Friday, December 4, 2015

အွန်လိုင်းပေါ်မှ Trade လုပ်ဖို့ ဘာတွေလိုလဲ။

          ကျွန်တော် ဒီတစ်ခါ အွန်လိုင်းပေါ်မှာ Trade လုပ်လိုကြတဲ့၊ Trading လုပ်ဖို့ စိတ်ဝင်စားကြတဲ့ သူအားလုံးအတွက် ကျွန်တော် သိထားသလောက် ရှင်းပြသွားပါ့မယ်။ ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ရှင်းပြသွားမှာဖြစ်တော့ ကျွန်တော် ကြုံတွေ့ခဲ့ရသလို လူတိုင်းကြုံတွေ့ရမယ်လို့ တော့ မရည်ရွယ်ဘူးဆိုတာကို သိထားနားလည်စေလိုပါတယ်။
          ကျွန်တော်တို့တိုင်းပြည်က အခုမှ အသွင်ကူးပြောင်းလာတော့ နောက်ပိုင်းအချိန်တွေမှာ အခုဖေါ်ပြမယ့် တစ်ချို့အခက်အခဲတွေက သူ့အလိုလို ပြေလည်သွားမယ်ထင်ပါတယ်။ တကယ်ပြောင်းလဲခဲ့ရင်ပေါ့။
          ကဲ..... လိုအပ်တာတွေစပြောရအောင်   -
          (၁)     မိမိမှာ Forex Trading လုပ်ဖို့ မှန်ကန်တဲ့၊ ကိုယ်ကအမြတ်တွေရလာရင် တကယ်ပြန်ပေးတဲ့ Trading Platform တစ်ခုမှာ Register လုပ်ဖို့လိုပါတယ်။ တစ်ချို့ Site တွေက Deposit တွေသာ ခဏခဏတင်ခိုင်းပြီး၊ မိမိငွေ ပြန်ထုတ်ချိန်မှ Acount က verify မဖြစ်တာတို့၊ Bank Statement ကို ထပ်တင်ခိုင်းတာတို့ နဲ့ ပြသနာရှာကြပါတော့တယ်။ ဒါကြောင့်.... မိမိ မှာ Register လုပ်ပြီးတာနဲ့ မိမိအကောင့်ကို Account verify ဖြစ်အောင် အရင်လုပ်ဖို့ လိုပါတယ်။ မဖြစ်သေးဘဲနဲ့ တော့လုံးဝ မလုပ်ပါနဲ့။ ရှိပါသေးတယ်.... Deposit လုပ်တာနဲ့ ဖြစ်ပါတယ်လို့ ပြန်ဖြေတဲ့ Site တွေ။ လုံးဝသွားမလုပ်ပါနဲ့ မိမိပိုက်ဆံ ဆုံးရှုံးဖို့က ၉၉% ပါ။
          (၂)     မိမိမှာ Passport, Driver လိုင်စင် နဲ့ ဘဏ်အကောင့် (နိုင်ငံခြားဘဏ်မှာ) ရှိဖို့ လိုပါတယ်။ မြန်မာပြည်က ဘဏ်တွေနဲ့တော့ လောလောဆယ်မှာ လုပ်လို့မရသေးပါဘူး။ တစ်ချို့ Site တွက မြန်မာပြည်ကဆို ဖွင့်ခွင့်တောင် မပေးပါဘူး။ တစ်ချို့ Site ကြတော့လည်း Deposit ကိုလက်ခံပြီးမှ ငွေထုတ်တဲ့အချိန်မှာ မြန်မာပြည်ကမို့လို့ မြန်မာပြည်ထဲကနေ ထုတ်ခွင့်မပေးပါဘူး။ နောက်ပြီး ကျွန်တော်တို့ဆီမှာ အခုလုပ်လို့ ရလာတဲ့ VISA နဲ့ MASTER Card တွေကို Site တွေမှာ ငွေထည့်လို့ရတယ်ဆိုပြီး အရမ်းဝမ်းမသာကြပါနဲ့ဦး၊ VISA, MASTER Card ဆိုတာ ကိုယ့်ငွေကို အဲဒီ့ Card တွေနဲ့ ပေးချေပြီးရင်၊ ငွေကိုပြန်ထုတ်တဲ့အချိန်မှာ အဲဒီ့ Card နဲ့ဘဲ ပြန်ထုတ်ရတာပါ။ ကျွန်တော်တို့ဆီကအခုလုပ်လို့ရတဲ့ VISA, MASTER Card တွေက အထွက်ဘဲ ရပြီး၊ အဝင်မရသေးပါဘူး။ ဂုဏ်ယူစရာကြီးပေါ့ (ကိုယ့်နိုင်ငံကို)။ ဥပမာ - ကိုယ်က VISA Card နဲ့ Trade လုပ်ဖို့ တင်လိုက်တယ်ဆိုပါတော့၊ ချက်ချင်းငွေရောက်သွားပါတယ် ခလုပ်နှိပ်နေတာတောင် ကြာရင်ကြာနေဦးမှာပါ။ ငွေကအရင်ရောက်နေပါပြီ။ အဲ.... ကိုယ်က Trade လုပ်တာ မြတ်လို့ အမြတ်ငွေကိုပြန်ထုတ်တော့ ကိုယ်ထည့်ပေးလိုက်တဲ့ Card အမျိုးအစားဆီကို ပြန်ပို့ပေးတာဆိုတော့ အဲဒီ့မှပြသနာစတာပါ။ ဒီက Card တွေက အဝင်မရလို့ပါ။
          အပေါ်မှာရှင်းပြခဲ့တာတွေ သိရင် စထရိတ်လို့ ရပါပြီ။ အောက်ကပုံမှာ အခု ဒီဇင်ဘာလထဲ Register လုပ်သူတွေအတွက် မိမိငွေကို Deposit သွင်းစရာမလိုဘဲ Account Verified ဖြစ်တာနဲ့ သူပေးတဲ့ Bonus နဲ့ စ Trade လုပ်လို့ရတဲ့ Site စာရင်းလေးပါ။ အမြတ်ရလာရင်တော့ Deposit လုပ်ဖို့လိုပါတယ်။





          ကျွန်တော် လုပ်တဲ့ Trading Platform ကတော့ etoro ပါ။ အဲဒီ့ဆိုဒ်မှာ လုပ်လာတာ (၂) နှစ်လောက်ရှိပါပြီ။ ကျွန်တော့အတွက်တော့ အခုလက်ရှိ လုပ်ရတာအဆင်ပြေနေပါတယ်။ စိတ်ဝင်စားရင် အဲဒီ့ဆိုဒ်မှ ကျွန်တော့လင့်နဲ့ သွားလုပ်နိုင်ပါတယ်။ ကျွန်တော်လင့်နဲ့ Register လုပ်ပြီး ၁၀၀ ဒေါ်လာ အနည်းဆုံး Deposit တင်ရင် ကျွန်တော်က ဒေါ်လာ ၅၀ ကို Paypal ကနေ ပြန်ပို့ပေးပါ့မယ်။ သူ့ ကပေးတဲ့ ကော်မရှင်ထဲကပါ။
http://etoro.tw/1RuVVPz
          အာလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment