Thursday, January 28, 2016

ကိုက်စားလို့မရတဲ့ BITCOIN

ကိုက်စားလို့မရတဲ့ BITCOIN
Bitcoin နဲ့ပတ်သက်လို့ ရောင်းနေ ဝယ်နေကြတဲ့ သူများအတွက်၊ နောက်ပြီး Online မှာ Bitcoin ကို ရှာဖွေ စုဆောင်းသူတွေအတွက် ကျွန်တော့အမြင်ကို ရေးသားပေးလိုက်ပါ တယ်။
ကျွန်တော် ပြောလိုတာက ကျွန်တော်တို့နိုင်ငံက Bitcoin ကို ရှာကြသူတွေ ဟာ Bitcoin ထက် ငွေကို ရှာတယ်လို့ ထင်ပါတယ်။ ရှာလို့ရလာတဲ့ Bitcoin ကို ပြန်ရောင်းပြီး ငွေအဖြစ် ပြောင်းမှသာ ကျွန်တော်တို့ရဲ့ နေ့စဉ် ငွေကြေးသုံးစွဲမှုအတွက် အမှန်တကယ် အထောက်အကူ ဖြစ်မှာပေါ့။ ပုံသာန်မျိုးစုံနဲ့ ပိတ်ဆို့မှုခံထားရတဲ့ ကျွန်တော်တို့ ပြည်တွင်းက လူတွေအတွက် Bitcoin ဟာ ကောင်းကျိုးတွေ အမြောက်အများ ပေးတယ်ဆိုတာကို Bitcoin ရှာနေကြသူတိုင်း သိကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ရှာနေတဲ့ Bitcoin ဟာ သူ့ရဲ့တန်ဖိုးအားဖြင့် အမြဲ ပြောင်းလဲနေလေတော့ သူ့တန်ဖိုး တက်နေတဲ့အချိန်မှာ ခပ်ပြုံးပြုံးနဲ့ နေနိုင်ကြ ပေမယ့် သူ့တန်ဖိုးများ ကျလာတဲ့အချိန်မှာ တစ်ချို့တွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေ ကြတာ တွေ့နေရပါတယ်။
ကျွန်တော့ အတွေးပြောကြည့်မယ်နော် …. Bitcoin က ကိုက်စားလို့ မရဘူး ဗျ။ အခြေခံစားကုန်တွေကိုလည်း သူနဲ့ ပေးချေပြီး ဝယ်ဖို့က လောလော ဆယ်မှာ မ လွယ်သေးဘူးလေ။ ဒီတော့ မိမိရှာလို့ ရလာတဲ့ Bitcoin ကို ဘက်စုံသုံး ဒေါ်လာ (ဒါမှမဟုတ်) ရွှေ နဲ့ ပြောင်းလဲထားလိုက်တာက ပိုပြီး သင့်တော်မယ် ထင်ပါတယ်။ အထူးသဖြင့် ဘယ်လိုအမျိုးအစားတွေ ဘယ်လောက်ဘဲ တက်တက်၊ ကျကျ ဒေါ်လာနဲ့ အခြေခံပြီး သတ်မှတ်ကြတာကြောင့် ရလာတဲ့ Bitcoin ကို ဒေါ်လာနဲ့ ပြောင်းသိမ်းထားတာဟာ အသင့်တော်ဆုံးဘဲ လို့ ကျွန်တော်ယူဆတယ်။ ဒီအယူ အဆက Bitcoin ကို တက်ရောင်း၊ ကျဝယ်လုပ်တဲ့ Trade သမားတွေနဲ့တော့ မဆိုင်ဘူးပေါ့။
ဒါဆို အဲဒီ့အတွေးဟာ အခုတလော Facebook မှာ သုံးနှုန်းနေတဲ့ Dead wallet လိုပါဘဲ။ ဘယ်နေရာမှာ သိမ်းကြမလဲ? ပြန်စဉ်းစားကြည့်ပါ။ Bitcoin ကို အသုံးပြုကြ သူတိုင်း Exchange Site တွေနဲ့ မကင်းကြပါဘူး။ စိတ်ချရတဲ့ Exchange Site တွေလည်း လက်ဆယ်ချောင်းစာမက ရှိနေကြပါတယ်။ Exchange တစ်ခုခုမှာ ဖွင့်ထားတဲ့ မိမိ အကောင့်ထဲမှာ Bitcoin ကို  USD နဲ့ ပြောင်းသိမ်း ထားလို့ ရပါတယ်။ Bitcoin လိုအပ်လာတဲ့ အချိန်မှ ပြန်ဝယ်ပြီး သုံးပေါ့။
Online မှာ Bitcoin ကို အသုံးများကြတာက Cloud Mining အတွက် ငွေပေးချေတာရယ်၊ Investment Site တွေအတွက် ရယ် နဲ့ နောက်ပိုင်း Phone Bill အတွက်ဆိုပြီး အသုံးများပါတယ်။ Game တွေဝယ်ဖို့လည်း သုံးလာကြတယ်ဗျ။ တစ် ခြားအမျိုးအစားတွေအတွက်ထား Cloud Mining အတွက် Power ကို Bitcoin နဲ့ ပေးချေရတဲ့ ပုံစံကို ကြည့်ရအောင်။ ၉၀% သော Bitcoin Cloud Mining Site  တွေက သူတို့ရဲ့ Mine Power ကို ဒေါ်လာနဲ့ဘဲ အခြေခံတွက်ပြီး တောင်းလေ့ရှိသ လို ပြန်ပေးတဲ့အခါမှာလည်း ဒီဒေါ်လာ ဈေးနဲ့ဘဲ ပြန်ချိန်ပေးတာ သတိထားကြည့်ရင် တွေ့ရမှာပါ။ အခုတလောမှာ Dogecoin ကို Cloud Mining တူးတဲ့သူတွေ သတိထားကြည့်။ Dogecoin ဈေး တအား ထိုးတက်လာတော့ အရင် တစ်နေ့ 1000 DOGE လောက် ကိုယ့် Mining Power နဲ့ ရနေတဲ့သူတွေ အခု ဘယ်လောက်ရသလဲလို့။ Mining Power ကျလို့ အရနည်းသွားတယ်လို့ ထင်သ လား။
ကျွန်တော်အခု ပြောပြတာတွေက Bitcoin ကို Trade လုပ်ကြတဲ့ သူတွေအ နေနဲ့တော့ မဆိုင်ပါဘူး။ အထူးသဖြင့် MT4 Platform နဲ့ Trade လုပ်တဲ့ သူတွေဆို ဈေးတက်လည်း အမြတ်ကိုရှာလို့ရသလို၊ ဈေးတက်လည်း ရှာလို့ရနေတာကြောင့်ပါ။
ကဲ.. ဒီတော့ ကျွန်တော်တို့ ရလာတဲ့ ကို ဒေါ်လာနဲ့ ပြောင်းသိမ်းထား။ လိုအပ် သလောက် ပြန်ဝယ်သုံး၊ မိမိငွေလိုလို့ ထုတ်သုံးမယ်ဆိုလည်း ပေါက်ဈေးအတိုင်း ပြန်ပြောင်းပြီးလွှဲရင် နစ်နာမှုမရှိဘူးလို့ မထင်ဘူးလား။ ဒေါ်လာ ၁၀၀ ဖိုးလောက် ရလာတဲ့ Bitcoin ကို ဒေါ်လာအနေနဲ့ ပြောင်းသိမ်းထားကြည့်၊ Bitcoin ဈေး မိုးပေါ်ဘဲထောင်ထောင် မြေထဲဘဲ ဆင်းဆင်း ၁၀၀ ဒေါ်လာသုံးချင်လို့ ကိုယ့်ဆီ လွှဲ ထုတ်ရင် ၁၀၀ က ၁၀၀ ပါဘဲဗျာ။ ငွေလွှဲခလေးတော့ လျှော့မှာပေါ့။
အားလုံးဘဲ အဆင်ပြေကြပါစေ။

Tuesday, January 26, 2016

BTC ဈေးငြိမ်နေလို့

        တစ်ခြားနေရာတွေမှာတော့ မသိဘူး ကျွန်တော်အခု ခဏရောက်နေတဲ့ မော် လမြိုင်မှာတော့ မနေ့ညထဲက ထူးထူးဆန်းဆန်း လေကြမ်းတွေနဲ့အတူ ပါလာတဲ့ အအေးဓာတ်က ကျွန်တော်နေခဲ့တဲ့ တောင်ကြီးမြို့ကို ပြန်ရောက်နေသလိုဘဲဗျို့။
        အဲဒီအအေးဓာတ်ကြောင့်များလားဘဲ BTC ဈေးကလည်း အလုပ်ဖြစ်လောက် အောင်မလှုပ်လေတော့ ကျွန်တော့မှာ နေ့တွက်လေးကိုက်အောင် NMCUSD ဆိုတဲ့ အတွဲဘက် ကို လှည့်ပြီး Trade လုပ်နေရတယ်ဗျ။ မဆိုးပါဘူး အခုထိတော့ နေ့ တွက်ခ ရနေတယ်ဆိုပါတော့။ NMC ဆိုတာ Name Coin ကိုပြောတာပါ။ Platform ကတော့ btc-e မှာပါဘဲ။
        အဲဒီ့သဘောကို ရှင်းပြရင်တော့ တစ်ခါတစ်လေမှာ ကိုယ်က Trade လုပ်ဖို့ ရွေးချယ် လိုက်မိတဲ့ အတွဲဟာ အကြောင်းတစ်ခုကြောင့် အတက်/အကျ မပြောင်းလဲ ဘဲ ရှိနေခဲ့ရင် Trader တစ်ယောက်အနေနဲ့တော့မသိပေမယ့် ကျွန်တော်ကတော့ တစ်ခြား လှုပ်ရှားမှုရှိနေတဲ့ အတွဲတွေကို လိုက်ရှာပြီး Trade လေ့ရှိတယ်ဗျ။
        ကျွန်တော်က Trade လုပ်တာကို တစ်နေ့ ငါ ဘယ်လောက် ရမှလို့ သတ်မှတ် ချက်မရှိပေမယ့် တစ်ခြားအထွေအထူး လုပ်စရာမရှိရင်တော့ လိုက်ရှာပြီး Trade လေ့ ရှိတယ်ဗျ။
        ဒီဘလော့မှာ ကျွန်တော်က အခုချိန်အထိ Crypto တွေကိုဘဲ Trade လုပ်တဲ့ အကြောင်း ရှင်းပြ/ရေးပြ ပေးနေရတာက ကျွန်တော်ကိုယ်တိုင် အခုနောက်ပိုင်း Crypto တွေကိုဘဲ အဓိကထားပြီး Trade နေတာရယ်။ တစ်ပတ်မှာ တစ်ပတ်လုံး ပိတ်ရက်မရှိ Trade လုပ်နိုင်တာရယ်ကြောင့်လည်းပါသလို တစ်ခြား National Currencies တွေကို Trade လုပ်တဲ့ အကြောင်းတွေကို Facebook မှာ တစ်ချို့ ရှင်းပြ/ရေးပြ နေကြတာတွေ တွေ့နေရလို့လည်းပါတယ်။
        ဒီနေ့ MT4 Platform ပေါ်မှာ BTCUSD ဈေးရဲ့ ဖြစ်နေပုံက Buy Position သမားအတွက်ရော Sell Position သမားအတွက်ပါ ဘာမှ မလုပ်နိုင်တဲ့/ မလုပ်သင့် တဲ့ အနေအထားဘဲဗျ။ BTC ကို 385~390 မှာ Buy Position ယူထားနိုင်ခဲ့တဲ့ သူတွေဆိုရင် ဒီအချိန်မှာ မြတ်တယ် လို့ဆိုနိုင်ပေမယ့် အမြတ်ယူပြီး ပိတ်လိုက်ဖို့ လည်း မသင့်တဲ့အနေအထားဘဲ။ 0.01 lot ကို စဖွင့်လိုက်တာနဲ့ Trade Fee က 0.05 mBtc စလျော့ထားပြီဆိုတော့ အနည်းဆုံး BTC 2 $ လောက်ဈေးကွာမှ ကိုယ့်အရင်းဘဲ ရှိနေဦးမှာကိုး။ ဒါ့ကြောင့် ကျွန်တော်လုပ်သလို လိုက်လုပ်ချင်တဲ့သူ တွေအတွက် ရေးတင်ပေးရတာပါဘဲ။
        NMCUSD ကတော့ ဈေးကွက်စဖွင့်တာနဲ့ 10 units ကိုဖွင့်ဖို့ default ပေးထား တယ်။ Trade Fee ကတော့ 10 units အတွက် 0.05 mBtc ပါဘဲ။ ဥပမာ- 0.400 ဈေးကနေ 0.401 ကိုဈေးကွာသွားတာနဲ့ 0.03 mBtc ကွာမယ်။ ဆိုလိုတာက point 0.002 ကွာမှ မိမိ Trade Fee ကစကျေမယ်။ (position ယူတာမှန်မှနော်)။
        ဒီနေ့ တစ်နေ့လုံးနီးပါး NMCUSD ဈေးက 0.395 နဲ့ 0.400 ကြားမှာ ငြိမ်နေတာကို တွေ့လို့ Indicator တွေကို လေ့လာလိုက်တော့ 0.395 မှာ Buy Position ကိုယူသင့်တယ်ထင်ပြီး ဆော်ထဲ့လိုက်တာ။ အခုဒီပိုစ့်ရေးတဲ့အချိန်မှာ 0.411 ကို ပြန်တက်လာခဲ့တာဘဲ။
        ဒါကြောင့် ကျွန်တော့် ဘလော့မှာ လာဖတ်ကြတဲ့သူတွေ အကြိုးရှိစေဖို့ နောက်ထပ် အပိုဝင်ငွေရနိုင်မယ့် နည်းလမ်းလေး မျှဝေပေးလိုက်ရကြောင်းပါ။
        လက်တို့ပြီးတော့ ပြောရဦးမယ် - ဒီနေ့ည မြန်မာ (13း0 နာရီ) ပတ်ဝန်းကျင် လောက်မှာ Trading Platform မှာရှိတဲ့ ဈေးကွက်တွေရဲ့ အခြေအနေတွေကို ပြောင်းလဲစေနိုင်တဲ့ သတင်းထူး ထွက်လာဖို့ ရှိတယ်ဗျ။ ပမာဏများများနဲ့ လုပ်ထားတဲ့ သူတွေများရှိရင် သတိထားရအောင်လို့ပါ။ ရုတ်တရက် ဈေးထိုးတက် တာမျိုးဖြစ်နိုင်သလို ဈေးထိုးကျတာမျိုးလည်းဖြစ်လာနိုင်တဲ့ အခြေအနေဆိုပါတော့။
        BTC ဈေးကွက်အနေနဲ့ကတော့ 350 အောက်ကို ဆင်းဖို့ မရှိနိုင်ပေမယ့် 400 အောက်မှာ Sell Position ကို မယူသင့်ဘူးထင်ပါတယ်။ Simplefx မှာ Leverage များများနဲ့ Trade လုပ်လိုသူများကတော့ 370 လောက်ကိုရောက်မှ Buy Position ကို စသင့်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ။

