Friday, December 25, 2015

ကျွန်တော် ရေးခဲ့သော MT4 Trade အကြောင်း နှင့် ထပ်မံရှင်းပြချက်များ

          ကျွန်တော်ရေးသားခဲ့တဲ့ ပိုစ့်တွေထဲမှာ MT4 Platform ပေါ်မှာ Trade လုပ်တဲ့အကြောင်းတွေကို ရှင်းလင်းရေးပြခဲ့တာ ပိုစ့် (၁၀) ခုလောက်ရှိခဲ့ပါပြီ။ အဲဒီ့ပိုစ့်တွေကို ဖတ်ကြည့်ကြပြီး Facebook, chat box, comment နဲ့ Email တွေမှာ မေးခွန်းတွေ မေးကြတာတွေအတွက် တစ်ချို့ကို ပြန်ဖြေပေးနိုင်ခဲ့ပေမယ့် ပြန်မဖြေဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် ဒီကာလထဲမှာ ကျွန်တော့ မွေးကင်းစ သမီးငယ်လေးကြောင့် Online ပေါ်မှာ အမြဲမရှိတာရယ်။ Online ပေါ်ရှိပြန်တော့လည်း ဈေးအတက်အကျပေါ် စဉ်းစားရင်း ဝယ်ရောင်းလုပ်နေတဲ့အချိန်တွေမှာ မေးလာတာတွေကို ပြန်မဖြေဖြစ်ခဲ့ပါဘူး။ နောက်ပြီး My Last Ways Of making money online ဆိုတဲ့ပိုစ့်ကို ရေးဖို့ ကျန်နေသေးတော့ ဒီပိုစ့်မှာဘဲ တစ်ခါတည်း ရေးတင်ပေးလိုက်ပါတယ်။
          ပထမဦးဆုံး ကျွန်တော့ကို မေးကြတဲ့ မေးခွန်းတွေထဲက အမေးအများဆုံးကို အရင်ရှင်းပြပါ့မယ်။
(၁)     Account Verify ကိစ္စ          -     ကျွန်တော့ပိုစ့်တွေကို သေသေချာချာပြန်ဖတ်စေချင်ပါတယ်။ ကျွန်တော်ညွှန်တဲ့ ဆိုဒ်တော်တော်များများက (Xapo Wallet (Bitcoin), etoro.com,  my.fbs.com ကလွဲရင်) Verify မလုပ်ဘဲ Email နဲ့ Bitcoin wallet လိပ်စာနဲ့ ဆို စီးပွားဖြစ် လုပ်မယ်ဆိုရင်တောင် လုပ်လို့ရတဲ့ ဆိုဒ်တွေပါ။ အခုအသစ်တင်ပေးထားတဲ့ စာမျက်နှာ အပေါ်ဆုံးက my.fbs ဆိုရင် Account verify လုပ်ဖို့လိုပါတယ်။ သူက National currencies တွေကို Trade လုပ်ဖို့ပါ။ အောက်ဆုံးက ဒေါ်လာအရောင်းအဝယ် Link က etoro.com ပါ။ သူလည်း National currencies ကို Trade လုပ်ဖို့ပါ။ Account verify လုပ်ဖို့ လိုပါတယ်။ 
(၂)     ငွေအထုတ်အသွင်းကိစ္စ       -     ကျွန်တော့် ဘလော့စာမျက်နှာတွေကို ဖတ်ပြီး လေ့လာကြတဲ့သူတွေ၊ လိုက်လုပ်လိုရင် အန္တရာယ်ကင်းကင်းနဲ့ လိုက်လုပ်နိုင်အောင် ကျွန်တော်ကိုယ်တိုင် လက်ရှိလုပ်ကိုင်နေတဲ့ ဆိုဒ်တွေထဲကမှ စိတ်ချရတဲ့ လင့်တွေကိုဘဲ တင်ပေးထားတာပါ။ Referal လိုချင်လို့မဟုတ်ပါဘူး။ Referal က ကော်မရှင်ပြန်ရတယ်ဆိုတာ တော်တော်နည်းပါတယ်။ ဒါကြောင့် ကျွန်တော့် ဘလော့ စာမျက်နှာမှာ တင်ထားတဲ့ ဆိုဒ်တွေဟာ Account verify မလုပ်ရင်တောင် ကြိုက်တဲ့အချိန်မှာ ငွေပြန်ထုတ်လို့ ရပါတယ်။
(၃)     Investment ကိစ္စ         -     မိမိငွေကို Investment လုပ်ဖို့ ဘယ်ဆိုဒ်ကကောင်းသလဲ? လို့တစ်ချို့ကမေးကြပါတယ်။ တစ်ချို့က သူတို့ လုပ်ပြီးသား website တွေကို ပြောပြပြီး ဘာဆက်လုပ်ရမလဲမေးကြပါတယ်။ Investment လုပ်ဖို့ ဘယ် website ကိုမှ ကျွန်တော် အာမမခံနိုင်ပါဘူး။ ကျွန်တော်က ခဲမှန်ဘူးတဲ့ စာသူငယ် (စာသူငယ်တောင်မဟုတ်ပါဘူး စာနာကြီးပါ) ပါ။ ခဲတောင် တစ်လုံးထဲမဟုတ်ပါဘူး။ အတွဲလိုက်မှန်ဘူးတော့ ဘာမှမပြောလိုပါဘူး။ သတိပေးတာဘဲ တတ်နိုင်ပါတယ်။ အောင်မြင်နေတယ်၊ ရနေကြတယ်ကြားရ မြင်ရရင်ဘဲ ဝမ်းသာပါတယ်။ ကိုယ့်ကိုယ်ကိုဘဲ အာမခံနိုင်လို့ Share ဝင်ချင်ရင် ကျွန်တော်နဲ့ Share ဝင်ဖို့တော့ ပြီးခဲ့တဲ့ ဘလော့မှာ ဖိတ်ခေါ်ထားခဲ့ပါတယ်။ ဒါတောင် လူအကန့်အသတ်နဲ့ပါ။
(၄)     Transition Fee ကိစ္စ     -     ဒီကိစ္စကိုတော့ ကျွန်တော့်အမြင်ပြောရရင် မိမိရဲ့ သုံးငွေပမာဏပေါ်မှာ အဓိကမူတည်လိမ့်မယ်ထင်ပါတယ်။ ဒီလထဲမှာဘဲ ကိုရင်သာဗျော( KYTB ) ရဲ့ bitcoinprofitwallet.com ပေါ်ထွက်လာခဲ့ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ဒီခေတ်ထဲမှာ မြန်မာပြည်အတွက် သက်သက်သာသာနဲ့ Exchange လုပ်လို့ကိုင်လို့ရတဲ့ ဆိုဒ်တွေ ပေါ်လာသလို နောင်လည်း ပေါ်လာနေမှာပါ။ ရွေးစရာတွေများလာရင် အကောင်းဆုံး၊ အမှန်ဆုံး၊ အမြန်ဆုံး နဲ့ Exchange Fee အသက်သာဆုံးဆိုဒ်ကို ကိုယ်တိုင်ရွေးကြရမှာပါ။ အခုဆို ကျွန်တော်က KYTB Site ကို Registerလုပ်ပြီး မိမိငွေကို အဝင်အထွက်လုပ်ဖို့ စဉ်းစားနေပါပြီ။ အဓိက ကျွန်တော်တွေးတာက ကျွန်တော် ဒေါ်လာ(၁၀၀၀) လောက် ထုတ်တာ ကျွန်တော့လက်ထဲအရောက်မှာ ဘယ်လောက်ရမလဲဘဲ စဉ်းစားပါတယ်။ လမ်းတစ်ခုက ၉၅၀ လောက်ရပြီး တစ်ခြားလမ်းက ၉၈၀ လောက်ရရင် ပိုရတဲ့ လမ်းကြောင်းကိုဘဲ ရွေးမှာပေါ့။ ဈေးတော့ ပိုရပါတယ် ဒါပေမယ့် စိတ်မချရဘူးဆိုရင်တော့ တွေးကြည့်ပါ။
          အရင်ပိုစ်တွေ့မှာ ကျွန်တော် Trade လုပ်ရင် Platform နှစ်ခုထားလုပ်တဲ့အကြောင်း ရေးထားပေးခဲ့ပါတယ်။ ဘာကြောင့်လဲ? အခု အောက်ကခေါင်းစဉ်အောက်မှာ အသေးစိတ် ထပ်ရှင်းပြပါ့မယ်။
My Last Way Of Making Money Online
          ကြိုတင် ပြောထားလိုတာက ကျွန်တော့လမ်းကြောင်းကို လိုက်လုပ်ကြပါလို့ ပြောလိုတာ မဟုတ်ပါဘူး။ လေ့လာပြီး ရွေးချယ်စရာလမ်းကြောင်း တစ်မျိုးတိုးစေလိုတာ အဓိကပါ။
          ၄ နှစ်ကျော် ၅ နှစ်လောက် မိမိတတ်ထားတဲ့ အင်ဂျင်နီယာ ပညာရပ်ကို စွန့်လွှတ်ပြီး ဒီ Online ငွေရှာတဲ့ လမ်းကို လျှောက်လာခဲ့တော့ ကျွန်တော့အတွက် ဒီအချိန်မှာ စမ်းသပ်နေရမယ့် အချိန်ကာလ မဟုတ်တော့ပါဘူး။ Physical Effect တွေ Mental Effect တွေပေါင်းစုံနဲ့ နောက်ဆုံးရွေးထားတဲ့ လမ်းကိုဘဲ လျှောက်တော့မှာပါ။
          (၁)     Bitcoin, Dogecoin နဲ့ Peercoin တွေကို Cloud Mining Websites တွေမှာ တူးပါတယ်။ အားလုံးပေါင်း (၈) ခုရှိပါတယ်။ နောက်ဆုံးတစ်ခုက ကျွန်တော်တို့ Bitcoin Mining Facebook Groupရဲ့ Admin ရဲ့ Cryptominerlife.com ပါ။ ဘလော့စာမျက်နှာမှာ ကျွန်တော့ လင့်နဲ့ ကြော်ငြာထားတဲ့ Hash-ocean ဆိုရင် ကျွန်တော်တူးလာတာ (၁) နှစ်လောက်ရှိပါပြီ။ ၀.၀၀၅ BTC ကျော်တာနဲ့ ကျွန်တော့ Bitcoin wallet ထဲကို ပုံမှန်ရောက်နေတာပါ။ ကိုယ်ရင်းထားတဲ့ Bitcoin ပမာဏက (၃) လလောက်နဲ့ ကြေပါတယ်။ တစ်ဝက်ကိုပြန်ရင်းပြီး တစ်ဝက်ကိုထုတ်ပေါ့။ Zeushash, CEO, Eobot, CLD, My-hash, Cloudmining စသဖြင့်ပေါ့လေ။
          (၂)     ရလာတဲ့ BTC တွေ၊ Dogecoin တွေဟာ Xapo Bitcoin Wallet, blockchain info နဲ့ Dogecoin Wallet တွေထဲမှာသိမ်းပါတယ်။ BTC ကို Xapo ထဲမှာအဓိက ထားပါတယ်။ သူက ပြန်ထုတ်ရင် Withdraw Fee လုံးဝမပေးရပါဘူး။ Hong Kong အခြေစိုက်ပါ။ မြန်မာပြည်ကနေ လုပ်ဖို့ ခက်ပါတယ်။ Verification Code ကိုတော့ မြန်မာ Telenor Phone ကို လှမ်းပို့ပေးပေမယ့် Driver Linsense နဲ့ Passport ကို သူတို့က ငြင်းတတ်ပါတယ်။ တစ်ချို့လည်း ရကြတယ်။ ကျွန်တော့် အသိနှစ်ယောက်မှာ ထိုင်းယာယီ Passport နဲ့ လုပ်တာ တစ်ယောက်ကရပြီး တစ်ယောက်က မရပါဘူး။ လုံခြုံရေးပိုင်း ကိုကျွန်တော် တော်တော်သဘောကျပါတယ်။
          (၃)     ပြီးတော့ Trade လုပ်ပါတယ်။ BTC နဲ့ National Currencies ပါ။ Trading Platform ကို နှစ်ခုစီထားပြီး လုပ်ပါတယ်။ ကျွန်တော် ရှင်းပြပါ့မယ်။ အရင်ဆုံး BTC/USD ကိုရှင်းပြပါ့မယ်။ ကျွန်တော် Trading Platform နှစ်ခုကိုထားပြီး Trade ရတဲ့ အဓိကအကြောင်းရင်းကတော့ Leverage ကြောင့်ပါ။ ဘယ် Trading Platform မှ Leverage ကို တစ်နေ့ထဲမှာ အမျိုးမျိုးပြောင်းလို့ မရပါဘူး။ MT4 နဲ့ မဟုတ်ဘဲ ကိုယ်ပိုင် Platform နဲ့ သွားတဲ့ etoro.com ဆိုရင်တော့ ရပါတယ်။ btc-e မှာ ကျွန်တော် Leverage ကို ၁း၃ ထားထားပြီး BTC/USD ကို Trade လုပ်နေတဲ့အချိန်မှာ အတက်ဖြစ်ဖြစ်/ အကျဖြစ်ဖြစ် သေချာလောက်ပြီလို့ ယူဆရင် ကျွန်တော် simplefx မှာ Login ဝင်ပြီး Leverage ကို ပြောင်းလိုက်ပါတယ်။ simplefx က Leverage ကို ၁း၅၀၀ အထိ တိုးလို့ ရသလို BTC/USD ကို Trade လုပ်မယ့်သူအတွက် Account Verify လုပ်စရာမလိုပါဘူး။ ဒါပေမယ့် BTC ကိုဘဲ Deposit လုပ်ပြီး BTC ကိုဘဲ Withdraw ပြန်လုပ်ရမှာပါ။ သူ့ မှာ National Currencies ကိုပါ Trade လုပ်လိုမှ Account Verify လုပ်ရပါတယ်။ ကျွန်တော် simplefx မှာ Account verify လုပ်တာ ကို တမင်မလုပ်ထားပါဘူး။ ကျွန်တော်က BTC/USD ကိုဘဲ သူ့ Platform မှာ Trade တာရယ်၊ နောက်ပြီး verify မလုပ်ဘဲ ဘယ်လောက်အထိ withdraw ရနိုင်မလဲ သိချင်တာနဲ့ verify မလုပ်ဘဲ သုံးကြည့်တာပါ။ withdraw လုပ်မရမှ verify လုပ်မယ်လို့ ရည်ရွယ်တာလဲပါပါတယ်။ မလိုပါဘူး။ BTC ၃.၈ ကျော်လောက်အထိ ကျွန်တော် ထုတ်လို့ရခဲ့ပါတယ်။ Instan ပါဘဲ။ ဘလော့စာမျက်နှာ အောက်ဆုံးက ဘစ်ကွိုင် အရောင်းအဝယ်လို့ ရေးထားတာ ကျွန်တော့ရဲ့ simplefx referal link ပါ။ Referal link နဲ့ မဝင်လိုရင် simplefx.com ဆိုပြီး address bar မှာ ရှာပြီးဝင်လို့ရပါတယ်။
          National Currencies ကိုတော့ အရင်က etoro.com မှာ Trade လုပ်ပါတယ်။ ဘလော့စာမျက်နှာ အောက်ဆုံးက ဒေါ်လာအရောင်းအဝယ်လို့ ရေးထားတဲ့ Link က ကျွန်တော့် Referal link ပါ။ နောက် တစ်ခုက my.fbs ပါ။ ဘလော့စာမျက်နှာအပေါ်ဆုံးကလင့်ပါ။ National Currencies ကို Trade လုပ်မယ်ဆိုရင်တော့ Account verify ဖြစ်ဖို့လိုပါတယ်။ Account verify မဖြစ်ခင်မှာ မိမိငွေထည့်ပြီး ဘယ် Trading platform မှာမှ Trade မလုပ်သင့်ပါဘူး။ etoro ကတော့ MT4 နဲ့ မချိတ်ထားပါဘူး။ သူက သူ့ ကိုယ်ပိုင် Trading Platform နဲ့ပါ။ Google play store မှာ etoro လို့ စာရိုက်ရှာပြီး Free download လုပ်ယူနိုင်ပါတယ်။ etoro က ငွေသွင်းရင် Paypal နဲ့ သွင်းလို့ ရပါတယ်။ Paypal နဲ့ ငွေသွင်းတဲ့သူဟာ Paypal နဲ့ဘဲပြန်ထုတ်ရမှာပါ။ ဒီလိုဘဲ Visa/Master cards နဲ့ ငွေသွင်းခဲ့ရင်လဲ Visa/Master Card နဲ့ဘဲ ပြန်ထုတ်လို့ ရပါတယ်။ etoro မှာ တစ်ခုသတိထားရမှာက မိမိငွေပြန်ထုတ်ချိန်မှာ မိမိက Passport နဲ့ verify လုပ်ထားခဲ့ရင် Passport သက်တမ်း ကုန်မကုန် သတိထားရပါတယ်။ Passport သက်တမ်းကုန်နေခဲ့ရင် ငွေထုတ်မပေးပါဘူး။ my.fbs ဆိုရင် အခုဆို ပြည်တွင်းမှာပါ ငွေသွင်း/ငွေထုတ်လုပ်ဖို့ တာဝန်ယူနေတဲ့သူတွေ ရှိနေပါပြီ။ MT4 Platform ပေါ်ကနေ Trade လုပ်လို့ရပါတယ်။ 
          (၄)     နောက်ဆုံး ကိုယ်ပြန်ထုတ်မယ့် ငွေကိုတော့ ကျွန်တော်က bx.in.th.com မှာ BTC, Dogecoin ကိုပို့ပြီး ထိုင်းဘတ်နဲ့ လဲပါတယ်။ ဒါဆိုကျွန်တော်က ATM မှာ ငွေကို ထုတ်လို့ ရပါပြီ။ ပြည်တွင်းမှာတော့ အခုလက်ရှိ vodaexchange ကနေတဆင့် myanpay ထဲကိုပို့ပါတယ်။ ပြီးမှ CB bank Mobile Banking ကနေ ငွေထုတ်ပါတယ်။
          နောက်ထပ်တစ်ခုကတော့ ကျွန်တော့ ဘလော့ စာမျက်နှာ အပေါ်ဘေးက Exchange လုပ်တဲ့ Site ပါ။ သူ့ဆိုဒ်က တစ်ခြား ဆိုဒ်တွေနဲ့ ယှဉ်ရင် ဈေးလဲပိုရသလို၊ အခုဆို ကျွန်တော်က မြန်မာငွေ နဲ့ပါ တိုက်ရိုက် လဲခွင့်ရနိုင်အောင် ဆက်သွယ်ပြီး လုပ်ဖို့ ကြိုးစားနေပါတယ်။ မလဲဖြစ်ကြရင်တောင် အနည်းဆုံး ကိုယ်ဘယ်လောက်ရမယ်ဆိုတာကို တွက်ကြည့်လို့ရအောင် တင်ထားပေးတာပါ။
          ကဲ... ကျွန်တော့်ပိုစ့်လည်း တော်တော်ရှည်နေပါပြီ နောက်ဆုံးအနေနဲ့ အကြံပေးလိုတာကတော့ အခုမှစပြီး Online ပေါ်မှာ ငွေရှာကြသူတွေဖြစ်ဖြစ်၊ လုပ်နေရင်းတန်းလန်းဘဲဖြစ်နေပါစေ Online ပေါ်က ဝင်ငွေဟာ အမှန်တကယ် ရှာလို့ ရပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ မဟုတ်ပါဘူး။ ရင်းနှီးပေးဆပ်ရတာတွေ ရှိပါတယ်။ အချိန်၊ အင်တာနက် သုံးစွဲခ တွေပေါ့။ Investment လုပ်လိုက်ရုံနဲ့ ငွေလွယ်လွယ်ပြန်ရတာက Online Making Money လို့တော့ ကျွန်တော်မသုံးလိုပါဘူး။ အဲဒီ့လိုသာ လွယ်ခဲ့ရင် လူတိုင်း အင်တာနက်ရှိယုံနဲ့ စီးပွားရေးတွေတောင် လုပ်ဖို့ မလိုတော့ပါဘူး။ အရပ်ထဲမှာ စုကြေးလုပ်သလို (သို့) ငွေတိုးချသလို လုပ်ကြတာကမှ အဆင်မပြေဖြစ်ကြရင် မျက်နှာတွေ့နိုင်ပါသေးတယ်။ Online ပေါ်မှာကတော့  404 Not Found နဲ့ Account Suspended ဆိုတာကိုဘဲတွေ့လိုက်ကြရမှာပါ။
          အားလုံးဘဲ Online  ပေါ်မှာ အနရာယ်ကင်းကင်းနဲ့ အပိုဝင်ငွေ ရှာနိုင်ကြပါစေ။

Friday, December 18, 2015

NATIONAL CURRENCIES ကို MT4 နဲ့ Trade လုပ်ကြမလား?

          ကျွန်တော် ဒီဆောင်းပါးကို ရည်ရွယ်ချက် (၂) ခုနဲ့ ရေးတင်ပေးလိုက်ပါတယ်။
          (၁)     National Currencies ကို MT4 Platform ပေါ်မှာ အရှုံးနည်းနည်းနဲ့ အမြတ်ရအောင် ဘယ်လို Trade မလဲ ဆိုတာကို အသေးစိတ်ရှင်းပြဖို့ နဲ့
          (၂)     ဥိးနှောက်ခြောက်မခံချင်လို့ ဘယ်အချိန်မှာ ဘာကို ဘယ်လို Trade လုပ်ရမယ်ဆိုတာကိုဘဲ သိလိုတဲ့ သူတွေအတွက် ကျွန်တော့်ရဲ့ ဝန်ဆောင်မှုပေးမယ့် စနစ် အကြောင်း ဖြစ်ပါတယ်။
          ပထမရည်ရွယ်ချက် (၁) အရ ဒီပိုစ့်ကို ဖတ်တဲ့သူဟာ သေသေချာချာ ဖတ်မှတ်ထားပြီး မိမိကိုယ်တိုင် အချိန်မရွေး မိမိကြိုက်တဲ့ Currencies ကို မိမိနှစ်သက်တဲ့ Trading Platform မှာ ကြိုက်သလို Trade လုပ်နိုင်မှာ ဖြစ်ပြီး အခါအားလျှော်စွာ ဈေးကွက်အခြေအနေတွေကို လေ့လာနေရပါ့မယ်။ ဒါဆို ဒုတိယရည်ရွယ်ချက်ကို ဆက်ပြီး ဖတ်ဖို့ မလိုတော့ပါဘူး။
National Currencies ကို MT4 Platform ပေါ်မှာ အရှုံးနည်းနည်းနဲ့ 
အမြတ်ရအောင်
ဘယ်လို Trade မလဲ
အပိုင်း(၁)
          ရှေ့ကရေးပြခဲ့တဲ့ (Long Term Trader &  Short Term Trader) ပိုစ့်မှာ တော်တော်များများရှင်းပြထားခဲ့ပါတယ်။ ဒါပေမယ့် Leverage, Balance, Equity, Free Margin, Margin Level(%) နဲ့ Margin ကိစ္စတွေကို အသေးစိတ် မပြောပြခဲ့ရသေးပါဘူး။ ဒါကြောင့် ဒီပိုစ့်မှာ အသေးစိတ် ရှင်းပြ သွားပါမယ်။ ဘာကြောင့်လဲ? MT4 Platform ပေါ်မှာ Trade လုပ်မယ့်သူတစ်ယောက်က ဒီအကြောင်းတွေကို သိထားဖို့ လိုပါတယ်။ ဒါမှ မိမိက Open Position တစ်ခုကို ဖွင့်တော့မယ်ဆိုရင် မိမိမှာ ရှိနေတဲ့ လက်ကျန်ငွေနဲ့ ဘယ်လောက်ပမာဏကို Trade လုပ်လို့ရမယ်ဆိုတာ တွက်ဆနိုင်မှာပါ။
          ဥရောပနိုင်ငံတွေက စလာတဲ့ Trading စနစ်တွေကို သူတို့ရဲ့ သတ်မှတ်ချက်အခေါ်အဝေါ်တွေနဲ့ သတ်မှတ်တာကြောင့် မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင် လိုရင်းမရောက်နိုင်ဘဲ အဓိပ္ပာယ်ကောက်တွေလွဲသွားနိုင်တာကြောင့် ကျွန်တော်က ဘာသာပြန်ပြတဲ့ပုံစံနဲ့ ရှင်းမှာမဟုတ်ဘဲ ကျွန်တော် နားလည်ထားတာကို ပြန်ရှင်းပြသွားတဲ့ ပုံစံနဲ့ ရေးပြသွားပါ့မယ်။ English ကောင်းတဲ့သူတွေကတော့ English လိုဘဲ ဖတ်သွားကြပေါ့။
          Leverage ;     Leverage is a feature offered by the broker, to help the traders to trade larger amounts of securities by having a smaller account balance. For example, when your account leverage is 100:1, you can buy $100 by paying $1. Therefore, to buy $100,000 (one lot), you should pay only $1000. ( 0.001 lot for 1$)
          Leverage နဲ့ ပတ်သက်ပြီးတော့ နားလည်ထားသင့်တာတစ်ခုက Leverage များများနဲ့ Trade လေလေ ကိုယ်ခန့်မှန်းတာ မှန်ခဲ့ရင် ခဏလေးနဲ့ အမြတ်များများ ရလေလေပါဘဲ။ ဒါပေမယ့် ကိုယ်ခန့်မှန်းတာ လွဲသွားရင်တော့ ခဏလေးနဲ့ ရှုံးသွားလိမ့်မယ်ဆိုတာ သိထားရမယ်။ နည်းနည်းနဲ့ Trade ပြန်တော့လည်း ကိုယ့်မှာ အရင်းအနှီးက များများရှိထားရမယ်ဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူးပေါ့။ ဆိုလိုတာက ၁း၁၀၀ မှာ (၁၀၀) ကျပ်တန်လောက်ကို ကိုယ်က (၁) ကျပ်နဲ့စ လို့ရပေမယ့် ၁း၅၀ ဆိုရင် ကိုယ်မှာ (၂) ကျပ်သုံးရတော့မယ်။ ဒီလိုဘဲ ၁း၂၅ ဆိုရင် ကိုယ်က (၄) ကျပ်ရှိမှ ရပါမယ်။ နည်းနည်းဘဲရင်းပြီး များများလိုချင်ရင် များများနဲ့သွားပေါ့။ MT4 Platform ပေါ်မှာက အဲဒီ ကိုယ်ရွေးချယ်လိုက်တဲ့ Leverage ပေါ်မူတည်ပြီး ငွေကို အတိအကျ ထားပြီး Trade ဖို့ကိုခွင့်မပြုထားပါဘူး။ ကိုယ် Trade လုပ်မယ့် ငွေပမာဏရဲ့ (၁၀) ဆလောက်ရှိမှ Trade လို့ရအောင် လုပ်ထားတယ်ဗျ။
          ဒါဆို Leverage ကို ဘယ်လောက်ထားပြီး Trade သင့်သလဲလို့မေးချင်လားဗျ။ ကိုယ့်ကိုယ်ကို အရင် ပြန်မေးပါ '' ဈေးကွက်ကို ငါဘယ်လောက်အထိ မှန်အောင် ခန့်မှန်းနိုင်သလဲ '' လို့။ ကျွန်တော်ကတော့ ၁း၅၀ အကြိုက်ဆုံးပါဘဲ။ တစ်ခါတစ်ခါတော့ ၁း၁၀၀ ကနေ ၁း၂၀၀ အထိထားပြီးတော့ Trade တတ်ပါတယ်။ ဒါတောင် Stop Loss Limit ကို အများကြီး ဆင်းပြီး ကာထားနိုင်တဲ့ ငွေပမာဏ ကိုယ့်မှာ ရှိမှပါ။
          Balance; When you have no open position, balance is the amount of the money you have in your account. For example, when you have a $100 account and you have no open position, your account balance is $100.
          Equity; Equity is your account balance plus the floating profit/loss of your open positions:
Equity = Balance + Floating Profit/Loss
When you have no open position, and so no floating profit/loss, then your account equity and balance are the same.


          Balance ကတော့ မိမိမှာ ရှိနေတယ် ငွေပမာဏပေါ့ဗျာ။ Equity ကတော့ မိမိ Trade နေရင်းနဲ့ မြတ်နေတဲ့ အချိန်မှာ အမြတ်ငွေ + Balance ကိုပြနေပြီး ရှုံးနေရင် အရှုံးငွေ + Balance ကို ပြနေလိမ့်မယ်။ သူကတော့ အမြဲပြောင်းလဲနေတတ်ပါတယ် (Trade နေစဉ်မှာပေါ့)။       
          Free Margin; Free margin is the difference of your account equity and the open positions’ margin:
Free Margin    = Equity    –    Margin
          When you have no position, no money from your account is used as the margin. Therefore, all the money you have in your account is free. As long as you have no position, your account equity and free margin are the same as your account balance. 
         For example, you have a $10,0 account and you have some open positions with the total margin of $9 and your positions are $4 in profit.
Therefore:    Equity               = $10,0 + $4  = $10,4
                       Free Margin    = $10,4 – $9   = $9,5


