ကျွန်တော်တို့ နိုင်ငံမှာ သိပ်မကြာသေးတဲ့ ကာလလောက်ကစပြီး အင်တာနက်တွေသုံးလို့ အဆင်ပြေလာကြပါ တယ်။ (တစ်ခါနက် ၄ ကျပ်ခေတ်ထက်စာရင်ပေါ့)။ လူကြီး၊ လူငယ် မရွေး နည်းလမ်းပေါင်းစုံနဲ့ အင်တာနက်ပေါ်မှာ လေ့လာစူးစမ်းကြတဲ့ အခါ........
အွန်လိုင်းပေါ်မှာ ငွေရှာလို့ ရကြတယ်ဆိုတဲ့ (စိတ်ဝင်စားဖို့ အလွန်ကောင်းတဲ့) လမ်းကြောင်းတွေကိုလည်း တွေ့ရှိလာကြပါတော့တယ်။ ကျွန်တော်က အခု အဲဒီ့လမ်းကြောင်းများစွာထဲက ဒီ Post မှာ Mobile Phone နဲ့ အရောင်းအ၀ယ် လုပ်ပုံကို ကျွန်တော်သိသလောက် ရှင်းပြသွားပါ့မယ်။ အထူးသဖြင့် BTC(bitcoin) လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးတစ်မျိုးကို USD (အမေရိကန်ဒေါ်လာ) နဲ့ (Trade) ၀ယ်ရောင်း လုပ်တဲ့အကြောင်းပါဘဲ။ တစ်ခြား နိုင်ငံတကာသုံး ငွေကြေးတွေကိုလည်း Trade လို့ရပေမယ့် အခုလတ်တလောအခြေအနေမှာ ကျွန်တော်တို့ နိုင်ငံကလူတိုင်းအတွက် သိပ်အဆင်မပြေသေးပါဘူး။ အသေးစိပ်ကို Currencies Trading Post မှာမှ ရှင်းပြသွားပါ့မယ်။
ဘာဖြစ်လို့ Meta Trader 4 နဲ့ Trade ကြတာလဲ? ကုန်ပစည်းတစ်မျိုးကို ဈေအကျမှာ ၀ယ်၊ ဈေးတက်လာရင် ပြန်ရောင်း၊ ဈေးပြန်အကျမှာ ပြန်ဝယ်ထား တဲ့ပုံစံကလည်း Trade လုပ်တယ်လို့ ဆိုရမှာပါ၊ ဒါပေမယ့် ကိုယ်ဝယ်ထားတဲ့ ကုန်ဈေးက ပြန်တက်လာဖို့၊ ပြန်ကျလာဖို့က တစ်ခါတစ်လေမှာ အချိန်တော်တော်လေး စောင့်ရပါတယ်။ အဲဒီ့လိုအချိန်မှာ ကိုယ်က ကုန်ပစည်းရဲ့ ဈေးကျမယ်လို့ ခန့်မှန်း၊ ခန့်မှန်းထားတဲ့အတိုင်း ဈေးကကျလာ၊ ကိုယ်မှန်းတာမှန်လို့ အဲဒီ့ကနေ အမြတ်ရရင်၊ ဒီလိုဘဲ ဈေးတက်မယ်လို့ ခန့်မှန်း ပြီး ဈေးတက်လာလို့ အမြတ်ရ ဆိုရင်........ ရိုးရိုး ကျရင်ဝယ်၊ တက်ရင်ရောင်း ပုံစံထက် တစ်ဆင့်မြင့်လာတာပေါ့။ ခန့်မှန်းတာ မှားရင်လဲ အဆုံးအရှုံး ရှိနိုင်တာကို မမေ့ပါနဲ့။ ဒီလိုလုပ်ဖို့ဆိုရင်တော့ Meta Trader 4 Platform လိုလာပါပြီ။ လုပ်ပုံလုပ်နည်းကို တဆင့်ခြင်း အသေးစိပ် ရှင်းပြသွားပါ့မယ်။
စလုပ်ဖို့ ဘာတွေလိုလဲ?