Monday, January 25, 2016

S/L ကိုဘာလို့ထားပြီး၊ T/Pကိုပဲဘာလို့မယူတာလဲပေါ့

ဒ်ီနေ့ အတွက် အမေးအဖြေ။


 ဒီပိုစ့်ကို ရေးနေတဲ့အချိန်အထိတော့ BTCUSD ဈေးက ၃၉၅ နဲ့ ၄၀၀ နားမှာ တဝဲလည်လည် ပေါ့။ ညက CB မှာ မေးလာတဲ့မေးခွန်းအတွက် တစ်ခြားသူတွေ လည်း သူ့လို သိချင်မှာဘဲလို့ထင်လို့ ဒီဘလော့မှာ ဖြေပေးလိုက်ပါတယ်။
(၁) ပထမမေးခွန်းအတွက်ကတော့ မျက်စိပွင့်လို့သာ ကျွန်တော့ စာတွေဖတ် နိုင်တာပေါ့။ နည်းနည်းဘဲပွင့်တယ်ဆိုတာတော့ ဖတ်ရင်းနဲ့ အိမ်များငိုက်နေသလား ဘဲ။ နောက်တာပါ။
ကျွန်တော်ရေးပေးထားတာတွေကိုဘဲ ဖတ်ပြီး ကျေနပ်မနေပါနဲ့။ Facebook မှာ သူများတွေ ရေးပြထားတာတွေလည်းဖတ်၊ Trading Platform တွေကနေ ပေး တဲ့ Ebook တွေကိုလည်း လေ့လာ၊ ကိုယ်ပိုင် လမ်းလည်း ဖောက်ပြီး လျှောက်သင့် ပါတယ်။ Trading အတွက် နည်းစနစ်တွေအားလုံးဟာ၊ အယူအဆတွေအားလုံးဟာ ဒီဈေး ကွက်ကိုဘဲ အခြေခံပြီးမှ တွေ့ရှိလာတာတွေကို လက်တွေ့မှာ ပြန်အသုံးချကြ တာပါ။ အဲဒီလို ပြန်အသုံးချတဲ့နေရာမှာ အနီးစပ်ဆုံးခန့်မှန်းနိုင်တဲ့ တွေ့ရှိချက်တွေက အသုံးများပြီး နာမည်ကြီးလာတာဘဲပေါ့။ မောင်ဖြူဆိုတဲ့ လူတစ်ယောက်က သူတွေ့ ထားတဲ့နည်းလမ်းဟာ အမြဲနီးစပ်တယ်ဆိုပါစို့။ ဒါဆို Mg Phyu Indicator ဆိုပြီး အများသုံးလာကြမှာပေါ့။
(၂) ဒုတိယမေးခွန်းအတွက် ကတော့ အမြှီးကို စဆွဲမိပြီဆိုရင်တော့ ဆွဲပြီးပြေး ပေတော့ဘဲဗျို့။ ဘာလို့လည်း။ ပြန်လွှတ်လိုက်တာနဲ့ အကိုက်ခံရဖို့က ၉၀% ဘဲ။
Trade တစ်ခုကို စဖွင့်မိပြီဆိုရင်တော့ မျက်နှာလွှဲထားဖို့မသင့်ပါဘူးလို့ ပြော ချင်တာပါ။ ဈေးကွက်တစ်ခုဟာ အချိန်နဲ့အမျှ ပြောင်းလဲနေနိုင်တယ်လေ။ မျက်ခြေမ ပျက်ကြည့်နေခြင်းကြောင့် ကိုယ့် Position ကို လိုသလိုပြောင်းလဲလို့ ရတာပေါ့။ နောက်တစ်ခုက Trade အလုပ်ဟာ ထီထိုးသလို ပေါက်ချင်ပေါက်၊ မပေါက်ရင်နေ ဆိုပြီး လုပ်လို့ရတဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။ အဲဒီလိုယူဆပြီး လုပ်မယ်ဆိုရင် ရနိုင်ပေမယ့် အဲဒီလိုလုပ်တဲ့သူဟာ အောင်မြင်တဲ့ Trader တစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ် ဘူးဆိုတာ သိထားသင့်ပါတယ်။
(၃) တတိယမေးခွန်းအတွက်ကတော့ Stop Loss နဲ့ Take Profit ကို ချိန်တဲ့ နေရာမှာ မိမိရဲ့ သဘော အတိုင်း ချိန်နိုင်အောင် Broker တွေကလုပ်ထားပေးတယ်။ ချိန်လည်းရသလို မချိန်လည်းရတာဘဲ။ ဒါတွေကို မချိန်ဘဲ လုပ်ထားတာဟာ အပေါ် မှာပြောခဲ့သလို ထီထိုးထားတာနဲ့ တူသွားပြီလေ။ Trader တစ်ယောက်လို့ ပြောလို့မ ရတော့ဘူး။
ဥပမာဗျာ အခုအချိန် ရေနံဈေးကိုဘဲကြည့်ရအောင်။ အများစုက ရေနံဈေးကို ပြန်တက်လာမှာဘဲလို့ မျှော်လင့်ပြီး Buy Position ကိုယူထားတယ်ဆိုပါတော့။ အခု ထိကို ကျမလာနိုင်ဘူးဖြစ်နေပြီ။ ကိုယ်က Stop Loss ကိုမချိန်ထားလို့ Position က အရှုံးနဲ့ဘဲ ဆက်ရှိနေမှာ။ ဒါဆိုဘာလုပ်မလဲ။ အမြတ်ရလာမယ့်အထိ ဆက်စောင့် သင့်သလား။ Trading Platform မှာ Open Position တစ်ခုဟာ (၆) လထက်ပိုပြီး ဖွင့်ထားခွင့် မပေးထားဘူးဗျ။ နောက်ပြီး Rollover Fee လို့ခေါ်တယ် အဲဒီ့ Fee က အချိန်ကြာလာတာနဲ့အမျှ တက်လာနေမှာ။ တစ်ချို့ Platform တွေက rollover fee ကို တစ်နေ့ထဲအတွက်တော့ မရှိပေမယ့် (၁)ပတ်ကျော်လာတာနဲ့ စကောက်တော့ တာဘဲ။ Trader တစ်ယောက်က အရှုံးနဲ့ ဈေးကွက်ကို ပိတ်ရမှာ မကြောက်ရဘူးဗျ။ အရှုံးနဲ့ပိတ်လိုက်ရတဲ့ အကြိမ်အရေအတွက်ထက် အမြတ်နဲ့ပိတ်ရတဲ့ အကြိမ်အရေ အတွက်က ပိုများဖို့သာ အဓိကဘဲ။
နောက်ထပ်ဥပမာတစ်ခုပေးပါ့မယ်။ ကိုယ်တွေ့ပါ။ လွန်ခဲ့တဲ့ (၆)လပတ်ဝန်း ကျင်က USD/JPY ဈေးဟာ 102~104 ပတ်ဝန်းကျင်မှာဘဲ ရှိနေခဲ့တယ်ဗျ။ အဲဒီလို ရှိနေရာကနေ 110 အထိ ရုတ်တရက် ထောင်တက်သွားခဲ့တယ်။ အဲဒီ့မှာ ကျွန်တော် 112 နဲ့ Sell Positionကို ယူခဲ့တယ်ဗျ။ ဒါပေမယ့် ဈေးကွက်က ပြန်ကျမလာဘဲ တောက်လျှောက် ဆက် တက်တာ 124 ကိုတောင် ကျော်သွားခဲ့တာဘဲ။ အခုဆို ပြန် ကျတယ်ဆိုပေမယ့် 116 ပတ်ဝန်းကျင်မှာဘဲရှိနေသေးတယ်။ ကျွန်တော် (၁) လနီး ပါးလောက် စောင့်ကြည့်အပြီးမှာ အရှုံးနဲ့ပိတ်ပြီး တစ်ခြား ဈေးကွက်တစ်ခုကို ပြောင်းလိုက်တယ်။ ခင်ဗျားတို့ဆိုရင်ကော ကိုယ်မှန်းတဲ့ ကျလာမယ့်ဈေးအထိ ထိုင်စောင့်မလား။ Stop Loss ကို ကိုယ့်မှာ အရံငွေရှိတိုင်း ထားချင်သလိုထားနိုင် ပေမယ့် အချိန်နဲ့ Rollover Fee ကိုတော့ ဘယ် Professional မှ မတားနိုင်ဘူးလေ။ တော်ကြာနေ မနေ့ကပိုစ့်ထဲက ဘရုတ်ကာကြီးရဲ့ အတိုးနဲ့ အမြတ်မထွက်ဘဲ အမ်ပီ တီပွတ်တာဘဲခံလိုက်ရမယ်။
ဒီနေ့အတွက်တော့ -
BTCUSD ဈေး 400 အောက်ကို ပြန်သွားဦးမယ်မှန်းတယ်ဗျ။
Buy Position လုပ်ချင်သူတွေအတွက် 390 မှာလုပ်သင့်ပြီး
Sell Position လုပ်ချင်သူတွေအတွက်တော့ 415~420 ပတ်ဝန်းကျင်မှာ ယူ သင့်တယ်။
Buy Position အတွက် Stop Loss က 325~350 ထားသင့်ပြီး
Sell Position အတွက် Stop Loss ကို 450~460 ပတ်ဝန်းကျင်မှာ ထားသင့် ပါတယ်။ ဒါပေမယ့် Sell Position သမားများအတွက် Open Position ကိုကြာ ကြာမဖွင့်ထားသင့်ပါဘူး။

