Tuesday, December 8, 2015

Exchange လား? Scam Change လား?

          ဒီနေ့ ဂရုမှာ ပွက်လောရိုက်နေကြတယ်။ Exchange ဆိုဒ်က ငွေမရောက်လာလို့။ ဒါနဲ့ ကျွန်တော် ဒီပိုစ့်ကို ကြားဖြတ်ရေးတင်ပေးလိုက်တာပါ။
          Exchange Site တွေအများကြီးရှိတဲ့အထဲမှာ Scam Change တွေလည်းရှိကြပါတယ်။ ကျွန်တော့် Blog စရေးပြီး တင်လိုက်တဲ့ အထဲမှာ ကျွန်တော့ ဂရုက ညီအကိုတွေ ၊ Online Making Money လမ်းကို လိုက်လိုသူတွေအတွက်သတိထားလို့ရအောင်၊ လေ့လာလို့ရအောင် ကျွန်တော် ကြော်ငြာ နှစ်ခုကို စာမျက်နှာမှာ တင်ပေးထားခဲ့တယ်ဗျ။ Referal လိုချင်လို့ ကြော်ငြာနေတယ်လို့ မထင်ကြပါနဲ့ဗျာ။ ကျွန်တော် MT4 နဲ့ တစ်ခါ Trade တာ နဲ့တင် Referal ဆိုတာကို မျက်စိထဲမှာတောင်မမြင်မိပါဘူး။ အဓိက ရည်ရွယ်ချက်က ကျွန်တော် ဆုံးရှုံးခဲ့ရသလို မဖြစ်စေချင်တာ၊ ကျွန်တော့်တုန်းကလို ကိုယ်သိချင်တာကို လိုက်မေးတဲ့အခါ မေးစရာ လူမရှိတဲ့အဖြစ်လို မဖြစ်စေချင်တာ အဓိကပါ။ ကျွန်တော် မရေးပေးလို့ ဘယ်သူမှ လာမပြောသလို၊ ရေးတင်လို့လည်း ဘယ်သူမှ လာပြီးငွေမပေးပါဘူး။ (ကျေးဇူးတင်ပါတယ် ဆိုတာတော့ ရတယ်ဗျ) အရေးမတော်ရင်သာ ဆော်ချင်သူဘဲရှိကြတာဗျ။ 
          ကဲ ... အခု .. ကျွန်တော့် Blog မှာကြော်ငြာထားတဲ့ Exchange Site List ကို ဘယ်လို သုံးမလဲပြောပြပါ့မယ်။ ဒီကြော်ငြာကို ကြည့်ပြီး '' မသုံးပါနဲ့ အဲဒါ Scam ကြီးပါ '' လို့ ဝင် commant ပေးတဲ့သူတောင်ရှိသဗျ။ ကျွန်တော် ပထမတော့ ကြောင်သွားတယ်။ နောက်တော့မှ စဉ်းစားမိတာ.... သြော်.... သူဒီလောက်ဘဲ သိတာကိုး .... လို့ ။ ထပ်မေးသေးတယ်ဗျ ကျွန်တော်ကော လဲဘူးလားတဲ့။ ကျွန်တော် တင်ပေးထားတာက စာရင်းကြီးဗျ။ တစ်ဆိုက်ထဲမဟုတ်ဘူး။ အမှန်လည်းပါတယ်၊ Scam လဲပါတယ်။ အဲဒီ့တော့ ကျွန်တော် အခုရှင်းပြမယ်။
          အခုပြထားတဲ့ပုံ(၁) က ကျွန်တော့ ရဲ့ Blog စာမျက်နှာပါ။

          ပုံမှာပြထားတဲ့အတိုင်း Find ဆိုတာကိုနှိပ်လိုက်ရင် ဒုတိယ ပုံ(၂) ကိုတွေ့လိမ့်မယ်ဗျ။
         
ပုံထဲမှာ ကျွန်တော် မြှားအဝါရောင်လေးနဲ့ ပြထားတယ်။ Give ရဲ့ အောက်မှာ ကိုယ်ကပေးမယ့် အမျိုးအစား။ အဲဒီ့မှာ Bitcoin ကို နမူနာပေးထားတယ်။ Get ရဲ့အောက်က ကိုယ်ပြန်ယူမယ့် အမျိုးအစားပါ။ အဲဒါကိုနှိပ်လိုက်တာနဲ့ အမဲရောင်နဲ့ ဝိုင်းပြထားတဲ့နေရာမှာ လဲလို့ ရနိုင်တဲ့ Exchange Website တွေရဲ့ စာရင်းက တန်းစီပေါ်လာတာ။

          ပုံ(၃) က Paypal ကနေ Perfect Money ကို ချိန်းချင်လို့ နှိပ်လိုက်ရင် ပေါ်လာတဲ့ပုံပါ။ ပုံမှာဆို (၁) ဆိုဒ်ဘဲရှိတယ်လို့ ပြနေတာတွေ့ရလိမ့်မယ်။