(၁) မိမိဖုံးမှာ Meta Trader 4 Apk ရှိရပါ့မယ်။ Google Play Store မှာ Meta Trader 4 လို့ စာရိုက်ပြီး ရှာနိုင်ပါတယ်။
(၂) Trading Platform တစ်ခုမှာ မိမိ Account ရှိရပါ့မယ်။ Platform site တွေအများကြီးရှိပါတယ် ဒါပေမယ့် အခုရှင်းပြမယ့် BTC နဲ့ USD ကို Trade ဖို့အတွက် ဆိုရင် ကျွန်တော်က btc-e နဲ့ simplefx ဆိုတဲ့ Platform နှစ်ခုကိုသုံးပါတယ်။ Sign up လုပ်ပြီး Register လုပ်ဖို့ အောက်က Link မှာ Account သွားဖွင့်နိုင်ပါတယ်။ ဘာ Passport၊ ဘာ ID မှမလိုပါဘူး။ Email လိပ်စာရှိရင် ရပါပြီ။ တစ်ခြား Site တော်တော်များများကတော့ Account verify လုပ်ရပါတယ်။ Verify လုပ်ဖို့ Passport, Bank Account တို့ လိုပါတယ်။ ဒါတောင် မြန်မာနိုင်ငံကဆို လုပ်ခွင့်မရပါဘူး။ တစ်ချို့ Site တွေဆိုရင် Country ဖြည့်ဖို့နေရာမှာ Myanmar ဆိုတာတောင် မပါပါဘူး။
https://btc-e.com
- ဒီဆိုဒ်က ကိုယ်ပြန်ရမယ့် အမြတ်ကို ၁း၁ အဆကနေ ၁း၂ နဲ့ ၁း၃ အထိ ခွင့်ပြုထားပါတယ်။
https://simplefx.com/?sfx-r=3bf21c53-7d39-4257-9d5c-d9d56cccfb63
- ဒီဆိုဒ်ကတော့ ကိုယ်ပြန်ရမယ့် အမြတ်ကို ၁း၁ အဆကနေ ၁း၅၀၀ အထိ ခွင့်ပြုထားပါတယ်။
(လောဘကြီးပြီး အဆများများနဲ့တော့ မလုပ်စေချင်ပါဘူး။)
(၃) BTC(bitcoin) Wallet ( bitcoin ဘဏ်အကောင့် ဆိုပါတော့) တစ်ခု ရှိရပါ့မယ်။ Wallet site တွေလည်းအများကြီးရှိပါတယ်။ ကျွန်တော်က Xapo Wallet နဲ့ Coinomi Wallet ကို သုံးပါတယ်။ နှစ်ခုစလုံးက Mobile Apk ရှိပါတယ်။ Google Play Store မှာ ရှာပြီး Download သွားလုပ်ရပါမယ်။ Xapo Walletကိုတော့ အောက်က Link မှာ Register သွားလုပ်နိုင်ပါတယ်။ သူက မိမိ ကို bitcoin(BTC) ကို လွှဲရင် လွှဲခ(Fee) မဖြတ်ပါဘူး။ မိမိဖုံးနံပါတ်၊ Email နဲ့ Verify တော့လုပ်ရပါမယ်။ Coinomi Wallet ကတော့ Email နဲ့ Verify လုပ်ရင်ရပါပြီ။ bitcoin လွှဲခ Fee တော့ရှိပါတယ်။ Coinbase မှာလည်း စိတ်ချရပါတယ်။
http://xapo.com/r/Q5UWL34
(၄) မြန်မာနိုင်ငံ ရဲ့ ဘဏ်တစ်ခုခုမှာ အကောင့်တစ်ခု ရှိရပါ့မယ်။ Mobile Banking ဆိုရင် ပိုကောင်းပါတယ်။ ကျွန်တော်က CB Bank mobile banking စနစ်ကိုသုံးပါတယ်။
(၅) myanpay မှာ အကောင့်တစ်ခု ဖွင့်ရပါ့မယ်။ အောက်ကလင့်မှာ သွားဖွင့်လို့ ရပါတယ်။ အဲဒီ့ ဆိုဒ်မှ မြန်မာပြည်ရုံးခွဲ က မိမိသိလိုတာကိုဖုံးဆက်မေးရင် မြန်မာလိုပြန်ဖြေရှင်းပေးပါတယ်။
https://www.myanpay.com.mm
(၆) vodaexchange မှာ အကောင့်တစ်ခု ဖွင့်ရပါ့မယ်။ အောက်ကလင့်မှာ သွားဖွင့်လို့ ရပါတယ်။ ဒီဆိုဒ်က လည်း မြန်မာလို ပြန်ဖြေရှင်းပေးပါတယ်။ အဲဒီ့ဆိုဒ်မှာ ကျွန်တော်တို့ မြန်မာငွေကို BTC(bitcoin) အဖြစ်ပြောင်းပြီး Trade ဆိုဒ်မှာ သွားထည့်ရမှာပါ။
https://www.vodaexchange.com
ဒါတွေအားလုံး ပြင်ဆင်ပြီးရင် Trade စလုပ်လို့ ရပါပြီ။ အောက်က ပုံလေးက မိမိရဲ့ငွေ အသွား/အပြန် လမ်းကြောင်းပါ။
CB bank mobile ဘဏ် ↔ myanpay account ↔ vodaexchange(btc) ↔ xapo wallet (သို့) Coinomi wallet (သို့) မိမိရဲ့ Trade Site Account ↔ Mt 4 Account
ကဲ...အခု ပြင်ဆင်စရာတွေ ပြင်ဆင်ပြီးပြီးဆိုတော့ Trade ဖို့လုပ်လိုက်ကြရအောင်လား။ btc-e platform နဲ့ အရင် ရှင်းပြသွားပါ့မယ်။ Account တော့ ဖွင့်ပြီးပြီလို့ မှတ်လိုက်မယ်နော်.....မိမိအကောင့်ကို Log in ၀င်လိုက်ရင် တွေ့ရတဲ့ ပုံမှာ Finances ဆိုတာကို နှိပ်လိုက်ပါ မိမိရဲ့ username အောက်မှာရှိပါတယ်....
ပုံ(၁)
ပုံ(၁) ရဲ့ မြင်ကွင်းကို ရောက်ပါမယ်။ အဲဒီ့ထဲက BTC (Balance. 0 BTC) ဆိုတာကိုတွေ့ရပါ့မယ်။ ကိုယ်ကငွေ မှ မထည့်ရသေးတာမို့ပါ။ သူ့ရဲ့ဘေးက Deposit နဲ့ Withdraw ဆိုတဲ့ နှစ်ခုမှာ Deposit က ကျွန်တော်တို့ ငွေထည့်ရဖို့ပါ။ Withdraw က ငွေပြန်ထုတ်ဖို့ပါ။ အခု ငွေထည့်မှာဆိုတော့ Deposit ကိုနှိပ်ရမှာပါ။
ပုံ(၂)
ပုံ(၂) မှာမြင်ရတဲ့အတိုင်း အောက်နားမှာ Your address for deposit BTC; ဆိုတာကိုတွေ့ရပြီး စာရဲ့အောက်မှာ ဘားကုဒ် လိပ်စာ(BTC wallet) တစ်ခု ရလာပါလိမ့်မယ်။ (ဒီနေရာမှာ ကျွန်တော်ဖြတ်ပြောပြလိုတာက မိမိရဲ့ ငွေကို vodaexchange ကနေတဆင့် တစ်ခါတည်းတန်းထဲ့လို့ရသလို ပြန်ထုတ်တဲ့အခါမှာလည်း vodaexchange ကနေတဆင့် တန်းထုတ်လို့ရပါတယ်။ ဒါဆို ဘာလို့ Xapo တို့ Coinomi တို့ Coinbase Wallet တို့ ဘာလို့ လိုပါသလဲ? vodaexchange က မိမိ myanpay account ထဲကို မြန်မာငွေနဲ့ ပြောင်းထဲ့ပေးတာဆိုတော့ ကိုယ်ကနောက်ပိုင်း BTC လိုရင် တစ်ခါ ပြန်လဲနေရပါ့မယ်။ vodaexchange က ငွေလဲတိုင်း ၀န်ဆောင်ခပေးရတာဆိုတော့ မိမိရဲ့ BTC ကိုမလဲခင် သိမ်းထားဖို့ wallet တစ်ခုလိုပါတယ်။ လောလောဆယ် vodaexchange မှာ ငွေလဲခ နဲ့ ငွေလွှဲခ က များပါတယ်။) ရလာတဲ့လိပ်စာကို ကူးယူထားလိုက်ပါ။ Computer မှာ Copy နဲ့ ကူးယူတာ ပိုကောင်းပါတယ်။ လက်ရေးနဲ့ရေးမှတ်ရင် မှားတတ်လို့ပါ။အခုဆို ကျွန်တော်တို့ရဲ့ အကောင့်ထဲကို ငွေ (BTC) ထည့်ဖို့ vodaexchange website ကို သွားကြရပါမယ်။
ပုံ(၃)
ပုံ(၃) မှာမြင်ရတဲ့အတိုင်း မိမိအကောင့်ကို Log in ၀င်ထားလိုက်ပါ။ ပုံမှာ Exchange ဆိုတာကို နှိပ်လိုက်ရင် ပုံ(၄) ကို တွေ့ရပါလိမ့်မယ်။
ပုံ(၄)
From အကွက်မှာ Myanpay(Kyats) ဆိုတာကိုတွေ့နေရပြီး To အကွက်မှာတော့ Perfect Money ဆိုတာဖြစ်နေပါလိမ့်မယ်။ အဲဒီ့ အကွက်ရဲ့ မြှားပုံကိုနှိပ်လိုက်ပါ။ ပြီးရင် ပုံပါအတိုင်း Bitcoin(BTC) ဆိုတာကိုရွေးပေးလိုက်ပါ။
ကဲ....အခုဆို မိမိရဲ့ btc-e account ထဲကို BTC ရောက်ပါတော့မယ်။ နာရီဝက်လောက်တော့ စောင့်ရတတ်ပါတယ်။