အားလုံးအစဉ်ပြေကြပါစေ။

Sunday, January 24, 2016

MT4 သမား ဆင်းရဲသား

ဒီတစ်ပတ် ပိုစ့်ရဲ့ အဖွင့်ကတော့ Pip ဗျ။ ဒီ Pip အပေါ်မှာ Lot တွေ တပ်တော့ နဂိုက မှ ရှုပ်နေကြတာ ပိုရှင်းမရတော့ဘူးဖြစ်ကုန်ရော။
ဒီလိုမှတ်ကြည့်ရအောင်….
1 BTC        =      400 USD    ဈေးနဲ့ ဝယ်
1 BTC        =      420 USD    ဈေးမှာပြန်ရောင်း
ဘယ်လောက်မြတ်မလဲ ဖြေကြည့်။
20 USD မြတ်တယ်လေလို့ ဖြေရင် အဲဒီ့လူ ငတုံး ဘဲ။
နဲနဲစဉ်းစား …… ကော်မရှင်ခဆိုတာလေ။ ပေါက်ဈေးက ၄၂၀ ဒါပေမယ့် ကိုယ် က ရောင်းလို့ ၄၁၈ လောက်ဘဲရမယ်လေ။ တစ်ချို့ Exchange တွေက ၀.၂% ကော်မရှင်ပါ ယူသေးတယ်။ ကဲ အခုရလာတဲ့ ၄၁၈ ကို ကိုယ့်လက်ထဲရောက်အောင် ထုတ်ကြည့်ရအောင်။
418 USD ရတယ်လေလို့ဖြေရင် အဲဒီ့လူ သုံးမရတော့ဘူး
ငွေလွှဲခ ဆိုတာရှိသေးတယ်လေ။ ထရန်စစ်ရှင်းဖီးဆိုလား ဘာလား။ နောက် ဆုံး လက်ထဲရောက်လာမှာ ၄၁၅ လောက်ရရင်ကံကောင်း။
နဲနဲထပ်စဉ်းစား ….. ၄၀၀ တန်ကိုဝယ်ဖို့ ငွေပို့တော့ ကိုယ်က ၄၀၀ အတိ ပို့ လိုက်ရ လားဆိုတာ။ ဟဲ..ဟဲ.. ထရန်စစ်ရှင်းဖီးဆိုလား ဘာလား ပေးရသေးတယ် နော့်။ ၄၀၅ လောက်တော့ ချောသွားမယ်။ နောက်ပြီး ဖုန်းတွေကို ပိုပိုပွတ်လို့ အမ်ပီ တီပါထဲ့တွက် ပေါ့။
သူဌေးတွေက နားမလည်ကြဘူး
တကယ်တော့ …..  MT 4 သမားများဟာ ….. ဆင်းရဲသားတွေပါ ……။
လခစားသမားတစ်ယောက်။ လကုန်ခါနီး ပိုက်ဆံပြတ်လို့။ ၁၀ တန် ပစည်းကို လပေးနဲ့ဝယ်တဲ့ အဖြစ်ကို …’’ သူဌေးတစ်ယောက်၊ သူ့နားပေါက်အောင်၊ ဘယ်မောင် လာရှင်းပြနိုင်မလဲ “….. ဆိုသလိုပေါ့။
၄၀၀ တန်ပစည်း တစ်ခုကို ဈေးတော့ တက်လာလိမ့်မယ်မှန်းပြီး ဝယ်ထားချင် တော့ ကိုယ့်မှာက ၄၀၀ ကမရှိ၊ ရှိတာက ၄ ကျပ်။
၎ ကျပ်ဖိုးနဲ့ဘဲ ရသလောက်လေးဝယ်ဖို့ကလည်း အားမရ။ တစ်ခုလုံးဘဲ လို ချင်။ သြော် … လောဘ…လောဘ…။ ဘယ်လိုလုပ်မလဲ။
လ ပေး ရောင်းတဲ့သူဆီ ပြေးရတာပေါ့။ အဲဒါ ….. အဲဒါ …. အဲဒါ…. ဘဝသံသ ရာ။ ဟာ… ရှုပ်ကုန်ပြီ သီချင်းဘက်ရောက်သွားလို့။ အဲဒါ ဘရုတ်ကာ တဲ့။ သူ့အိမ်က အမ်တီဖိုး ရပ်ကွက်မှာ။
ဘရုတ်ကာဆီရောက်တော့ သူကမေးတယ်။ ကဲ … ဘာလုပ်မှာလည်းပြော တဲ့။
မိမိ            -       ၄၀၀ တန် လိုချင်တယ်။ ၄ ကျပ်ဘဲရှိတယ်။
ဘရုတ်ကာ  -       အင်း.. ရတယ်လေ။ ဘာလုပ်ဖို့လည်း။
မိမိ            -       ဈေးတက်လာမှာ မို့လို့။
ဘရုတ်ကာ  -       ဘယ်အထိတက်မှာမို့လဲ။
မိမိ            -       ၄၂၀
ဘရုတ်ကာ  -       အင်း..ရတယ်လေ။ ပေး ၄ ကျပ်။ ၄၂၀ ဈေး ရောက်လာ ရင် အမြတ်လာယူ။ ၃၈၀ ဈေးရောက်သွားရင်တော့ ပြန်မလာနဲ့တော့။ ရော့။
ဆိုပြီး စာရင်းစာရွက်လေး တစ်ရွက် ပေးလိုက်တယ်။
သိပ်မကြာဘူး ၄၁၅ လောက်ရောက်လာတော့ မနေနိုင်တော့ဘူး ဘရုတ်ကာ ဆီသွားပြီး သူပေးထားတဲ့ စာရွက်လေးသွားပြန်ပေးတော့
ဘရုတ်ကာ  -       ကဲ….ဆို…ဘာလုပ်မလဲ
မိမိ            -       ၄၂၀ အထိမစောင့်တော့ဘူး ဗျာ အခုဈေး ၄၁၅ နဲ့ဘဲပြန် ရောင်းလိုက်တော့မယ်။
ဘရုတ်ကာ  -       ရတယ်လေ။ ရော့ ဒါကမင်းအရင်း ၄ ကျပ်။ ရော့ ဒါက အမြတ် ၈ ကျပ်။
မိမိ            -       ဟင်… ကျုပ်မြတ်တာ ၁၅ ကျပ်မဟုတ်ဘူးလား။
ဘရုတ်ကာ  -       ဘယ်ရမလဲကွ… မင်းကပြန်ရောင်းတော့ ၄၁၂ ဈေးဘဲ ရမှာပေါ့။ နောက်ပြီး မင်း လိုတဲ့ပိုက်ဆံကို ငါကစိုက်ထားပေးထားတာအတွက် ကျန် တာ ငါ့အတိုးလေ။ ဒါတောင် မင်းကိုသနားလို့ အမ်ပီတီနဲ့ ထဲ့မပွတ်ထားဘူးကွ။ တဲ့
အဲဒါဘဲ။ သူဌေးတွေ နားလည်ပါ့မလား။
ဇာတ်ပေါင်းတော့   -
လခစားသမားက   -       အကောင့်ပိုင်ရှင်လေးတွေ ပေါ့
ဘရုတ်ကာကြီးက  -       Trading Platform တွေလေ။
ရပ်ကွက်က          -       MT4  ဆိုတာဘဲ။
၄၀၀ တန်ကို ၄ ကျပ်နဲ့ ယူတာ ၁ အချိုး ၁၀၀ အဆ နဲ့ Leverage လို့ မှတ်။ ပုံပြင်လေးကတော့ ဒါပါဘဲဗျာ။
ဘာဘဲပြောပြော ကျွန်တော်တို့ အမ်တီဖိုး သမား ဆင်းရဲသားတွေက ပျော်ပါ တယ်။ ၄၀၀ ရှိမှ သာ ရနိုင်မယ့် အမြတ်တစ်ခုကို ကျေးဇူးရှင် ဘရုတ်ကာကြီးကြောင့် ၄ ကျပ်နဲ့ လုပ်နိုင်တော့ အတိုးလေးပေးပြီး ပျော်ပျော်ကြီး ဆက်လုပ်နေရဦးမှာ။

ဒီတစ်ပတ်ထဲမှာ (24~25 . 01 . 2016)

BTCUSD ကို MT4 Platform ပေါ်မှာ Trade လုပ်ဖို့ အတွက်

btc-e မှာ Leverage 1:3

Open order        Rate -       375 ~ 380
Position             -       Buy Position
Stop Loss           -       325 ~ 335
Take Profit         -       425 ~ 430 (or) more

Simplefx  မှာ Leverage 1:100

Open order        Rate -       370 ~ 380
Position             -       Buy Position
Stop Loss           -       315 ~ 325
Take Profit         -       400 ~ 410 (or) more

အားလုံးဘဲ အဆင်ပြေကြပါစေ။ ဒီပိုစ့်မှာ ပါတဲ့ စကားလုံးအသုံးကြမ်းတာလေး တွေအတွက် သည်းခံနားလည်ပေးကြပါဗျာ။ ဗိုလ်ချုပ်ကို အားကျလို့ နားထဲဝင်မလား ဆိုပြီး အတုခိုးကြည့်တာ။ ကျွန်တော်ပြောတာ ဗိုလ်ချုပ်နော်…………………

Saturday, January 23, 2016

BTC ဈေးကွက် ခန့်မှန်းချက်။

ဒီနေ့ အတွက်တော့ BTC/USD ဈေးက အကျဘက်မှာငြိမ်နေတဲ့ အနေအထားပါဘဲ။ ကျွန်တော် အကြံတစ်ခုပေးချင်တယ်ဗျ။ BTC ဈေးကျနေတုန်းမှာ ဝယ်ထားပြီး ဈေးတက်လာရင် ပြန်ရောင်းဖို့ အတွေးရှိနေသူတွေအတွက်ပါ။ ဈေးပြန်တက်လာရင် ရိုးရိုးပြန်ရောင်းပြီး အမြတ်ယူမယ့်အစား။ MT4 Platform ပေါ်မှာ Leverage ကို 1:3 ဒါမှမဟုတ် 1:50 နဲ့ ယူထားရင် ပိုပြီးမကောင်းဘူးလား? အဲဒီ့အတွက် အောက်မှာ နမူနာ နဲ့ လုပ်ပြထားပါတယ်။ ဆနရှိရင် လုပ်ကြည့်ပါ။
To make Buy Position Order
Open Order Price                -       375 or 380
Take Profit                 -       425 or more
Stop loss                   -       325
BTC/USD ကို MT4 Platform ပေါ်မှာ Trade လုပ်ဖို့ အကောင့်မရှိသေးတဲ့ သူတွေက ကျွန်တော်လုပ်နေကြ ပေါ်မှာ လုပ်ချင်ရင် အောက်က လင့်မှာ သွားလုပ်နိုင်ပါတယ်။

 https://btc-e.com

သူကတော့ Leverage 1:3 အထိဘဲရတယ်။

 https://simplefx.com/?sfx-r=3bf21c53-7d39-4257-9d5c-d9d56cccfb63

သူကတော့ Leverage 1:50 ကနေ 1:500 အထိရတယ်။
နှစ်ဆိုဒ်စလုံး BTC/USD ကိုဘဲ Trade လုပ်မယ်ဆိုရင် Account verify လုပ်ဖို့မလိုပါဘူး။
အားလုံး အဆင်ပြေကြပါစေ။
သတင်းတစ်ခု ပြောပြချင်ပါတယ်။ နောက်အပါတ်လောက်မှာ ကျွန်တော့ ဘလော့ ရဲ့ အပေါ်ဆုံးက Exchanger ကနေတစ်ဆင့် BTC နဲ့ မြန်မာကျပ်ငွေကို ပေါက်ဈေးအတိုင်း လွှဲခ ၃% နဲ့ CB Mobile Banking ကို ငွေလဲလို့ ရပါတော့မယ် ဆိုတဲ့ သတင်းပါ။ ဒီလိုဘဲ CB Mobile Banking ကနေ မိမိလိုချင်တဲ့ Exchanger မှာပါတဲ့ မည်သည့်အမျိုးအစားကိုမဆို ငွေလဲလို့ ရပါတော့မယ် ဆိုတဲ့ သတင်းပါ။
လဲနိုင်တဲ့ပုံစံက -
Exchanger <=> BTC   <=> CB Mobile Banking ပါဘဲ။
Fee ကတော့ မိမိလွှဲငွေပမာဏ + ၃% ပါ။
အနည်းဆုံးလွှဲငွေပမာဏကတော့ မြန်မာငွေ ၁၅၀၀၀ နှင့်အထက်ပါ။
အသေးစိတ်ကိုတော့ ကျွန်တော်ထပ်တင်ပေးပါ့မယ်။
         အဆင်ပြေကြပါစေ။