          ပုံ(၄) မှာ ဝိုင်းပြထားတဲ့နေရာ Reviews ကို နှိပ်ကြည့်ပါ။ အဲဒီ့နေရာက သူများတွေ Exchange လုပ်ကြပြီး ကောင်း၏၊ မကောင်း၏ နဲ့ မှတ်ချက်ဝိုင်းပေးတဲ့ နေရာပေါ့။ မှန်တဲ့ဆိုဒ်ဆို ပုံ(၅) လိုတွေ့ရပြီး၊


မမှန်တဲ့ဆိုဒ်ဆို ပုံ(၆) လို Complain တွေနဲ့ တွေ့ရလိမ့်မယ်။

          အဲဒီလို လိုက်လေ့လာပြီးမှ ကိုယ်က စိတ်ချရတဲ့ Web ဆိုဒ်ကို ရွေးပေါ့။
         
ပုံ(၇) မှာ Paypal ကနေ Perfect Money ကို ငွေလွှဲဖို့ စစ်ပြီးတော့ ကြိုက်တာနဲ့ စလွှဲဖို့ mouse pointer နဲ့ ထောက်ထားတဲ့ပုံပါ။ ထောက်လိုက်ရင် အစိမ်းရောင်လေး ပြောင်းသွားလိမ့်မယ်။ နှိပ်လိုက်ရင် အဲဒီ့ Website ကိုရောက်သွားပါ့မယ်။ ပုံ(၈) ကိုကြည့်ပါ။

          ပုံမှာ Paypal ကနေ လွှဲမှာဆိုတော မြှားပြထားတဲ့နေရာကို နှိပ်လိုက်ရင် ပုံ(၉) ကိုတွေ့ရမယ်။ အဲဒီ့မှာ Perfect Money ဆိုတာကိုရှာပြီး နှိပ်လိုက်။

          ပုံ(၁၀) အတိုင်း ပေါ်လာပါလိမ့်မယ်။
         
ကွက်လပ်တွေဖြည့်ဖို့တော့ မရှင်းပြတော့ဘူးဗျာ။ Password ကိစဘဲ ပြောပြမယ်။ သူပေးထားတဲ့ Password ကို သုံးချင်လဲသုံး မသုံးလိုလည်း ကိုယ်ကြိုက်တာ သုံးလို့ရတယ်။ မမေ့အောင်တော့ မှတ်ထားရမယ်။ မဟုတ်ရင် ကိုယ့် Order ကို ပြန်စစ်လို့မရဖြစ်သွားမယ်။ ဘာလို့လဲ Paypal ကငွေလွှဲတာ တစ်ခါတစ်လေ Instan မဖြစ်ဘဲ ကြာတတ်သလို ကိုယ်က Paypal ထဲသပ်သပ်ဝင်ပြီးလွှဲရမှာဆိုတော့ ကြားမှာ အချိန် Delay ဖြစ်နိုင်လို့ပါ။

          ပုံ(၁၁) က ဖုံးနံပါတ် ကအရေးကြီးတယ်ဗျ။ Code Number ကို အဲဒီ့ နံပါတ်အတိုင်း ပို့ပေးမှာဆိုတော့ ကိုယ်လက်ရှိ ကိုင်ထားတဲ့ ဖုံးနံပါတ်ကို ထည့်ပေးရမယ်။ အားလုံးဖြည့်ပြီးရင်တော့ Comfirm လုပ်လိုက်တာနဲ့ ပုံ(၁၂) ပေါ်လာပြီ။

          ပုံမှာ Password ထဲ့ပြီး Order ကိုတစ်ခေါက်ပြန်စစ်ခိုင်းသေးတယ်ဗျ။ OK ပြီဆိုမှ ပုံ(၁၃) အတိုင်း Code နံပါတ်ကို ဖြည့်ခိုင်းပါလိမ့်မယ်။
         
Code Number လား ? ကိုယ်ပေးလိုက်တဲ့ ဖုံးနံပါတ်ကို ပို့လာတာလေ။ Code ဖြည့်ပြီး  OK လုပ်ပေးလိုက်ရင် သူက ငွေပို့ရမယ့် Paypal Email ID ကို ပေးပါလိမ့်မယ်။ ကိုယ်က ပို့ရုံပေါ့။

          ပုံ(၁၄) ကိုသေသေချာချာ ဖတ်စေချင်တယ်။ ကိုယ့်မှာ ဝိုင်းပြထားတာတွေ မရှိရင်၊ Paypal Verify မဖြစ်ရင် လုံးဝမလွှဲပါနဲ့ သူတို့က လက်မခံပါဘူး။
          အားလုံးကို ရှုပ်နေတာဘဲလား?  အဲဒါ Paypal လေ။
          တစ်ခြား E-currencies တွေကတော့ Paypal လောက်မရှုပ်ဖူး ဗျ။
          Online Money Maker အားလုံး 
Scam ဆူးခြင်းကင်းပါစေ။
Transition Fee, Exchange Fee သက်သာကြပါစေ။

No comments:

Post a Comment