မိမိရဲ့ မှာ ကိုယ်ပို့လိုက်တဲ့ BTC ရောက်ပြီဆိုရင် Trade စလုပ်လို့ ရပါပြီ။ နည်းနှစ်မျိုးရှိပါတယ်။ ပထမနည်းက မိမိ Trading website ထဲမှာဘဲ ၀ယ်ရောင်းလုပ်တာပါ။ သူကကျွန်တော်အပေါ်မှာ ရှင်းပြခဲ့သလို ကိုယ့်လက်ထဲမှာရှိနေတဲ့ BTC ကို ဈေးတက်လာရင် ပြန်ရောင်း၊ ရတဲ့ဒေါ်လာကိုကိုင်ထား၊ ဈေးကျလာရင်BTC ပြန်ဝယ်ထား တက်လာရင်ပြန်ရောင်း တဲ့နည်းပါ။ ငွေများများရင်းထားနိုင်ရင်တော့ မဆိုးဘူးလို့ဆိုရမယ်။ BTC ဈးကလည်း တစ်နေ့ကို ၅ ဒေါ်လာ ၁၀ ဒေါ်လာ လောက် တက်လိုက် ကျလိုက်ဖြစ်တတ်တော့ 10- BTC လောက်ရင်းထားနိုင်ရင် ၅၀/၁၀၀ ဒေါ်လာလောက် မြတ်တာပေါ့။ အဲ... ကိုယ်က မြတ်ပြီဆိုပြီး BTC ကိုရောင်းထားလိုက်ပြီး၊ ဈေးပြန်အကျကိုစောင့်နေချိန်မှာ ဈေးက မကျလာဘဲ တက်နေရင်တော့ စောင့်ပေတော့ဘဲ ။ အဲဒီလို လုပ်လိုသူတွေအတွက်တော့ ပုံ(၁) ရဲ့ Trade ဆိုတဲ့ နေရာပါ။ Login ၀င်လိုက်တဲ့အချိန်မှာ တန်းရောက်တဲ့ နေရာပါဘဲ။
အဲဒီလိုရိုးရိုး Trade လုပ်ချင်သူတွေအတွက် mobile ပေါ်မှာ zTrader ဆိုတဲ့ Apk ရှိပါတယ်။ Google Play Store မှာ ရှာပြီး download ရယူနိုင်ပါတယ်။ အသေးစိပ်အသုံးပြုပုံကိုအောက်က မှာ ၀င်ရောက်လေ့လာဖတ်နိုင်ပါတယ်။
ပုံ(၆)
ပုံ(၆)မှာ Buy BTC နဲ့ Sell BTC ကိုတွေ့ရပါ့မယ်။ မိမိက BTC ကိုဘဲ Deposit တင်ထားခဲ့တော့ Sell BTC အကွက်အောက်မှာဘဲ မိမိရဲ့ Amount ကိုတွေ့ရမှာပါ။ ကိုယ်က BTC ဈေးကို သဘောကျလို့ ရောင်းချင်ရင် အဲဒီ့ Sell BTC ဆိုတဲ့အကွက်အောက်က Amount BTC အကွက်မှာ ကိုယ်ရောင်းချင်တဲ့ BTC ကို ဖြည့်ပေးပြီး Price per BTC နေရာက သူ့အလိုလိုဖြည့်ထားပြီးသားဈေးနဲ့ ရောင်းဖို့ အောက်နားကSell BTC ဆိုတာကိုနှိပ်ရင် ချက်ခြင်းရောင်းထွက်ပါတယ်။ ဒီ့ထက်ဈေးပိုရမှ ရောင်းလိုရင်တော့Price per BTC နေရာမှာ ကိုယ်ရောင်းချင်တဲ့ ပေါက်ဈေးကို စာပြင်ရိုက်ပြီး Sell BTC ကိုနှိပ်ရင်တော့ ချက်ခြင်းရောင်းမထွက်ပါဘူး။ ကိုယ်ရေးလိုက်တဲ့ဈေးကို ရောက်လာမှ အော်တို ရောင်းပေးသွားပါလိမ့်မယ်။အဲဒီလိုရိုးရိုး Trade လုပ်ချင်သူတွေအတွက် mobile ပေါ်မှာ zTrader ဆိုတဲ့ Apk ရှိပါတယ်။ Google Play Store မှာ ရှာပြီး download ရယူနိုင်ပါတယ်။ အသေးစိပ်အသုံးပြုပုံကိုအောက်က မှာ ၀င်ရောက်လေ့လာဖတ်နိုင်ပါတယ်။
