Friday, December 18, 2015

NATIONAL CURRENCIES ကို MT4 နဲ့ Trade လုပ်ကြမလား?

          ကျွန်တော် ဒီဆောင်းပါးကို ရည်ရွယ်ချက် (၂) ခုနဲ့ ရေးတင်ပေးလိုက်ပါတယ်။
          (၁)     National Currencies ကို MT4 Platform ပေါ်မှာ အရှုံးနည်းနည်းနဲ့ အမြတ်ရအောင် ဘယ်လို Trade မလဲ ဆိုတာကို အသေးစိတ်ရှင်းပြဖို့ နဲ့
          (၂)     ဥိးနှောက်ခြောက်မခံချင်လို့ ဘယ်အချိန်မှာ ဘာကို ဘယ်လို Trade လုပ်ရမယ်ဆိုတာကိုဘဲ သိလိုတဲ့ သူတွေအတွက် ကျွန်တော့်ရဲ့ ဝန်ဆောင်မှုပေးမယ့် စနစ် အကြောင်း ဖြစ်ပါတယ်။
          ပထမရည်ရွယ်ချက် (၁) အရ ဒီပိုစ့်ကို ဖတ်တဲ့သူဟာ သေသေချာချာ ဖတ်မှတ်ထားပြီး မိမိကိုယ်တိုင် အချိန်မရွေး မိမိကြိုက်တဲ့ Currencies ကို မိမိနှစ်သက်တဲ့ Trading Platform မှာ ကြိုက်သလို Trade လုပ်နိုင်မှာ ဖြစ်ပြီး အခါအားလျှော်စွာ ဈေးကွက်အခြေအနေတွေကို လေ့လာနေရပါ့မယ်။ ဒါဆို ဒုတိယရည်ရွယ်ချက်ကို ဆက်ပြီး ဖတ်ဖို့ မလိုတော့ပါဘူး။
National Currencies ကို MT4 Platform ပေါ်မှာ အရှုံးနည်းနည်းနဲ့ 
အမြတ်ရအောင်
ဘယ်လို Trade မလဲ
အပိုင်း(၁)
          ရှေ့ကရေးပြခဲ့တဲ့ (Long Term Trader &  Short Term Trader) ပိုစ့်မှာ တော်တော်များများရှင်းပြထားခဲ့ပါတယ်။ ဒါပေမယ့် Leverage, Balance, Equity, Free Margin, Margin Level(%) နဲ့ Margin ကိစ္စတွေကို အသေးစိတ် မပြောပြခဲ့ရသေးပါဘူး။ ဒါကြောင့် ဒီပိုစ့်မှာ အသေးစိတ် ရှင်းပြ သွားပါမယ်။ ဘာကြောင့်လဲ? MT4 Platform ပေါ်မှာ Trade လုပ်မယ့်သူတစ်ယောက်က ဒီအကြောင်းတွေကို သိထားဖို့ လိုပါတယ်။ ဒါမှ မိမိက Open Position တစ်ခုကို ဖွင့်တော့မယ်ဆိုရင် မိမိမှာ ရှိနေတဲ့ လက်ကျန်ငွေနဲ့ ဘယ်လောက်ပမာဏကို Trade လုပ်လို့ရမယ်ဆိုတာ တွက်ဆနိုင်မှာပါ။
          ဥရောပနိုင်ငံတွေက စလာတဲ့ Trading စနစ်တွေကို သူတို့ရဲ့ သတ်မှတ်ချက်အခေါ်အဝေါ်တွေနဲ့ သတ်မှတ်တာကြောင့် မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင် လိုရင်းမရောက်နိုင်ဘဲ အဓိပ္ပာယ်ကောက်တွေလွဲသွားနိုင်တာကြောင့် ကျွန်တော်က ဘာသာပြန်ပြတဲ့ပုံစံနဲ့ ရှင်းမှာမဟုတ်ဘဲ ကျွန်တော် နားလည်ထားတာကို ပြန်ရှင်းပြသွားတဲ့ ပုံစံနဲ့ ရေးပြသွားပါ့မယ်။ English ကောင်းတဲ့သူတွေကတော့ English လိုဘဲ ဖတ်သွားကြပေါ့။
          Leverage ;     Leverage is a feature offered by the broker, to help the traders to trade larger amounts of securities by having a smaller account balance. For example, when your account leverage is 100:1, you can buy $100 by paying $1. Therefore, to buy $100,000 (one lot), you should pay only $1000. ( 0.001 lot for 1$)
          Leverage နဲ့ ပတ်သက်ပြီးတော့ နားလည်ထားသင့်တာတစ်ခုက Leverage များများနဲ့ Trade လေလေ ကိုယ်ခန့်မှန်းတာ မှန်ခဲ့ရင် ခဏလေးနဲ့ အမြတ်များများ ရလေလေပါဘဲ။ ဒါပေမယ့် ကိုယ်ခန့်မှန်းတာ လွဲသွားရင်တော့ ခဏလေးနဲ့ ရှုံးသွားလိမ့်မယ်ဆိုတာ သိထားရမယ်။ နည်းနည်းနဲ့ Trade ပြန်တော့လည်း ကိုယ့်မှာ အရင်းအနှီးက များများရှိထားရမယ်ဆိုတော့ အဆင်ပြေမှာ မဟုတ်ဘူးပေါ့။ ဆိုလိုတာက ၁း၁၀၀ မှာ (၁၀၀) ကျပ်တန်လောက်ကို ကိုယ်က (၁) ကျပ်နဲ့စ လို့ရပေမယ့် ၁း၅၀ ဆိုရင် ကိုယ်မှာ (၂) ကျပ်သုံးရတော့မယ်။ ဒီလိုဘဲ ၁း၂၅ ဆိုရင် ကိုယ်က (၄) ကျပ်ရှိမှ ရပါမယ်။ နည်းနည်းဘဲရင်းပြီး များများလိုချင်ရင် များများနဲ့သွားပေါ့။ MT4 Platform ပေါ်မှာက အဲဒီ ကိုယ်ရွေးချယ်လိုက်တဲ့ Leverage ပေါ်မူတည်ပြီး ငွေကို အတိအကျ ထားပြီး Trade ဖို့ကိုခွင့်မပြုထားပါဘူး။ ကိုယ် Trade လုပ်မယ့် ငွေပမာဏရဲ့ (၁၀) ဆလောက်ရှိမှ Trade လို့ရအောင် လုပ်ထားတယ်ဗျ။
          ဒါဆို Leverage ကို ဘယ်လောက်ထားပြီး Trade သင့်သလဲလို့မေးချင်လားဗျ။ ကိုယ့်ကိုယ်ကို အရင် ပြန်မေးပါ '' ဈေးကွက်ကို ငါဘယ်လောက်အထိ မှန်အောင် ခန့်မှန်းနိုင်သလဲ '' လို့။ ကျွန်တော်ကတော့ ၁း၅၀ အကြိုက်ဆုံးပါဘဲ။ တစ်ခါတစ်ခါတော့ ၁း၁၀၀ ကနေ ၁း၂၀၀ အထိထားပြီးတော့ Trade တတ်ပါတယ်။ ဒါတောင် Stop Loss Limit ကို အများကြီး ဆင်းပြီး ကာထားနိုင်တဲ့ ငွေပမာဏ ကိုယ့်မှာ ရှိမှပါ။
          Balance; When you have no open position, balance is the amount of the money you have in your account. For example, when you have a $100 account and you have no open position, your account balance is $100.
          Equity; Equity is your account balance plus the floating profit/loss of your open positions:
Equity = Balance + Floating Profit/Loss
When you have no open position, and so no floating profit/loss, then your account equity and balance are the same.


          Balance ကတော့ မိမိမှာ ရှိနေတယ် ငွေပမာဏပေါ့ဗျာ။ Equity ကတော့ မိမိ Trade နေရင်းနဲ့ မြတ်နေတဲ့ အချိန်မှာ အမြတ်ငွေ + Balance ကိုပြနေပြီး ရှုံးနေရင် အရှုံးငွေ + Balance ကို ပြနေလိမ့်မယ်။ သူကတော့ အမြဲပြောင်းလဲနေတတ်ပါတယ် (Trade နေစဉ်မှာပေါ့)။       
          Free Margin; Free margin is the difference of your account equity and the open positions’ margin:
Free Margin    = Equity    –    Margin
          When you have no position, no money from your account is used as the margin. Therefore, all the money you have in your account is free. As long as you have no position, your account equity and free margin are the same as your account balance. 