Thursday, January 21, 2016

နောက်လာမယ့် BTC ဈေးကွက်

          ကျွန်တော့ ဘလော့မှာ အချိန်ပေးပြီး အလယ်လာကြတဲ့ သူတွေအတွက် အကျိုးရှိလို ရှိငြား လာမယ့် တနင်္လာနေ့ကစပြီး BTC/USD ဈေးကွက်ကို ကျွန်တော် MT4 နဲ့ Trade လုပ်တဲ့ခြေအနေကို နေ့စဉ် Blog မှာတင်ဖို့ စဉ်းစားထားပါတယ်။ ကြိုက်တဲ့သူ Like လုပ်ထားကြပေါ့။
          အခုလောလောဆယ်တော့ BTC/USD ၄၂၅ နဲ့က sell position order နဲ့ ၃၉၅ buy position order ကို ဖွင့်ထားတယ်။ ၃၈၅ ကတော့ Take profit ကို ၄၂၅ မှာ ယူထားပါတယ်။
          အဆင်ပြေကြပါစေ။

Friday, January 15, 2016

Forex Trading For Beginner စုစည်းမှု

          ကျွန်တော် ခရီးမထွက်ခင်မှာ အရင်ရေးထားပြီးခဲ့တဲ့ Forex Trading For Beginner အကြောင်း အားလုံးကို စုပြီး PDF အနေနဲ့ တင်ပေးခဲ့လိုက်ပါတယ်။ နောက် (၁)လ လောက်မှ ဘလော့မှာ ပြန်တွေ့ကြတာပေါ့။ အားလုံး အစဉ်ပြေကြပါစေ။
          ကို အောက်ကလင့်မှာ ရယူနိုင်ပါတယ်။

https://drive.google.com/file/d/0B9aFvmn-NK3uam5SQWhtVFJMM28/view?usp=sharing


Monday, January 11, 2016

Auto Trade For Test

          ဒီနေ့တော့ ဘလော့မှာ ကိုယ်တိုင် Trade မလုပ်လိုဘဲ Auto trade လုပ်လို့ရတဲ့ Site တစ်ခုကို တင်ပေးထားပါတယ်။ အပေါ်ဆုံးကကြော်ငြာနေရာက Marlive ပါဘဲ။ ကျွန်တော် (၁၀) ဒေါ်လာနဲ့ စမ်းသပ်လာတာ ဒီနေ့ မှာ အရင်းကြေပြီး အမြတ်စရခဲ့ပါပြီ။ လုပ်လိုတဲ့သူတွေ လုပ်လို့ရအောင်ပါ။ (၁၀) ဒေါ်လာအနည်းဆုံး စရင်းရပါတယ်။ (၁၀) ဒေါ်လာအတွက်ဆို တစ်နေ့ကို (၀.၃) ဒေါ်လာကျော်ကျော်လေး သူကပေးထားပါတယ်။ ကျွန်တော်က BTC ကိုဘဲ ရင်းခဲ့ပါတယ်။ သတိတော့ထားပါ။ ကိုယ့်အရင်း အရင်ကျေပြီးမှ ထပ်ရင်းချင်ရင် ရင်းပါ။ Scam ဖြစ်သွားခဲ့ရင် အဆုံးအရှုံးမကြီးဘူးပေါ့။ နောက်ပြီး သူပေးတဲ့ ပုံစံက မျှတတယ်လို့ ထင်ပါတယ်။ BTC Cloud Mining သာသာလေးဘဲ ပေးတယ်ဆိုတော့ အချိန်ကြာကြာ ရပ်တည်နိုင်မယ် ထင်ပါတယ်။ အပေးအရမ်းများခဲ့ရင်သာ ပိုပြီးစိတ်မချရတာပါ။ အဆင်ပြေကြပါစေ။

Sunday, January 10, 2016

ကျွန်တော် နားလည်သလောက် ရှင်းပြမယ့် Forex Trading For Beginner အကြောင်း

ကျွန်တော် နားလည်သလောက် ရှင်းပြမယ့်
Forex Trading For Beginner အကြောင်း
          အခု နှစ်အစကနေစပြီး ကျွန်တော်က Forex Trading Platform အတွက် သိ ထားသင့်၊ နားလည်ထားသင့်တဲ့ အကြောင်းအရာတွေကို ကျွန်တော်သိထားသ လောက် ရှင်းပြပေးသွားပါ့မယ်။ စနစ်ကျကျလေ့လာလိုသူတွေအတွက် တစ်ဖက် တစ်လမ်းကနေ အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်ပါ။ နောက်ပိုင်း ပိုစ့်တွေ မှာ ကျွန်တော် အပိုင်း (၂) ပိုင်းစီ ခွဲပြီး ရှင်းလင်းသွားပါ့မယ်။ ပထမအပိုင်းက Theory ကို အခြေခံပြီး ရှင်းပြတဲ့ အပိုင်းဖြစ်ပြီး။ ဒုတိယအပိုင်းကတော့ လက် တွေ့ လေ့လာတဲ့နည်းဖြစ်မှာပါ။ ကျွန်တော် ကိုယ်တိုင်က လက်တွေ့နည်းကို ပိုသ ဘောကျတယ်ဗျ။
          အသိပညာ၊ အတတ်ပညာတစ်ခုက သိပ်ပြီးမြန်မြန်လေ့လာပြန်တော့လည်း မ ကောင်းသလို သိပ်ပြီး အခြေခံကျကျ လေ့လာပြန်တော့လည်း တစ်ခါတစ်လေမှာ အ ချိန်ဆိုတာကြီးကို ထဲ့တွက်ရမယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အင်ဂျင်နီ ယာဘဝ အစ မှာ AutoCad နဲ့ ပုံဆွဲဖို့ စလေ့လာတော့ သင်တန်းတစ်ခု သွားတက်ခဲ့တယ်ဗျ။ (၂) ရက်ဘဲကြာတယ် စိတ်မရှည်တော့ပါဘူး သွားလည်းမ တက်တော့ဘူး။ ဘာလို့လဲ? ကျွန်တော်တို့ ကျောင်းသားဘဝမှာ ကွန်ပျူတာဆို တာ မြန်မာပြည်မှာ မရှိသေး၊ မ ရောက်သေးဘူးလို့တောင် ပြောရင်ရတဲ့ အခြေအနေ ဆိုတော့။ ကိုယ်တွေက ၁၉၉၅ ကျောင်းပြီးတဲ့အချိန် လုပ်ငန်းခွင်ထဲရောက်နေပြီ Computer AutoCad က စ ခေတ်စား လာပြီ။ အလုပ် တစ်ဖက် နဲ့ ကျောင်းသားတွေလို မလုပ်နိုင်ပါဘူး။ ဒါနဲ့ဘဲ ကိုယ်တိုင် စာအုပ်တွေ ဖတ်၊ လေ့လာ၊ လက်တွေ့ လုပ်ငန်းတွေမှာ လိုက်ကြည့်ပြီးတော့ သွားလိုက်တာ အခုဆို 3D ပုံဆွဲပြီး ရောင်းစားတဲ့အခြေအနေတောင်ရောက်လာခဲ့တာဘဲ။
Technical Analysis (TA)
TA ဆိုတာ နိုင်ငံတကာငွေကြေးအတွဲ (Currencies Pair) တွေ၊ ရွှေ (Gold)၊ ငွေ (silver)၊ ရေနံ (Oil) စတဲ့ (Commodity) တွေ၊ Stock Share တွေကို ဘယ်လိုအချိန်မှာ ဝယ်ပြီး ဘယ်အချိန်မှာ ပြန်ရောင်းမယ်  ဆိုတာကို ခန့်မှန်း ဖို့အတွက် အသုံးပြုတဲ့ စနစ်တစ်ခုလို့ သိထားသင့်ပါတယ်။
Chart တွေဟာ TA အတွက် အခြေခံအကျဆုံး သိရှိနားလည်ထားရမယ့် တစ်ခု ပေါ့။ ဈေးကွက်တစ်ခုရဲ့ ဝယ်လိုအားတွေ၊ ရောင်းလိုအားတွေ နဲ့စုစု ပေါင်း ရောင်းဝယ်မှု ပမာဏတွေကို Chart တွေကတစ်ဆင့် လေ့လာပြီး အဲဒီ့ဈေး ကွက်က အကျဘက်ကို သွားမှာလား?/ အတက်ဘက်ကိုသွားမှာလား? ဆိုတာ ခန့် မှန်းနိုင်ပါတယ်။ အဲဒီ့ Chart တွေကို အသုံးပြုဖို့ နည်းစနစ်တွေ (Indicator ဆိုပါ တော့) အများကြီးရှိတဲ့အထဲက အသုံးအများဆုံး စနစ်တွေကို ပြောပြသွားပါ့မယ်။
SMA (Simple Moving Average)
ဈေးကွက်တစ်ခုရဲ့ ပိတ်သွားပြီးခဲ့တဲ့ ရက်တွေက အပိတ်ဈေးတွေကို ပေါင်း ပြီး နေ့ရက် အရေအတွက်နဲ့ စားလို့ ရလာတဲ့ ပျမ်းမျှခြင်းကို ယူထားတဲ့ Chart Line ကို SMA လို့ သိထားရမယ်။ ဥပမာ - SMA(10) ဆိုတာ ဈေးကွက် တစ်ခုရဲ့ လွန်ခဲ့တဲ့ (၁၀) ရက်စာ အပိတ်ဈေးတွေကို ပေါင်းပြီး (10) နဲ့ စားထား တဲ့ ရွှေလျားမှုပြ Graph ဘဲ။ ကိုယ်တိုင် တွက်စရာမလိုပါဘူး။ မိမိသုံးနေတဲ့ Chart မှာ ပါပါတယ်။ ကိုယ်က Setting မှာ ချိန်ပြီး ကြည့်ရင် ရပါတယ်။ အောက်ကပုံမှာ ကျွန်တော် SMA(20) ကို အပြာရောင် နဲ့ SMA(50) ကိုအညိုရောင် ချိန်ပြထားတယ်။

ဟုတ်ပြီ.. SMA ဆိုတာတော့ သိပြီ .. ဘယ်လိုကြည့်မလဲ? အကြမ်းဖျင်းဆိုရင် Candlestick (အတုံး) လေးတွေက အဲဒီ့ SMA line  ရဲ့ အပေါ်မှာဘဲ ရှိနေရင် ဈေးကွက်က (Buy position) အတက်ဘက်ကို ဦးတည်နိုင်တယ်လို့ ယူဆနိုင်တယ်။ အကယ် SMA line ရဲ့အောက်မှာ Candlestick တွေရှိနေခဲ့ရင်တော့ ဈေးကွက် ဟာ ကျရိပ်သမ်းနေပြီ (Sell position) ကိုယူတော့လို့ ယူဆနိုင်တယ်။ SMA Line တွေကို (20) နဲ့ (50) အထိ ချိန်ပြီး လေ့လာရင် ဈေးကွက်တစ်ခုရဲ့ လားရာကို အတော်အသင့် ခန့်မှန်းနိုင်တယ်ဆိုပေမယ့် အဲဒီ့ ဈေးကွက်နဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး တွေ ထူးခြားပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်လာခဲ့ရင်၊ သတင်းထူးတွေထွက် ပေါ်လာခဲ့ရင်တော့ အခုလိုခန့်မှန်းမှုဟာ ဗြောင်းပြန်လည်း ဖြစ်သွားနိုင်တာကို သိ ထားရပါမယ်။ (အခုကာလ မှာ တရုတ်ရဲ့Stock Share ဈေးကွက် ဖရိုဖရဲ ဖြစ်နေတာကို သတိထားကြည့်။) 
Relative Strength Index (RSI)
RSI ကတော့ ဈေးကွက်တစ်ခုရဲ့ ပြောင်းလဲနေတဲ့ အမြန်နှုန်းကို တွက်ချက် ထားတာပါ။ သူ့ဇယားကွက်ကိုတော့ 0 ကနေ 100 ကြားမှာ ထားလေ့ရှိကြတယ်။ ပုံမှာကျွန် တော် ပြထားတယ်။

