Monday, December 14, 2015

Long Term Trader နဲ့ Short Term Trader (For MT4 Trader)

          E-currencies, National currencies တွေကို ဝယ်ရောင်းလုပ်နေကြတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးတင်ပေးလိုက်ပါတယ်။
          ဒီဆောင်းပါးမှာ ကျွန်တော်အဓိက ပြောလိုတာက မိမိရဲ့ Trading Scale ကို မိမိကိုယ်တိုင် သုံးသပ်ပြီးမှ Trade လုပ်စေလိုတဲ့ ဆန္ဒရယ်၊ တတ်နိုင်သမျှ အဆုံးအရှုံး နည်းစေလိုတာရယ်နဲ့ Online Trade ကို အခုမှစပြီး စိတ်ဝင်စားလို့ ဒီလမ်းကြောင်းကို လျှောက်မယ်လို့ တွေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ Online Trading ကို လုပ်ကိုင်နေကြတဲ့ ကျွမ်းကျင်တဲ့ သူတွေလည်း အများကြီးရှိနေတာကို တစ်ချို့ Trading Platform တွေရဲ့ Best Trader of the Month Record တွေမှာ တွေ့နေရပါပြီ။
          ကျွန်တော် လေ့လာမှုအားနည်းလို့ website နဲ့ blog တွေမှာ National Currencies နဲ့ E-currencies, Commodities (Gold, Silver, Oil, etc....), Indices တွေကို Trading လုပ်တဲ့အကြောင်း မြန်မာလို ရှင်းလင်းရေးသားချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ကျွန်တော်လိုက်ရှာလို့ အခုထိ မတွေ့မိသေးတာလည်း ဒီပိုစ့်ကို ရေးရတဲ့ အကြောင်းတစ်ချက်ပေါ့လေ။ ကျွန်တော့် အတွေ့အကြုံနဲ့ ကျွန်တော့ ကိုယ်ပိုင်အတွေးကို ရေးသားတင်ပြတဲ့အတွက်လည်း အားလုံးရဲ့ ဆန္ဒနဲ့ ကိုက်ညီချင်မှ ကိုက်ညီနိုင်မှာပါ။
          လုံးဝနားမလည်ကြသေးတဲ့ အခုမှ စလုံးရေစကြမယ့် သူတွေအတွက်တော့ နဲနဲပါးပါး တီးမိခေါက်မိသွားတယ်ဆိုရင်ဘဲ ကျွန်တော် ဒီပိုစ့်ကို ရေးရကျိုးနပ်ပါပြီ။
          ကျွန်တော်ဒီပိုစ့်အတွက် Trade လုပ်မယ့် လူ (၂) မျိုးအကြောင်း ရှင်းပြပါ့မယ်။ Long Term Trader နဲ့ Short Term Trader ဆိုပါတော့။ ဖတ်လို့ပြီးသွားရင် ကိုယ်က Long Term Trader လိုလုပ်မလား Short Term Trader လိုလုပ်မလားဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ရမှာပါ။ ပြီးတော့ မိမိနဲ့ ဘယ်အမျိုးအစားက ပိုကိုက်ညီနိုင်သလဲဆိုတာကိုလည်း မိမိကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။
LONG TERM TRADER (ရေရှည် ထရိတ်မယ့်သူဆိုပါတော့)