               Free Margin ကတော့ သိထားသင့်တဲ့ တစ်ခုပါ။ မိမိထပ်ပြီး Trade လိုတဲ့ Currencies Pair ရှိနေတယ်ဆိုရင် မိမိထပ်ပြီး Trade လုပ်ဖို့ ငွေပမာဏ လုံလောက်မှုရှိ/မရှိ ဆိုတာကို ဒီ Free Margin မှာ ကြည့်ရတာပါ။
          Margin Level; Margin level is the ratio of equity to margin:
Margin Level = (Equity / Margin) x 100
          Margin level is very important. Brokers use it to determine whether the traders can take any new positions or not. Different brokers have different limits for the margin level, but this limit is usually 100% with most of the brokers. This limit is called Margin Call Level. 100% margin call level means if your account margin level reaches 100%, you can still close your open positions, but you cannot take any new positions. Indeed, 100% margin call level happens when your account equity equals the margin. It happens when you have losing position/positions and the market keeps on going against you and when your account equity equals the margin, you will not be able to take any new positions anymore.
          For example; you have a $10,0 account and you have a losing position with $10 margin. If your position goes against you and it goes to a -$90 loss, then the equity will be $10 ($10,0 – $9,0), which equals the margin. Therefore, the margin level will be 100%. If the margin level reaches 100%, you will not be able to take any new positions, unless the market turns around and your equity becomes greater than the margin. 
          '' Margin Level '' သူ့က Trader တစ်ယောက်အတွက် အရမ်းအရေးကြီးသွားပြီဗျ။ အကြမ်းဖျင်းအရ Margin Level က ၁၀၀% ကို ရောက်လာခါနီးပြီဆိုတာနဲ့ ကိုယ်ကနောက်ထပ် ဈေးကွက်တစ်ခုကို ဖွင့်ဖို့ မရနိုင်တော့ဘူး ဆိုတာဘဲ။ ဖွင့်ထားပြီးသား ဈေးကွက်တွေအတွက်လည်း အရှုံကို ကာဖို့ ကိုယ့်မှာ ငွေအမောင့်လည်း နည်းလာပြီလို့ သိထားရမယ်။ Maegin Level ကို ၇၅% လောက်ရောက်လာပြီဆိုရင်တော့ အသစ်တစ်ခုကို ထပ်ပြီး မဖွင့်သင့်တော့ဘူဗျ။
          နောက်တစ်ခုက Margin ပေါ့။
        Margin: is the money that will be placed and engaged in the positions that you take. For example, to buy $1000 with the leverage of 100:1, $10 from your account will be engaged in the position ($1000 / 100 = $10). You can not use this $10 to take any other positions, as long as the position is still open. If you close the position, the $10 margin will be released.
          သူ့ကိုတော့ အရှေ့က သိထားခဲ့ပြီးတဲ့ အချက်တွေကို နားလည်ခဲ့ရင် သိဖို့ သိပ်မလိုအပ်ပေမယ့် မိမိရဲ့ လက်ကျန်ငွေနဲ့ နောက်ထပ် အသစ်ဖွင့်လိုတဲ့ Trade အတွက် ကိုယ်က ချင့်ချိန်နိုင်ဖို့ ပါဘဲ။
          ခေါင်းတွေလည်း နောက်ကုန်ကြပြီလား ကျွန်တော် ဒီဆောင်းပါး ခေါင်းစဉ် အတိုင်း '' အရှုံးနည်းနည်းနဲ့ အမြတ်ရအောင် ဘယ်လို Trade မလဲ?  ဒီ Margin တွေကိစ္စကိုမသိချင်ဘူးဆိုရင်တော့ ......''
(၁)     Leverage ကို ၁း၅၀ ဒါမှမဟုတ် ၁း၁၀၀ လောက်သာ ထားပြီး Trade ပါ။
(၂)     ကိုယ့်မှာ ၁၀၀ ရှိရင် ၅၀ ဖိုးလောက်ကိုဘဲ Trade ပါ။
(၃)     ဈေးကွက်တစ်ခုဟာ အတက်အကျ ကြမ်းနေစဉ်မှာ Trade မလုပ်ပါနဲ့
(၅)     (၁၀) ကျပ်ဖိုးလောက် Trade ထားရင် အမြတ် (၂) ကျပ် လောက်ရရင် ရပ်ပါ။ ပြီးရင် အသစ်ထပ်ဖွင့်ဖို့ ခဏစောင့်ကြည့်ပါ။
(၆)     စောင့်မကြည့်ဘဲနဲ့ Trade တစ်ခုကို ထားတော့မယ်ဆိုရင် Stop Loss (S/L)ကို ခပ်ဝေးဝေး ဆင်းကာထားပါ။
          ဒါဆိုရင် တော်တော်တန်တန် အမှားဖြစ်ခဲ့ရင်တောင် အရှုံးနည်းပါ့မယ်။
အပိုင်း(၂)
          အပိုင်း(၂) ကတော့ ကျွန်တော် MT4 ပေါ်မှာ အမြဲ Trade လုပ်ပါတယ်။ ဒါကြောင့် ဈေးကွက်ရဲ့ အခြေအနေတွေကို နေ့စဉ် လေ့လာနေရပါတယ်။ ဒါကြောင့် ကျွန်တော့ ဆီက ဈေးကွက်နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ ဘယ် Currency Pair ကို Trade လုပ်ရမယ်ဆိုတာကိုဘဲ သိလိုပြီးတော့ Trade လုပ်လိုသူတွေအတွက် -
(၁)     ဒီဘလော့ စာမျက်နှာအပေါ်မှာ FBS Trading Platform ကြော်ငြာ ရှိပါတယ်။ အဲဒီ့ မှာ အကောင့်မရှိသေးတဲ့ သူတွေက ကျွန်တော့ Link နဲ့ Register လုပ်ပါ။ အကောင့်ရှိပြီးသားကတော့ ထပ်လုပ်စရာ မလိုပါဘူး။ Refer Code မှာ ဘာမှမဖြည့်ရသေးရင်တော့ ကျွန်တော့ရဲ့ Refer Code  ဖြစ်တဲ့ (613007) ကို ထည့်ပေးပါ။ Refer ဖြည့်ပြီးသား/ ရှိပြီးသားကတော့ မလိုပါဘူး။
(၂)     တစ်လကို (၃) ဒေါ်လာနှုန်းနဲ့ အနည်းဆုံး (၃)လစာအတွက် (၉) ဒေါ်လာအတိအကျကို ကျွန်တော့ Perfect Money အကောင့် ကို ငွေပို့ပေးရပါမယ်။ ငွေမလွှဲခင်မှာ ကျွန်တော့ဆီကို Email နဲ့ အကြောင်း အရင်အကြောင်းကြားပေးရပါ့မယ်။ အကြောင်းပြန်စာရပြီးမှ ငွေပို့ရပါ့မယ်။ ငွေပို့ပြီးပါက ကျွန်တော့ Email ကို မိမိရဲ့ ငွေ ပို့ပြီးကြောင်း Emai;  နဲ့ အကြောင်းကြားပေးရပါမယ်။ Email ထဲမှာ မိမိရဲ့ Facebook အကောင့်နာမည်ကိုပါ ဖော်ပြပေးရပါ့မယ်။
          ကျွန်တော့်ဖက်က (၁) ပတ်မှာ အနည်းဆုံး (၁၀) ကြိမ်တိတိ Trade လုပ်သင့်တဲ့ အချိန်၊ Trade လုပ်ရမယ့် Currencies Pair ၊ ကာထားရမယ့် Stop Loss (S/L) ၊ အမြတ်ယူရမယ့် Take Profit (T/P) တွေကို Email နဲ့ အကြောင်းကြားပေးမှာ ဖြစ်ပြီး လိုအပ်ရင် Facebook Messenger ကနေ ဖွင့်ရမယ့် ဈေးကွက်ကို အကြောင်းကြားပေးသွားပါ့မယ်။ Trading Platform တွေဟာ တစ်ခုနဲ့ တစ်ခု ဈေးအတက်အကျ နည်းနည်းကွာတတ်တာကြောင့် FBS Trading Platform မှာ အကောင့်လုပ်တဲ့သူအတွက်သာ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။
          ဒီလိုလည်း မလုပ်လိုဘူး ဆိုရင်တော့ ကျွန်တော်လုပ်တဲ့ Trade အထဲမှာဘဲ ယုံကြည်တယ်ဆိုရင် ရှယ်ယာဝင်ပြီး Trade နိုင်ပါတယ်။ အဲဒီ့အတွက် -
(၁)     ကျွန်တော့ရဲ့ အကောင့်ထဲကို ဒေါ်လာ(၁၅၀) တိတိ လွှဲထည့်ပေး ရပါမယ်။ ငွေမလွှဲခင်မှာ ကျွန်တော့ဆီကို Email နဲ့ ရှယ်ယာဝင်မယ့်အကြောင်း အရင်အကြောင်းကြားပေးရပါ့မယ်။ အကြောင်းပြန်စာရပြီးမှ ငွေပို့ရပါ့မယ်။ ငွေပို့ပြီးပါက ကျွန်တော့ Email ကို မိမိရဲ့ ငွေ ပို့ပြီးကြောင်း၊  Emai;  နဲ့ အကြောင်းကြားပေးရပါမယ်။ Email ထဲမှာ မိမိရဲ့ Facebook အကောင့်နာမည်ကိုပါ ဖော်ပြပေးရပါ့မယ်။
(၂)     အနည်းဆုံး (၃) လတိတိ ထည့်ပေး ထားရမှာဖြစ်ပြီး။ ဆက်မလုပ်လိုသူတွေက ဆက်မလုပ်လိုကြောင်းကို (၁၅) ရက် ကြိုအကြောင်းကြားပေးရပါ့မယ်။
(၃)     လူဦးရေ (၂၀) ယောက်စာဘဲ တာဝန်ယူပါ့မယ်။ (ကျွန်တော် တာဝန်ခံနိုင်တဲ့ ပမာဏအတွက်ပါဘဲ)

          ကျွန်တော့် ဖက်က (၁၅) ရက်ကိုတစ်ကြိမ် (၁၅) ဒေါ်လာတိတိကို သက်ဆိုင်ရာ အကောင့်ဆီကို ပြန်ပို့ပေးပါ့မယ်။ အပတ်တိုင်း တနင်္လာနေ့ နဲ့ သောကြာနေ့တွေမှာ Trde လုပ်တဲ့ Currency တွေရဲ့ ဈေးကွက်ဖွင့်ပုံကို Email နဲ့ အကြောင်းကြားပေးပါ့မယ်။ အထူးသတိပေးလိုတာက ရှယ်ယာဝင်ပြီး လုပ်တဲ့သူက မိမိငွေကို ဆက်ပြီး Trade မလုပ်လိုရင် (၁၅) ရက် တိတိ ကြိုအကြောင်းကြားပေးရမှာ ဖြစ်ပြီး။ အဲဒီလိုအကြောင်းကြားစာ ပို့ပြီးတဲ့သူဟာ အမြတ်ငွေ ကို မရတော့ဘူးဆိုတာပါဘဲ။ 
          ကဲ.... ရှင်းပြစရာတွေလည်း ရှင်းပြခဲ့ပြီးပါပြီ။ ဘယ်နည်းလမ်းကိုဘဲရွေးရွေး ကျွန်တော့်ကို ယုံကြည်မှ လုပ်ဖို့ ပြောလိုပါတယ်။
Email       ;   tintinhlaka@gmail.com
Facebook ;    wuhlan
          အားလုံးဘဲ Online ပေါ်မှာ အပိုဝင်ငွေကို အနရာယ်ကင်းကင်းနဲ့ ရှာနိုင်ကြပါစေ။

Monday, December 14, 2015

Long Term Trader နဲ့ Short Term Trader (For MT4 Trader)

          E-currencies, National currencies တွေကို ဝယ်ရောင်းလုပ်နေကြတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးတင်ပေးလိုက်ပါတယ်။
          ဒီဆောင်းပါးမှာ ကျွန်တော်အဓိက ပြောလိုတာက မိမိရဲ့ Trading Scale ကို မိမိကိုယ်တိုင် သုံးသပ်ပြီးမှ Trade လုပ်စေလိုတဲ့ ဆန္ဒရယ်၊ တတ်နိုင်သမျှ အဆုံးအရှုံး နည်းစေလိုတာရယ်နဲ့ Online Trade ကို အခုမှစပြီး စိတ်ဝင်စားလို့ ဒီလမ်းကြောင်းကို လျှောက်မယ်လို့ တွေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ Online Trading ကို လုပ်ကိုင်နေကြတဲ့ ကျွမ်းကျင်တဲ့ သူတွေလည်း အများကြီးရှိနေတာကို တစ်ချို့ Trading Platform တွေရဲ့ Best Trader of the Month Record တွေမှာ တွေ့နေရပါပြီ။
          ကျွန်တော် လေ့လာမှုအားနည်းလို့ website နဲ့ blog တွေမှာ National Currencies နဲ့ E-currencies, Commodities (Gold, Silver, Oil, etc....), Indices တွေကို Trading လုပ်တဲ့အကြောင်း မြန်မာလို ရှင်းလင်းရေးသားချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ကျွန်တော်လိုက်ရှာလို့ အခုထိ မတွေ့မိသေးတာလည်း ဒီပိုစ့်ကို ရေးရတဲ့ အကြောင်းတစ်ချက်ပေါ့လေ။ ကျွန်တော့် အတွေ့အကြုံနဲ့ ကျွန်တော့ ကိုယ်ပိုင်အတွေးကို ရေးသားတင်ပြတဲ့အတွက်လည်း အားလုံးရဲ့ ဆန္ဒနဲ့ ကိုက်ညီချင်မှ ကိုက်ညီနိုင်မှာပါ။
          လုံးဝနားမလည်ကြသေးတဲ့ အခုမှ စလုံးရေစကြမယ့် သူတွေအတွက်တော့ နဲနဲပါးပါး တီးမိခေါက်မိသွားတယ်ဆိုရင်ဘဲ ကျွန်တော် ဒီပိုစ့်ကို ရေးရကျိုးနပ်ပါပြီ။
          ကျွန်တော်ဒီပိုစ့်အတွက် Trade လုပ်မယ့် လူ (၂) မျိုးအကြောင်း ရှင်းပြပါ့မယ်။ Long Term Trader နဲ့ Short Term Trader ဆိုပါတော့။ ဖတ်လို့ပြီးသွားရင် ကိုယ်က Long Term Trader လိုလုပ်မလား Short Term Trader လိုလုပ်မလားဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ရမှာပါ။ ပြီးတော့ မိမိနဲ့ ဘယ်အမျိုးအစားက ပိုကိုက်ညီနိုင်သလဲဆိုတာကိုလည်း မိမိကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။
LONG TERM TRADER (ရေရှည် ထရိတ်မယ့်သူဆိုပါတော့)
          Long Term Trader တစ်ယောက်က မိမိ Trade လုပ်တော့မယ့် အမျိုးအစားကို အရင်ဆုံးသတ်မှတ်ပါတယ်။ သတ်မှတ်ပြီးတာနဲ့ အဲဒီ့အမျိုးအစား ရဲ့ လက်ရှိဈေးကွက်အနေအထား၊ ရှေ့မှာ ဖြစ်လာနိုင်မယ့်အနေအထားတွေကို (web site) သတင်းတွေမှာလေ့လာပါတယ်။ ဈေးကွက်ကို သွယ်ဝိုက်ပြီး အကျိုးသက်ရောက်နိုင်တဲ့ နိုင်ငံရေး၊ ကမ္ဘာ့စီးပွားရေး နဲ့ စစ်ရေးအခြေအနေတွေကိုလည်း လေ့လာရပါတယ်။ တစ်ချို့ဆို လွန်ခဲ့တဲ့(၂) နှစ် ကျော်လောက်က ဖြစ်ရပ်တွေအထိကိုပါ လေ့လာကြပါတယ်။ အားလုံးကို ခြုံငုံပြီးတော့မှ Open Position , Sell Limit နဲ့ Buy Limit ကို သတ်မှတ်ပါတယ်။ ကိုယ်လိုချင်တဲ့ အနေအထားကို မရောက်မခြင်း ဈေးကွက်ကို ပြန်ပိတ်လေ့မရှိပါဘူး။ ဘယ်လောက်အချိန်ကြာကြာ စောင့်နေလေ့ ရှိပါတယ်။
          သိပ်နားမလည်တဲ့ သူတွေအတွက် ကျွန်တော် နမူနာတစ်ခုပေးပြီး ရှင်းပြသွားပါ့မယ်။ ကျွန်တော် လွန်ခဲ့တဲ့ (၄) လကျော်လောက်က BTC ဈေးတွေ တအားထိုးဆင်းနေတဲ့ ကာလမှာ ကျွန်တော် BTC ကို Trade ဖို့ ဆုံဖြတ်လိုက်တယ်ဗျ။ ဒါနဲ့ websites တွေမှာ သတင်းတွေလိုက်ဖတ်တာပေါ့၊ Coindesk တို့ဆိုလဲ BTC ရဲ့ Update News တွေအမြဲတင်ပေးနေသလို ကျွန်တော့ Trading Platform Site မှာလည်း Latest News တွေအမြဲဖော်ပြနေတော့ BTC ရဲ့ ဈေးကွက်ပြသာနာကို အတော့်အတန် နားလည်လာခဲ့ တယ်ဗျ။ အဲဒီ့တုန်းကဆို ဈေးက ၃၀၀ စွန်းစွန်းလေးဘဲ ရှိတော့တယ်။ ISIS အရေး၊ အမေရိကန် ဘဏ်ရဲ့ အတိုးနှုန်း မြှင့်မယ့်ကိစ၊ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဦးရေ၊ အမေရိကန်ရဲ့ GDP ၊ အစုံဘဲ လေ့လာရတာဗျ။ ဒါနဲ့ ကျွန်တော်က BTC ဈေးကို ဒီအတိုင်းတော့ မနေဘူးပြန်ကိုတက်လာမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဓိက က အမေရိကန်ဘဲလို့ ကျွန်တော်နားလည်ထားတာ။ သူက BTC ကို Control လုပ်ချင်တယ်ဗျ။ ဘာလို့လဲ? အခြေခံအကြောင်းတွေ အများကြီးထဲက တစ်ခုအနေနဲ့ BTC ရဲ့ စီးဆင်းမှုပုံစံက National Currencies တွေနဲ့ လုံးဝနီးပါး ကွဲပြားနေလို့ပါဘဲ။ BTC ကို ဘယ်နိုင်ငံအစိုးရကမှ မပိုင်သလို ဘယ်ဘဏ်ကမှလည်း သူတို့ ရဲ့ Policy နဲ့ ထိန်းထားလို့ မရတာပါဘဲ။ နောက်ပြီး Black Money ကိစ္စ။ Black Money တွေက BTC အသွင်ပြောင်းပြီး လှည့်လည်သွားလာနိုင်တာဟာNational Currencies တွေထက် မြန်တယ်/ သာတယ်။ ဆက်ပြီး ရှင်းပြရရင် ရှုပ်ကုန်တော့မယ်။ သူက BTC ကို Action လုပ်မယ်ဆိုတော့ BTC ကိုင်ထားကြတဲ့သူတွေ တော်တော်များများက ကြောက်လန့်ပြီး ထုတ်ရောင်းကြရာကနေ ဈေးကထိုးကျလာရတာကိုး။ ဒီလောက်ရှင်းပြထားတာဖတ်ပြီးရင် ဘက်ပေါင်းစုံကနေ သိထားဖို့ လိုတယ်ဆိုတာတော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒါနဲ့ အပေါ်ကပြောခဲ့တဲ့ BTC ဈေးကွက်ကို ကျွန်တော်က ၂၉၀ မှာ Buy Position နဲ့ ဈေးကွက်ဖွင့်ဖို့ ချိန်ထားလိုက်တယ်ဗျ။Stop Loss (S/L) ကိုတော့ ၂၂၀ မှာ ထားခဲ့ပြီး Take Profit (T/P) ကို ၄၅၀ မှာ ကျွန်တော်ပိတ်ဖို့ ပြင်ဆင်ထားလိုက်တယ်။ ပြီးတော့ ပစ်ထားလိုက်တာပေါ့။ Leverage လား?  ၁း၁၀၀ နဲ့ပါ။ ဆုံးဖြတ်ထားလိုက်တာက Manual နဲ့ လုံးဝမပိတ်ဘူးပေါ့။ ကံကောင်းသွားတာက ဈေးကွက်က ၂၉၀ မှာပွင့်သွားခဲ့သလို၊ ကျွန်တော်ချိန်ထားခဲ့တဲ့ ၄၅၀ မှာ T/P နဲ့အလိုလိုပိတ်သွားခဲ့ပါတယ်။ အချိန်လား?  (၄) လ ကျော်လောက်တော့ စောင့်ခဲ့ရတယ်ဗျို့။
          ဒါကြောင့် ကိုယ်က Long Term Trader တစ်ယောက်လုပ်တော့မယ်ဆိုရင် စိတ်ရှည်ရမယ်။ အချိန်ကို စောင့်နိုင်ရမယ်။ နောက်ပြီး ဈေးကွက်ရဲ့ ဖြစ်နိုင်ချေမှန်သမျှကို လေ့လာရမယ်ဗျ။ နည်းနည်းမြတ်လာပြီဆိုတာနဲ့ ပိတ်မယ်ဆိုတာမျိုးကို မတွေးထားရဘူးဗျ။ ရရင် ယူမယ်၊ ကုန်ချင် ကုန်ပလိမ့်စေ ဆိုတာမျိုး တွေးထားရင် အကောင်းဆုံးပါဘဲ။ တနည်းပြောရရင် မလုပ်ခင် စဉ်းစား၊ လုပ်ပြီးရင် နောက်မဆုတ်နဲ့တော့ဘဲ။
SHORT TERM TRADER (ရေတို ထရိတ်မယ့်သူဆိုပါတော့)
          ဒီနည်းနဲ့ လုပ်မယ့်သူက ဈေးကွက်အကြောင်းကို သိပ်အများကြီး သိထားဖို့ မလိုဘူးလို့ ကျွန်တော်ကယူဆတယ်ဗျ။ သိထားတာတော့ ပိုကောင်းပေမယ့် တစ်ခါတခါမှာ အဲဒီ့အသိက Short Term သမားတစ်ယောက်အတွက် အခက်အခဲကိုဖြစ်စေတယ်။ မယုံမရှိနဲ့ ကျွန်တော့ကိုယ်တွေ့ဆိုပါတော့။
          Short Term Trader သမားတစ်ယောက်က သူရဲ့ Trading Platform ပေါ်ရောက်တာနဲ့ အဲဒီ့တစ်နေ့တာအတွက် ဈေးကွက်ရဲ့အတက်အကျ အပြောင်းအလဲကို တစ်ချက်ကြည့်ပြီးတာနဲ့ တစ်နေ့တာ Graph ပေါ်မူတည်ပြီး Trade တော့တာဘဲဗျ။ ဘာကြောင့်လဲ ရှင်းပါတယ်။ ဈေးကွက်အများစုဟာ တစ်ပတ်မှာ (၄) ရက်လောက်က တက်လိုက်/ ကျလိုက်နဲ့သွားနေတတ်လို့ပါဘဲ။ တသမတ်ထဲ တက်သွားတာ၊ ကျသွားတာက ရံဖန်ရံခါလောက်တော့ဖြစ်ပေမယ့် အများအားဖြင့် တက်လိုက်/ကျလိုက်နဲ့ သွားနေတဲ့ အချိန်က ပိုများပါတယ်။ ဒါကြောင့် Short Term သမားက ဈေးကို အကျလည်း ဖွင့်ချင်ဖွင့်မယ်/ အတက်လည်း ဖွင့်ချင်ဖွင့်မယ်။ အမြတ်နဲနဲရတာနဲ့ သူ့ရဲ့ Trade ကို T/P(Take Profit) နဲ့ ပိတ်လိုက်တော့တာဘဲ။ ပြီးတော့ နောက်ထပ် တစ်ခု ပြန်ဖွင့်တယ်ပေါ့။
          သိပ်နားမလည်ဘူးဆိုတဲ့သူတွေအတွက် ကျွန်တော်လက်တွေ့နဲ့ ရှင်းပြပါ့မယ်။ တိုက်တိုက် ဆိုင်ဆိုင် 