အဲဒီ့ RSI Line က 30 အောက်ကိုရောက်နေချိန်မှာ အဲဒီ့ဈေးကွက် က ရောင်းလိုအား မြင့်နေတဲ့အချိန်လို့ သတ်မှတ်ပြီး၊ RSI က 70 အထက် ကို ရောက်နေချိန်မှာ ဝယ်လိုအားမြင့်ချိန်လို့ သတ်မှတ်တယ်။
          သူ့ကိုကော ဘယ်လိုအသုံးချမလဲ? အပေါ် Bar chart မှာဈေးကွက်တစ်ခုက အတက်ဘက်ကိုပြနေပြီး ဆက်ပြီးတက်နေမယ်ဆိုပါတော့ RSI မှာတော့ ဈေးမြင့်နေ ရာကနေ အကျဘက်ကို ပြသွားပြီဆိုရင် သိပ်မကြာခင်မှာ အဲဒီ့ဈေးကွက် မြင့်ရာကနေ ထိုးကျတော့မယ်ဆိုတဲ့ လကဏာဘဲ။ နောက်ထပ် အယူအဆတစ်ခုက RSI မှာ ဈေးကွက်တစ်ခုက 30 အောက်ရောက်နေရာက နေ ပြန်တက်လာပြီး 30 အကျော် နားမှာ တစ်ပြေးတည်းသွားနေရင်းနဲ့ 50 နား ကိုကပ်သွားပြီဆိုရင်တော့ ဒါဟာ Buy position ကိုပြတာဘဲ ဈေးတက်တော့မယ် ဝယ်တော့ ပေါ့။ ဗြောင်းပြန် ပြန်ယူ မယ်.... ဈေးကွက်က 70 ကိုကျော်ရာက နေ ပြန်ကျလာပြီး 70 အောက်နားမှာ တန်း နေမယ်။ ပြီးတော့ 60 နားကို ညွှန်နေပြီဆိုရင်...... အဲဒါ Sell position ကိုပြတာဘဲ။ ဒါကြောင့် RSI က ဈေးကွက်တစ်ခု ရုတ်တရက် ထိုးတက်/ထိုးဆင်း မယ့်ဖြစ်ရပ် တွေအတွက် အသုံးဝင်တဲ့ Indicator တစ်ခုလို့ ဆိုရမယ်။
Parabolic SAR (Stop And Reversal)
SAR က ဈေးကွက်တစ်ခုကို ကိုယ်က စဝင်တော့မယ်လို့ ဆုံးဖြတ်ဖို့ (တနည်း) ဈေးကွက်တစ်ခုကို ဝယ်ဖို့/ရောင်းဖို့ ဆုံးဖြတ်ဖို့ ဆိုရင် SAR Indicator က အရေးပါတဲ့၊ နီးစပ်မှုရှိတဲ့ အခြေအနေကို ဖော်ပြပေးနိုင်တဲ့ Indicator တစ်ခုပါ။ SAR Line ကအစက်လေးတွေဟာ Market တစ်ခုရဲ့ အပေါ်ကနေရှိနေပြီဆိုရင် ဒါဟာ ဈေးကျတော့မယ် Sell position ကိုယူသင့်ပြီလို့ ယူဆနိုင်တယ်။ ဒီလိုဘဲ SAR Line က Market ရဲ့ အောက်ကရှိနေရင်တော့ Buy position ကို ယူတော့လို့ မှတ်ပေါ့။
ဒီနေရာမှာ SAR Line အတွက် အစက်တွေကို ချိန်ထားရာမှာ မိမိစိတ်ကြိုက် ချိန်ထားလို့ရတယ်ဆိုပေမယ့် အစက်တွေရဲ့ အကွာအဝေးကို 0.01 ထက် လျှော့ပြီးလည်း မချိန်ထားသင့်ဘူးဗျ။ နောက်ပြီး 0.2 ထက်လည်း ပိုပြီးမချိန်သင့်ဘူး။ ကျွန်တော့်အထင်နော်။ 0.2 ထက်ပိုတဲ့ အကွာအဝေးကို ချိန်ထားရင် ဈေးကွက်ကို ခန့်မှန်းတဲ့နေရာမှာ Reversal ပိုများတော့ ခန့်မှန်းရလည်း ခက်သွားတယ်။ မနီးစပ်တော့ဘူးပေါ့။ ပုံမှာကျွန်တော် အစိမ်းရောင်အစက်တွေနဲ့ ပြထားပေးတယ်။

          နောက်ထပ် အသုံးများတဲ့ Indicator နှစ်ခုကတော့ MACD ( Moving Average Convergence Divergence) နဲ့ SSO (Slow Stochastic Oscillator) တို့ပါဘဲ။ ဒီနှစ်ခုရဲ့ ကြည့်ပုံက တော်တော်တူနေလို့ ကျွန်တော်က နှစ်ခုကို ပေါင်းပြီး ရှင်းပြသွားမယ်။

MACD ( Moving Average Convergence Divergence)
ဈေးကွက်တစ်ခုရဲ့ ပြီးခဲ့တဲ့ (12) ရက်စာနဲ့ (26) ရက်စာ ကို နှိုင်းယှဉ်ပြီး တွက်ထားတာကို ပြတာ MACD ဘဲ။ ပုံမှာ ကျွန်တော်က အနီရောင်လိုင်းနဲ့၊ အပြာရောင်လိုင်း ဆိုပြီး ပြထားပေးတယ်။ ဒီနေ့အတွက် BTC/USD အတွဲရဲ့ အခြေအနေပါ။တကယ်တန်းဆိုရင် MACD က SMA ထက်ပိုပြီး ဈေးကွက်ကို ခန့်မှန်းတဲ့ နေရာမှာ ပိုတိကျတဲ့ Result ကို ရနိုင်တယ်။

        ဘယ်လိုသုံးမှာလဲ? …. အဲဒီ့လိုင်းတွေ နှစ်ခုစလုံး (0) ရဲ့အထက်မှာ ရှိနေပြီဆိုရင် Buy position ကိုယူဖို့ ညွှန်နေပြီး (0) ရဲ့အောက်မှာရောက်နေရင် Sell position ကိုယူတော့လို့ ပြနေတယ်လို့ မှတ်သင့်တယ်။ နောက်တစ်ခုက အပြာရောင်လိုင်း သူကအနီရောင်လိုင်းကိုဖြတ်ပြီး အပေါ်ကိုဦးတည်ပြီဆိုရင် ဈေးတက်တော့မယ် Buy ဝယ်တော့ပေါ့။ အောက်ဘက်ကို ဦးတည်ပြီဆိုရင်တော့ ဈေးကျတော့မယ် Sell ပေါ့။

Slow Stochastic Oscillator
သူကတော့ MACD ရဲ့ (0) လိုင်းကို ကြည့်ရမယ့်နေရာမှာ (50) Line ကို မူတည်ပြီးကြည့်ရတာကလွဲရင် ကျန်တဲ့ သဘောတရားက အတူတူပါဘဲ။ သူ့မှာ ကြည့်ရမှာက (80) ထက်ကို ကျော်နေပြီဆိုရင် ဝယ်လိုအားသိပ်များနေပြီဆိုတာ သဘောပေါက်ရတော့မယ်။ နောက်ပြီး (20) အောက်ကို ရောက်နေပြီဆိုရင်လည်း ရောင်းလိုအားတွေ သိပ်များနေပြီဆိုတာ သိရတော့မယ်။
        ရှုပ်ကုန်ကြပြီထင်တယ်။ တစ်ခု၊ နှစ်ခုဆို တော်ရောပေါ့ … အခုတော့ တစ်မျိုးပြီး၊ တစ်မျိုးတိုးလာနေတယ်လား?
        ကျွန်တော်တို့ (စက်မှု) ကျောင်းသားဘဝက C အုပ်စုတွေ (Currencies မဟုတ်ဘူးနော် Civil တွေ) ညဘက် အဆောင်မှာစုပြီး P လုပ်ကြတယ် (Profit မဟုတ်ဘူး ဖဲခိုးရိုက်ကြတာ)၊ ဆရာမတွေလာဖမ်းမှာစိုးလို့ အစီအမံ (Indicator) (၄) ခုထားပြီးချတာ။ (S) စောင့်ကြည့်ကင်းထားတယ်၊ (M) မီးပိတ်ပြီးဖယောင်း တိုင်ထွန်းတယ်၊ (S) စောင်နဲ့ကာထားတယ်၊ (R) အော်ပြီးသတိပေးဖို့ (အဆောင်ပြင်မှာ စာကျက်နေသူကို) မှာထားတယ်။ ဒါပေမယ့်ဗျာ ဘယ်လိုဖြစ်တယ်မသိဘူး ဖဲမဲ မဲနေကြတာ အဆောင်အဝင် တံခါးဝကနေ ‘ ဟေ့ ကောင်တွေ …. တစ်ကောင်မှ မပြေးနဲ့ ’ ဆိုတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ အသံကြားမှဘဲ ဝရုန်းသုံးကားနဲ့ အားလုံး ထွက်ပြေးဖို့ လုပ်တော့ ပြူတင်းပေါက်တွေဘက်မှာလည်း ဆရာမတွေနဲ့ ဆိုတော့ ပြာကုန်ပြီ။ ဒါနဲ့ အုပ်စုထဲကတစ်ယောက်က နောက်ဆုံးကြံရာမရဖြစ်ပြီး ‘ ဟေ့ ကောင်တွေ မျက်နှာကိုဘဲမှတ်မိတာ ဒါကိုတော့ မမှတ်မိနိုင်ဘူးကွ ‘ လို့ အော်ပြီး ဝတ်ထားတဲ့ ပုဆိုးကို အောက်ကနေ အပေါ်ဆွဲလှန်ပြီး မျက်နှာကိုအုပ်၊ နောက်ဆုံးလက်နက်ဖြစ်တဲ့ (P) နဲ့ ပြေးကြတာ အားလုံးလွတ်လာတော့တာဘဲ။ လာဖမ်းကြတာက ဆရာမတွေကြီးဘဲလေ။ ပြီးတော့ ကျောင်းမှာ ဆရာက နှစ်ယောက်ဘဲရှိတာ။
        ခေါင်းတွေခြောက်မှာစိုးလို့ ပေါ့ပေါ့ပါးပါး ကိုယ်တွေ့ ရယ်စရာလေး ပြန်ပြောပြတာပါ။ ပြန်ဆက်ရအောင် -
Technical Analysis (TA) အတွက် Indicators တွေနဲ့ Market တစ်ခုကို ဘာဖြစ်လာနိုင်မလဲလို့ ခန့်မှန်းရင် အပေါ်မှာပြောခဲ့တဲ့ Indicator တွေကို တစ်ခုထဲကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ ပြောချင်တာ အဓိကဘဲ။ ဖြစ်နိုင်ရင် Indicator (၅) မျိုးလုံးကို ကြည့်ပြီးမှ (၄ - ၅) ခုရဲ့ Signical က Buy ကိုပြနေပြီဆိုမှ Buy လုပ်ပြီး၊ (၄ - ၅) ခုရဲ့ Signical က Sell ကိုပြနေပြီဆိုမှ Sell လုပ်တာဟာ Market တစ်ခုအတွက် ၈၅% မှန်အောင် ခန့်မှန်းနိုင်မှာဘဲ။ ဒါတောင် ၁၅% ကျန်နေသေးတယ်နော်။
        မှတ်ထားဖို့က အသုံးများတဲ့ Indicator က (၅) ခုနော်။
        (၁)    SMA (Simple Moving Average)
        (၂)    RSI (Relative Strength Index)
        (၃)    Parabolic SAR (Stop And Reversal)
        (၄)    MACD ( Moving Average Convergence Divergence) နဲ့
        (၅)    SSO (Slow Stochastic Oscillator) တို့ကို Chart Diagram တွေနဲ့အတူ ဆက်ကြတာပေါ့။
       
