဘူး။ ဒီလိုဘဲ မြတ်နေပြန်တော့လည်း(အပြာရောင်ပြနေရင်) ရတဲ့အမြတ်နဲ့ ပိတ်ဖို့ကိုဘဲ တစ်ပြင်ပြင်ဖြစ်နေပြီ။ ဘယ်လောက်မြတ်ရင် ယူမယ်ဆိုတာမျိုးကို မဆုံးဖြတ်ထားတာ တွေ့နေရတယ်။ ကိုယ့်မှာ အရင်းအလုံအလောက်မရှိတာလည်း ပါတာပေါ့လေ။ အဆိုးဆုံးကတော့ မိမိဖွင့်ထားတဲ့ အနေအထားကနေ ဗြောင်းပြန်ဖြစ်နေတာ အချိန်နည်းနည်း ကြာလာတာနဲ့ ဆန့်ကျင်ဘက်ယူပြီး ဈေးကွက်ကို ထပ်ဖွင့်ချလိုက်တာဘဲ။
          ဈေးကွက်ရဲ့သဘောကတော့ အများအားဖြင့် တက်လိုက်၊ ကျလိုက် အမြဲဖြစ်နေမှာဘဲလေ။ တစ်ခါတစ်လေတော့ တစ်ရှိန်ထိုးတက်၊ တစ်ရှိန်ထိုးကျ ဖြစ်ပေမယ့် အများအားဖြင့်တော့ တက်လိုက်ကျလိုက် ဖြစ်နေမှာဘဲ။ အဓိကကျတာက ကိုယ်တိုင် သေချာလို့ ဈေးတစ်ခုကို စဖွင့်တာနဲ့ ကိုယ်ရွေးလိုက်တဲ့ လမ်းကြောင်းကို တဲ့တဲ့ဘဲကြည့်သင့်တယ်။ ဒီနေရာမှာ ကိုယ်က ဈေးကွက်ကို သူများကပြောလို့ဘဲဖြစ်ဖြစ်၊ ကိုယ်တိုင် လေ့လာပြီး ဆုံးဖြတ်တာဘဲဖြစ်ဖြစ် ရွေးပြီးတဲ့နောက်မှာ နည်းနည်းဆန့်ကျင်ဘက်ကို ရောက်တာနဲ့ ကိုယ်ရွေးခဲ့တဲ့ လမ်းကြောင်းကို စိတ်မချတာဟာ ယုံကြည်ချက် ပျောက်တာဘဲ။ ကိုယ်တိုင် ရွေးခဲ့တာကို ကိုယ်တိုင် မယုံကြည်တာ။ အဲဒါ အရမ်းကြောက်စရာကောင်းတဲ့ အဖြစ်ဘဲ။
          Trade မလုပ်ခင် ကြိုတင်ပြင်ဆင်သင့်တာတွေနဲ့ စပြောရအောင်။
          (၁)     Trade လုပ်ရင် ကိုယ့်အတွက် အမှန်တစ်ကယ်အကျိုးရှိနိုင်လားဆိုတာကို အရင် ဆန်းစစ်ကြည့်ပါ။ အမှန်တစ်ကယ်ကို ယုံကြည်စိတ်မရှိသေးရင် လေ့လာသင်ယူတာတွေ အရင်လုပ်ပါ။ မေးမြန်းပါ။
          (၂)     ကိုယ်က ယုံကြည်စိတ်လည်း အပြည့်ရှိပြီး Trade ကို စလုပ်တော့မယ်ဆိုရင် စတင်ရင်းနှီးဖို့ မိမိငွေကို ဘယ်လောက်ပမာဏနဲ့ စမယ်ဆိုတာကို သတ်မှတ်ပါ။
          (၃)     မိမိရဲ့ စတင်ရင်းနှီးငွေနဲ့ သင့်တော်မယ့် အဆ (Leverage) ကိုရွေးပါ။ Leverage ရွေးတဲ့နေရာမှာ မိမိရင်းနှီးငွေက မိမိ Trade လုပ်မယ့် ငွေပမာဏထက် အနည်းဆုံး (၃) ဆ အထက်မှာ ရှိနေရမယ့် Leverage ဖြစ်သင့်ပါတယ်။ ဥပမာ - ဒေါ်လာ ၂၅ ဒေါ်လာဖိုးလောက်ကို ၁း၂၀၀ နဲ့ စပြီး Trade မယ်ဆိုရင် ၁၀၀ ဒေါ်လာလောက် မိမိအကောင့်မှာ ထည့်ထားသင့်ပါတယ်။ (နမူနာအနေနဲ့ ပြောတာပါ။)
          (၄)     Trade စလုပ်မယ်လို့ ပြင်တာနဲ့ ဈေးကွက်မှာ ဖြစ်နေတဲ့ အတက်/အကျ အခြေအနေကို အရင်လေ့လာပြီးမှ ကိုယ် Trade လုပ်မယ့်အတွဲကို အရင်ရွေးချယ်သင့်ပါတယ်။ ရွေဖို့ဘဲ ပြောတာပါ။ စပြီး Trade မလုပ်သင့်သေးပါဘူး။
          (၅)     မိမိစပြီး Trade လုပ်ဖို့အတွက် အဓိက ဈေးကွက်ကြီးတွေရဲ့ Trade Hour ကို သတိထားကြည့်သင့်ပါတယ်။ ကမ္ဘာ့ဈေးးကွက်ကြီး (၄) ခုရဲ့ ဖွင့်ချိန်၊ ပိတ်ချိန်၊ ဈေးကွက်ဖွင့်ချိန်ထပ်နေတာ တွေကိုပြောတာပါ။
          (၆)     အကယ် ၍ ကိုယ်ရွေးထားတဲ့ Trade လုပ်မယ့်အမျိုးအစားဟာ ဈေးကွက်ထဲမှာ အတက်/အကျ အရမ်းမြန်နေစဉ်မှာ Trade မလုပ်ဘဲ စောင့်ကြည့်သင့်ပါတယ်။