         For example, you have a $10,0 account and you have some open positions with the total margin of $9 and your positions are $4 in profit.
Therefore:    Equity               = $10,0 + $4  = $10,4
                       Free Margin    = $10,4 – $9   = $9,5


               Free Margin ကတော့ သိထားသင့်တဲ့ တစ်ခုပါ။ မိမိထပ်ပြီး Trade လိုတဲ့ Currencies Pair ရှိနေတယ်ဆိုရင် မိမိထပ်ပြီး Trade လုပ်ဖို့ ငွေပမာဏ လုံလောက်မှုရှိ/မရှိ ဆိုတာကို ဒီ Free Margin မှာ ကြည့်ရတာပါ။
          Margin Level; Margin level is the ratio of equity to margin:
Margin Level = (Equity / Margin) x 100
          Margin level is very important. Brokers use it to determine whether the traders can take any new positions or not. Different brokers have different limits for the margin level, but this limit is usually 100% with most of the brokers. This limit is called Margin Call Level. 100% margin call level means if your account margin level reaches 100%, you can still close your open positions, but you cannot take any new positions. Indeed, 100% margin call level happens when your account equity equals the margin. It happens when you have losing position/positions and the market keeps on going against you and when your account equity equals the margin, you will not be able to take any new positions anymore.
          For example; you have a $10,0 account and you have a losing position with $10 margin. If your position goes against you and it goes to a -$90 loss, then the equity will be $10 ($10,0 – $9,0), which equals the margin. Therefore, the margin level will be 100%. If the margin level reaches 100%, you will not be able to take any new positions, unless the market turns around and your equity becomes greater than the margin. 
          '' Margin Level '' သူ့က Trader တစ်ယောက်အတွက် အရမ်းအရေးကြီးသွားပြီဗျ။ အကြမ်းဖျင်းအရ Margin Level က ၁၀၀% ကို ရောက်လာခါနီးပြီဆိုတာနဲ့ ကိုယ်ကနောက်ထပ် ဈေးကွက်တစ်ခုကို ဖွင့်ဖို့ မရနိုင်တော့ဘူး ဆိုတာဘဲ။ ဖွင့်ထားပြီးသား ဈေးကွက်တွေအတွက်လည်း အရှုံကို ကာဖို့ ကိုယ့်မှာ ငွေအမောင့်လည်း နည်းလာပြီလို့ သိထားရမယ်။ Maegin Level ကို ၇၅% လောက်ရောက်လာပြီဆိုရင်တော့ အသစ်တစ်ခုကို ထပ်ပြီး မဖွင့်သင့်တော့ဘူဗျ။
          နောက်တစ်ခုက Margin ပေါ့။
        Margin: is the money that will be placed and engaged in the positions that you take. For example, to buy $1000 with the leverage of 100:1, $10 from your account will be engaged in the position ($1000 / 100 = $10). You can not use this $10 to take any other positions, as long as the position is still open. If you close the position, the $10 margin will be released.
          သူ့ကိုတော့ အရှေ့က သိထားခဲ့ပြီးတဲ့ အချက်တွေကို နားလည်ခဲ့ရင် သိဖို့ သိပ်မလိုအပ်ပေမယ့် မိမိရဲ့ လက်ကျန်ငွေနဲ့ နောက်ထပ် အသစ်ဖွင့်လိုတဲ့ Trade အတွက် ကိုယ်က ချင့်ချိန်နိုင်ဖို့ ပါဘဲ။
          ခေါင်းတွေလည်း နောက်ကုန်ကြပြီလား ကျွန်တော် ဒီဆောင်းပါး ခေါင်းစဉ် အတိုင်း '' အရှုံးနည်းနည်းနဲ့ အမြတ်ရအောင် ဘယ်လို Trade မလဲ?  ဒီ Margin တွေကိစ္စကိုမသိချင်ဘူးဆိုရင်တော့ ......''
(၁)     Leverage ကို ၁း၅၀ ဒါမှမဟုတ် ၁း၁၀၀ လောက်သာ ထားပြီး Trade ပါ။
(၂)     ကိုယ့်မှာ ၁၀၀ ရှိရင် ၅၀ ဖိုးလောက်ကိုဘဲ Trade ပါ။
(၃)     ဈေးကွက်တစ်ခုဟာ အတက်အကျ ကြမ်းနေစဉ်မှာ Trade မလုပ်ပါနဲ့
(၅)     (၁၀) ကျပ်ဖိုးလောက် Trade ထားရင် အမြတ် (၂) ကျပ် လောက်ရရင် ရပ်ပါ။ ပြီးရင် အသစ်ထပ်ဖွင့်ဖို့ ခဏစောင့်ကြည့်ပါ။
(၆)     စောင့်မကြည့်ဘဲနဲ့ Trade တစ်ခုကို ထားတော့မယ်ဆိုရင် Stop Loss (S/L)ကို ခပ်ဝေးဝေး ဆင်းကာထားပါ။
          ဒါဆိုရင် တော်တော်တန်တန် အမှားဖြစ်ခဲ့ရင်တောင် အရှုံးနည်းပါ့မယ်။
အပိုင်း(၂)
          အပိုင်း(၂) ကတော့ ကျွန်တော် MT4 ပေါ်မှာ အမြဲ Trade လုပ်ပါတယ်။ ဒါကြောင့် ဈေးကွက်ရဲ့ အခြေအနေတွေကို နေ့စဉ် လေ့လာနေရပါတယ်။ ဒါကြောင့် ကျွန်တော့ ဆီက ဈေးကွက်နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ ဘယ် Currency Pair ကို Trade လုပ်ရမယ်ဆိုတာကိုဘဲ သိလိုပြီးတော့ Trade လုပ်လိုသူတွေအတွက် -
(၁)     ဒီဘလော့ စာမျက်နှာအပေါ်မှာ FBS Trading Platform ကြော်ငြာ ရှိပါတယ်။ အဲဒီ့ မှာ အကောင့်မရှိသေးတဲ့ သူတွေက ကျွန်တော့ Link နဲ့ Register လုပ်ပါ။ အကောင့်ရှိပြီးသားကတော့ ထပ်လုပ်စရာ မလိုပါဘူး။ Refer Code မှာ ဘာမှမဖြည့်ရသေးရင်တော့ ကျွန်တော့ရဲ့ Refer Code  ဖြစ်တဲ့ (613007) ကို ထည့်ပေးပါ။ Refer ဖြည့်ပြီးသား/ ရှိပြီးသားကတော့ မလိုပါဘူး။
(၂)     တစ်လကို (၃) ဒေါ်လာနှုန်းနဲ့ အနည်းဆုံး (၃)လစာအတွက် (၉) ဒေါ်လာအတိအကျကို ကျွန်တော့ Perfect Money အကောင့် ကို ငွေပို့ပေးရပါမယ်။ ငွေမလွှဲခင်မှာ ကျွန်တော့ဆီကို Email နဲ့ အကြောင်း အရင်အကြောင်းကြားပေးရပါ့မယ်။ အကြောင်းပြန်စာရပြီးမှ ငွေပို့ရပါ့မယ်။ ငွေပို့ပြီးပါက ကျွန်တော့ Email ကို မိမိရဲ့ ငွေ ပို့ပြီးကြောင်း Emai;  နဲ့ အကြောင်းကြားပေးရပါမယ်။ Email ထဲမှာ မိမိရဲ့ Facebook အကောင့်နာမည်ကိုပါ ဖော်ပြပေးရပါ့မယ်။