CHART DIAGRAM ANALYSIS
        Chart Diagram တွေကို လေ့လာပြီး ဈေးကွက်တစ်ခုရဲ့ ဝယ်လိုအား၊ ရောင်းလိုအား တွေကို သိနိုင်သလို၊ ဈေးကွက်ရဲ့ ဦးတည်ရာကို ခန့်မှန်းရာမှာလည်း ဒီ Chart တွေကိုဘဲ အဓိကထားပြီး အသုံချကြရတယ်။ Chart ရဲ့ Pattern လေးတွေကို လေ့လာရာမှာ နည်းလမ်းတွေအများကြီး နဲ့ စနစ်တကျ လေ့လာနိုင် တော့ အသုံးများတဲ့ နည်းတွေကို ရှင်းပြသွားပါ့မယ်။
Symmetrical Triangle
        သူ့ရဲ့ သဘောက ဈေးကွက်တစ်ခုဟာ တောက်လျှောက် ထောင်တက်လာနေ ခဲ့ပြီ အမှတ်တစ်ခုကို ရောက်တဲ့အချိန်မှာ ဈေးဆက် ပြီးမတက် တော့ဘဲ ဘေးတိုက် ရွှေ့လျှားမှု စတင်လာမယ် ပြီးတော့ Symmetrical Triangle လို့ခေါ်တဲ့ ပုံစံ ဖြစ်လာ ခဲ့မယ် ဆိုရင် ဒီနေရာမှ ဈေးကွက်က ရုတ်တရက် ထိုးတက်သွားတာ၊ ထိုးဆင်းသွား တာတွေ ဖြစ်တတ်တယ်လို့ သိထားရမယ်။
အများအားဖြင့် ဈေးကွက်က တောက်လျှောက်တက် လာမယ် Symmetrical Triangle ပုံစံဖြစ်လာမယ် ဆိုရင် ဒီဈေး ကွက်က ထိုးတက်တော့မှာ မို့ အရှိန်ယူတဲ့သ ဘောကို ဆောင်တယ်။ ပုံကိုလေ့လာကြည့်ပါ။ ပုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာ ကာလက USD/BTC ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။


ဒီလိုဘဲ ဈေးကွက်ဟာ တောက်လျှောက် ကျလာမယ် ငြိမ်သွားမယ် Symmetrical Triangle ပုံစံဖြစ် လာမယ်ဆိုရင် ဒါ ရုတ်တရက် ထိုးဆင်းတော့မယ် အခြေနေဘဲ။ ပုံမှာ လေ့လာကြည့်ပါ။ မနေ့က USD/JPY ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။


ဒါပေမယ့် Symmetrical Triangle ပုံစံဖြစ်လာနေလို့ အခုလိုတော့ တရားသေ မမှတ်သင့်ဘူး။ ဘယ်လို ချင့်ချိန်မလဲ?  အရှေ့မှာ ပြောပြခဲ့တဲ့ Indicator တွေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချ တာကမှ အမှန်နဲ့ ပိုနီးစပ်နိုင်မယ်။
ဥပမာ - ဈေးကွက်တစ်ခုက တောက်လျှောက်တက်လာခဲ့ပြီး အမှတ်တစ် ခုမှာ ငြိမ်သွားမယ်၊ ဘေးကို Symmetrical Triangle ပုံစံနဲ့လည်း ရွေ့နေပြီ၊ ဒါဆိုရင် အောက်မှာပြထားတဲ့ Indicator တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချရမယ်။
-      SMA Indicator မှာ (20) days Line က (50) days Line ကိုလည်းဖြတ်ပြီး အပေါ်ကို တက်စပြုနေပြီ၊
-      RSI Indicator မှာ ကိုထိနေရာကနေ အပေါ်ကို ထောင်တဲ့ပုံကိုစနေပြီ၊
-      Parabolic SAR ရဲ့ အစက်လေးတွေကလည်း ရောက်နေတဲ့ ဈေးကွက်ရဲ့ အောက်နားမှာ ကပ်လာပြီး တစ်ချက် တစ်ချက် ပေါ်ဘက်ကို ပြောင်းနေပြီ၊
-      MACD Indicator မှာ အပြာရောင်လိုင်းနဲ့ အနီရောင်လိုင်းက ရဲ့အထက်မှာ ရှိ နေပြီး အပြာရောင်လိုင်းက အနီရောင်လိုင်းကို ဖြတ်ပြီး အပေါ်ကို ထောင်စ ပြုပြီ၊
-      Slow Stochastic Oscillator မှာ (20) နဲ့ (50) ကြားမှာ ရှိနေရာကနေ (50) နားကိုကပ်စပြုနေပြီ။
အခုရှင်းပြခဲ့တဲ့ ပုံစံအတိုင်း စစ်ဆေးပြီးရင်တော့ ဒါဟာသေချာပေါက် ဈေး ကွက် ထိုးတက်တော့မယ်ဆိုတာ သုံးသပ်လို့ ရနိုင်တယ်။ မျက်စိတွေလည်၊ ခေါင်းတွေ နောက်ကုန်ပြီလား။
အောက်ကပုံမှာ လက်တွေ့ စဉ်းစားကြည့် လိုက်ဦးဗျာ။ အခုလက်ရှိ USD/BTC ဈေးဘာဖြစ်လာမလဲလို့ Indicators ငါးမျိုးလုံး ထည့်ပေးထားတယ်။


အပေါ်ကြေးသမား နဲ့ အောက်ကြေးသမားများ (Bull and Bears)
        ကျွန်တော်က ဘောလုံးပွဲစကားနဲ့ ပြောတာပါ။ တစ်ကယ်တော့ Forex Market မှာ အုပ်စု နှစ်ခုရှိတယ်ဗျ။ ပထမအုပ်စုက Market ကို ဈေးတက်မယ်လို့ ယူဆတဲ့ အုပ်စု (သို့) Market ဈေးကို ဆွဲတင်တဲ့ အုပ်စု ဆိုပါတော့ (Bulls) လို့ သူတို့ကို ခေါ်တယ်။ ဒုတိယအုပ်စုကတော့ Market ဈေးကျမယ်လို့ ယူဆတဲ့ အုပ်စု (သို့) Market ဈေးကိုဆွဲချတဲ့ အုပ်စု သူတို့ကို (Bears) တွေလို့ ခေါ်မယ်။
        Market မှာ ဈေးတက်တော့မယ်ဆိုရင် Forex Trader သမားတွေက (Bullish) ဖြစ်တယ်လို့ ခေါ်ပြီး။ ဈေးကျတော့မယ်ဆိုရင်တော့ (Bearish) ဖြစ်တယ်လို့ သုံးနှုန်းကြတယ်။ ဒါဆို သူတို့ ကို ဘယ်လိုသိပြီး၊ ဘယ်နေရာမှာ ဘယ်လိုအသုံးချကြမလဲ။
        Indicator Tool တွေမှာ သူတို့ အတွက် ပါတယ်ဗျ။ သူများတော့ မသိဘူး။ ကျွန်တော်ကတော့ ဈေးကွက်မှာ တက်မလား/ကျမလား၊ ဘယ်အုပ်စုက အားသာနေလဲဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အဲဒီ့ ကိုသုံးတယ်ဗျ။ ပုံမှာ Bull တွေကို အစိမ်းရောင်နဲ့ ပြထားပြီး၊ Bear တွေကို အဝါရောင်နဲ့ ပြထားပေးတယ်။


ဥပမာနဲ့ သွားရအောင်။ ဈေးကွက်တစ်ခုမှာ ဝယ်လိုအားအုပ်စု(Bulls)တွေက များနေပြီး ရောင်းလိုအားအုပ်စု(Bears)က နည်းနေတယ်ဆိုပါတော့။ ခင်ဗျားတို့ ဘာလုပ်မလဲ။ (Bulls) တွေနောက်လိုက်ပြီး ဝယ်မလား၊ (Bears)တွေနောက်လိုက်ပြီး (Sell position)ကို ယူမလား။ အပေါ်မှာ ရေးပြခဲ့တဲ့ Tools တွေနဲ့ ချိန်ရမှာပါ။ Market မှာ ဈေးတစ်ခုက အကြောင်းမရှိဘဲ တက်ချင်တိုင်း တက်လို့ မရဘူးဗျ။ Limit ရှိတယ်။ break ရှိတယ်။ Group မှာ အလံရှုးဆိုပြီး ပိုစ့်တစ်ခု တင်ပေးဘူးတယ်။ ဖတ်လိုက်ရတဲ့သူက သိမှာ။ Bull တွေက ဈေးကို တက်စေချင်တာကိုး။ လိုက်ဝယ်တယ်။ ဈေးကလိုက်တက်လာပြီ။ ၁၀၀ တန်ကို ၁၂၀ ပေးပြီးဝယ်တယ်။ ဈေးတက်ပြီ လိုက်ဝယ်ကြပြီ။ ဘယ်သူတွေလိုက်ဝယ်မယ်ထင်လဲ။ Trading လောကမှာ Professionals တွေနဲ့ ရိုးရိုးသာမန် အလယ်အလတ် တန်းသမား ဘယ်သူပိုများမလဲ အရင်တွေးကြည့်လိုက်။
        Bull တွေက သူတို့ ဝယ်ခဲ့တဲ့ Item တစ်ခုအတွက် ထိုက်သင့်တဲ့ အမြတ်လည်းရလာပြီ ဆိုတာနဲ့ ပြန်ချရောင်းတော့တာဘဲ။ အဲဒီ့မှာ Market ဆက်တက် လာနိုးနဲ့ ပြန်မရောင်းသေးဘဲ ဆက်ပြီးစောင့်နေတဲ့ အုပ်စုက ကျန်ခဲ့တယ်။ ဈေးက တော့ အလုံးအရင်းနဲ့ ရောင်းလို့ ခွေးကျ၊ ဝက်ကျ ကျပြီ။ ပိုက်ဘောမိတဲ့ အုပ်စုကတော့ နေနှင့်ဦးပေါ့ နောက်တစ်ခါ ပြန်တက်လာရင် ရောင်းမယ်ဆိုပြီး စောင့်နေကြမယ်။ Bulls တွေက သူတို့လက်ထဲမှာ သူတို့ကစားတဲ့ Market Item လက်ထဲမရှိတော့တဲ့အချိန်မှာ ပြန်ဝယ်ဖို့ စောင့်မယ်။ တန်ပြီထင်တာနဲ့ နဲနဲခြင်းစီ ပြန်ဝယ်မယ်။ ဒီလိုနဲ့ သံသရာ လည်ကြရာဝယ်ပေါ့။
        Bull အုပ်စုဘက်ကနေပြီး ရှင်းပြသွားတာပါ။ Bears တွေဘက်ကလည်း ဒီသဘောအတိုင်းဘဲ။ ပြောင်းပြန်ပြန်တွေး ကြည့်ပေါ့။
        ကိုယ်တွေက Bull တွေ Bear တွေ အသာထား ဝက်ဝံသားလည်းမစားနဲ့၊ ကျွဲသားလည်း မခါးနဲ့ ဆိုသလိုဘဲ Market တစ်ခုကို ကိုယ်ကBuy တဲ့အချိန် Buy ရင်၊ Sell တဲ့အချိန်မှာ Sell ရင် အမြတ်ရဖို့ အဓိကဘဲလေ။
        ဒီအဆင့်လောက်ဆိုရင် သာမာန်မီးကျိုး၊ မောင်းပျက် အဆင့်ထက်သာတဲ့ ရိုက်ဖယ်လောက်အဆင့် လက်နက်တွေ ရပြီဆိုတော့ Forex Trading စစ်ပွဲကို နဲနဲတော့ ဝင်တိုက်လို့ ရပြီထင်ပါတယ်။
        သတိတော့ ပေးလိုက်မယ်နော် …. ကျွန်တော်ရေးထားတာတွေကို ဖတ်ပြီး Forex Trade ကိုဝင်ကြတဲ့သူတွေ လူဦးရေ (၁၀၀) မှာ (၁၀၀) လုံး အရှုံးနဲ့ တွေ့ကြမှာဆိုတာ မမေ့နဲ့။ မနောက်ဘူး တစ်ကယ်ပြောတာ။ အရှုံးက နည်းပြီး အမြတ်များရင် အောင်မြင်တာဘဲ။ ကိုယ်ဘယ်လောက်အထိ အရှုံးခံနိုင်မလဲဆိုတာ ကို အရင်စဉ်းစား ပြီးမှ တိုက်ပွဲဝင်သင့်တယ်။ အခုတော့ ဒီလောက်ဘဲဗျာ။ ခင်ဗျားတို့အတွက် အဆင်ပြေ တယ်ဆိုရင် ထပ်ရေးပေးပါ့မယ်။