          ကဲ... အခုဆို ကိုယ်က ဈေးကွက်အတွဲတစ်ခုကို စပြီး Trade လုပ်လိုက်ပြီ ဆိုပါတော့။ မိမိအတွက် အမြတ် ဘယ်လောက်ရရင် ရပ်မယ်ဆိုတာကို သတ်မှတ်ထားသင့်သလို ဘယ်လောက်ပမာဏမှာ အရှုံးခံမယ်ဆိုတာကိုလည်း သတ်မှတ်ထားသင့်ပါတယ်။ နည်းနည်းမြတ်လာတာနဲ့ ကိုယ်က ရတာဘဲယူမယ်ဆိုပြီး အမြတ်နဲ့ ပိတ်ဖို့ စဉ်းစားမနေသင့်ပါဘူး။ ကျွန်တော်ဆို ကိုယ်ထရိတ်လိုက်တဲ့ ပမာဏအတွက် ၅၀% ကို အမြတ်ယူမယ်ထားပြီး (၂၅%) ကို အရှုံးခံမယ့်ပမာဏအဖြစ်သတ်မှတ်လေ့ ရှိပါတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ အခြေအနေကို စောင့်ကြည့်ပြီး အပြောင်းအလဲ လုပ်တာလည်း ရှိတာပေါ့။
          အဆိုးဆုံး ဆုံးဖြတ်ချက်တစ်ခုကတော့ မိမိရွေးလိုက်တဲ့ ဈေးကွက်ရဲ့ လားရာဟာ မိမိမှန်းသလိုမဖြစ်လာဘဲ ဆန့်ကျင်ဘက် အခြေအနေ ကိုရောက်တာနဲ့ နောက်ထပ်ဈေးကွက်အသစ်တစ်ခုကို ဆန့်ကျင်ဘက်လိုက်ဖွင့်တာပါဘဲ။ အဲဒီလိုလုပ်ရင် ကိုယ်က ရှုံးသွားဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ ဥပမာအနေနဲ့ ပြောရရင် ငွေကြေးအတွဲတစ်ခုကို ကိုယ်က ဈေးအတက်နဲ့ ဖွင့်လိုက်တယ်။ အဲဒီ့မှာ ဈေးကွက်က မတက်လာဘဲ ကျသွားတာကို တွေ့တာနဲ့ အကျဘက်ကိုလိုက်ပြီး အသစ်တစ်ခု ထပ်ဖွင့်သလိုမျိုးပေါ့။ အဲဒီ့ပုံစံက Leverage များရင် များသလို အရှုံးကြီးတတ်ပါတယ်။
          နောက်ဆုံးတစ်ခုအနေနဲ့ ပြောလိုတာက ဈေးကွက်ကိုဖွင့်တဲ့နေရာမှာ ထီထိုးသလိုမျိုး ဘာမှမလေ့လာဘဲ ဖွင့်လိုက်တာမျိုးပါ။ Trade လုပ်တာဟာ ကံစမ်တာမဟုတ်တဲ့အတွက် လုံးဝမလုပ်သင့်ပါဘူး။ မိမိဥာဏ်နဲ့ လေ့လာမှုကို ခြေခံပြီး လုပ်သွားရတာပါ။
          နဲနဲမြတ်တာနဲ့ ပိတ်ဖို့ စဉ်းစားနေကြတဲ့၊ နဲနဲရှုံးတာနဲ့ ဆန့်ကျင်ဘက်ယူပြီး အသစ်ဖွင့်ဖို့ ပြင်နေကြတဲ့ Facebook ပေါ်က Friends များအတွက် ရည်ရွယ်ရင်း။
အားလုံး အဆင်ပြေကြပါစေ။

Sunday, February 7, 2016

         မီးကို ကိုင်ရင် ပူတယ်ဆိုတာ ကိုယ်တိုင် ကိုင်ကြည့်မှာ ပိုသိတာဗျ။ စာသိနဲ့ ပူတာကို သိပ်မခံစားတတ်ကြဘူး။ ဒီလိုဘဲ Online မှာ ငွေရှာနေကြသူတွေ၊ အခုမှ သိလာပြီး ငွေရှာကြသူတွေ က Scam ဆိုတာကို စာသိနဲ့ သိပ်မခံစားတတ်ကြသေးဘူး။ ကိုယ်တိုင် ခံစားလိုက်ရတော့မှဘဲ။ အဲဒီ့မှာ ဘာတွေဖြစ်သလဲ။ တစ်ယောက်ကို ၁၀၀ ဒေါ်လာလောက်နဲ့ တွက်၊ ကျွန်တော်တို့ တိုင်းပြည်ထဲက ဒေါ်လာတွေ ဘယ်လောက်တောင် ထွက်ကုန်ပြီလဲဆိုတာ။
          ကျွန်တော်အခု ရှယ်ယာခေါ်ပြီး လုပ်ပေးနေတယ်။ ရှင်းရှင်းလေး၊ တစ်ပတ်ကို ၈% အမြတ်ပြန်ရှာပေးပြတယ်။ ရည်ရွယ်ချက်က ဒီလိုရှာရင်ရတယ်ဆိုတာ သိလာဖို့၊ နောက် ကိုယ်တိုင် လေ့လာ လာမယ်။ လုပ်လို့ရမှန်းသိလာရင် ကိုယ်တိုင် လုပ်တော့မယ်။ လေ့လာအားထုတ်မှုရှိလာပြီး ကိုယ်တိုင် ဆုံးဖြတ်တတ်လာမယ်။ ကျွန်တော် ကျေနပ်ပြီ။ ၈% ကို ကျွန်တော် စိုက်ပေးစရာမလိုပါဘူး။ တစ်နေ့ကို နာရီဝက်လောက် Trade လိုက်ရင် တစ်ရက်အတွက် ၁% တောင်ကျော်သေးတယ်။ ပြန်ရတာ။ ကျန်တဲ့ အချိန်က ကျွန်တော့အတွက်ဆိုပါတော့။ အကြာကြီးတော့ ဘယ်သူ့ကိုမှ မလုပ်ပေးဘူး။ နည်းနည်း Trade တတ်လာလို့ လက်လွှတ်လို့ ရရင် ကိုယ်တိုင် Trade ခိုင်းမှာပါ။
          Investment Site တွေ၊ လောင်းကစားဆိုဒ်တွေ လုပ်လို့ ကိုယ့်ငွေဆုံရှုံးတာကို ဆက်မလုပ်နဲ့တော့လို့ မတားချင်ဘူး။ ဆက်လုပ်ကြပါ။ အချိန်တန်ရင် တော့ တစ်ကယ်အကျိုးရှိတဲ့ လုပ်ငန်း(Trade) ဘက်ကို လှည့်ကြည့်ကြပေါ့။
          ရှယ်ယာပုံစံ - အနည်းဆုံး (0.1 BTC) ။
                           ပို့ဖြစ်ရင် ပို့ဖြစ်ကြောင်း Facebook က ကျွန်တော့ My wallet ပိုစ့်အောက်မှာ Screen Shot  နဲ့ မန့်ပေးထား။ သက်သေထားဖို့။
                           တနင်္လာနေ့တိုင်း အမြတ်ပြန်ပို့ပေးမယ်။
                           ကိုယ့် BTC  ပြန်လိုချင်ရင် တစ်ပတ်ကြိုပြော။ ဒါမှ ဖွင့်လက်စ Trade ကို ပိတ်ဖို့ ချိန်လို့ရမယ်။
                          လောလောဆယ်တော့ ရှယ်ယာကို လက်ခံနိုင်သေးတယ်။
အားလုံးအဆင်ပြေကြပါစေ။