http://www.mmbitcointips.xyz/2015/09/how-to-trade-btc-with-client_20.html
အခု ဒီပိုစ့်မှာ အဓိကထားရှင်းပြမှာက ဒုတိယနည်းပါ။ Meta Trader 4 ပေါ်မှာ Tradeလုပ်မှာပါ။ အရင်ဆုံး btc-e account page မှာ profile ထဲကို ၀င်ရပါမယ်။ ပုံ(၇) ကိုကြည့်ပါ။
ပုံ(၇)
မိမိပုံရဲ့အောက်ဆုံးနားမှာ Meta Trader ဆိုတာရှိပါတယ်။ အဲဒါ ကို နှိပ်လိုက်ပါ။ အဲဒီ့မှာ Name- Real account ကိုရွေးပြီး သူ့ရဲ့ဘေးက Status အောက်မှာ Leverage ကို1:1, 1:2, 1:3 သုံးခုရှိတဲ့အထဲက 1:3 ကို ကျွန်တော်ရွေးပါတယ်။ အခုမှစသူကတော့ 1:2 ကို ရွေးချင်ရွေးပါ။ Currency ကို USD ထားပါ။ အဲဒါတွေရွေးပြီးရင် Open ကို နှိပ်လိုက်ပါ။ ပုံ(၈) မှာကြည့်ပါ။
ပုံ(၈)
btc-e က MT4 account အတွက် Login / password ကို email နဲ့ ပို့ပေးလာပါလိမ့်မယ်။ ရလာတဲ့ login number နဲ့ password ကို ဖြစ်နိုင်ရင် စာအုပ်တစ်အုပ်မှာ မှတ်ထားလိုက်ပါ။ Email ကိုဖတ်ပြီး မှတ်ပြီးရင် ဖျက်လိုက်စေချင်ပါတယ်။ ဒါဆို btc-e ကနေ MT4 Platform အတွက် လိုအပ်တာတွေရပြီဆိုတော့  MT4 နဲ့စ Trade ဖို့ ငွေလွှဲကြရပါမယ်။

အဲဒီ့မှာ Transfer funds ဆိုတဲ့ box ရှိလာပါလိမ့်မယ်။ To account MT အကွက်ရဲ့အောက်က Account မှာ MT4 login number ရှိနေပါလိမ့်မယ်။ Account အကွက်အောက်က Amount မှာ အနည်းဆုံး ၃.၅ ဒေါ်လာ လွှဲဖို့ ဖြည့်လိုက်ပါ။ ဒါမှ ၀.၀၁ ယူနစ်နဲ့ စ Trade လို့ရမှာပါ။ ပြီးရင် Transfer ဆိုတဲ့ button ကိုနှိပ်လိုက်ပါ။ ချက်ခြင်းရောက်ပါတယ်။ ၀.၁ ယူနစ်နဲ့စ Trade ချင်ရင်တော့ ၂၅ ဒေါ်လာလောက် ထည့်ပေးရပါမယ်။ အားလုံးပြီးသွားရင် log out ပြန်ထွက်လိုက်ပါ။

ပုံမှာပြထားတဲ့ပုံစံအတိုင်း BTC-eExchange-Real1ဆိုတာကိုရွေးလိုက်ရင် login နဲ့ password ပေါ်လာပါ့မယ်။ အဲဒီ့ကွက်လပ်တွေမှာ btc-e က email ပို့ပေးထားတဲ့ login number နဲ့ password ကိုဖြည့်ပြီး sign in လုပ်လိုက်ပါ။ အ၀ါရောင်ပုံပါအတိုင်း မိမိရဲ့ account number နဲ့ 1:3, USD ဆိုတဲ့ပုံကိုရောက်သွားမှာပါ။ 1:2 ရွေးထားခဲ့ရင် 1:2 , UDD လို့ဖေါ်ပြပေးနေလိမ့်မယ်။ ကဲ တကယ့်ငွေနဲ့ Trade ကြရတော့မယ်ဆိုတော့ ခလုပ်တစ်ချက်နှိပ်ယုံနဲ့ အရှုံး၊ အမြတ် လာတော့မှာ....... ဒီအဆင့်အထိရောက်အောင် ရေးထားတာလေးကို တစ်ခေါက်လောက်ပြန်ဖတ်ရင် ပိုအဆင်ပြေမလားပါဘဲ။ မရှင်းတာရှိရင် မေးနိုင်ပါတယ်။ လိုင်းပေါ်မှာရှိနေရင် ဖြေပေးပါ့မယ်။