https://fbs.com/?ppu=613007

က Promotion ပေးတဲ့အနေနဲ့ Register လုပ်တဲ့သူတွေကို Bonus အနေနဲ့ ၁၂၃ ဒေါ်လာ ပေးတယ်ဆိုလို့ ပြီးခဲ့တဲ့ သောကြာနေ့ ည ဈေးကွက်ပိတ်ခါနီးမှာ ကျွန်တော် Register လုပ်ပြီး MT4  ပေါ်မှာ Short Term နည်းနဲ့ စ Trade လိုက်တယ်ဗျ။ နှစ်ခုတော့ ရပြီး (၃) ခုမြောက်ကတော့ ဈေးကွက်ပိတ်လို့ မမှီလိုက်ဘူး။ ဒီမနက် တနလာင်္နေ့ ဈေးကွက်ပြန်အဖွင့်မှာ ဆက်ပြီး Short Term နည်းနဲ့ ဆက်လိုက်တာ အခြေအနေက အောက်ကပုံကိုကြည့်ဗျာ။ ရက်စွဲတွေနဲ့ အချိန်နဲ့။ စိတ်ဝင်စားတဲ့သူတွေ (အကောင့်မရှိသေးတဲ့သူတွေ) က ကျွန်တော့် Referal link နဲ့ Register လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ ကျွန်တော်လည်း ကော်မရှင်လေးဘာလေး ရတာပေါ့။ သူကတော့ BTC Trade လို့မရသေးဘူးဗျ။ Currencies သက်သက်ပါဘဲ။ နောက်မှ ပါလာမလားတော့ မပြောတတ်သေးဘူး။ Bonus ၁၂၃ ဒေါ်လာကိုလည်း အပြီးပေးတာမဟုတ်ဘူးဗျ။ (၇) ရက်တိတိပေးတာ။ အဲဒီ့ နဲ့ အရင် Trade ကြည့်ဆိုတဲ့သဘောဘဲ။ (၇) ရက်ပြည့်ရင် ၁၂၃ ကို ပြန်နှုတ်သွားမှာဗျ။ ကိုယ်ကမြတ်ထားရင် အဲဒီ့အမြတ်ကိုတော့ ကိုယ့်ကို ပေးမယ်ဆိုဘဲ။


          ကျွန်တော်က Currencies တစ်မျိုးကို ရွေးလိုက်ပြီး (Graph ကိုကြည့်ပြီး ) ဈေးအတက်ပြနေရင် အတက် ချလိုက်တာဗျ။ ၁၀ ပွိုင့် လောက်နဲ့ မြတ်ရင် ပိတ်ချလိုက်တာဘဲ။ အကျဘက်ပြလာတာတွေ့ရင် လိုက်ကျလိုက်တာဘဲ။ မှန်းတာနဲ့ လွဲသွားတာကို Stop Lost (S/L) မှာ ပွိုင့် ၂၀၀ လောက်အထိ ဆင်းပြင်ထားလိုက်တယ်။ မှန်မမှန်တော့ ကိုယ့်ဖာသာကိုယ် ချင့်ချိန်ပေါ့။ ကျွန်တော် အခု အချိန်ထိတော့ OK နေတာဘဲ။ သြော်.. Currencies ဈေးကွက်ဆိုတာ စနေ/တနင်္ဂနွေ ပိတ်တယ်နော်။
          ဒီလိုဆို အပေါ်မှာ ရှင်းပြခဲ့သလို ကိုယ်က Trade လုပ်တော့မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ Trade မလဲဆိုတာကို စဉ်းစားနိုင်လောက်ပြီ ထင်ပါတယ်။ နည်းနှစ်ခုလုံးမှာ မိမိအတွက် အဆုံးအရှုံး ရှိနိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဆုံးရှုံးမှာ ကြောက်ရင်တော့ ရိုးရိုး တက်ရင်ရောင်း/ ဈေးကျရင်ပြန်ဝယ်ထား တဲ့ ပုံစံကတော့ ကောင်းဆုံးပါဘဲ။ ဒါတောင် ကိုယ့် ငွေ ပြန်ထုတ်တာ ချက်ခြင်းမရောက်လာလို့ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ကြရတာတွေ တွေ့နေရသေးတယ်။ နောက်တာပါဗျာ  ......  စိတ်မဆိုးနဲ့နော်။ အားလုံးဘဲ Online  ပေါ်မှာ ဝင်ငွေရှာရင်း ဝင်ငွေတိုးကြပါစေ။

Friday, December 11, 2015

BTC ရေ (မင်းကိုလေ) ၁၀၀ ကို ၁၃ ပြား ငှားခပေးပြီး Trade လိုက်မယ်။

          ဂရုမှာ ရှိကြတဲ့ ညီအကိုတွေ ကို ဝယ်လိုက်၊ ရောင်းလိုက်၊ မြှုပ်နှံလိုက် နဲ့ အလုပ်တွေရှုပ်နေကြတော့။ ကျွန်တော်က Post တွေလိုက်ဖတ်ပြီး၊ တင်ထားတာတွေလိုက်ဖတ်ပြီး သဘောတွေကျနေရတာ။ အဖွဲ့တွေကြားမှာ ပြောသံသိပ်မကြားရတဲ့ E-currencies Trading Platform တစ်ခုအကြောင်း မျှဝေပေးချင်တာနဲ့ ဒီပိုစ့်ကို ရေးတင်ပေးလိုက်ပါတယ်။
          ဒီ Trading Platform ရဲ့ အားသာချက်တွေက -
          (၁)     Verified မလုပ်တဲ့ user တစ်ယောက်ရဲ့ withdraw limit က ၂၅၀၀ ဒေါ်လာအထိ ခွင့်ပြုထားတယ်ဗျ။
          (၂)     အများစုအသုံးပြုနေတဲ့ E-currencies တွေကို အမျိုး (၃၀) ကျော်လောက်အထိ Trade ခွင့်ပေးထားတယ်။
          (၃)     ကိုယ့်မှာ ရှိတဲ့ ငွေ (BTC, DOGE, LTC, etc....) ပမာဏထက် ကိုယ်က ပိုပြီး Trade ချင်ရင် အတိုးသဘောမျိုးနဲ့ ၀.၀၁၃ ရာခိုင်နှုန်း ကနေ ၀.၀၁၅ ရာခိုင်နှုန်း ကိုပေးပြီး (၂) ရက်ကနေ (၇) ရက်အထိ ချေးယူပြီး Trade လို့ရတယ်ဗျ။ ချေးထားတဲ့ ငွေကို withdraw တော့ လုပ်လို့မရဘူးနော်။
          (၄)     ကိုယ့် အကောင့်အတွက် API Key တွေထုတ်ပေးထားပြီး zTrader တို့ TabTrader တို့လို Apk တွေနဲ့ Android Phone တွေကနေ လည်း Trade လုပ်လို့ရတယ်။
          (၅)     လုံခြုံရေးစနစ်တွေကို Google Authenticator (2FA) တွေ Email Comfirmation တွေနဲ့ Security ကို စီမံထားတယ်ဗျ။
          ကဲ.... ဒီတော့ ကိုယ့်မှာ (BTC, DOGE, LTC, etc...) နဲနဲဘဲရှိပြီး ပို Trade လိုတဲ့သူတွေ၊ Passport မရှိလို့ Driver License မရှိလို့ Verify ကိစ္စ ခေါင်းစားနေတဲ့ သူတွေအပြင်၊ နေ့စဉ် ဒေါ်လာ ၂၅၀၀ လောက် Trade လုပ်ပြီး withdraw ထုတ်လိုတဲ့ (ပြောမရဘူး ကျွန်တော်တို့ ဂရုထဲမှာ ရှိချင်ရှိနေမှာ) ) သူသူငါငါ လူတကာတို့အတွက် ဒီ E-currencies Trading Platform ကို သုံးနည်းတွေနဲ့ တစ်ကွ တင်ပြပေးလိုက်ပါတယ်ဗျာ။ (မှတ်ချက် - Referal စနစ်မရှိပါ။)

Site နာမည်က POLONIEX.com တဲ့။

Link က https://poloniex.com/

          ကိုင်  Register လုပ်တာတော့ အသေးစိပ်ကို ပြောစရာမလိုဘူးထင်တယ်ဗျ။ BTC တို့ Trading Platform တို့အကြောင်းကို တီးမိ ခေါက်မိလို့ သာ မျက်စိလည် လမ်းမှားပြီး ဒီဘလော့ကို လာဖတ်ကြတဲ့ သူတွေဆိုတော့လေ။ ဟဲ..ဟဲ... နောက်တာနော် စိတ်မဆိုးနဲ့။
          ပုံ(၁) မှာပြထားတာကတော့ Account Register လုပ်ရမယ့် မြင်ကွင်းပါ။

          ပုံ(၂) က Register လုပ်ပြီး Login လုပ်ရမယ့်နေရာပါ။

          ပုံ(၃) ကတော့ Google Authentication (2FA) ဖြည့်ဖို့နေရာပါ။ အဲဒီ့စာမျက်နှာက Login လုပ်လုပ်ခြင်း မတွေ့ရဘူးဗျ။ ပထမအကြိမ် Login လုပ်ပြီးတာနဲ့ Site က Google Authentication (2FA) လုပ်ဖို့ သတိပေးလိမ့်မယ်။ မိမိအကောင့် လုံခြုံရေးအတွက်ပေါ့။

          ပုံ(၄) မှာ မြှားနဲ့ ပြထားတယ်ဗျ Login ဝင်ပြီးပြီးခြင်း အဲဒီနေရာကို နှိပ်လိုက်ရင် အပေါ်ဆုံးမှာ TWO FACTOR AUTHENTICATION ကိုတွေ့မယ်။ နှိပ်လိုက်ပါ။

          ပုံ(၅) မှာ ကိုယ်က TWO FACTOR AUTHENTICATION ကို Enable လုပ်ရလိမ့်မယ်။ အဲဒီ့အတွက် ကိုယ့် ဖုံးမှာ Google Play Store ကနေ TWO FACTOR AUTHENTICATION Apk ကို အဆင်သင့် Download ချထားရလိမ့်မယ်။ မရှိဘူးဆိုရင်တော့ Download ကြိုချလိုက်ပေါ့။ အကယ် ၍ကိုယ်က 2FA ကိုမသုံးချင်ရင်တော့ ဒီအဆင့်ကို ကျော်သွားလိုက်ပါ။
          ပုံ(၆) ကတော့ Login ဝင်ပြီးတာနဲ့ တွေ့ရမယ့်မြင်ကွင်းပါ။ တနည်းပြောရရင် ပုံမှာ မြှားပြထားတဲ့ EXCHANGE ဆိုတဲ့ Tab ရဲ့အောက်ကမြင်ရမယ့် မြင်ကွင်းဆိုပါတော့။ ဒီမြင်ကွင်းမှာ ကျွန်တော်က အရေးကြီးတဲ့ Function တွေကိုဘဲပြောပြသွားမယ်။ ကျန်တာက ကိုယ်တိုင်လေ့လာကြည့်ပါ။ MARKETS အောက်က မြှားအနီရောင် (၃) ခုနေရာမှာ Site ရဲ့ Trade လုပ်လို့ရတဲ့ E-currencies တွေကို ပြထားတဲ့နေရာပါ။ BTC နဲ့ တွဲလို့ရတဲ့ E-currencies ၊ XMR နဲ့တွဲလို့ရတဲ့ E-currencies၊ USD နဲ့တွဲလို့ရတဲ့ E-currencies ရယ်ဆိုပြီး (၃)ကွက်ရှိတယ်။
          E-currencies တွေကများတော့ ကိုယ်အဓိကထားပြီး Trade လုပ်လိုတဲ့ E-currencies ကို ပုံ(၇) မှာ မြှားအနီနဲ့ ထိုးပြထားတဲ့ show နဲ့ only ဆိုတာနဲ့ ရွေးထားရမှာဗျ။ ကျွန်တော်က BTC ကို XRP ၊ LTC နဲ့ DOGE နဲ့ဘဲအမြဲ Trade တော့ သူတို့ဘေးက ကြယ်လေးမှာ အမဲရောင်ထားပြီး ကျန်တာတွေကို အမဲရောင်ပျောက်အောင်လိုက်နှိပ်ပြီး ဖျောက်ထားလိုက်တယ်။ အောက်က POSITIONS မှာ ကိုယ်က Trade ထားတာရှိရင် အဲဒီနေရာမှာ Quick View ပေါ့ ပေါ်နေလိမ့်မယ်။