Saturday, February 6, 2016

Trade မှာ ကိုယ်ဖွင့်လိုက်တဲ့ ဈေးအတိုင်းမပွင့်လို့

        အခုတစ်လော အမေးများလာကြတယ်။ MT4 Platform ပေါ်မှာ Buy Position ဖြစ်ဖြစ်၊ Sell Position ဖြစ်ဖြစ် ဖွင့်လိုက်တဲ့အချိန်မှာ Trade က ကိုယ်ယူ လိုက်တဲ့ဈေးနဲ့ မပွင့်တဲ့ကိစပါဘဲ။ ပထမတော့ တစ်ချို့တွေကို ရှင်းပြပါသေးတယ်။ ကိုယ်ကဘဲ အရှင်းမတော်တာဖြစ်လိမ့်မယ် သူတို့နားမလည်ကြလေသတည်း ဆို တော့ ရှင်းရင်းနဲ့ ရှုပ်လာတော့တာဘဲ။ ဖြေပေးနေရတာက Chart Box ။ မေးသူက သုံးလေးဦး။ မေးနေတဲ့သူတော့မသိဘူး ကျွန်တော့မှာ အတော်ခွကျတော့တာဘဲ။ ဒါနဲ့ ဘလော့မှာ ဒီပိုစ့်တင်ပေးဖြစ်တာ။
        ကျွန်တော်ရဲ့ ပိုစ့်တွေမှာ MT4 Plateform ပေါ် Trade လုပ်တဲ့ကိစတွေကိုဘဲ တင်ဖြစ်နေတာက MT4 Platform ကို Forex Trading Website တော်တော်များ များသုံးကြတော့ သူကဘုံပိုင်လိုဖြစ်နေတယ်။ Forex Trading Website တွေက အများကြီးရှိကြတော့ တစ်ဆိုဒ်နဲ့ တစ်ဆိုဒ်က အဝင်အထွက်တွေဆို နည်းနည်းဆီ ကွာကြတယ်ဗျ။ ဒါကိုလိုက်ရှင်းရရင် ပြီးမှာ မဟုတ်တော့ဘူး။ ပြီးတော့ ကျွန်တော် ကိုယ်တိုင် ဖုန်းပေါ်မှာဘဲ MT4 နဲ့ Trade လုပ်နေတော့ ကျွန်တော် ကျွမ်းကျင်တာ ကိုဘဲ အသားပေး ရှင်းနေရတာ။ ဒါကြောင့် ကျွန်တော်ရှင်းပြ၊ ရေးပြနေတဲ့ Trading Website တစ်ချို့ကလွဲရင် တစ်ခြား Website တွေအတွက်တော့ မိမိကိုယ်တိုင် တတ်နိုင်သလောက် လေ့လာကြစေချင်ပါတယ်။
        အခု Trade မှာ ကိုယ်ကဖွင့်လိုက်တဲ့ဈေးနဲ့ ပွင့်လာတဲ့ဈေး မတူတာကို ကျွန်တော် သိသလောက် ပြောပြမယ်။ ဘယ် အတွဲဘဲ ဖြစ်ဖြစ် အခုပြောသွားမယ့် သဘောတရားဘဲ။ MT4 ပေါ်မှာ ပြထားတဲ့ Buy/Sell အတွက် အနီရောင် နဲ့ အပြာရောင်ကို နမူနာထားပြီး ရှင်းသွားမယ်။
        ကိုယ်က Trade လုပ်မယ်ဆိုပြီး အတွဲတစ်တွဲကို ဈေးကွက်မှာ ဝင် Trade ပြီဆိုပါတော့။ ဈေးတက်တော့မယ်ထင်လို့ အတက် (Buy) ကိုယူပြီး ဖွင့်လိုက်ရင် Platform မှာ ကိုယ့်ကို သူက (Sell) ဈေးနဲ့ ဖွင့်ပေးလိုက်တယ်။ အဲဒီ့မှာ တစ်ချို့အတွက် ပြနာစတာဘဲ။ ဥပမာ - ငွေကြေးအတွဲတစ်ခု ဆိုပါတော့ ဈေးက ၁၀၀ မှာရှိနေမယ်ဆိုရင်တောင် မှာ အနီရောင်အတွက် ဈေးက တစ်မျိုးပြမယ်။ အပြာရောင်အတွက် ဈေးက တစ်မျိုးပြမယ်။ အဲဒါ ဝယ်ဈေး/ရောင်းဈေး ပေါ့။ အပြာရောင်လိုင်းက ၁၀၀ ကိုပြနေရင် အနီရောင်လိုင်းက ၉၈ လည်းပြရင်ပြမယ် ၉၇ လည်းဖြစ်ချင်ဖြစ်မယ်။ အဲဒီ့တော့ ထရိတ်တစ်ခု မဖွင့်ခင်မှာ သတိထားကြည့်ရတယ် တစ်ခါတစ်လေ အပြာရောင်လိုင်းက ၁၀၀ မှာ ငြိမ်နေပေမယ့် အနီရောင်လိုင်းမှာ လှုပ်နေတာကို တွေ့ရလိမ့်မယ်။ ၉၈၊ ၉၇၊ ၉၅ အဲဒီ့လို လှုပ်နေတာ။ အပြာလိုင်း  ၁၀၀ ကတော့ ငြိမ်နေတယ်။ အဲဒီ့အချိန် ကိုယ်က အတက်ဆိုပြီး ဖွင့်၊ ၁၀၀ ထက်ပို တဲ့ဈေးနဲ့ သူကဖွင့်ချပေးမှာ။ MT4 မှာ ကိုယ်ကဈေးကွက်ဖွင့်လိုက်တဲ့ အချိန်မှာ သေချာပြီလားဆိုပြီး သူကမေးတဲ့ Box တစ်ခုပေါ်လာသေးတယ်။ ကိုယ်က Done ဆိုပြီး နှိပ်လိုက်မှ စပွင့်တာ။ အဲဒီ့ခဏလေးမှာ အနီလိုင်းက ဘယ်အထိပြောင်းမယ် ဆိုတာ ကိုယ်ကမသိနိုင်ဘူး။ ဈေးကွက်အတက်အကျ တစ်အားမြန်နေတဲ့အချိန်ဆို ပိုဆိုးတတ်တယ်။ မယုံဘူးလား။ တစ်ခါတစ်လေများ ၁၀၀ လောက်ရှိနေတဲ့ဈေးက ၁၃၀ လောက်ကို တစ်ခါထဲ ခုန်တက်သွားတာမျိုး၊ ပြီးတာနဲ့ ၁၀၃ လောက်ကို ချက်ခြင်းပြန်ဆင်းတာ။ စကန့်ပိုင်းဘဲကြာတယ်။ Binary Trade လုပ်တဲ့သူဆိုပို သတိထားမိမယ်။ အဲဒါဘာလို့လဲ Spread လို့ခေါ်တယ်။ အလွယ်ပြောရရင် ဈေးကွာ ခြားချက်ပေါ့။ အဲဒီ့ Spread က Trading Platform တွေမှာ တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် မတူကြဘူး။ နောက်ပြီး Currencies တွေမှာလည်း တစ်မျိုးနဲ့ တစ်မျိုး Spread မတူကြဘူး။ အခုရှင်းပြသွားတာက ကိုယ်က ဈေးကိုကြိုက်လို့ တစ်ခါတည်း တန်းဖွင့်ရင် ကြုံတွေ့ရတာဘဲ။ Direct Open Position ဆိုပါတော့။
        Open Order နဲ့သွားတဲ့သူကတော့ အဲဒီ့ပြနာနဲ့ နည်းနည်းကင်းတယ်။ ကိုယ်က ဈေး ၁၀၀ မှာ တက်မယ်ဆိုပြီး Buy Position ကို  Open Order Buy Limit နဲ့ သွားထားမယ်၊ လက်ရှိရောက်နေတဲ့ ဈေးက ဘယ်လိုဖြစ်နေနေ။ အဲ ကိုယ်မှန်းထား တဲ့ ၁၀၀ နားကပ်လာပြီး ပွင့်ခါနီးပြီဆိုရင် MT4 မှာ ဘေးက အစိမ်းတန်းလေး ပေါ်လာတယ်။ သတိထားကြည့်။ ဒါတောင် တစ်ခါတစ်လေ ၁၀၂ လောက်နဲ့ ပွင့်လာတာမျိုး၊ ၉၈ နဲ့ ပွင့်လာတာမျိုး ကြုံရတတ်ပါတယ်။ ဈေးက တစ်အားလှုပ် နေတဲ့အချိန်မျိုးမှာ ဖြစ်တတ်တယ်။
        နောက်တစ်ခုက ကိုယ်ရွေးလိုက်ပြီး Trade လုပ်တော့မယ့် အတွဲမှာ spread ကဘာမှ မကွာတာကိုပြနေမယ် ဆိုလိုတာက အပြာလိုင်း(Buy) နဲ့ အနီလိုင်း(Sell) က ဘာမှမကွာဘူးဆိုပါတော့ ဒါပေမယ့် ကိုယ်က ဈေးကွက်ကို ဖွင့်လိုက်တဲ့အချိန်မှာ အနီပြပြီး စရှုံးနေပြီ။ အဲဒါဘာကိုပြောတာလဲဆိုတော့ Pip ကွာတာ။ Trading Platform တွေမှာ Pip ကွာခြားချက်က တစ်ဆိုဒ်နဲ့ တစ်ဆိုဒ် မတူကြဘူးဗျ။ ဒီလိုဘဲ ဈေးကွက်အတွဲတွေကလည်း Pip ကွာခြားချက်က တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဥပမာဗျာ - SimpleFx မှာဆိုရင် EURUSD အတွဲအတွက်က 10 pip ကွာတယ်။ USDBTC ဆိုရင် 150 pip လောက်ကွာတယ်။ ကိုယ်ရွေးလိုက်တဲ့ Leverage ပေါ်မူတည်ပြီးတော့လည်း အဲဒီ့ Pip က ကွာသေးတယ်ဗျ။
        ရှုပ်ကုန်ကြပြီလား? USDBTC နဲ့ ဥပမာပြောပြမယ်။ BTC ဈေး ၄၀၀ မှာ ကိုယ်က တက်မယ်ဆိုပြီး Buy Position ကို ယူရင် သူက ၃၉၈.၅ နဲ့ ဈေးကိုစဖွင့်ပေးလိမ့်မယ်။ အဲဒီ့မှာတင် ကိုယ်က 150 Pip စာအတွက် အရှုံးစပြလို့ Balance မှာ နီနေမယ်ဗျ။ မှန်းတဲ့အတိုင်း ဈေးတက်လာပါပြီတဲ့ BTC ဈေး ၄၀၁.၅ ကိုရောက်မှ ကိုယ်က Balance 0 ၊ မြတ်လည်းမမြတ်သေးသလို ရှုံးလည်းမရှုံး သေးဘူး။ ၄၀၁.၅၁ ကိုရောက်မှ 1 Pip စာအတွက် အမြတ်စရလိမ့်မယ်။
        တစ်ကယ်တော့ဗျာ သိချင်တဲ့သူ ရှိလို့သာ ရှင်းပြရတယ်။ သိထားတော့ ကောင်းပေမယ့် အဲဒီ့ ကွာခြားချက်ကိစက လက်တွေ့ လုပ်ရင်းနဲ့မှ ပိုနားလည်မယ်လို့ ထင်တယ်ဗျ။ ကျွန်တော်တုန်းက စာလည်းဖတ်တာဘဲ သဘောမပေါက်ဘူး။ လက် တွေ့ Trade နေရင်းမှ တဖြည်းဖြည်း သဘောပေါက်လာတာ။ ကျွန်တော်ကတော့ ခပ်တုန်းတုန်းဆိုတော့ လက်တွေ့မှဘဲ သိတော့ပေမယ့် စာဖတ်သူတွေကတော့ ကျွန်တော် ရှင်းပြတာနဲ့တင် တစ်ခါတည်း သဘောပေါက်သွားမယ့်သူတွေဆိုတာ ကျွန်တော် ယုံပါတယ်။
        ကဲ … ကျွန်တော်တော့ သိသလောက်ရှင်းပြခဲ့ပြီဗျာ။ ဖတ်ပြီးနားမလည်ရင် တော့ ကျွန်တော် ညံ့လိုဘဲဖြစ်မှာပါ။ အားလုံး ကျန်းမာကြပါစေ။