          ကျွန်တော့်ဖက်က (၁) ပတ်မှာ အနည်းဆုံး (၁၀) ကြိမ်တိတိ Trade လုပ်သင့်တဲ့ အချိန်၊ Trade လုပ်ရမယ့် Currencies Pair ၊ ကာထားရမယ့် Stop Loss (S/L) ၊ အမြတ်ယူရမယ့် Take Profit (T/P) တွေကို Email နဲ့ အကြောင်းကြားပေးမှာ ဖြစ်ပြီး လိုအပ်ရင် Facebook Messenger ကနေ ဖွင့်ရမယ့် ဈေးကွက်ကို အကြောင်းကြားပေးသွားပါ့မယ်။ Trading Platform တွေဟာ တစ်ခုနဲ့ တစ်ခု ဈေးအတက်အကျ နည်းနည်းကွာတတ်တာကြောင့် FBS Trading Platform မှာ အကောင့်လုပ်တဲ့သူအတွက်သာ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်။
          ဒီလိုလည်း မလုပ်လိုဘူး ဆိုရင်တော့ ကျွန်တော်လုပ်တဲ့ Trade အထဲမှာဘဲ ယုံကြည်တယ်ဆိုရင် ရှယ်ယာဝင်ပြီး Trade နိုင်ပါတယ်။ အဲဒီ့အတွက် -
(၁)     ကျွန်တော့ရဲ့ အကောင့်ထဲကို ဒေါ်လာ(၁၅၀) တိတိ လွှဲထည့်ပေး ရပါမယ်။ ငွေမလွှဲခင်မှာ ကျွန်တော့ဆီကို Email နဲ့ ရှယ်ယာဝင်မယ့်အကြောင်း အရင်အကြောင်းကြားပေးရပါ့မယ်။ အကြောင်းပြန်စာရပြီးမှ ငွေပို့ရပါ့မယ်။ ငွေပို့ပြီးပါက ကျွန်တော့ Email ကို မိမိရဲ့ ငွေ ပို့ပြီးကြောင်း၊  Emai;  နဲ့ အကြောင်းကြားပေးရပါမယ်။ Email ထဲမှာ မိမိရဲ့ Facebook အကောင့်နာမည်ကိုပါ ဖော်ပြပေးရပါ့မယ်။
(၂)     အနည်းဆုံး (၃) လတိတိ ထည့်ပေး ထားရမှာဖြစ်ပြီး။ ဆက်မလုပ်လိုသူတွေက ဆက်မလုပ်လိုကြောင်းကို (၁၅) ရက် ကြိုအကြောင်းကြားပေးရပါ့မယ်။
(၃)     လူဦးရေ (၂၀) ယောက်စာဘဲ တာဝန်ယူပါ့မယ်။ (ကျွန်တော် တာဝန်ခံနိုင်တဲ့ ပမာဏအတွက်ပါဘဲ)

          ကျွန်တော့် ဖက်က (၁၅) ရက်ကိုတစ်ကြိမ် (၁၅) ဒေါ်လာတိတိကို သက်ဆိုင်ရာ အကောင့်ဆီကို ပြန်ပို့ပေးပါ့မယ်။ အပတ်တိုင်း တနင်္လာနေ့ နဲ့ သောကြာနေ့တွေမှာ Trde လုပ်တဲ့ Currency တွေရဲ့ ဈေးကွက်ဖွင့်ပုံကို Email နဲ့ အကြောင်းကြားပေးပါ့မယ်။ အထူးသတိပေးလိုတာက ရှယ်ယာဝင်ပြီး လုပ်တဲ့သူက မိမိငွေကို ဆက်ပြီး Trade မလုပ်လိုရင် (၁၅) ရက် တိတိ ကြိုအကြောင်းကြားပေးရမှာ ဖြစ်ပြီး။ အဲဒီလိုအကြောင်းကြားစာ ပို့ပြီးတဲ့သူဟာ အမြတ်ငွေ ကို မရတော့ဘူးဆိုတာပါဘဲ။ 
          ကဲ.... ရှင်းပြစရာတွေလည်း ရှင်းပြခဲ့ပြီးပါပြီ။ ဘယ်နည်းလမ်းကိုဘဲရွေးရွေး ကျွန်တော့်ကို ယုံကြည်မှ လုပ်ဖို့ ပြောလိုပါတယ်။
Email       ;   tintinhlaka@gmail.com
Facebook ;    wuhlan
          အားလုံးဘဲ Online ပေါ်မှာ အပိုဝင်ငွေကို အနရာယ်ကင်းကင်းနဲ့ ရှာနိုင်ကြပါစေ။

No comments:

Post a Comment