          Mouse နဲ့ Scroll ကို အောက်ကိုဆွဲလိုက်ရင် BUY , SELL အကွက်ကိုတွေ့ရပါလိမ့်မယ်။ အဲဒီ့နေရာမှာက ရိုးရိုး ဝယ်ရောင်းလုပ်ဖို့နေရာပါဘဲ။ တက်လာရင်ပြန်ရောင်း၊ ကျလာရင်ပြန်ဝယ် လုပ်တဲ့နေရာဆိုပါတော့။ ဥပမာဗျာ - ဒီဆိုဒ်က DOGE ဈေးက 32 satoshi ပေါ့ သက်သာတယ် ဒါကြောင့် ကိုယ်က BTC ပို့ပြီး DOGE ဝယ်လိုက်တယ်ပေါ့။ DOGE ဝယ်ပြီးတော့ တစ်ခြားဆိုဒ် (Cryptsy) ရဲ့ DOGE ဈေးက 39 satoshi ဖြစ်နေရင် အဲဒီ့မှာ DOGE ကိုသွားရောင်းဖို့ ကိုယ်က Withdraw ထုတ်သွားလို့ရမယ်။ ထုတ်ရင် Instan ပါဘဲ (၄)(၅) မိနစ်လောက်တော့ တစ်ခါတစ်ခါကြာတတ်တယ်။
          အနီရောင်ဝိုင်းပြထားတာက ကျွန်တော်မသုံးဘူးဗျ။ သူက ကိုယ်မဝယ်တော့မယ့်ဈေးကို သတ်မှတ်တဲ့နေရာပါ။ ဥပမာနဲ့ ရှင်းရရင် ကိုယ်က DOGE ကို 38 satoshi မှာရောင်းဖို့ တင်လိုက်တယ်ဗျာ၊ ဒါပေမယ့် ဈေးက မတက်လာဘဲ ကျနေရင် (28) ရောက်သွားရင် မဝယ်တော့ဘဲ Order ကိုအလိုလို Cancel လုပ်ဖို့ ဆိုပါတော့။
          ပုံ(၇) ကိုရှင်းပြမှာက ကျွန်တော် အဆင့်ကျော်ပြီး ရှင်းပြရတာပါ။ တကယ်ဆို EXCHANGE ရဲ့ဘေးက MARGIN TRADING အကြောင်းကို အရင်ရှင်းပြရမှာ။ ဒါပေမယ့် သူ့ထဲကိုက Deposit လုပ်ပြီးမှ သုံးလို့ရမှာဆိုတော့ လေ။ ပုံမှာ BALANCES ဆိုတာကို နှိပ်လိုက်ရင် အဲဒီမှာ ကိုယ်က Deposit လုပ်ဖို့နေရာကိုတွေ့ရမယ်။ Transfer Balances ကို ခဏကျော်လိုက်ပြီး Deposit&Withdrawals ဆိုတာကိုနှိပ်ပေးလိုက်။ အဲဒီမှာ ပုံ(၈)ကိုတွေ့ရမယ်။
          ကိုယ် Deposit လုပ်ချင်တဲ့ E-currencies အမျိုးအစားကို Search box မှာ စာရိုက်လိုက် မြှားနဲ့ ကျွန်တော်ပြထားတယ်။ ကျွန်တော်က Doge ကို Deposit လုပ်ခဲ့ပြီးပြီဆိုတော့ Generate ဆိုတာကို မတွေ့ရတော့တာ။ အောက်က XDP နဲ့ နမူနာပြလိုက်တာ။ ကိုယ် Deposit လုပ်မယ့် အမျိုးအစားရဲ့အောက်မှာ Generate ဆိုတာရှိတယ်။ နှိပ်ပြီး Deposit တင်ရမယ့် လိပ်စာကိုယူလိုက်။ ပြီးရင် အဲဒီ့ လိပ်စာအတိုင်း Deposit တင်လိုက်ပါ။
          အခု ချန်ထားခဲ့တဲ့ Transfer Balances အကြောင်းကို ပြောမယ်။ ခင်ဗျားတို့ စိတ်ဝင်စားမယ့် နေရာ အကြောင်းပေါ့။ ချေးလို့ရတဲ့နေရာဆိုပါတော့။ အဲဒီ့ Transfer Balances ကိုနှိပ်ရင် ပုံ(၉) ကိုတွေ့ရမယ်။

          Margin Trade ထဲကို ကိုယ်က BTC  ဖြစ်ဖြစ်၊ DOGE ဖြစ်ဖြစ် တစ်ခုခုကို ထည့်ပေးမှ Margin Trade ကို Trade လို့ရမှာဖြစ်သလို၊ လိုတဲ့ BTC  ဖြစ်ဖြစ် ၊ DOGE ဖြစ်ဖြစ်ကို အတိုးနဲ့ ချေးလို့ရမှာဗျ။ ပုံမှာ (၁) ကနေ (၄) အထိ နံပါတ်စဉ်ထိုးထားတဲ့ နေရာမှာ လိုက်ဖြည့်ပြီးရင် (၅) ကိုနှိပ်ပေးလိုက်ပါ။ ဒီလိုဘဲ ကိုယ်က withdraw ပြန်လုပ်ချင်ရင် ဒီနေရာကိုလာပြီး နံပါတ် (၃) နဲ့ (၄) နေရာကို ပြန်ချိန်းပြီး Transfer လုပ်ပြီးမှ withdraw လုပ်လို့ရမယ်။
          ကဲအခု ချေးငှားတာလုပ်ရအောင်။ ပုံ(၁၀)မှာတွေ့တဲ့အတိုင်း နှိပ်လိုက်ရင်။ Margin Trade ကိုတွေ့ရမယ့်မြင်ကွင်းဘဲ။

          Mouse နဲ့ ဆွဲချလိုက်ရင် ပုံ(၁၁) ကိုတွေ့ရမယ်။

          ပုံမှာ ကျွန်တော် Trade လုပ်ပြထားလို့ မြင်ရတဲ့နေရာကိုပြထားတယ်။ အောက်မှာ ကိုယ်က ဈေးတက်မလား၊ ကျမလား ခန့်မှန်းပြီးရင် ရွေးဖို့ အကွက်မှာ ကိုယ်ပိုင်တဲ့ Amount အပြင် ချေးလို့ရတဲ့ Amount ပမာဏကိုပါ Auto ပြနေတာကို တွေ့ရမှာပါ။ ပုံမှာ (၁) ကနေ (၄) အထိမှာ ကျွန်တော်က DOGE ဈေးတက်လာမယ်မှန်းပြီးBUY ဘက်မှာ ပြထားတာပါ။ ကိုယ်က DOGE ဈေးကျမယ်မှန်းရင်တော့ SELL အကွက်ကို ရွေးရမှာနော်။ တန်ပါတယ် ကျွန်တော်ဆို (၂) ရက်အတွက် အတိုးက ၂၀ ဆာတိုရှီဘဲ ပေးရတာ။ ပြန်ရတာနဲ့ဆို ပေးပျော်တယ်ဗျ။
          ဆက်ပြီး ပုံ(၁၂)ကို လေ့လာကြည့်ရအောင်။

          ကိုယ်က သူ ပြထားတာနဲ့မဟုတ်ဘဲ ပိုလိုချင်ရင် အဲဒီ့ အကွက်မှာ သွားလုပ်ထားရတာ။ မိမိ ကိုတော့ ၀.၀၀၅ လောက်ဖြည့်ပေးထားလိုက်ရင် တော်တော်လေး ချေးယူလို့ရတယ်ဗျ။ ဒါပေမယ့် သိပ်မချေးကြပါနဲ့ဗျာ။ တော်နေကြာ ပြန်မဆပ်နိုင်ဖြစ်နေမယ်။ နောက်တာနော်။
          ပုံ(၁၃) ကတော့ ကျွန်တော် ရဲ့ လက်ရှိအကြွေးစာရင်းပေါ့။ ကြွားတာ။

ကဲ .... အားလုံး ချေးဖြစ်နိုင်ကြပါစေဗျာ။ အဲ ...  Sorry ....... မရှိခဏ ငှားသုံးနိုင်ကြပါစေ။




Tuesday, December 8, 2015

လေထဲက ငွေကို လက်ထဲရောက်အောင် လုပ်နေကြတဲ့ လူတွေအတွက်

          '' Hello ... ကျွန်တော် လက်ကမ်းကြော်ငြာထဲက ကိစ္စလေး မေးချင်လို့ပါ...''
          '' ဟုတ်ကဲ့ ရပါတယ်ဗျ ''
          '' သင်တန်း က (၁)လလုံး နေ့တိုင်း တက်ရမှာလား ခင်ဗျ ''
          '' မဟုတ်ပါဘူး .... (၁)ပတ်မှာ (၄) ရက်ထဲပါဘဲ..''
          '' ကျွန်တော်က ဒီကို ခဏလာလည်တာပါ။ သင်တန်းအကြောင်း စိတ်ဝင်စားလို့ တက်ချင်ပါတယ် ... ဒါပေမယ့် ကျွန်တော့မှာ Laptop မပါလာခဲ့ဘူးဗျ အဲဒါ အဆင်ပြေနိုင်မလား ခင်ဗျ..''
          အဲဒါတော့ အဆင်မပြေဘူးညီလေးရ ညီလေးရဲ့ ငွေရေးကြေးရေးကိစတွေ နဲ့ Password တွေဘာတွေလုပ်ရမှာဆိုတော့ ကိုယ့်စက်နဲ့ ကိုယ်သုံးတာ ပိုပြီးအနရာယ်ကင်းတာကြောင့်ပါ .....''
          ပြီးခဲ့တဲ့ (၂) နှစ်လောက်ကပေါ့။ ကျွန်တော် Online ပေါ်မှာ ငွေရှာတဲ့ နည်းတွေ ထဲက Trade လုပ်တာရယ်၊ Bitcoin Mining လုပ်တာရယ် နဲ့ ယိုးဒယား ဘဏ်အကောင့်လုပ်ပြီး Paypal Account ဖွင့်တာတွေကို အခကြေးငွေ ယူပြီး သင်းတန်းဖွင့်ခဲ့တယ်ဗျ။ ယိုးဒယားနယ်စပ်မှာပေါ့။ ထူးထူးဆန်းဆန်း အဲဒီ့ ညီလေးတစ်ယောက်က ရန်ကုန်ကနေ နယ်စပ်ကို သူ့ကိစနဲ့ သူလာရင်း ကျွန်တော့ သင်တန်းအကြောင်း သိသွားရာကနေ ကျွန်တော့ဆီမှာ သင်တန်းတက်ဖြစ်သွားတယ်ဗျ။
          သင်တန်းကာလ (၁)လ ပြည့်တော့ သူပြန်ခါနည်းမှာ ကျွန်တော့ကို လာနှုတ်ဆက်ရှာတယ်ဗျ။
          '' ဆရာ .... ကျွန်တော် မနက်ဖြန် ကားတန်းအဆင်းဆိုတော့ ရန်ကုန်ပြန်တော့မယ် ....'' တဲ့။
          လက်ဆောင်ပစည်းတစ်ချို့ကို ကျွန်တော့စားပွဲပေါ်တင်ရင်း သူက ဆက်ပြောတယ် .....
          '' ဆရာ့ကို ဒါလေးလည်းလက်ဆောင်ပေးချင်လို့ ........'' တဲ့။
ကြည့်လိုက်တော့ Memory Stick လေးတစ်ခုဗျ။ 
          '' ဒီ ထဲမှာ ဆရာစိတ်ဝင်စားမယ့် နည်းပညာနဲ့ ပတ်သက်တာ တွေ ထည့်ထား တယ်ဆရာ..... ညရောက်မှ အေးအေးဆေးဆေးကြည့်ပေါ့ .......'' တဲ့။
          ညရောက်တော့ သူပေးခဲ့တာလေးကို ဘာတွေပါတုန်းဟဲ့ဆိုပြီး ဖွင့်ကြည့်လိုက်တာ။ PDF File  လေးတစ်ခုရယ်... Excel File လေးတစ်ခုရယ်.... ဒါဘဲတွေ့တယ်။ PDF File ကို စာအုပ်ဖြစ်မှာဘဲဆိုပြီး ဖွင့်လိုက်တော့ .....
          '' ဆရာ .... ဆရာ့ကို ရိုသေလေးစားလို့ ဒီစာနဲ့ ဘဲပြောပါရစေ။ ဆရာအခု လက်ရှိလုပ်နေတဲ့ လုပ်ငန်းအတွက် နောက်ဆိုရင် ဆရာ့ရဲ့ Password တွေ၊ ကိုယ်ရေးအချက်အလက်တွေကို ဘယ်တော့မှ Computer ထဲ၊ Phone ထဲမှာ မသိမ်းပါနဲ့ ဆရာ ... ဖြစ်နိုင်ရင် အရေးကြီးတဲ့ Password မှန်သမျှကို (၁) လတစ်ခါလောက် ပြောင်းသုံးပါ။ Google ရဲ့ OTP စနစ်ကို သုံးပါဆရာ။ Hacker စစ်စစ်တွေက ဘယ်တော့မှ သူများဆီက ငွေ၊ အချက်အလက်တွေကို အကြောင်းမဲ့ မခိုးကြပါဘူး။ ဒါပေမယ့် တတ်ခါစ လက်သင်တွေကတော့ လက်ဆော့တတ်တယ်ဆရာ..... တဲ့။ ကျွန်တော့ကို စာထဲမှာ ကန်တော့ကြောင်းရေးထားပြီး သူ့နာမည်လေးရေးထားတယ်။ ဘာကြီးတုန်းဟ...။ ဒါနဲ့ သဘောက သိပ်မပေါက်ဘူး။ Excel File ကိုဆက်ဖွင့်ကြည့်လိုက်တော့မှ ............ ကျွန်တော့ရဲ့
          ''  PTC Sites တွေအားလုံးရဲ့ user name + password
          ''  Forex Trading Sites တွေအားလုံးရဲ့ user name + password ....... ပြီးတော့ ....ပြီးတော့....
          ''  ကိုယ်ရေးအချက်အလက်တွေ အားလုံး ........... 
အောက်ဆုံးက လေးထောင့် ကွက်ဘောင်လေးထဲမှာ စာရေးထားသေးတယ်...
......... ကျွန်တော် ဘာမှမယူသွားပါဘူး ဆရာရယ် ....... 
တဲ့
          အဓိက ဒီပိုစ်မှာ ကျွန်တော်ပြောချင်တာက အခုလက်ရှိ Online ပေါ်ကနေ ဝင်ငွေတစ်ဖက်တစ်လမ်းရှာနေကြတဲ့ သူအားလုံးဟာ မိမိတို့ အသုံးပြုနေတဲ့ Website တွေအတွက် user name တို့ password တို့ဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်ကြမှာပါ။ ပြန်စဉ်းစားကြည့်ပါ။ မိမိသုံးနေတဲ့ Website တစ်ခုကို မိမိ user name ရယ် password ရယ်သာ မှန်အောင် ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်က ရေးထဲ့နိုင်ရင် ဘာဖြစ်သွားနိုင်မလဲ? 
          ဒါကြောင့် one time password လို့ ခေါ်တဲ့ OTP ကို သုံးခြင်းအားဖြင့် အတိုင်းအတာတစ်ခုအထိ မိမိရဲ့ Account ကို ကာကွယ်ထားနိုင်ပါတယ်။ Two Factor Authenticator (2FA) Apk ကို Google Play Store မှာ Free download ရယူနိုင်တယ်ဗျ။ Trading Platform တော်တော်များမျာဟာ Account security အတွက် 2FA ကို ထည့်ထားပေးကြပါတယ်။ မိမိရဲ့ Profile မှာ Security ဆိုတာကို ရှာပြီး 2FA ကို Enable လုပ်ထားသင့်ပါတယ်။ 2FA နဲ့ ပတ်သက်ပြီးအသေးစိတ်သိလိုတဲ့သူတွေကတော့ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။
http://www.computerhope.com/issues/ch001296.htm


          နောက်တစ်ခုက Hacker ကိစပါ။ ကျွန်တော် သတိထားမိသလောက် မိမိကို Hacker တစ်ဦးဦးက Target ထားပြီဆိုတာနဲ့ မိမိကိုင်နေကြ Computer ကိုသတိထားကြည့်ပါ။ တစ်ချက်တစ်ချက် လေးလေးကျသွားပါတယ်။ နောက်ပြီး ရံဖန်ရံခါမှာ မိမိမဖွင့်ဘဲ နဲ့ browser က website အသစ်တစ်မျိုးကို သူ့အလိုလိုဖွင့်ဖွင့်လာတာပါဘဲ။ နောက်ပြီး Address bar မှာ ကိုယ်စာရိုက်လိုက်တာက အမှန်ပါ။ ပွင့်လာတဲ့ website က ဘာစာတွေမှန်းမသိ၊ တရုတ်စာတန်းတွေ၊ ဂျပန်စာတန်းတွေ တက်လာတတ်ပါတယ်။ အဲဒီလိုတွေကြုံလာရင် အိပ်ပျက်ခံပြီး မနက် (၃) နာရီ (၄) နာရီလောက် မှာ မိမိ Computer ကိုဖွင့်ကြည့်ပါ။ သူတို့ အလုပ်လုပ်ချိန်ပါ။ သူဘယ်လိုအချက်အလက်တွေကို ယူလည်းဆိုတာ စောင့်ကြည့်ကြည့်ပါ။ ပညာရတာပေါ့။ ဒီ့ထက်ပိုပြီး လေ့လာလိုသူတွေက အောက်ကလင့်မှာ သွားလေ့လာလို့ ရပါတယ်။ ပုံလည်း ထဲ့ပေးလိုက်ပါတယ်။