Wednesday, February 3, 2016

BTC ရောင်းလိုသူ၊ ဝယ်လိုသူများ အတွက်

          ဒီနေ့ ကျွန်တော့ဘလော့မှာ Bitcoin ကို ရောင်းချင်၊ ဝယ်ချင်သူတို့ အတွက် ဝန်ဆောင်မှုတစ်ခုကို အစမ်း မိတ်ဆက်ထားပေးပါတယ်။ ဘေးဘက်မှာရှိတဲ့ Widget မှာ မိမိ ဝယ်ချင်ရောင်းချင်တဲ့ ပမာဏကို ဂဏန်းရိုက်ထဲ့ကြည့်ရုံနဲ့ ဘယ်ဈေးနဲ့ ရမယ်ဆိုတာ တန်သိမှာ ဖြစ်ပါတယ်။ Live Rate  ဖြစ်တာကြောင့် ဈေးကတော့ အမြဲပြောင်းနေမှာပါ။
          လောလောဆယ်တော့ ပေါက်ဈေးအတိုင်း ဖြစ်မဖြစ် စမ်းပြီး တွက်ကြည့်နိုင်ပါတယ်။ အရောင်းအဝယ် စလုပ်ဖို့အတွက်တော့ လာမယ့် တနင်္လာနေ့လောက်မှ ဝန်ဆောင်မှုပေးနိုင်ပါ့မယ်။
          - Bitcoin ဝယ်ဝယ်၊ ရောင်းရောင်း 2 Bitcoin အောက်ဆို ဝန်ဆောင်ခ (၈%) ကျမှာဖြစ်ပါတယ်။
          - 2 Bitcoin နဲ့ အထက်က (၅%)ပါ။
          - 10 Bitcoin နဲ့အထက်ကတော့ ကြိုတင်အကြောင်းကြားပေးရပါ့မယ်။
          - မြန်မာငွေအတွက် CB Mobile Banking တစ်ခုထဲဘဲ လောလောဆယ်ရပါ့မယ်။
          - Bitcoin အတွက် (After 6 - comfimation) နဲ့ မြန်မာငွေအတွက် ဘဏ်အကောင့်ထဲငွေရာက်ပြီး မိနစ် (၃၀) အတွင်း လွှဲပေးမှာဖြစ်ပါတယ်။
          - အမြဲပြောင်းလဲနေတဲ့ ဈေးကွက် (Live Rate) ဖြစ်တဲ့ အတွက်ကြောင့် 
          - Bitcoin အတွက် After (6) comfimation ၏ ပေါက်ဈေးဖြစ်ပြီး
          - မြန်မာငွေအတွက် ဘဏ်ငွေလွှဲ လက်ခံရရှိသည့် အချိန်၏ ပေါက်ဈေးဖြင့်သာ တွက်ပြီးပေးချေပါ့မယ်။
          - Bitcoin ဝယ်သူတွေအတွက် မြန်မာငွေပြန်မလွှဲပေးပါ။
          - Bitcoin ရောင်းတဲ့သူအတွက် Bitcoin ပြန်မလွှဲပေးပါ။
          ဝန်ဆောင်မှု စတင်တဲ့ အချိန်ရောက်မှ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ လိပ်စာကို တင်ပေးပါ့မယ်။ 
          အားလုံးအဆင်ပြေကြပါစေ။