          Long Term Trader တစ်ယောက်က မိမိ Trade လုပ်တော့မယ့် အမျိုးအစားကို အရင်ဆုံးသတ်မှတ်ပါတယ်။ သတ်မှတ်ပြီးတာနဲ့ အဲဒီ့အမျိုးအစား ရဲ့ လက်ရှိဈေးကွက်အနေအထား၊ ရှေ့မှာ ဖြစ်လာနိုင်မယ့်အနေအထားတွေကို (web site) သတင်းတွေမှာလေ့လာပါတယ်။ ဈေးကွက်ကို သွယ်ဝိုက်ပြီး အကျိုးသက်ရောက်နိုင်တဲ့ နိုင်ငံရေး၊ ကမ္ဘာ့စီးပွားရေး နဲ့ စစ်ရေးအခြေအနေတွေကိုလည်း လေ့လာရပါတယ်။ တစ်ချို့ဆို လွန်ခဲ့တဲ့(၂) နှစ် ကျော်လောက်က ဖြစ်ရပ်တွေအထိကိုပါ လေ့လာကြပါတယ်။ အားလုံးကို ခြုံငုံပြီးတော့မှ Open Position , Sell Limit နဲ့ Buy Limit ကို သတ်မှတ်ပါတယ်။ ကိုယ်လိုချင်တဲ့ အနေအထားကို မရောက်မခြင်း ဈေးကွက်ကို ပြန်ပိတ်လေ့မရှိပါဘူး။ ဘယ်လောက်အချိန်ကြာကြာ စောင့်နေလေ့ ရှိပါတယ်။
          သိပ်နားမလည်တဲ့ သူတွေအတွက် ကျွန်တော် နမူနာတစ်ခုပေးပြီး ရှင်းပြသွားပါ့မယ်။ ကျွန်တော် လွန်ခဲ့တဲ့ (၄) လကျော်လောက်က BTC ဈေးတွေ တအားထိုးဆင်းနေတဲ့ ကာလမှာ ကျွန်တော် BTC ကို Trade ဖို့ ဆုံဖြတ်လိုက်တယ်ဗျ။ ဒါနဲ့ websites တွေမှာ သတင်းတွေလိုက်ဖတ်တာပေါ့၊ Coindesk တို့ဆိုလဲ BTC ရဲ့ Update News တွေအမြဲတင်ပေးနေသလို ကျွန်တော့ Trading Platform Site မှာလည်း Latest News တွေအမြဲဖော်ပြနေတော့ BTC ရဲ့ ဈေးကွက်ပြသာနာကို အတော့်အတန် နားလည်လာခဲ့ တယ်ဗျ။ အဲဒီ့တုန်းကဆို ဈေးက ၃၀၀ စွန်းစွန်းလေးဘဲ ရှိတော့တယ်။ ISIS အရေး၊ အမေရိကန် ဘဏ်ရဲ့ အတိုးနှုန်း မြှင့်မယ့်ကိစ၊ အမေရိကန်ရဲ့ အလုပ်လက်မဲ့ ဦးရေ၊ အမေရိကန်ရဲ့ GDP ၊ အစုံဘဲ လေ့လာရတာဗျ။ ဒါနဲ့ ကျွန်တော်က BTC ဈေးကို ဒီအတိုင်းတော့ မနေဘူးပြန်ကိုတက်လာမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဓိက က အမေရိကန်ဘဲလို့ ကျွန်တော်နားလည်ထားတာ။ သူက BTC ကို Control လုပ်ချင်တယ်ဗျ။ ဘာလို့လဲ? အခြေခံအကြောင်းတွေ အများကြီးထဲက တစ်ခုအနေနဲ့ BTC ရဲ့ စီးဆင်းမှုပုံစံက National Currencies တွေနဲ့ လုံးဝနီးပါး ကွဲပြားနေလို့ပါဘဲ။ BTC ကို ဘယ်နိုင်ငံအစိုးရကမှ မပိုင်သလို ဘယ်ဘဏ်ကမှလည်း သူတို့ ရဲ့ Policy နဲ့ ထိန်းထားလို့ မရတာပါဘဲ။ နောက်ပြီး Black Money ကိစ္စ။ Black Money တွေက BTC အသွင်ပြောင်းပြီး လှည့်လည်သွားလာနိုင်တာဟာNational Currencies တွေထက် မြန်တယ်/ သာတယ်။ ဆက်ပြီး ရှင်းပြရရင် ရှုပ်ကုန်တော့မယ်။ သူက BTC ကို Action လုပ်မယ်ဆိုတော့ BTC ကိုင်ထားကြတဲ့သူတွေ တော်တော်များများက ကြောက်လန့်ပြီး ထုတ်ရောင်းကြရာကနေ ဈေးကထိုးကျလာရတာကိုး။ ဒီလောက်ရှင်းပြထားတာဖတ်ပြီးရင် ဘက်ပေါင်းစုံကနေ သိထားဖို့ လိုတယ်ဆိုတာတော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒါနဲ့ အပေါ်ကပြောခဲ့တဲ့ BTC ဈေးကွက်ကို ကျွန်တော်က ၂၉၀ မှာ Buy Position နဲ့ ဈေးကွက်ဖွင့်ဖို့ ချိန်ထားလိုက်တယ်ဗျ။Stop Loss (S/L) ကိုတော့ ၂၂၀ မှာ ထားခဲ့ပြီး Take Profit (T/P) ကို ၄၅၀ မှာ ကျွန်တော်ပိတ်ဖို့ ပြင်ဆင်ထားလိုက်တယ်။ ပြီးတော့ ပစ်ထားလိုက်တာပေါ့။ Leverage လား?  ၁း၁၀၀ နဲ့ပါ။ ဆုံးဖြတ်ထားလိုက်တာက Manual နဲ့ လုံးဝမပိတ်ဘူးပေါ့။ ကံကောင်းသွားတာက ဈေးကွက်က ၂၉၀ မှာပွင့်သွားခဲ့သလို၊ ကျွန်တော်ချိန်ထားခဲ့တဲ့ ၄၅၀ မှာ T/P နဲ့အလိုလိုပိတ်သွားခဲ့ပါတယ်။ အချိန်လား?  (၄) လ ကျော်လောက်တော့ စောင့်ခဲ့ရတယ်ဗျို့။
          ဒါကြောင့် ကိုယ်က Long Term Trader တစ်ယောက်လုပ်တော့မယ်ဆိုရင် စိတ်ရှည်ရမယ်။ အချိန်ကို စောင့်နိုင်ရမယ်။ နောက်ပြီး ဈေးကွက်ရဲ့ ဖြစ်နိုင်ချေမှန်သမျှကို လေ့လာရမယ်ဗျ။ နည်းနည်းမြတ်လာပြီဆိုတာနဲ့ ပိတ်မယ်ဆိုတာမျိုးကို မတွေးထားရဘူးဗျ။ ရရင် ယူမယ်၊ ကုန်ချင် ကုန်ပလိမ့်စေ ဆိုတာမျိုး တွေးထားရင် အကောင်းဆုံးပါဘဲ။ တနည်းပြောရရင် မလုပ်ခင် စဉ်းစား၊ လုပ်ပြီးရင် နောက်မဆုတ်နဲ့တော့ဘဲ။
SHORT TERM TRADER (ရေတို ထရိတ်မယ့်သူဆိုပါတော့)
          ဒီနည်းနဲ့ လုပ်မယ့်သူက ဈေးကွက်အကြောင်းကို သိပ်အများကြီး သိထားဖို့ မလိုဘူးလို့ ကျွန်တော်ကယူဆတယ်ဗျ။ သိထားတာတော့ ပိုကောင်းပေမယ့် တစ်ခါတခါမှာ အဲဒီ့အသိက Short Term သမားတစ်ယောက်အတွက် အခက်အခဲကိုဖြစ်စေတယ်။ မယုံမရှိနဲ့ ကျွန်တော့ကိုယ်တွေ့ဆိုပါတော့။
          Short Term Trader သမားတစ်ယောက်က သူရဲ့ Trading Platform ပေါ်ရောက်တာနဲ့ အဲဒီ့တစ်နေ့တာအတွက် ဈေးကွက်ရဲ့အတက်အကျ အပြောင်းအလဲကို တစ်ချက်ကြည့်ပြီးတာနဲ့ တစ်နေ့တာ Graph ပေါ်မူတည်ပြီး Trade တော့တာဘဲဗျ။ ဘာကြောင့်လဲ ရှင်းပါတယ်။ ဈေးကွက်အများစုဟာ တစ်ပတ်မှာ (၄) ရက်လောက်က တက်လိုက်/ ကျလိုက်နဲ့သွားနေတတ်လို့ပါဘဲ။ တသမတ်ထဲ တက်သွားတာ၊ ကျသွားတာက ရံဖန်ရံခါလောက်တော့ဖြစ်ပေမယ့် အများအားဖြင့် တက်လိုက်/ကျလိုက်နဲ့ သွားနေတဲ့ အချိန်က ပိုများပါတယ်။ ဒါကြောင့် Short Term သမားက ဈေးကို အကျလည်း ဖွင့်ချင်ဖွင့်မယ်/ အတက်လည်း ဖွင့်ချင်ဖွင့်မယ်။ အမြတ်နဲနဲရတာနဲ့ သူ့ရဲ့ Trade ကို T/P(Take Profit) နဲ့ ပိတ်လိုက်တော့တာဘဲ။ ပြီးတော့ နောက်ထပ် တစ်ခု ပြန်ဖွင့်တယ်ပေါ့။
          သိပ်နားမလည်ဘူးဆိုတဲ့သူတွေအတွက် ကျွန်တော်လက်တွေ့နဲ့ ရှင်းပြပါ့မယ်။ တိုက်တိုက် ဆိုင်ဆိုင် 