          မနေ့က နေ့လည်လောက်မှာ ကျွန်တော့် အသိရဲ့ ကိုကျွန်တော်ပြင်ပေးပြီး ပြန်ရောက်တော့ ကျွန်တော့ Computer ကိုဖွင့်လိုက်တဲ့ အချိန်မှာ ကျွန်တော့ Computer မှာ ပုံမှန်မဟုတ်တာတွေကို သတိထားမိလိုက်ပါတယ်။ ဒါကြောင့်လည်း ဂရုက ညီအကိုတွေအားလုံး သတိထားလို့ရအောင် မှာ သတိပေးတဲ့ပိုစ့်လည်းရေးပေးလိုက်ပါတယ်။ ကျွန်တော်လည်း မနေ့ က PM တစ်ခု အလှူလုပ်လိုက်ရပါတယ်။ မများပါဘူး။ ကျွန်တော်ဆို PM ထဲမှာ ဘယ်တော့မှ မထားပါဘူး။ ရောက်တာသိသိခြင်း တစ်နေရာကို ထုတ်ထားလေ့ရှိပါတယ်။ မနေ့ကတော့ နောက်ကျသွားပါတယ်။
          ကျွန်တော် အနှစ်ချုပ် ပြောပါ့မယ် - 
မိမိရဲ့ username နဲ့  password တွေကို (၁) လတစ်ကြိမ် ပြောင်းပါ
Two Factor Authenticator (2FA) နဲ့ one time password (OTP) ကိုသုံးပါ။
မိမိ အချက်အလက်တွေကို Computer မှာ မသိမ်းပါနဲ့။ စာအုပ်တစ်ခုခုမှာ ရေးမှတ်ပါ။
Browser ရဲ့ Auto Filling စနစ်ကို disable လုပ်ထားပါ။
(၁) ပတ်တစ်ကြိမ်လောက် Google Account ကို ဖုံးကရော ကွန်ပျုတာကပါ Log out လုပ်ပြီး ပြန် ဝင်ပါ။
မိမိအလုပ်လုပ်တဲ့ ဖုံးမှာGame တွေ သိပ်မထည့်ပါနဲ့။
          ဂရုက အဖွဲ့ သားတွေအားလုံး လေထဲ က ပိုက်ဆံကို လေထဲ က ယူဆောင်ခံရခြင်းမှ ကင်းဝေးကြပါစေ။

Exchange လား? Scam Change လား?

          ဒီနေ့ ဂရုမှာ ပွက်လောရိုက်နေကြတယ်။ Exchange ဆိုဒ်က ငွေမရောက်လာလို့။ ဒါနဲ့ ကျွန်တော် ဒီပိုစ့်ကို ကြားဖြတ်ရေးတင်ပေးလိုက်တာပါ။
          Exchange Site တွေအများကြီးရှိတဲ့အထဲမှာ Scam Change တွေလည်းရှိကြပါတယ်။ ကျွန်တော့် Blog စရေးပြီး တင်လိုက်တဲ့ အထဲမှာ ကျွန်တော့ ဂရုက ညီအကိုတွေ ၊ Online Making Money လမ်းကို လိုက်လိုသူတွေအတွက်သတိထားလို့ရအောင်၊ လေ့လာလို့ရအောင် ကျွန်တော် ကြော်ငြာ နှစ်ခုကို စာမျက်နှာမှာ တင်ပေးထားခဲ့တယ်ဗျ။ Referal လိုချင်လို့ ကြော်ငြာနေတယ်လို့ မထင်ကြပါနဲ့ဗျာ။ ကျွန်တော် MT4 နဲ့ တစ်ခါ Trade တာ နဲ့တင် Referal ဆိုတာကို မျက်စိထဲမှာတောင်မမြင်မိပါဘူး။ အဓိက ရည်ရွယ်ချက်က ကျွန်တော် ဆုံးရှုံးခဲ့ရသလို မဖြစ်စေချင်တာ၊ ကျွန်တော့်တုန်းကလို ကိုယ်သိချင်တာကို လိုက်မေးတဲ့အခါ မေးစရာ လူမရှိတဲ့အဖြစ်လို မဖြစ်စေချင်တာ အဓိကပါ။ ကျွန်တော် မရေးပေးလို့ ဘယ်သူမှ လာမပြောသလို၊ ရေးတင်လို့လည်း ဘယ်သူမှ လာပြီးငွေမပေးပါဘူး။ (ကျေးဇူးတင်ပါတယ် ဆိုတာတော့ ရတယ်ဗျ) အရေးမတော်ရင်သာ ဆော်ချင်သူဘဲရှိကြတာဗျ။ 
          ကဲ ... အခု .. ကျွန်တော့် Blog မှာကြော်ငြာထားတဲ့ Exchange Site List ကို ဘယ်လို သုံးမလဲပြောပြပါ့မယ်။ ဒီကြော်ငြာကို ကြည့်ပြီး '' မသုံးပါနဲ့ အဲဒါ Scam ကြီးပါ '' လို့ ဝင် commant ပေးတဲ့သူတောင်ရှိသဗျ။ ကျွန်တော် ပထမတော့ ကြောင်သွားတယ်။ နောက်တော့မှ စဉ်းစားမိတာ.... သြော်.... သူဒီလောက်ဘဲ သိတာကိုး .... လို့ ။ ထပ်မေးသေးတယ်ဗျ ကျွန်တော်ကော လဲဘူးလားတဲ့။ ကျွန်တော် တင်ပေးထားတာက စာရင်းကြီးဗျ။ တစ်ဆိုက်ထဲမဟုတ်ဘူး။ အမှန်လည်းပါတယ်၊ Scam လဲပါတယ်။ အဲဒီ့တော့ ကျွန်တော် အခုရှင်းပြမယ်။
          အခုပြထားတဲ့ပုံ(၁) က ကျွန်တော့ ရဲ့ Blog စာမျက်နှာပါ။

          ပုံမှာပြထားတဲ့အတိုင်း Find ဆိုတာကိုနှိပ်လိုက်ရင် ဒုတိယ ပုံ(၂) ကိုတွေ့လိမ့်မယ်ဗျ။
         
ပုံထဲမှာ ကျွန်တော် မြှားအဝါရောင်လေးနဲ့ ပြထားတယ်။ Give ရဲ့ အောက်မှာ ကိုယ်ကပေးမယ့် အမျိုးအစား။ အဲဒီ့မှာ Bitcoin ကို နမူနာပေးထားတယ်။ Get ရဲ့အောက်က ကိုယ်ပြန်ယူမယ့် အမျိုးအစားပါ။ အဲဒါကိုနှိပ်လိုက်တာနဲ့ အမဲရောင်နဲ့ ဝိုင်းပြထားတဲ့နေရာမှာ လဲလို့ ရနိုင်တဲ့ Exchange Website တွေရဲ့ စာရင်းက တန်းစီပေါ်လာတာ။

          ပုံ(၃) က Paypal ကနေ Perfect Money ကို ချိန်းချင်လို့ နှိပ်လိုက်ရင် ပေါ်လာတဲ့ပုံပါ။ ပုံမှာဆို (၁) ဆိုဒ်ဘဲရှိတယ်လို့ ပြနေတာတွေ့ရလိမ့်မယ်။

          ပုံ(၄) မှာ ဝိုင်းပြထားတဲ့နေရာ Reviews ကို နှိပ်ကြည့်ပါ။ အဲဒီ့နေရာက သူများတွေ Exchange လုပ်ကြပြီး ကောင်း၏၊ မကောင်း၏ နဲ့ မှတ်ချက်ဝိုင်းပေးတဲ့ နေရာပေါ့။ မှန်တဲ့ဆိုဒ်ဆို ပုံ(၅) လိုတွေ့ရပြီး၊


မမှန်တဲ့ဆိုဒ်ဆို ပုံ(၆) လို Complain တွေနဲ့ တွေ့ရလိမ့်မယ်။

          အဲဒီလို လိုက်လေ့လာပြီးမှ ကိုယ်က စိတ်ချရတဲ့ Web ဆိုဒ်ကို ရွေးပေါ့။
         
ပုံ(၇) မှာ Paypal ကနေ Perfect Money ကို ငွေလွှဲဖို့ စစ်ပြီးတော့ ကြိုက်တာနဲ့ စလွှဲဖို့ mouse pointer နဲ့ ထောက်ထားတဲ့ပုံပါ။ ထောက်လိုက်ရင် အစိမ်းရောင်လေး ပြောင်းသွားလိမ့်မယ်။ နှိပ်လိုက်ရင် အဲဒီ့ Website ကိုရောက်သွားပါ့မယ်။ ပုံ(၈) ကိုကြည့်ပါ။

          ပုံမှာ Paypal ကနေ လွှဲမှာဆိုတော မြှားပြထားတဲ့နေရာကို နှိပ်လိုက်ရင် ပုံ(၉) ကိုတွေ့ရမယ်။ အဲဒီ့မှာ Perfect Money ဆိုတာကိုရှာပြီး နှိပ်လိုက်။

          ပုံ(၁၀) အတိုင်း ပေါ်လာပါလိမ့်မယ်။
         
ကွက်လပ်တွေဖြည့်ဖို့တော့ မရှင်းပြတော့ဘူးဗျာ။ Password ကိစဘဲ ပြောပြမယ်။ သူပေးထားတဲ့ Password ကို သုံးချင်လဲသုံး မသုံးလိုလည်း ကိုယ်ကြိုက်တာ သုံးလို့ရတယ်။ မမေ့အောင်တော့ မှတ်ထားရမယ်။ မဟုတ်ရင် ကိုယ့် Order ကို ပြန်စစ်လို့မရဖြစ်သွားမယ်။ ဘာလို့လဲ Paypal ကငွေလွှဲတာ တစ်ခါတစ်လေ Instan မဖြစ်ဘဲ ကြာတတ်သလို ကိုယ်က Paypal ထဲသပ်သပ်ဝင်ပြီးလွှဲရမှာဆိုတော့ ကြားမှာ အချိန် Delay ဖြစ်နိုင်လို့ပါ။

          ပုံ(၁၁) က ဖုံးနံပါတ် ကအရေးကြီးတယ်ဗျ။ Code Number ကို အဲဒီ့ နံပါတ်အတိုင်း ပို့ပေးမှာဆိုတော့ ကိုယ်လက်ရှိ ကိုင်ထားတဲ့ ဖုံးနံပါတ်ကို ထည့်ပေးရမယ်။ အားလုံးဖြည့်ပြီးရင်တော့ Comfirm လုပ်လိုက်တာနဲ့ ပုံ(၁၂) ပေါ်လာပြီ။

          ပုံမှာ Password ထဲ့ပြီး Order ကိုတစ်ခေါက်ပြန်စစ်ခိုင်းသေးတယ်ဗျ။ OK ပြီဆိုမှ ပုံ(၁၃) အတိုင်း Code နံပါတ်ကို ဖြည့်ခိုင်းပါလိမ့်မယ်။
         
Code Number လား ? ကိုယ်ပေးလိုက်တဲ့ ဖုံးနံပါတ်ကို ပို့လာတာလေ။ Code ဖြည့်ပြီး  OK လုပ်ပေးလိုက်ရင် သူက ငွေပို့ရမယ့် Paypal Email ID ကို ပေးပါလိမ့်မယ်။ ကိုယ်က ပို့ရုံပေါ့။

          ပုံ(၁၄) ကိုသေသေချာချာ ဖတ်စေချင်တယ်။ ကိုယ့်မှာ ဝိုင်းပြထားတာတွေ မရှိရင်၊ Paypal Verify မဖြစ်ရင် လုံးဝမလွှဲပါနဲ့ သူတို့က လက်မခံပါဘူး။
          အားလုံးကို ရှုပ်နေတာဘဲလား?  အဲဒါ Paypal လေ။
          တစ်ခြား E-currencies တွေကတော့ Paypal လောက်မရှုပ်ဖူး ဗျ။
          Online Money Maker အားလုံး 
Scam ဆူးခြင်းကင်းပါစေ။
Transition Fee, Exchange Fee သက်သာကြပါစေ။

Monday, December 7, 2015

MT4 နဲ့ အဆင်ပြေနေလား? အခုဘာတွေလုပ်နေလည်း?