Tuesday, February 2, 2016

SimpleFX Review

SimpleFX Review
ကျွန်တော် အခုတစ်လော Facebook မှာ ကျွန်တော်တို့ ဂရုကအဖွဲ့တွေရော ကျွန်တော့် Friends တွေပါ စိတ်ဝင်စားဖို့ကောင်းပြီး အကျိုးလည်းရှိစေမယ့် MT 4  နဲ့ Trade လုပ်တာကို ကျွန်တော်ကိုယ်တိုင် Trade လုပ်ပြရင်း Facebook မှာ တင်ပေးနေခဲ့ပါတယ်။ လိုက်လုပ်တဲ့သူတွေ အကျိုးအမြတ် ရကြတာကိုလည်း တွေ့ နေရပါတယ်။ ဒီမတိုင်ခင် ဘလော့မှာ အရင်ပိုစ့်တွေနဲ့ အကောင့်ဖွင့်ပုံတွေ Trade လုပ်ပုံတွေကို တင်ပေးခဲ့ပေမယ့် အခုမှ Facebook မှာ တွေ့ပြီး လိုက်လုပ်တဲ့သူ တွေက အကောင့်ဖွင့်ပုံတွေ Trade လုပ်ပုံတွေကို ပြန်ပြီးမေးနေလို့ ဒီပိုစ့်ကို ထပ်ပြီး ရေးပေးလိုက်ပါတယ်။ လိုအပ်တာတွေကိုလည်း ဖြည့်စွက်ရင်းပေါ့။ ပိုစ့်ရှည်နေမှာစိုး လို့ မလိုဘူးထင်တာတွေကိုတော့ ဖြုတ်ထားခဲ့လိုက်တယ်။
ဒီပိုစ့်ကို ရေးနေတဲ့အချိန်မှာ ကျွန်တော်တို့တိုင်းပြည်အတွက် ပြောင်းလဲမှုတစ် ခုမက ဖြစ်လာစေနိုင်တဲ့ လွှတ်တော်အသစ်ကြီးလည်း စတင်ကျင်းပတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတော့ အခုပြောပြမယ့် တစ်ချို့ကိစတွေဟာ နောက်ဆို လိုချင်မှတောင် လိုတော့မှာပါ။
SimpleFx Trading Platform ကိုမှ ကျွန်တော် ဘာလို့ ညွှန်းရသလဲ?
Trade လုပ်လိုတဲ့ သူတွေအားလုံးဟာ Trading Platform တစ်ခုခုမှာ အကောင့်တစ်ခု ဖွင့်ရတယ် ဆိုတာ Trade လုပ်ချင်သူတိုင်း သိကြမှာပါ။ သူများတိုင်းပြည်က လူတွေအတွက် ဒီလိုအကောင့်တစ်ခုဖွင့်ဖို့ ထမင်းစား ရေသောက်လို လွယ်ကူပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးအတွက်တော့ တရားဝင်အကောင့်တစ်ခုရဖို့ ခက်လှပါတယ်။ Passport, Bank Account, ငွေအထုတ် အသွင်းလုပ်ဖို့ Master/Visa Card, ဖုန်း၊ ရေ၊မီး ခွန် ဆောင်ထားတဲ့ အိမ်လိပ်စာတွေ တင်ပြဖို့အတွက် ကျွန်တော်တို့ တိုင်းပြည်က ကမာမှာ မရှိတဲ့ တိုင်း ပြည်လို့တောင်ထင်ရအောင် တင်ပြလို့မရတဲ့ အဖြစ်တွေပါ။ ထရိတ်လုပ်တတ်ရင် တစ်ကယ်အကျိုးရှိတာကြောင့် အပေါ်မှာ ပြောပြခဲ့တဲ့ အခက်အခဲတွေနဲ့ ကင်းပြီး ကျွန်တော်တို့တိုင်းပြည်က Trade လုပ်လိုတဲ့ Email အကောင့်ရှိတဲ့ မည်သူမဆို အကောင့်တစ်ခုကို အလွယ်တကူဖွင့်နိုင်ပြီး စိတ်ချလက်ချ Trade လုပ်နိုင်တဲ့ SimpleFX ဆိုတဲ့ Trading Platform တစ်ခုကို ကျွန်တော် ညွှန်ပြရတာပါ။
ဘာတွေကောင်းလဲ?
SimpleFx Trading Platform ဟာဆိုရင် -
(၁)    Bitcoin (BTC) ကိုဘဲ Deposit/Withdraw လုပ်ပြီး Trade လုပ်မယ့် သူအတွက် Account Verify လုပ်စရာ မလိုပါဘူး။
(၂)    မိမိ Deposit လုပ်လုပ်၊ Withdraw လုပ်လုပ် အထုတ်အသွင်း Free ပါဘဲ။
(၃)    BTC ကိုဘဲ Deposit လုပ်ထားလို့ BTC နဲ့ ပါတ်သက်တာဘဲ Trade လုပ်ရတာမဟုတ်ပါဘူး။ Hard Currencies လို့ခေါ်တဲ့ တစ်ခြား နိုင်ငံတကာသုံး ငွေကြေးအတွဲတွေကိုပါ Trade လုပ်ခွင့် ပေးထားပါတယ်။ မိမိ BTC ကို ဒေါ်လာ အဖြစ် ပြန်ပြောင်းစရာ လိုပါဘူး။
(၄)    Trade လုပ်တဲ့နေရာမှာလည်း ပထမ (၇) ရက်စာအတွက် Fee မပေးရပါဘူး။
ခြုံပြောရရင် BTC ကိုဘဲ Trade လုပ်ရတာကလွဲရင် တစ်ခြား Forex Trading Platform တွေနဲ့ အတူတူပါဘဲ။ ကျွန်တော်တို့ တိုင်းပြည်က Trade လုပ်မယ့်သူတွေအတွက် Account Verify လုပ်စရာမလိုတာက ကျွန်တော် ညွှန်းရတဲ့ အဓိကအကြောင်းပါဘဲ။ BTC ကို Withdraw ပြန်လုပ်တဲ့နေရာမှာလည်း Instant ပါဘဲ။
အခုမှ Trade စလုပ်ကြမယ့် သူတွေအတွက်ရော အရင်လူတွေအတွက်ပါ SimpleFx Trading Platform နဲ့ပတ် သက်ပြီး အရေးကြီးတဲ့ အချက်တစ်ခုကို ပြောသွားပါ့မယ်။ အဲဒါကတော့ SimpleFx မှာ Leverage အမျိုးမျိုးနဲ့ Real Account (၁၀) ခုအထိ ဖွင့်ထားလို့ ရတဲ့အကြောင်းပါ။ မိမိမှာ Account တစ်ခုထဲထားပြီး Leverage ကိုအမျိုးမျိုး ပြောင်းလို့ရနိုင်ပေမယ့် တစ်နေ့ထဲမှာ Account တစ်ခုဟာ Leverage ကို အမျိုးမျိုး ပြောင်းခွင့် မပေးထားပါဘူး။
Leverage အမျိုးမျိုးနဲ့ အကောင့် (၃)(၄) ခု ဘာကြောင့် လုပ်ဖို့လိုသလဲ။ ကိုယ်က Trade လုပ်တဲ့နေရာမှာ သိပ်မကျွမ်းကျင်သေးရင်တော့ ဒီလိုလုပ်ထားဖို့ လိုပါတယ်။ Leverage များများနဲ့ Trade လုပ်တာဟာ အမြတ်များများကို မြန်မြန်ရနိုင်တယ်ဆိုပေမယ့် တစ်ဖက်ကလည်း မိမိရဲ့အရင်း မြန်မြန်ရှုံးနိုင်တယ်ဆို တာ ထည့်စဉ်းစားထားရမယ်ဗျ။ ကဲ အကောင့်ဖွင့်ပုံ စလိုက်ရအောင်။
SimpleFx မှာ အကောင့်မရှိသေးတဲ့သူကတော့ ဒီဘလော့စာမျက်နှာရဲ့ အပေါ်ဆုံး ခေါင်းစဉ်အောက်က လင့်ကို နှိပ်ပြီး အကောင့်သွားဖွင့်နိုင်ပါတယ်။
အောက်မှာပြတားတဲ့ပုံကတော့ SimpleFx ရဲ့ Log in လုပ်ရမယ့် ပုံပါ။ အခုမှ အကောင့်စဖွင့်မယ့်သူတွေလည်း ဒီစာမျက်နှာက CREATE ACCOUNT ဆိုတဲ့နေရာ ကနေ ဝင်ရမှာပါ။ အခုမှအကောင့်စလုပ်မယ့်သူတွေအတွက်တော့ အသေးစိတ်ကို မ ရှင်းပြတော့ပါဘူး။ ဘာမှမခက်လို့ပါ။ ကိုယ်တိုင်လုပ်ကြည့်ပါ။