Trade မလုပ်ခင်မှာ ဈေကွက်ရဲ့ အတက်၊ အကျ ကို အရင်လေ့လာထားသင့်ပါတယ်။ ဥပမာ ဒီနေ့ BTC ရဲ့ဈေးက ၃၅၀ ပတ်ဝန်းကျင်မှာ ရှိနေခဲ့ပါတယ်။ နှစ်ကုန်ခါနီးမှာ Website တွေက Promotion တွေပေးတတ်တာရယ် တစ်ခြား ထူးခြားဖြစ်စဉ်တွေက BTC ရဲ့ဝယ်လိုအားကို မြင့်တတ်စေတာ ၃ နှစ်လောက်တော့ရှိခဲ့ပါပြီ။ ကျွန်တော့အတွေ့အကြုံအရပါ။ ဒါပေမယ့် ဒီနှစ်တော့ IS အရေးကလည်း ဈေးကို လာထိပါတယ်။ ဘာလို့လည်း။ သူတို့က သူတို့ငွေကို BTC အဖြစ်နဲ့ လွှဲပြောင်းတတ်ကြလို့ပါ။ ဈေးအတက်အကျကို ခန့်မှန်းနိုင်ဖို့ အချက်အလက်အချို့ပါ။ ထားပါတော့ အခုကျွန်တော် ဈေးကွက်ကို စဖွင့်ပြပါမယ်။ နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက ရောက်နေတဲ့ဈေနဲ့ဘဲ တန်းဖွင့်တာ နဲ့ ဒုတိယအပိုင်းက ကိုလိုချင်တဲ့ပေါက်ဈေးရောက်မှ ဖွင့်တာပါ။ Order Trade ပေါ့။








အခုဆို ကျွန်တော် သိသလောက် ကြိုးစား ရှင်းပြခဲ့ပါပြီ။ တစ်ခေါက်ထဲ ဖက်ရုံလောက်နဲ့တော့ နားလည်ဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အဆုံးအရှုံးတွေနဲ့ ရင်းပြီးမှ နားလည်လာခဲ့ရတာဖြစ်လို့ Trade ကိုစလေ့လာသူတွေ၊ စိတ်ဝင်စားသူတွေကို ကျွန်တော့လို မဆုံးရှုံးစေချင်တာက အဓိက စေတနာပါ။ ဖတ်မှတ်လေ့လာပြီး လုပ်တဲ့ လုပ်ရပ်၊ လုပ်ငန်းတွေက ဘယ်တော့မှ ဆုံးရှုံးမှု မကြီးတတ်ဘူးလို့လည်း ယုံကြည်လို့ပါ။
နားမလည်တာ၊ အခက်အခဲရှိတာကို Facebook ပေါ်မှာ ကျွန်တော်တို့ Myanmar Bitcoin Mining Guide And Multi Crypto Trade ဂရုနဲ့ ချိတ်ဆက်ပြီး မေးနိုင်ပါတယ်။ ကျွန်တော် wuhlanပါ။ အားလုံး ၀င်ငွေ တိုးနိုင်ကြပါစေ။ ကျွန်တော့ အရေးအသားမှာ မှားယွင်းမှုရှိနေရင်လည်း သည်းခံနာလည်ပေးပါ။
နောက်ပိုစ့် မှာ ကျွန်တော် လက်ရှိ လျှောက်လှမ်းနေတဲ My Last Ways Of making money on online ကို ဆက်ရေးတင်ပေးပါ့မယ်။
No comments:
Post a Comment