မှတ်ချက်     -       ကျွန်တော်ရေးထားသော Forex Trading For Beginner အတွက် မည်သူမဆို ကူးယူခြင်း၊ အသုံးချခြင်း၊ ထပ်ဆင့်ပွားခြင်း နှင့် မိမိသဘောဆနအတိုင်း လုပ်ချင်သလိုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ရေးသူ                        -       တကူ့ညေ (wuhlan)
                                (မြန်မာဖောင့် မပြောင်းမိဘဲ အင်္ဂလိုစာရိုက်မိတဲ့ ကျွန်တော့နာမည်။)

အကိုးအကား        -       ရှာလို့တွေ့သမျှ အားလုံးနှင့် ကျွန်တော့ Trade ပုံမှ။

Saturday, January 9, 2016

လိုရင်း၊ တိုရှင်း၊ Bitcoin Mining

လိုရင်း၊ တိုရှင်း
Cloud Mining အကြောင်း
          Cloud Mining အကြောင်း Crypto mining group Admin ကလည်း သူ့ဘ လော့မှာ အသေးစိတ်ရှင်းပြထားပါ တယ်။ သူ့ ကိုယ်ပိုင် Cloud Mining ဆိုဒ်လည်း ရှိတယ်။

သူ့ဘလော့လိပ်စာ                -     http://www.mmbitcointips.xyz/     

သူ့ Cloud mining လိပ်စာ      -     http://www.cryptominerlife.com/

        ကျွန်တော့ ဘလော့မှာလည်း အရင်ပိုစ့်တွေမှာ ရှင်းပြထားတယ်။ ဘေးဘက် Drop Box မှာ ရှာဖတ်ကြည့်ပါ။ ဘယ်လိုဆိုဒ်တွေမှာ လုပ်သင့်တယ်လို့လည်း ရှင်းပြ ထားတယ်။
        အဲဒါတွေမှ အားမရသေးရင် အခု ကျွန်တော် လိပ်စာတွေ စုပေးလိုက်တယ်။ ဘယ် ဆိုဒ်တွေက ဒီနေ့အထိ ပေးပြီး၊ ဘယ်ဆိုဒ်တွေက မပေးတော့ဘူးဆိုတဲ့ စာရင်း တွေ၊ ဘယ်လောက် ဝယ်ရင် တစ်ရက်မှာ ဘယ်လောက်ရပြီး၊ ဘယ်လို အမျိုးအစားတွေ ဘယ်လောက်ရမယ်ဆိုတာတွေအတွက်- အောက်ကလိပ်စာ မှာ သွားကြည့်ပြီး တွက်လို့ ရတယ်။ ရွေးလို့ ရတယ်။ လိပ်စာက -
ဘယ်ဆိုဒ်တွေက ဒီနေ့အထိပေးနေတယ်ဆိုတာအတွက်


http://www.cmmonitor.com

ဘယ်လောက်ရလဲ တွက်ဖို့က


ကိုယ်ပိုင် Mining လုပ်ဖို့ စက်ဝယ်ချင်ရင် အောက်က လိပ်စာမှာ သွားကြည့်ပြီး ရွေးလို့ရ တယ်။

https://www.bitcoinmining.com/bitcoin-mining-hardware/

ဒါမှ သွားမဖတ်ချင်ဘူး ဆိုရင် ဘေးဘက်မှာ ကျွန်တော် တင်ပေးထားတယ် Hash ocean, Cryptominingfarm နဲ့ Zeushash ဘဲ။ Hashocean မှာ Register လုပ်ပြီး Hashocean KH/s (300) လောက် ဝယ်ထဲ့ပြီး တူးတော့။ မြန်မာငွေ တစ်သိန်းခွဲ ကျော်လောက် တော့ ရှိမယ် တစ်ရက်ကို မြန်မာငွေ (၁၃၀၀ နဲ့ ၁၄၀၀ ကြား) နေ့တိုင်း ပြန်ရမယ်။ (၅) နှစ် သက်တမ်း၊ Register လုပ်တာနဲ့ (၁၅) KH/s ကို (၁) လ Free ပေးထားတယ်။ အဲဒီ့ကရလာတဲ့ တွေကိုမှ တစ်ဝက်ကို ကိုယ်လုပ်ကြည့် ချင်တဲ့ ဆိုဒ်တွေမှာ လိုက်စမ်းသပ်ပေါ့။ Cryptominingfarm က (၁၅) နှစ်သက်တမ်း၊ Register လုပ်တာနဲ့ (၁၀) GH/s, Free  တစ်လ ပေးတူးထားတယ်။။ Zeushash က တစ်သက်လုံး။ သူကတော့ 1 GH/s ကို 0.00000200 btc လောက်ဘဲ ပြန်ရမယ် အရနည်းတယ်။ Bonus တော့မရှိဘူး။
ကဲ… ဒီလောက်ဆိုရင် အဆင်ပြေကြမယ်ထင်တယ်။ ကျန်တာတော့ ကိုယ်တိုင် ဆုံးဖြတ်ကြပေတော့။

Thursday, January 7, 2016

Chart Diagram နဲ့ Indicators များကို တွဲဖက်ခြင်း

CHART DIAGRAM ANALYSIS
        နှစ်အစမှာ ကျွန်တော် Forex Trading အကြောင်းကို Techanical Analysis နဲ့ စပြီး ရှင်းပြခဲ့တယ်။ တစ်ခါထဲရေးပြီးမှ အားလုံးကို တင်လိုပေမယ့် ပိုစ့်လေးရေး လိုက် ကိုယ့်အလုပ်လေး ကိုယ်လုပ်လိုက်နဲ့ကြောင့်က တစ်ကြောင်း၊ တစ်ချို့ အချက်အလက်တွေကို ရေးတဲ့နေရာမှာ မူလအဓိပာယ်နဲ့ လွဲပြီး နားလည်မှုလွဲသွား မှာကို မလိုလားတာကြောင့် ဖတ်စရာရှိတာလေး ရှာဖတ်ရတာ တစ်ကြောင်းကြောင့် ဖတ်ရတဲ့သူတွေ အားမလို အားမရ ဖြစ်ကြတယ်ဆိုရင် နားလည်ပေးဖို့ ပြောလိုပါ တယ်။
                Chart Diagram တွေကို လေ့လာပြီး ဈေးကွက်တစ်ခုရဲ့ ဝယ်လိုအား၊ ရောင်းလိုအား တွေကို သိနိုင်သလို၊ ဈေးကွက်ရဲ့ ဦးတည်ရာကို ခန့်မှန်းရာမှာလည်း ဒီ Chart တွေကိုဘဲ အဓိကထားပြီး အသုံချကြရတယ်။ Chart ရဲ့ Pattern လေးတွေကို လေ့လာရာမှာ နည်းလမ်းတွေအများကြီး နဲ့ စနစ်တကျ လေ့လာနိုင် တော့ အသုံးများတဲ့ နည်းတွေကို ရှင်းပြသွားပါ့မယ်။
Symmetrical Triangle
        သူ့ရဲ့ သဘောက ဈေးကွက်တစ်ခုဟာ တောက်လျှောက် ထောင်တက်လာနေ ခဲ့ပြီ အမှတ်တစ်ခုကို ရောက်တဲ့အချိန်မှာ ဈေးဆက် ပြီးမတက် တော့ဘဲ ဘေးတိုက် ရွှေ့လျှားမှု စတင်လာမယ် ပြီးတော့ Symmetrical Triangle လို့ခေါ်တဲ့ ပုံစံ ဖြစ်လာ ခဲ့မယ် ဆိုရင် ဒီနေရာမှ ဈေးကွက်က ရုတ်တရက် ထိုးတက်သွားတာ၊ ထိုးဆင်းသွား တာတွေ ဖြစ်တတ်တယ်လို့ သိထားရမယ်။
အများအားဖြင့် ဈေးကွက်က တောက်လျှောက်တက် လာမယ် Symmetrical Triangle ပုံစံဖြစ်လာမယ် ဆိုရင် ဒီဈေး ကွက်က ထိုးတက်တော့မှာ မို့ အရှိန်ယူတဲ့သ ဘောကို ဆောင်တယ်။ ပုံကိုလေ့လာကြည့်ပါ။ ပုံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာ ကာလက USD/BTC ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။


ဒီလိုဘဲ ဈေးကွက်ဟာ တောက်လျှောက် ကျလာမယ် ငြိမ်သွားမယ် Symmetrical Triangle ပုံစံဖြစ် လာမယ်ဆိုရင် ဒါ ရုတ်တရက် ထိုးဆင်းတော့မယ် အခြေနေဘဲ။ ပုံမှာ လေ့လာကြည့်ပါ။ မနေ့က USD/JPY ဈေးကွက်အခြေအနေနဲ့ ပြထားတယ်။



ဒါပေမယ့် Symmetrical Triangle ပုံစံဖြစ်လာနေလို့ အခုလိုတော့ တရားသေ မမှတ်သင့်ဘူး။ ဘယ်လို ချင့်ချိန်မလဲ?  အရှေ့မှာ ပြောပြခဲ့တဲ့ Indicators တွေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချ တာကမှ အမှန်နဲ့ ပိုနီးစပ်နိုင်မယ်။
ဥပမာ - ဈေးကွက်တစ်ခုက တောက်လျှောက်တက်လာခဲ့ပြီး အမှတ်တစ် ခုမှာ ငြိမ်သွားမယ်၊ ဘေးကို Symmetrical Triangle ပုံစံနဲ့လည်း ရွေ့နေပြီ၊ ဒါဆိုရင် အောက်မှာပြထားတဲ့ Indicator တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချရမယ်။
-      SMA Indicator မှာ (20) days Line က (50) days Line ကိုလည်းဖြတ်ပြီး အပေါ်ကို တက်စပြုနေပြီ၊
-      RSI Indicator မှာ 30 ကိုထိနေရာကနေ အပေါ်ကို ထောင်တဲ့ပုံကိုစနေပြီ၊
-      Parabolic SAR ရဲ့ အစက်လေးတွေကလည်း ရောက်နေတဲ့ ဈေးကွက်ရဲ့ အောက်နားမှာ ကပ်လာပြီး တစ်ချက် တစ်ချက် ပေါ်ဘက်ကို ပြောင်းနေပြီ၊
-      MACD Indicator မှာ အပြာရောင်လိုင်းနဲ့ အနီရောင်လိုင်းက (0) ရဲ့အထက်မှာ ရှိ နေပြီး အပြာရောင်လိုင်းက အနီရောင်လိုင်းကို ဖြတ်ပြီး အပေါ်ကို ထောင်စ ပြုပြီ၊
-      Slow Stochastic Oscillator မှာ (20) နဲ့ (50) ကြားမှာ ရှိနေရာကနေ (50) နားကိုကပ်စပြုနေပြီ။
အခုရှင်းပြခဲ့တဲ့ ပုံစံအတိုင်း စစ်ဆေးပြီးရင်တော့ ဒါဟာသေချာပေါက် ဈေး ကွက် ထိုးတက်တော့မယ်ဆိုတာ သုံးသပ်လို့ ရနိုင်တယ်။ မျက်စိတွေလည်၊ ခေါင်းတွေ နောက်ကုန်ပြီလား။
အောက်ကပုံမှာ လက်တွေ့ စဉ်းစားကြည့် လိုက်ဦးဗျာ။ အခုလက်ရှိ USD/BTC ဈေးဘာဖြစ်လာမလဲလို့ Indicators ငါးမျိုးလုံး ထည့်ပေးထားတယ်။


         ဆက်ပြီး ရှင်းပြမယ့် အကြောင်းအရာတွေကို မစခင်မှာ ဒီ Forex Trading လုပ်ငန်းကို လုပ် ကိုင်ကြမယ့် သူတွေ သတိထားရမယ့်၊ သိထားရမယ့် အရေးကြီးတဲ့ အချက်အချို့ကို ထပ်ပြီး ပြောပြလိုပါတယ်။
        Forex Trading အလုပ်ဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု မဟုတ်သလို၊ လောင်းကစား လုပ်ငန်းလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်က ဘာမှမလုပ်ရဘဲ ကွန်ပျူတာအရှေ့မှာ ထိုင် နေယုံနဲ့ ပိုက်ဆံတွေ အလိုလိုရလာမယ့် လုပ်ငန်းလည်း မဟုတ်ပါဘူး။ ကျွန်တော့် အယူအဆနော်။ Forex Trading အလုပ်ကို လုပ်တယ်ဆို တာ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုကို သင်ယူပြီး ကိုယ်တိုင် လုပ်ကိုင်ရ တဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ Forex Trading နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင် ဟာ Institute တစ်ခုလို့ယူဆရင် Trading ပညာရပ်ကို သင်ယူတတ်မြောက်လာတာဟာ Forex Degree တွေ Forex Bachalor တွေကို ရယူပြီး အဲဒီ့ ပညာရပ်နဲ့ စီးပွားရှာ လုပ်ကိုင်တာဘဲ။
        နောက်တစ်ခု…. ဘွဲ့ရသူတိုင်းလည်း အောင်မြင်တဲ့ သူဖြစ်မလာသလို၊ Forex Trading ကို လေ့ လာသူတိုင်းလည်း Trade လုပ်ပြီး ချမ်းသာလာမှာ မဟုတ်ပါဘူး။ အောင်မြင်ချင်ရင် ဘယ်လိုပတ်ဝန်းကျင်မှာဘဲ ဖြစ်ဖြစ် အမြဲတန်း သင်ယူပြီး၊ အမြဲ တန်းလေ့လာပြီး၊ ဦးတည်ချက်တစ်ခုထဲကို စိုက်လိုက်မတ်တက် လုပ်နိုင်မှ အောင် မြင်တဲ့သူ တစ်ယောက် ဖြစ်လာမှာပါ။
        ကျွန်တော့ လုပ်ငန်းနယ်ပယ် (Civil Engineer) မှာ ကျောင်းဆင်းကာစ အင် ဂျင်နီယာ လေးတွေ တစ်ချို့ဆိုရင် စာတော်လို့၊ မိဘက အင်ဂျင်နီယာ ဖြစ်စေချင်လို့၊ အင်ဂျင်နီယာတွေ သာ ဖြစ်လာကြတယ်။ တစ်ကယ့် လုပ်ငန်းခွင်ထဲလည်း ရောက် ရော သူတို့ထင်ထား တဲ့ အင်ဂျင်နီယာဘဝနဲ့ တစ်ခြားစီဖြစ်တော့ သူတက်လာတဲ့ ပညာရပ်နယ်ပယ်ကနေ မအောင်မြင်ဘဲ ထွက်ခွာသွားကြရတယ်။ တစ်ချို့က အင်ဂျင်နီယာဆိုရင် ကြော့ကြော့လေးနေ၊ အခန့်သားထိုင်ပြီး လက်ညှိုးထိုးခိုင်းတဲ့ သူတွေလို့ ထင်တာ၊ အထင်နဲ့ ကွာတော့ သွားကြတာပေါ့။ သင်လို့ မတတ်တာ မဟုတ်ဘူး။ တတ်အောင် မသင်ချင်တာ။
        ဒါကြောင့် Forex Trading ဆိုတဲ့ လုပ်ငန်းကို လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ရင်၊ အဲဒီ့လုပ်ငန်းနဲ့ မိသားစုဝင်ငွေ ကို ကောင်းကောင်းရှာနိုင်သလို၊ ဆုံးရှုံးလာမယ့် ထွက်ငွေလည်း ရှိတယ်ဆိုတာ သိထားရမယ်။ အဓိကကျတာက အရှုံးနည်းပြီး အမြတ်များအောင် လုပ်နိုင်ဖို့ဘဲ။ စိတ်ရှည်ရမယ်၊ များများလေ့လာနိုင်ရမယ်၊ ဆုံးဖြတ်ရဲရမယ်။
        ကဲ…. ရေးရင်းနဲ့ ခေါင်းခြောက်လာပြီဗျ။ ကွမ်းယာလေး ထွက် ဝါးဦးမယ်ဗျာ။ နောက်ပိုစ့်မှဘဲ အပေါ်ကြေးသမားတွေ နဲ့ အောက်ကြေးသမားတွေ အကြောင်း ဆက်ရှင်းတော့မယ်။ (ဘောလုံးပွဲ စကားနဲ့ ပြောတာပါ)။ Forex အခေါ်နဲ့တော့ Bulls နဲ့ Bears တွေအကြောင်းပေါ့။

Cloud Mining ကြော်ငြာကဏ္ဍ -
BTC Mining လုပ်ဖို့ စိတ်ချရတဲ့ Site တွေကို ညွှန် ပေးပါလို့ ပြောကြတယ်။ Mining လုပ်ငန်းက ရည်ရှည် ရင်းနှီးမြှုပ်နှံရတဲ့ လုပ်ငန်းတစ်ခုပါ။ စပြီးရင်း နှီးမြှုပ်နှံမှုလုပ်လိုက်တာနဲ့ အနည်းဆုံး (၃) နှစ်ဘဲ။ တစ်ချို့ က (၅) နှစ်။ နောက်ပိုင်းမှာ (၁၅) နှစ်နဲ့ Life Time ဆိုပြီးတော့တောင် ထွက်လာသေးတယ်။ အမှန်တကယ်စိတ်ချရပါတယ်လို့ ယူဆလို့ရတဲ့ Site တွေက ပြန်ရတဲ့ ပမာဏနည်းတယ်။ အနည်းဆုံး မိမိရင်းနှီးငွေက (၁) နှစ်လောက်နေမှ ကြေပြီး ကျန်တဲ့သက်တန်းကမှ အမြတ်ရမယ်။ တစ်ချို့ Site တွေကတော့ မိမိရဲ့ ရင်းနှီးမတည်ငွေ (၃) (၄) လလောက်နဲ့ ပြန်ရပြီး ကျန်တဲ့သက်တန်းက အမြတ်ပေါ့။
နေ့မြင်၊ ညပျောက် Online လောကကြီးမှာ စိတ်ချရတာ ဘာရှိနိုင်မှာလဲ။ စိတ်မချရ ဆုံးတွေထဲကမှ စိတ်ချရတဲ့ Site ကို ရွေးကြရတာဘဲ။ ကျွန်တော်ကို မေး ကြတယ်။ ဒီဘလော့ စာမျက်နှာမှာ ကြော်ငြာထားတဲ့ Hashocean က ကျွန်တော်ထောင်ထားတာ လားတဲ့။ မဟုတ်ဘူးပါဘူး။ ကျွန်တော်ကိုယ်တိုင် အဲဒီ့ မှာ Cloud Mine တူးနေတာ။ (၃) (၄) လအတွင်းမှာ ကိုယ့်အရင်းပြန်ရတာရယ် (High ROI)၊ Site က အခုချိန်အထိ Stable ဖြစ်တာရယ်၊ ကျွန်တော်ကိုယ်တိုင် (၁) နှစ်နီးပါးလောက် လုပ်လာတာရယ်ကြောင့် ကျွန်တော်စိတ်တိုင်းကျတာနဲ့ တင်ပေး ထားတာ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် Mining လုပ်တယ်။ ဒီမှာမဟုတ်ဘူး။ မဲဆောက်မှာ။ Site တော့မထောင်ဘူး။ မဲဆောက်မှာ အင်တာနက်ခက စိတ်ကြိုက် သုံး တစ်လမှ (၆၀၀) ဘတ်။ မီးမပျက်ဘူး။ ကျွန်တော်တို့ တိုင်းပြည်နဲ့ ယှဉ်ကြည့်။
ကျွန်တော်တင်ပေးထားတဲ့ ပိုစ့်တွေကို သတိထားဖတ်ကြည့် မြန်မာပြည်ကနေ လုပ်လို့ရတဲ့ အကြောင်းအရာတွေကိုဘဲ တင်ထားတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ပြည်တွင်းကလူတွေ အတွက် Mining ကိုစိတ်ဝင်စားရင် Cloud Mining က အသင့်တော်ဆုံးဘဲ။ အင်တာနက် နဲ့ လျှပ်စစ်မီး ကိစကိုဘဲ စဉ်းစားကြည့်လိုက်။ စိတ်သာချ ဒီနိုင်ငံမှာ အင်တာနက်နဲ့ လျှပ်စစ်မီး ကောင်းရင် ကိုယ်တိုင် လုပ်ချင်တဲ့သူတွေအတွက် အကူအညီတောင်းရင် ကျွန်တော်ကိုယ်တိုင် ပစ္စည်းတွေ မှာပေးမယ်။
နောက်တစ်ခုက Site (၃) (၄) ခုလောက်လုပ်ချင်ကြတာ။ တစ် Site သွားရင် တစ် Site ကျန်နေမယ်ဆိုတဲ့အတွေး။ မမှားပါဘူး ဒါပေမယ့် မှန်တယ်လို့လဲ မပြောနိုင်ဘူး။ Cloud Mining လုပ်ငန်းက နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းရတဲ့ အမျိုးအစားထဲမှာ မပါဘူး။ အချိန်အများကြီး ပေးရမယ်။
အဲဒီ့တော့ …. ကျွန်တော် Cloud Mining လုပ်နေတဲ့ Site တွေကို အရင်က ပိုစ်တွေမှာ ပြောပြခဲ့ပြီးပြီ။ ထပ်ပြောပြပေးပါ့မယ်။ Referal Link နဲ့ မဝင်ချင်ရင် လိပ်စာကို တိုက်ရိုက် ရေးပြီး ဝင်နိုင်ပါတယ်။
(၁)    ဘလော့မှာ ကြေငြာထားတဲ့ Hash Ocean
သူက (၃) (၄) လအတွင်း အရင်းကြေတယ်။ သက်တမ်း (၅) နှစ်။ ကျွန်တော့ ရင်းနှီးမြှုပ်နှံမှုရဲ့ ၇၀% က အဲဒီ့ဆိုဒ်မှာ။ မြန်မာငွေနဲ့ တွက်ပြရရင် (၁၅၀၀၀၀) လောက် ရင်းထားရင် နေ့စဉ် (၁၃၀၀) (၁၄၀၀) လောက် (၅) နှစ် ပုံမှန်ရနေမယ်။
(၂)    Zeushash
သူက (၁) နှစ်ကျော်မှ အရင်းကြေတယ်။ သက်တမ်းက Life Time။ ကျွန်တော့ ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၀% က အဲဒီ့ဆိုဒ်မှာ။ 1 GH/s ကို တစ်နေ့ (0.00000200 btc) လောက်ပြန်ရမယ်။ 
(၃)    e-obot
သူက (၁) နှစ်လောက်နေမှ အရင်းကြေမယ်၊ သက်တမ်းက (၅) နှစ်။ လုပ်လက်စမို့လို့ ဆက်လုပ်နေတာ။
(၄)    CLD mining
သူကလည်း (၃) (၄) လအတွင်း အရင်းကြေတယ်။ သက်တမ်း (၅) နှစ်။ လုပ်လက်စမို့လို့ ဆက်လုပ်နေတာ။ ဘယ်တော့ လစ်သွားမလဲဘဲ ထုတ်ရင်း စောင့်ကြည့်နေတယ်။
(၅)    My hash case
သူကလည်း (၃) (၄) လအတွင်း အရင်းကြေတယ်။ သက်တမ်း (၅) နှစ်။ လုပ်လက်စမို့လို့ ဆက်လုပ်နေတာ။ ဘယ်တော့ လစ်သွားမလဲဘဲ ထုတ်ရင်း စောင့်ကြည့်နေတယ်။
(၆)    Cryptominerlife.com
သူက ကျွန်တော်တို့ တိုင်းပြည်က အသစ်။ ပြည်တွင်းကို အပြီးရွှေ့လာရင် အဲဒီ့ ဆိုဒ်မှာဘဲ လုပ်တော့မယ်။
        ယိုးဒယားက ထောင်တဲ့ ဆိုဒ်အသစ်တစ်ခုတော့ရှိတယ်။ စိတ်ဝင်စားရင်တော့ ချကြည့်။ (၁၅) GH/s ဘောနပ်တော့ ရမယ်။ လင့်က hash ocean အောက်ကပါဘဲ။ Referal link နဲ့မဝင်လိုရင် ဆိုဒ်အမည်ကိုဘဲ ရိုက်ပြီးဝင်နိုင်ပါတယ်။