အောက်မှာပြထားတဲ့ပုံကတော့ LOG IN ဆိုတာက်ုနှိပ်လိုက်ရင် တွေ့ရမယ့် ပုံပါ။


အခုပုံကတော့ Log in လုပ်ပြီးတဲ့အခါမှာ တွေ့ရတဲ့ပုံပါ။ ပုံမှာ မြှားပြထားတဲ့ မိမိရဲ့ အကောင့်အမည်ဘေးကို နှိပ်လိုက်ရင် Setting, Accounts နဲ့ Affiliates ဆိုတာကိုတွေ့ ရပါ့မယ်။

အခုပုံကတော့ Setting ကိုနှိပ်ပြီးရင် တွေ့ရမယ့်ပုံဖြစ်ပါတယ်။ အဲဒီ့နေရာမှာ BTC ကို BIT အဖြစ် ပြောင်းတာကိုဘဲ အဓိကထားပြီးပြသွားပါ့မယ်။ ကျန်တဲ့အပိုင်း တွေကိုတော့ မိမိကိုယ်တိုင်လေ့လာပါ။


အခုပုံကတော့ Account ဆိုတာကိုနှိပ်ရင် တွေ့ရမယ်ပုံပါ။ ဒီပိုစ့်အတွက် အဓိက ရှင်းပြမယ့် အပိုင်းဆိုပါတော့။ ပြထားတဲ့ပုံမှာ ကျွန်တော်အမြဲသုံးတဲ့ Leverage 1:500 နဲ့ Leverage 1:200 ဆိုတာကို တွေ့ရပါ့မယ်။ မြှားပြထားတဲ့ Add Account ဆိုတာကို နှိပ်ပြီး မိမိတို့အတွက် လိုအပ်တဲ့ အကောင့်ကို အဲဒ်ီနေရာမှာ လုပ်ရပါ့မယ်။ တကယ့် BTC နဲ့ Trade လုပ်မှာကြောင့် Live Accounts ဆိုတာရဲ့ အောက်မှာဘဲ လုပ်ရပါ့မယ်။


အခုပုံကတော့ Add Account ဆိုတာကိုနှိပ်ရင် ပေါ်လာတဲ့ပုံပါ။ ပုံမှာပြထားတဲ့အတိုင်း နှိပ်လိုက်ပါ။


အခုတွေ့ရတဲ့ပုံအတိုင်းပေါ်လာရင် မိမိသုံးမယ့်ငွေအမျိုးအစားနဲ့ မိမိ MT4 Platform မှာဝင်ရမယ့် Password ကိုထည့်ပေးရပါမယ်။ ဒီနေရာမှာ ကျွန်တော်တို့က BTC ကိုဘဲ Deposit လုပ်မှာဖြစ်လို့ BIT ဆိုတာကိုဘဲ ရွေးပေးရပါ့မယ်။ အားလုံးချိန်ပြီး သွားရင် Create Account ဆိုတာကိုနှိပ်လိုက်ပါ။


အခုပုံကတော့ မိမိရဲ့ အကောင့်အသစ်တစ်ခုကို MT4 နဲ့ Trade လုပ်ဖို့ ဖွင့်ပြီးကြောင်းပြတဲ့ ပုံပေါ်လာပါ့မယ်။ ပေါ်လာတဲ့ပုံမှာ MT4 Platform အတွက် နံပါတ်ကို မှတ်ထားရပါ့မယ်။ OK ကိုနှိပ်လိုက်ပါ။