https://fbs.com/?ppu=613007

က Promotion ပေးတဲ့အနေနဲ့ Register လုပ်တဲ့သူတွေကို Bonus အနေနဲ့ ၁၂၃ ဒေါ်လာ ပေးတယ်ဆိုလို့ ပြီးခဲ့တဲ့ သောကြာနေ့ ည ဈေးကွက်ပိတ်ခါနီးမှာ ကျွန်တော် Register လုပ်ပြီး MT4  ပေါ်မှာ Short Term နည်းနဲ့ စ Trade လိုက်တယ်ဗျ။ နှစ်ခုတော့ ရပြီး (၃) ခုမြောက်ကတော့ ဈေးကွက်ပိတ်လို့ မမှီလိုက်ဘူး။ ဒီမနက် တနလာင်္နေ့ ဈေးကွက်ပြန်အဖွင့်မှာ ဆက်ပြီး Short Term နည်းနဲ့ ဆက်လိုက်တာ အခြေအနေက အောက်ကပုံကိုကြည့်ဗျာ။ ရက်စွဲတွေနဲ့ အချိန်နဲ့။ စိတ်ဝင်စားတဲ့သူတွေ (အကောင့်မရှိသေးတဲ့သူတွေ) က ကျွန်တော့် Referal link နဲ့ Register လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ ကျွန်တော်လည်း ကော်မရှင်လေးဘာလေး ရတာပေါ့။ သူကတော့ BTC Trade လို့မရသေးဘူးဗျ။ Currencies သက်သက်ပါဘဲ။ နောက်မှ ပါလာမလားတော့ မပြောတတ်သေးဘူး။ Bonus ၁၂၃ ဒေါ်လာကိုလည်း အပြီးပေးတာမဟုတ်ဘူးဗျ။ (၇) ရက်တိတိပေးတာ။ အဲဒီ့ နဲ့ အရင် Trade ကြည့်ဆိုတဲ့သဘောဘဲ။ (၇) ရက်ပြည့်ရင် ၁၂၃ ကို ပြန်နှုတ်သွားမှာဗျ။ ကိုယ်ကမြတ်ထားရင် အဲဒီ့အမြတ်ကိုတော့ ကိုယ့်ကို ပေးမယ်ဆိုဘဲ။


          ကျွန်တော်က Currencies တစ်မျိုးကို ရွေးလိုက်ပြီး (Graph ကိုကြည့်ပြီး ) ဈေးအတက်ပြနေရင် အတက် ချလိုက်တာဗျ။ ၁၀ ပွိုင့် လောက်နဲ့ မြတ်ရင် ပိတ်ချလိုက်တာဘဲ။ အကျဘက်ပြလာတာတွေ့ရင် လိုက်ကျလိုက်တာဘဲ။ မှန်းတာနဲ့ လွဲသွားတာကို Stop Lost (S/L) မှာ ပွိုင့် ၂၀၀ လောက်အထိ ဆင်းပြင်ထားလိုက်တယ်။ မှန်မမှန်တော့ ကိုယ့်ဖာသာကိုယ် ချင့်ချိန်ပေါ့။ ကျွန်တော် အခု အချိန်ထိတော့ OK နေတာဘဲ။ သြော်.. Currencies ဈေးကွက်ဆိုတာ စနေ/တနင်္ဂနွေ ပိတ်တယ်နော်။
          ဒီလိုဆို အပေါ်မှာ ရှင်းပြခဲ့သလို ကိုယ်က Trade လုပ်တော့မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ Trade မလဲဆိုတာကို စဉ်းစားနိုင်လောက်ပြီ ထင်ပါတယ်။ နည်းနှစ်ခုလုံးမှာ မိမိအတွက် အဆုံးအရှုံး ရှိနိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဆုံးရှုံးမှာ ကြောက်ရင်တော့ ရိုးရိုး တက်ရင်ရောင်း/ ဈေးကျရင်ပြန်ဝယ်ထား တဲ့ ပုံစံကတော့ ကောင်းဆုံးပါဘဲ။ ဒါတောင် ကိုယ့် ငွေ ပြန်ထုတ်တာ ချက်ခြင်းမရောက်လာလို့ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ကြရတာတွေ တွေ့နေရသေးတယ်။ နောက်တာပါဗျာ  ......  စိတ်မဆိုးနဲ့နော်။ အားလုံးဘဲ Online  ပေါ်မှာ ဝင်ငွေရှာရင်း ဝင်ငွေတိုးကြပါစေ။

No comments:

Post a Comment