          ဒီပိုစ့်အတွက် ခေါင်းစဉ်ကို ဂရုကညီအကိုတွေ လှမ်းမေးနေကြတဲ့ မေးခွန်းနဲ့ နာမည်ပေးလိုက် တယ်။
          ၁၉၈၈ အရေးအခင်းပြီးကာစကပေါ့ ကျွန်တော့ အိမ်မှာ လေးဘီးကားတစ်စီးဝယ်ဖြစ်တယ်ဗျ။ လေးဘီးထောင်ဖို့။ ကျွန်တော်ကတော့မမောင်းတတ်သေးပါဘူး။ ဒါနဲ့ မိတ်ဆွေတစ်ယောက်က အမောင်းသင်ပေးတယ်။
          တစ်ရက် ... အမောင်းသင်ပြီးပြန်အလာမှာ ဆရာက မောင်းရဲအောင်ဆိုပြီး အပြန်ပေးမောင်းခိုင်းတယ်။ ကျွန်တော်လဲ ခပ်မြောက်မြောက်နဲ့ မောင်းလာလိုက်တာ ရပ်ကွက်ထဲဝင်လာတော့ သူငယ်ချင်းတစ်သိုက်နဲ့ တန်းတိုးပါလေရော...။ သူငယ်ချင်းတွေက လှမ်းမေးတယ်ဗျ ....'' ဟာ ...ဟေ့ကောင်..တယ်ဟုတ်နေတယ်ပေါ့.... မင်းကားလေးနဲ့ အစဉ်ပြေနေပြီပေါ့လေ....'' တဲ့။ ကျွန်တော်လဲ ခပ်ပြုံးပြုံးနဲ့ သူတို့ပြောတာကို နားဘဲထောင်နိုင်တယ်ဗျ။ ရှေ့မှာက လူတွေရှုပ်နေတော့ သူတို့ကို ကြည့်ပြီး ပြန်မဖြေလိုက်နိုင်ဘူး။
          အိမ်ရောက်တော့ ဆရာက ပြန်ခါနီးမှာ '' ကောင်လေး ..... ကားဆိုတာ မောင်းတတ်ယုံနဲ့ မပြီးသေးဘူးကွ ''....  တဲ့။
          တစ်ရက် .... သူငယ်ချင်းတွေနဲ့ လဘက်ရည်သောက်ချိန်းထားလို့ တစ်ယောက်ထဲ ကားမောင်းထွက်ခဲ့တယ်။ လမ်းတစ်ဝက်တောင်မရောက်လိုက်ဘူး ကားက ထိုးရပ်သွားတော့တာဘဲ။ ဒါနဲ့ ကားကို ဟိုကလိဒီကလိနဲ့ လုပ်ကြည့်တော့ ကာဘရိုက်တာ ဂျီးပိတ်နေတာကိုး .... ဘာရမလဲ ... အကျအန ပြင်နေလိုက်တာ သူငယ်ချင်းတစ်အုပ် စက်ဘီးကိုယ်စီနဲ့ အနားရောက်လာမှဘဲ အချိန်တော်တော် လင့်သွားတာသတိထားမိတယ်။ ဟေ့ကောင် ဘယ်လိုတွေဖြစ်နေတာလည်း ...... မင်းကားကြွသွားပြီလား ...... တဲ့။ ဟား..ဟား...ဟား... မင်းကားနဲ့ အဆင်မပြေတော့ဘူးပေါ့လေ....တဲ့။ ကျွန်တော်လဲ ဆီဂျီးပေတဲ့မျက်နှာနဲ့ '' အေး '' လို့ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် အဲဒီ့အချိန်မှာ ကျွန်တော်က ကားရဲ့ စက်အကြောင်းကို တော်တော်နားလည်နေခဲ့ပြီဗျ။
         Meta Trader 4 နဲ့ Forex Trade ကိုကျွန်တော်က Binary Trade လုပ်တာထက်စာရင် ပိုသဘောကျတယ်။ ကိုယ်လုပ်မယ့် Leverage ကိုအဆ နဲနဲနဲ့ အရင်သွားထားပြီး စိတ်ချရတဲ့ အနေအထားရောက်မှ Leverage ကို တိုးတော့ ကိုယ်လည်း အဆုံးအရှုံး သက်သာတယ်။ Leverage ၁း၂ တို့ ၁း၃ တို့ဆိုတာ ရှုံးနိုင်ခြေ အမတန်နည်းပါတယ်။ ကိုယ်ခန့်မှန်းတာ လွဲသွားရင်တောင်မှ အချိန်တစ်ခုကိုစောင့်နေလိုက်လို့ ရတယ်။ ကိုယ့်မှာ အရန်ငွေရှိရင် မဖြစ်နိုင်တဲ့ ဈေးကွက်အထိ ဆင်းကာထားလို့ ရတယ်။ ဈေးကွက်ကို ကိုယ်က ခန့်မှန်မိလို့ ကိုယ်စ ခဲ့တဲ့နေရာကို ပြန်ရောက်ဖို့ ကြာဦးမယ်ဆိုလည်း အရှုံးခံပြီး ပိတ်ရဲရတယ်ဗျ။ ဥပမာ - လွန်ခဲ့တဲ့ (၃) ရက်က BTC ဈေးဆို ၃၅၀ နဲ့ ၃၄၀ ပတ်ဝန်းကျင်အထိဘဲ ပြန်ကျပြီး အခုဆို ၃၉၀၊ ၄၀၀ နားကိုပြန်တက်လာခဲ့တာ။ ကျွန်တော်ရဲ့ မှာ လွန်ခဲ့တဲ့ (၅) ရက်လောက်က ၃၂၅ နဲ့ အကျ ကို(Sell Position) ၁း၃ နဲ့ ဖွင့်ထားခဲ့တာ။ ဒါပေမယ့် ဒီ ၃၂၅ အောက်ကို လက်တလော ဒီကာလမှာ ပြန်မဆင်းနိုင်တော့ဘူးလို့ သုံးသပ်ပြီး ၃၄၅ ရောက်မှာ အရှုံးခံပိတ်လိုက်တယ်။ ပြီးတော့ Leverage ကို ၁း၁၀၀ နဲ့ Buy Position ကိုယူပြီး ပြန်ဖွင့်လိုက်တာ အခုဆို ရှုံးသွားတဲ့ ပမာဏထက်ပိုတဲ့ အမြတ် ကို ရပါတယ်။ ဒီလိုမျိုး လုပ်ရင် ကိုယ့်မှ Trading Platform Site နှစ်ခုတော့ ရှိထားဖို့ လိုတယ်ဗျ။ တစ်ခုထဲဆို Leverage ကို တစ်ရက်ထဲမှာ အမျိုးမျိုးပြောင်ခွင့် မပြုလို့ဘဲ။ ကျွန်တော် ဥပမာနဲ့ ထပ်ရှင်းပြမယ် .........BTC ၃၂၅ ပေါက်ဈေးမှာ ကျွန်တော်က ဈေးပြန်ကျမယ်ထင်လို့ Sell Position နဲ့ ဈေးကွက်တစ်ခုဖွင့်လိုက်တယ်။ ဘယ်လောက်အထိ အရှုံးခံမလဲလို့ဆိုတဲ့ Stop Limit ကို BTC ဈေး ၄၅၀ လို့ ပြင်ထားလိုက်တယ်။ အမြတ်ယူမယ့် ပမာဏကို ၃၁၅ မှာ ချိန်ထားလိုက်တယ်ဗျာ့။ ကျွန်တော် ဈေးဖွင့်ပြီးတဲ့အချိန်မှာ ဈေးက မကျလာဘဲ တက်သွားတယ်။ (၂) ရက်လောက်စောင့်ကြည့်လိုက်တာ ဈေးက ကျလာဖို့ မရှိတော့ ဘူးဆိုတာသုံးသပ်လိုက်ပြီး အရှုံးခံနိုင်မယ့် ပမာဏကို ၃၄၅ အထိ ဆင်းပြင်ပေးလိုက်တယ်ဗျ။ တစ်ခြား Trading Platform တစ်ခုမှာလည်း ၃၄၅ ရောက်ရင် Buy Position နဲ့ Leverage ကို ၁း၁၀၀ ပြင်ပြီး စောင့်နေလိုက်တယ်။ သိပ်တောင်မကြာလိုက်ပါဘူး အရှုံးခံပိတ်တဲ့ ဖက်က ပိတ်သွားပြီ။ ၂၀ လောက်ကွာတဲ့ဈေးကို (၃) ဆအရှုံးနဲ့။ ဒါပေမယ့် တစ်ခြား Platform Site မှာ က ပွင့်သွားပြီ။ Leverage ၁း၁၀၀ နဲ့။ BTC ဈေး ၃၆၀ ကိုရောက်လာတော့ ဟို(၃)ဆ အရှုံးက ကျေတဲ့အပြင် အမြတ်ပါ ထွက်လာပြီ။ ကျွန်တော် ၃၈၅ အရောက်မှာ အမြတ်ယူပြီးပိတ်လိုက်တော့တာဘဲ။ ဆက်ထားရင် အခု ၄၀၀ နားကပ်နေလို့ ပိုမြတ်မှာဘဲ။ တော်ပြီလေ .... ဈေးကွက်က ထင်သလိုဖြစ်ချင်မှ ဖြစ်တာ။ ကိုယ်ကလောလောဆယ် မြတ်ပြီဆိုတော့ ပိတ်ပြီးဆက်စောင့်ကြည့်နေလိုက်တယ်။ BTC ဈေး ၄၁၀ လောက်ရောက်ရင်တော့ ကျွန်တော်က Sell Position နဲ့ ဈေးပြန်ဖွင့်ဖို့ စိတ်ကူးထားတယ်။
          Binary Option လား? တစ်ခြားသူတွေတော့မသိဘူး ကျွန်တော်တော့ လုံးဝမလုပ်တော့တာ။ ကျွန်တော့်တုန်းက 60 Second Binary Option ကို (၃) Site တစ်ပြိုင်ထဲ ဖွင့်ပြီးချခဲ့တာ။ အဲဒီ့မှာ ဘာသွားတွေ့လည်းဆိုတော့ ကိုယ် Trade လိုက်တဲ့ Amount များရင် သတိထားပေတော့။ မှတ်မိနေတယ် ... လွန်ခဲ့ (၂) နှစ်ကဖြစ်တာ။ EUR/USD ကို 60 Second နဲ့ Empiror Option ရယ် 24Option နဲ့  Etoro မှာ တစ်ပြိုင်ထဲ Buy  နဲ့ချတာ အဲဒီ့ထဲက တစ်ခုက ဗျာ60 Second ပြည့်ခါနီးမှာ ဈေးတစ်ချက် ထိုးဆင်းသွားပြီး ဆွဲသိမ်းသွားတယ်။ ကျန်တဲ့ နှစ် Site က ရတယ်ဘာမှမဖြစ်ဘူး။ ဆိုးတာက ပါသွားတာ ၅၀၀ ဗျ။ မပါတာက ၅၀ တစ်ခု၊ ၁၀၀ တစ်ခု။ အဲဒီ့ကာလတုန်းကUS နိုင်ငံရဲ့ အတိုးနှုန်းကို တိုးမယ်လို့ဆိုတဲ့အချိန်ပေါ့။ ဒါနဲ့ Binary Option တွေရဲ့ webutation တွေကို လိုက်ရှာတော့မှ ကိုယ်တစ်ဦးထဲမဟုတ်ဘဲ ခံရသူတွေ များမှန်း သိလာရတယ်။ ခင်ဗျားတို့ စလုပ်လုပ်ခြင်းဆိုရင် မြတ်မှာ သေချာတယ်။ ကိုယ်က ခန့်မှန်းတာ မှားနေရင်တောင် ဈေးက ဇောက်ထိုးတစ်ချက်ပြပြီး ရလိုက်မှာ။ ကဲ ... အဲဒါ Binary Option အတွက် ကျွန်တော့အဖြေဘဲ။
          အခုတော့ ကျွန်တော် BTC ကို Mine တူးတယ်ဗျာ။ Btc-e နဲ့ Simplefx Site နှစ်ခုမှာ BTC ကို USD နဲ့ ရိုးရိုး MT4 ပေါ်မှာ Trade လုပ်တယ်။ National Currencies ကိုလည်း Etoro မှာ တစ်ခါတစ်ခါ Trade လုပ်တယ်။ Exchange တွေမှာ ဈေးကွာတဲ့ E-currencies (BTC, LTC, DOGE, ...) တွေတွေ့ရင် ဒီကဟာဟိုဘက်ပို့၊ ဟိုကဟာဒီပို့နဲ့ ဝယ်လိုက်၊ ရောင်းလိုက်ပေါ့ဗျာ။ ကျွန်တော်တို့ ဂရုမှာဆို အဲဒီ့လို လုပ်ကြတာ ဒီတစ်လော ခေတ်စားနေတယ်ဗျ။ တစ်ခုဖြည့်စဉ်းစားဖို့ အကြံပေးရရင် Trade Fee နဲ့ Withdraw Fee ကို အရင်လေ့လာပြီးမှ အဲဒီ့ Exchange Platform မှာ ဝယ်ရောင်းလုပ်သင့်တယ်။ မဟုတ်ရင် မြတ်တော့ မြတ်ပါရဲ့ Transition Fee နဲ့ ရှုံးတာမျိုးဖြစ်နေတတ်တယ်။ နောက်တစ်ခုက Instan Withdraw ရ၊ မရ။ ဒါကပိုအရေးကြီးတယ်။ ကိုယ်တွေက ဈေးကွာလို့ ဒီကဝယ်၊ ဟိုဘက်သွားရောင်း လုပ်ပါတယ်ဆိုမှ Withdraw ကို Instan မဟုတ်ဘဲ Pending နဲ့ဆို သိပ်မကိုက်ဘူးဗျ။
          ကဲ .... ကျွန်တော်သိထားသလောက်လေး ကို ဗဟုသုတရအောင် ရှင်းပြပြီးပြီဆိုတော့ ကြော်ငြာနဲနဲဝင်ချင်တယ်ဗျာ။
          BTC ကို Cloud Mining တူးဖို့ ကျွန်တော်တို့ မြန်မာကဘဲ Cryptominerlife.com ဆိုတဲ့ Cloud Mining Website တစ်ခုရှိတယ်။ ဝိုင်းပြီး အားပေးကြပါ။ Site ပိုင်ရှင်နဲ့ ကျွန်တော် မြင်တောင်မမြင်ဘူးပါဘူး။ ဒို့မြန်မာနိုင်ငံကပါလားဆိုတဲ့ အချက်တစ်ခုထဲနဲ့ တိုက်တွန်းတာပါ။ ဘာမှ ရင်းနှီးမှုမလုပ်ရင်တောင် Account Register လုပ်ရုံနဲ့ Mining Speed 1GH/s  ပေးထားတယ်ဗျာ။ သဘောကျရင် ထပ်ဝယ်ပေါ့။ ကျွန်တော်ဆို အခုထိ Free Member ပါဘဲ။ ဝယ်ဖို့ လုပ်နေပါတယ်။ BTC Trading လုပ်ဖို့ဆိုရင် ကျွန်တော့ ရဲ့ blog စာမျက်နှာ ဘေးဘက်နဲ့ အောက်ဖက်မှာ Link တွေပေးပြီး ကြော်ငြာထားတယ်။ Link နဲ့ မဝင်ဘဲ တိုက်ရိုက်ဝင်လဲ ရပါတယ်။ ကျွန်တော့ Link နဲ့ ဝင်တော့ ကျွန်တော်က တစ်ချို့ Site အတွက် ကော်မရှင်နဲနဲပါးပါးရတယ်ဗျ။ ကျန်တာ ခင်ဗျားတို့ သဘောပါ။ Exchange ကိုတော့ ဘေးဖက်အပေါ်ဆုံးမှာ တင်ထားပေးတယ်။ မိမိလဲချင်တာကို မလဲရင်တောင် ဘယ်လောက်ပြန်ရမလဲလို့ အဲဒီ့ Box မှာ တွက်ကြည့်လို့ ရတာပေါ့။
          ကျွန်တော့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်ခံခဲ့ရတာကို နောက်လူတွေမခံရဘဲ Online ကနေ တစ်ကယ့် ဝင်ငွေရကြရင် ကျေနပ်ပါပြီ။