အခုပုံကတော့ မိမိအတွက် MT4 Platform မှာ Trade လုပ်နိုင်ဖို့ Apk မရှိရင် Download လုပ်နိုင်ဖို့နဲ့ MT4 Platform ပေါ်မှာ ထည့်ပေးရမယ့် Broker အမည်ဖြစ်ပါတယ်။


အခုပုံကတော့ Leverage ရွေးဖို့ မိမိအကောင့်ဘေးမှာရှိတဲ့ ခဲတံပုံကို နှိပ်ရင် တွေ့ရမယ့်ပုံပါ။ Leverage အမြင့်ဆုံး 1:500 ကနေ 1:100 အထိ ချိန်ထားလို့ရ ပါတယ်။ သက်ဆိုင်ရာ Leverage တွေရဲ့ ဘေးမှာပြနေတာကတော့ ဆိုင်ရာ Leverage အတွက် ထည့်ထားရမယ့် BIT ပမာဏပါ။ ရွေးပြီးရင် Change Leverage ဆိုတာကို နှိပ်လိုက်ပါ။


အခုပြထားတဲ့ ပုံအတိုင်း ပေါ်လာမှာပါ။ Change Leverage ဆိုတာကို ဆက်နှိပ်ပေးလိုက်ပါ။


အခုပြထားတဲ့ပုံကတော့ လက်တွေ့ပြရင်းဖွင့်ပြခဲ့တဲ့ Leverage 1:100 ဆိုတဲ့ အကောင့်အသစ်တစ်ခု ကျွန်တော့မှာ ထပ်တိုးလာတာကို တွေ့နေရတာပါ။ ပုံမှာ မြှားနဲ့ ပြထားတဲ့ Internal Transfer ဆိုတာကတော့ မိမိမှာ ရှိနေတဲ့ Leverage အမျိုးမျိုးနဲ့ အကောင့်တွေအချင်းချင်း BIT ကို လွှဲဖို့ပါ။
ဒီလောက်ဆိုရင် SimpleFx မှာ Leverage အမျိုးမျိုးထားပြီး အကောင့်တွေဖွင့် တတ်လောက်ပြီ ထင်ပါတယ်။ အကောင့်တွေ သုံးလေးခုလောက်ဖွင့်တာတော့ ဟုတ်ပါ ပြီ။ ဘယ်လိုအသုံးချရမှာလဲလား။ Trading မှာ Leverage များလေ အမြတ်လည်း များ များရလေဆိုပေမယ့်။ ကိုယ့်ရဲ့ခန့်မှန်းချက်က အမှားမခံပါဘူး။ ခန့်မှန်းချက် မှန်ရင် ကိစ မရှိပေမယ့် မှားခဲ့ရင် Leverage များများထားတဲ့အတွက် မိမိရင်းနှီးမှုဟာ မြန်မြန်ပါသွား နိုင်ပါတယ်။
ဒါကြောင့် ကျွန်တော့အတွေ့အကြုံအရ Leverage များများနဲ့ Trade ဖို့အတွက် ဆိုရင် သေချာလောက် တဲ့ဈေးကွက်အနေအထားရောက်မှ လုပ်သင့်ပြီး၊ သိပ်မသေချာ ရင်တော့ Leverage နဲနဲ နဲ့ Trade နေတာပိုသင့်တော်မယ်ထင် ပါတယ်။
တစ်ခုဖြည့်ပြောချင်တာက ကျွန်တော့ကို Cb ကနေ Friend တစ်ယောက် မေးလာတဲ့ အကြောင်းလေးပါ။ Trade ကို Investment Site လို တစ်နေ့ဘယ်လောက်အနည်းဆုံး ရှာလို့ ရနိုင်မယ်လို့ ပုံသေတွက်လို့ မရပါဘူး။ မိမိရဲ့ ကျွမ်းကျင်မှုနဲ့ လုပ်ရတဲ့လုပ်ငန်းအမျိုးအစားပါ။ Trade မှာလည်း မိမိငွေ ဆုံးရှုံးနိုင်ပါတယ်။ သူများကလိမ်သွားလို့ ဆုံးရှုံးတာတော့ မဟုတ်ပါဘူး။ မိမိရဲ့ ဆုံးဖြတ်ချက်အမှားကြောင့်ဘဲဖြစ်ပါတယ်။ သေသေချာချာလေ့လာရင် ပိုသဘောပေါက်လာမှာပါ။ Facebook မှာ ကျွန်တော် ပထမဦးဆုံးအကြိမ် Trade လုပ်ပြတုန်းက ဆာတိုရှီ ၅၀၀၀၀၀ နဲ့ ရင်းပြီး လုပ်ပြခဲ့ပါတယ်။ အဲဒီ့နေ့က ကျွန်တော် ဆာတိုရှီ ၃၀၀၀၀၀၀ ကျော်အသားတင်မြတ်ခဲ့ပါတယ်။ လိုက်လုပ်ခဲ့တဲ့ သူတစ်ယောက်က ၇၀၀၀၀၀၀ ကျော်မြတ်သွားခဲ့ပါတယ်။ တစ်ညနေထဲနဲ့ပါ။ လိုက်လုပ်တဲ့သူခြင်း ၅၀၀၀၀၀ လုံး ဆုံးရှုံးသွားသူလည်း ရှိပါတယ်။ ဒါကြောင့်  Trade ကို Trade လိုဘဲတွေးရင် ပိုကောင်းပါတယ်။ နေ့စဉ်ပုံမှန်ရမယ့်ပုံစံမျိုးဆိုရင် Trade ကိုမစဉ်းစားပါနဲ့။ Investment Site တွေ Bitcoin Cloud Mining Site တွေမှာဘဲ လုပ်ပါလို့ အကြံပြုရင်း....
အားလုံးအဆင်ပြေကြပါစေ။