Saturday, December 5, 2015

Paypal မှ Paypal ဘဲလား

          ကျွန်တော် အခု ကျွန်တော့် ရဲ့ Group တွေမှာ Paypal နဲ့ပတ်သက်ပြီး ငွေလွှဲတဲ့ကိစ္စ၊ ပစ္စည်းဝယ်တဲ့ကိစ္စ နဲ့ Account Verify ကိစ္စတွေ ပြောဆိုနေကြတာ၊ မေးနေကြတာတွေ တွေ့နေရပါတယ်။ Group ကသူငယ်ချင်းတွေထဲမှာ Paypal နဲ့ ပတ်သက်ပြီး အခုမှ စကြသူတွေ၊ နောက်ပိုင်းမှ အသစ်ရောက်လာကြမယ့် အဖွဲ့ဝင်သူတွေအတွက် ရည်ရွယ်ပြီး ဒီပိုစ့်ကို ရေးပေးလိုက်ပါတယ်။ ကျွန်တော်တွေ့ကြုံခဲ့ရတာကို အခြေခံပြီး ရေးတာကြောင့် အတွေ့အကြုံရှိပြီးသူတွေနဲ့ တူချင်မှ တူမှာပါ။ အဲဒါကလည်း Paypal ရဲ့ နိုင်ငံအလိုက် သူ့ရဲ့ Policy ကမတူတာကြောင့်ပါ။
          (၁)     Paypal မှာ အကောင့်ဖွင့်ဖို့ ဘာကြောင့်လိုသလဲ? မဖွင့်ရင်ကော ?
          (၂)     ကျွန်တော်တို့ နိုင်ငံက လူတွေ ( Online ပေါ်မှာ ငွေပို့လိုသူ၊ ငွေလက်ခံလိုသူ) အားလုံး လုပ်ထားဖို့လိုသလား?
          (၃)     ကျွန်တော်တို့ နိုင်ငံက လူတွေ Paypal အပြင် တစ်ခြားရွေးချယ်စရာ မရှိဘူးလား?
          အဲဒီ့မေးခွန်းတွေကို အခြေခံပြီး ကျွန်တော်ရှင်းပြသွားပါ့မယ်။
          (၁)     ကျွန်တော့်စိတ်ထင် Paypal ရောဂါက Online ပေါ်မှာ ဝင်ငွေရှာဖို့ အစရသွားရာကနေ စဖြစ်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကဆို (ကျွန်တော် ရောဂါစရတဲ့အချိန်) Paypal အကြောင်းကို သိဖို့ထား ရန်ကုန်လိုနေရာမှာ Paypal ဆိုတာကို ကြားတောင်မကြားဖူးကြဘူးဗျ။ ဒါ့နဲ့ စင်င်္ကာပူကအသိဆီ ဆက်သွယ်ပြီး Paypal Account ဖွင့်ချင်လို့ အကူအညီတောင်းတော့ သူကကိုယ့်ကိုပြန်မေးတာ Paypal ဆိုတာဘာလဲတဲ့ ဘဏ်လားဟင်? တဲ့ ဒါတောင်သူက ဟွန်ဒီလုပ်ငန်းလုပ်တဲ့သူနော်။
          ထားပါတော့..... Paypal ကို Online မှာ Game တွေ Application တွေကိုဝယ်ဖို့၊ Online Store တွေမှာ ကုန်ပစ္စည်းတွေဝယ်ဖို့အပြင် Online Making Money System တွေထဲက PTC (Paid To Click) ကြော်ငြာ, PTR (Paid To Read mail) နဲ့ Forex Trading တွေမှာအဓိကသုံးကြတယ်။ Facebook အောင်မြင်လာတာနဲ့အမျှ Paypal လည်း အသုံးဝင်လာတယ်။ Software Developer တွေကလည်း သူတို့ Software ကို ရောင်းပြီး ငွေကိုပြန်လက်ခံဖို့ Paypal ကိုသုံးလာကြတယ်။ ကြော်ငြာ ကုပ္မဏီတွေကလည်း Paypal ကို သုံးကြတယ်ပေါ့ဗျာ။
          ဒါဆို ကြော်ငြာနဲ့မကင်းတဲ့သူတွေ၊ Trading နဲ့မကင်းကြတဲ့သူတွေက Paypal နဲ့ မကင်းနိုင်ကြတော့ သူနဲ့ ပတ်သတ်လာရတော့တာပါဘဲ။ Paypal က အမေရိကန်အခြေစိုက်ဗျ အဲဒီ့တော့ ဟိုဒင်းနည်းနည်းကျယ်တာပေါ့ဗျာ။ (မမြင်ဘူးပါဘူး မှန်းကြည့်တာ)။ Facebook ရဲ့ စူဇကာပုဏ္ဍားကြီးနဲ့ အပေါင်းအသင်းဖြစ်သွားတော့ တိမ်တွေတောင် သူ့အောက်ရောက်သွားတယ်။ ဒါပေမယ့် သူ လွန်ခဲ့တဲ့ (၆)လလောက်က အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုဒဏ်ခတ်ခံထားရတဲ့ နိုင်ငံတစ်ခုကို uncomfirm Transition တစ်ခု ခွင့်ပြုလိုက်မိလို့ ဒေါ်လာ သန်းနဲ့ချီပြီး အမေရိကန်အစိုးရကို ဒဏ်ငွေဆောင်လိုက်ရသေးတယ်။ ဒါတောင် သူရဲ့ Policy ကတော်တော်တင်းကြပ်ထားတာနော်။
          သူ့ဆီကနေတဆင့် ငွေလွှဲတဲ့ သူ့ရဲ့ verified user တစ်ယောက်အတွက် သူက အပြည့်အဝ အကာအကွယ်လုပ်ထားတယ်ဗျ။ ဥပမာ - ကိုယ်က သူ့ရဲ့ verified user ဖြစ်ပြီး တစ်ခြား တစ်ယောက်ဆီကို (သူ့ရဲ့ user မဟုတ်တဲ့သူဆီကို) ငွေပို့လို့ရတယ်။ ခွင့်ပြုထားတယ်။ ဒါပေမယ့် ငွေလက်ခံမယ့်သူကို Paypal က သူ့ဆီမှာ အရင်အကောင့်ဖွင့်ခိုင်းပြီး verify လုပ်ခိုင်းတယ်။ ပြီးမှ လွှဲပေးတာ။ ကိုယ်က ငွေလဲ လွှဲပေးလိုက်ပြီးပြီ တစ်ဖက်က ငွေရ မရ ဘာမှ အကြောင်းမပြန်လာဘူးဆိုရင် (၄၅ ရက်အတွင်းနော်) Complain တက်ခွင့်ပေးထားတယ်။ အဲဒီလို Complain(အမှု) တက်တာနဲ့ သူက ပထမအဆင့် နှစ်ယောက်စလုံးဆီကို Email ပို့ပြီး ကိုယ့်အချင်းချင်းအရင်ရှင်းကြဘဲ။ ပြေလည်သွားရင် သူ့ကိုပြန်အကြောင်းကြားပြီး ကိုယ့်ရဲ့ Complain(အမှု) ကို ပြန်ပိတ်ပေးရတယ်။ မပိတ်ပေးရင် သူက အမှုဖြစ်တဲ့ အကောင့်နှစ်ခုလုံးကို ငွေထုတ်ခွင့် ပိတ်ထားလိုက်တယ်။ ပြီးရင် Email နဲ့ မေးခွန်းတွေမေးတော့တာပါဘဲ။ ဖြေပေတော့ တစ်မုန်း။ ကိုယ့်အချင်းချင်းပြေလည်သွားလဲ မရတော့ဘူး အမှုစစ် စစ်တော့တာဘဲ။ ဖုန်းနဲ့ပါ ဆက်သေးတာဗျ။ မဖြေနိုင်လို့ကတော့ အဲဒီ့ နှစ်ကောင့်စလုံးကို ပိတ်လိုက်ပြီး ကိုယ့်မှာ ရှိတဲ့ လက်ကျန်ငွေကို (၆) လအကြာမှာ ကိုယ် Account လုပ်တုန်းက ဘဏ်ဆီ ပြန်ပို့ပေးတယ်။
          Paypal မှာ verify လုပ်ဖို့ဆိုရင် ဘဏ်စာရင်းတစ်ခု တင်ပြရတယ်ဗျ။ ကိုယ်တင်ပြတဲ့ ဘဏ်စာရင်းဆီကို သူက သူ့ငွေကို အရင်လွှဲပေးတယ် Amount နှစ်ခုပေါ့။ ဥပမာ - ၀.၁၂ တစ်ခု၊ ၀.၄၃ တစ်ခုဆိုပါတော့။ ကိုယ့်ဘဏ် Account ထဲကိုဝင်လာတဲ့ အဲဒီ့ ပမာဏကို သူ့ဆီမှာ ပြန်ပြောပြရတယ်။ မှန်သွားပြီဆို ကိုယ့် က Verified ဖြစ်ပြီ။
          နောက်တစ်ခုက သူငွေလွှဲတဲ့ စနစ်။ ကိုယ်က Account verified ဖြစ်သွားပြီး ငွေ (၁၀၀) စလွှဲတယ်ဆိုပါတော့။ သူ့အကောင့်ထဲမှာတော့ ပိုက်ဆံမရှိသေးဘူး။ ဘဏ်ထဲမှာတော့ပိုက်ဆံရှိတယ်ပေါ့။ Paypal က အဲဒီ့ ဘဏ်ထဲကနေ သူ့အတွက် ငွေလွှဲခပါပေါင်းထုတ်ပြီး လွှဲပေးလိုက်တာဘဲ။ ကိုယ်လွှဲလိုက်တဲ့သူဆီက ကိုယ့်ကိစ္စပြီးလို့ ငွေပြန်ပို့လာရင် Paypal က အဲဒီ့ငွေ (၁၀၀) ကို မကိုင်ထားဘူး ကိုယ့်ဘဏ်ထဲကို ပြန်ထဲ့ပေးတာ။ ကိုယ့်ဘဏ်ကမထွက်တဲ့ ပိုက်ဆံဝင်လာမှ သူ့ထဲမှာထားထားတာ။
          နောက်ပိုင်းမှာ Paypal က စည်းကမ်းတင်းကြပ်တာရယ် ငွေလွှဲခ များတာရယ်ကြောင့် တစ်ချို့ Website တွေက Visa, Master ကဒ်တွေနဲ့ တိုက်ရိုက် ငွေလက်ခံလာကြတယ်။ ပြဿလာနာဖြစ်ရင်တော့ Paypal လိုမျိုး Complain တက်လို့မရတဲ့ အားနည်းချက်တော့ ရှိလာတယ်။
          ကျွန်တော့တုန်းကဆိုရင် ကျွန်တော့အကောင့်က Verified ဖြစ်ပြီးသား၊ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ညီငယ်တစ်ယောက်ကို Paypal Account ဖွင့်ပေးလိုက်တာ သူလဲ Verified ဖြစ်နေပြီ။ ဒါနဲ့ သူက ငွေစမ်းလွှဲကြည့်မယ်အစ်ကိုတဲ့... အေးပေါ့။ အဲဒီ့မှာသူက ကျွန်တော့အကောင့်ကို ၁၅၀ ပို့ချလိုက်တယ်။ ချက်ခြင်းဘဲ ရောက်ပါတယ်။ လွှဲပြီးတော့ သူလဲပျော်လို့။ လွှဲပြီး (၂) နာရီလောက်တော့ကြာမယ်ထင်တယ်။ သူ့အကောင့်ပြန်ဝင်တော့ Suspend ဖြစ်သွားပြီ။ Reason က သူလွှဲလိုက်တဲ့ သူ(ကျွန်တော်) က၊ သူနဲ့ တစ်ခါမှ ငွေအလွှဲအပြောင်းမလုပ်ဘူးဘဲနဲ့ (၁၅၀) လွှဲလိုက်လို့တဲ့၊ သူတို့ စုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ငွေဝင်ခွင့်ဘဲ ရတော့မယ်တဲ့။ ငွေထုတ်ခွင့်ကို ပိတ်ထားလိုက်တယ်။ ဒါနဲ့ ကျွန်တော် ၁၅၀ ကိုချက်ခြင်းပြန်ပို့ပေးလည်းမရတော့ဘူး။ ဖုံးတွေဆက် မေးခွန်းတွေမေးနဲ့ ကြာတော့မဖြေနိုင်တော့ ကောင်လေးရဲ့ အကောင့်ကို ပိတ်လိုက်တယ်။ Email နဲ့အကြောင်းကြားတယ် အကောင့်ကို ပိတ်လိုက်ပြီတဲ့၊ နောက်(၆)လ ကြာရင် သူ့အကောင့်ထဲကပိုက်ဆံကို သူ့ဘဏ်ထဲ ပြန်ပို့ပေးမယ်တဲ့။ ဘာမှပြန်ပြောလို့ မရတော့ဘူး။
          နောက် Bitcoin (BTC) ကိစ္စ။ BTC က National Currency မဟုတ်ဘူး။ ဘယ်တိုင်းပြည်ကမှ မပိုင်ဘူး။ Open Source Currency တစ်ခုဘဲ Japan ကြီး ဆာတိုရှီက Fund လုပ်ပြီး ဖန်တီးခဲ့တာ။ ဒါကြောင့် BTC ကို လွှဲတဲ့နေရာမှာ ကိုယ်က လွှဲပြီဆိုတာနဲ့ Block တွေ Comfirmation တွေနဲ့သွားတာ၊ ပြန်တားဖို့ မလွယ်တော့ဘူး။ ကိုယ်ပို့လိုက်တဲ့ လိပ်စာအတိုင်းသွားတော့တာဘဲ။ ပြန်လိုချင်ရင် ကိုယ်ပို့လိုက်တဲ့ လိပ်စာရှင်က ပြန်ပို့မှဘဲ ရတော့မှာ။ ဘယ်မှာမှ Complain သွားတက်လို့မရသလို လမ်းမှာ ဖြတ်တားလို့လည်းမရဘူး။ Paypal ရဲ့ Policy နဲ့ အဲဒီ့မှာငြိသွားပြီ။ ဒါကြောင့် Paypal က သူ့ အကောင့်နဲ့ Bitcoin ကိုဝယ်ဖို့ လက်မခံသလို၊ Bitcoin ကနေ သူ့ဆီဝင်တာလည်းလက်မခံတာ။ Bitcoin ပမာဏတစ်ခုကို လွှဲလိုက်ရင် Block Chain မှာသွားလေ့လာကြည့် တစ်ခါတစ်လေ ကိုယ်က လိပ်စာတစ်ခုကို ကိုယ့်လိပ်စာနဲ့တော့ ပို့လိုက်တာဘဲ တစ်ဖက်မှာ ဝင်သွားတာက လိပ်စာမျိုးစုံ Multi Address နဲ့။
          ကဲ .... ဒီတော့ Paypal အကောင့်တစ်ခုဖွင့်ဖို့ လိုမလိုဆိုတာ ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ ချိန်ပြီးမှ စဉ်းစား၊ ကွန်ပျူတာတစ်လုံး ဝယ်ဖို့ စဉ်းစားသလိုပေါ့။
          (၂)     အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည်က အမေရိကန်နိုင်ငံရဲ့ Sections ရှိနေသေးတယ်။ တိုင်းပြည်ရဲ့ Policy က အခုမှ စပြောင်းမှာ ( သုညကတောင်မဟုတ်ဘူး - နဲ့)။ အကောင့်အတွက် နိုင်ငံခြားကဘဏ်၊ နိုင်ငံခြားက Visa , Mastercard တွေနဲ့ ဆိုတော့ တစ်ခုခု လွဲရင် ဘယ်လိုဖြေရှင်းမလဲ။ အကောင့်ပိတ်ခံရလို့ ပိုက်ဆံပြန်ရတယ်ဆိုတာတောင် (၆) လလောက်က ငုတ်တုတ်မေ့ပြီ။ Neobux လို့ခ်ါတဲ့ PTC ကငွေထုတ်ဘူးတဲ့သူတွေဆို သိလိမ့်မယ်။ မြန်မာIP နဲ့ဆို ပေးကိုမထုတ်တာ။ အဲဒီမှာ IP အတွက် ကျော်ကြ ခွကြရပြီ။ Paypal ကအောင်မြင်လာတော့ သူ့လို ဘဲ ငွေလွှဲစနစ်ကို လိုက်လုပ်လာကြတဲ့ Site တွေအခုဆို အများကြီးဘဲ။ Perfect Money ဆိုကြည့် အမေရိကန် Policy ကိုမလိုက်နာတော့ အမေရိကန် လေဘာတီက သူ့ကိုဆော်တယ်။ PM ကအေးအေးဆေးဆေးဘဲ .com ကနေ .is ပြောင်းပြီး ဆက် လုပ်တယ်။ အခုဆို PM က Paypal ထက်တောင် ပိုအောင်မြင်လာပြီ။ Paypal ကိုကြတော့ သုံးတဲ့သူတွေက စိတ်တော့ချတယ်၊ ဒါပေမယ့် နဲနဲမှားတာနဲ့ ဖြေရှင်းရတာတွေကြောင့် သုံးရတာလန့်လာကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အခုဆို Myanpay ဆိုတာပေါ်လာပြီ။ ကျွန်တော်တို့မှာ ရွေးချယ်စရာ ရလာပြီ။ ကျွန်တော်တို့ တိုင်းပြည်ကို တရားဝင် အကောင့်တွေ ဖွင့်ခွင့်မပြုထားပေမယ့် မရမက လုပ်ထားကြလို့ Paypal Verified ဖြစ်နေတဲ့ အကောင့်ပိုင်ရှင်တွေထဲမှာ ကျွန်တော်လည်းပါပါတယ်။ သူများတွေတော့မသိဘူး ကျွန်တော်တော့ တစ်ခါတစ်ခါ မဲဆောက်ပြေးပြေးနေရတာ ကြာတော့ စိတ်ပျက်လာပြီ။ မသွားလည်းရတော့ရတယ် ဒီက ATM တွေမှာတန်းထုတ်ယုံဘဲ။ Fee ကတော့ ခင်ဗျားတို့ကိုယ်တိုင် ထုတ်ဖူးရင်သိလိမ့်မယ်။ ကျွန်တော့မှာဆို Visa Card တစ်ခုစီနဲ့ ချိတ်ထားတဲ့ အကောင့် (၃) ခုတောင်ရှိတယ်။ လိုချင်ရင်ပြော Visa Card ပါ ပေးလိုက်ဦးမယ် (btc နဲ့လဲပေးမယ်)။ တစ်ချို့ကတော့ မဖြစ်မနေ လိုအပ်တဲ့ အကြောင်းတွေရှိပါတယ်။ ရိုးရိုး PTC တို့ PTR တို့ Trading တို့ နဲ့ Online Store မှာ ဈေးဝယ်ယုံကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ စိတ်လည်းချရတဲ့ Wallet တွေရှိပါတယ်။
          (၃)     တစ်ခြား ကိုရွေးဖို့က လူတစ်ကိုယ်အကြိုက်တစ်မျိုးစီဆိုတော့ ကျွန်တော်အခုပြောင်းလိုက်တဲ့ လမ်းကြောင်းကိုဘဲ နမူနာပေးလိုက်မယ်။ တစ်ခြားရွေးစရာလမ်းကြောင်းတွေထဲက တစ်ခုဆိုပါတော့။ ကျွန်တော်က CB ဘဏ် ကိုသုံးပြီး Myanpay ထဲကို ငွေထည့်ထားလိုက်တယ်။ US ငွေချေစရာ ရှိရင် vodaexchange ခံပြီး Perfect Money ထဲကို ထည့်ပေးပြီးငွေချေတယ်။ Bitcoin တို့ Dogecoin တို့နဲ့ တစ်ခြား e-currencies ကိုလိုရင် ကျွန်တော့ blog စာမျက်နှာရဲ့ အပေါ်ညာဘက်အခြမ်းမှာတင်ထားတဲ့ Exchanger ကနေ ပြောင်းတယ်။ Paypal နဲ့လား ရပါတယ်။ bx.in.th ဆိုတဲ့ Exchange Site ကို Dogecoin ပို့လိုက်တယ် အဲဒီ့ကနေ Paypal ဆီကိုသွားပေါ့။ Dogecoin လား? ကိုယ့်ကွန်ပျူတာ ထဲမှာပေါ့။ အဲဒီ့လမ်းကြောင်းအတိုင်း ထွက်သွားတဲ့ငွေ ကို အဲဒီ့လမ်းကြောင်းအတိုင်း နောက်ပြန်လှည့်ရင် CB ဘဏ်ကို ရောက် MPU ကဒ်နဲ့ ATM မှာ ထုတ်။
          သိပ်လည်း အထင်မကြီးနဲ့ဦး သိထားတာ မျှဝေလို့ မနေ့က Group က Admin က ကိုယ့်ကို ဘေနဲ့ ဂိတ်လိုက်တာ ခေါင်းမှာတောင် ဘုထွက်သွားတယ်။ ပြန်စဉ်းစားရင် ခုထိတောင် နာနေတုန်းဘဲ။ ဘာလို့လဲ...... ဟုတ်လား .... ကိုယ်ထိုင်တဲ့ နေရာရဲ့ အပေါ်တဲ့တဲ့မှာ ထုတ်တန်းတစ်ချောင်းရှိနေလို့ ........
အားလုံး အစဉ်ပြေကြပါစေ။